ရွမ္းျပည္ေျမာက္ပုိင္းမွာ မူးယစ္ေဆးနဲ႔ လက္နက္အေျမာက္အမ်ား ဖမ္းဆီးမိ

ရွမ္းျပည္နယ္ Loikan ေက်းရြာက သိမ္းဆည္းရမိေသာ လက္နက္မ်ားနဲ႔ မူးယစ္ေဆးမ်ား (ေမ ၁၈၊ ၂၀၂၀)
(Zawgyi/Unicode)

ရွမ္းျပည္နယ္ေျမာက္ပိုင္း မူဆယ္ျမိဳ႕နယ္အတြင္းမွာ ျမန္မာလုံျခံဳေရးအဖြဲ႔ကေန မုူးယစ္ေဆးနဲ႔ လက္နက္ခဲယမ္းေတြ ဆက္တိုက္ ဖမ္းဆီးရရွိေနျပီး လုံျခံဳေရးစီစစ္မႈ မ်ားလာတဲ့အေၾကာင္း ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ ကိုႏိုင္ကြန္းအိန္က တင္ဆက္ေပးပါမယ္။

မူဆယ္ျမိဳ႕နယ္အတြင္းမွာ ျမန္မာနိုင္ငံ မူးယစ္တိုက္ဖ်က္ေရးနဲ႔ လုံျခံဳေရးပူးေပါင္းအဖြဲ႔ေတြကေန ေမလ ၁၅ ရက္ ကေန မေန႔က ၁၇ ရက္ေန႔အထိ ၃ ရက္ဆက္တိုက္ မူးယစ္ေဆး၀ါးအမ်ားျပားနဲ႔ လက္နက္ခဲယမ္းေတြ သိမ္းဆည္း ရမိခဲ့တယ္လို႔ တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအတြင္းေရးမွဴး ဗိုလ္မွဴးခ်ဳပ္ေဇာ္မင္းထြန္းက ဗီြအိုေအကိုေျပာပါတယ္။

“မေန႔က က်ေနာ္တို႔ ပူးေပါင္းအဖြဲ႔ေနျပီးေတာ့က စစ္ေဆးတဲ့ေနရာမွာ မူဆယ္ျမိဳ႕မွာ ေနထိုင္တဲ့ တရားခံ ၃ ဦးဆီကေန WY ေဆးျပား အျပား ၃၀၀,၀၀၀ ေလာက္ ျမန္မာေငြသိန္း ၆,၀၀၀ ေက်ာ္ေလာက္ သိမ္းဆည္းရမိတာရွိတယ္။ က်ေနာ္တို႔တပ္နဲ႔ ျမန္မာနိုင္ငံ ရဲတပ္ဖြဲ႕နဲ႔ မူးယစ္ေဆး၀ါးႏွိမ္ႏွင္းေရးအဖြဲ႕နဲ႔ ပူးေပါင္းေဆာင္ရြက္ေနတာ ျဖစ္ပါတယ္။ ၁၅ ရက္ ေန႔မွာ မူဆယ္စြမ္ေစာ္ရပ္ကြက္မွာ တရုတ္နိုင္ငံသား က်ား ၁၁ ဦး၊ မ၂ ဦး ဖမ္းဆီး ရမိတာရွိတယ္။ သူတို႕နဲ႕အတူ လက္ေတာ့ေတြ၊ ဗံုးေတြ ဖမ္းဆီးရမိတာ ရွိတယ္။ အဲဒီေန႔မွာ လက္နက္ေတြ ဖမ္းဆီးရမိတာ ရွိတယ္။ ေနာက္ ၁၆ ရက္ေန႔မွာေတာ့ က်ေနာ္တို႔ မူဆယ္ခရစ္ယာန္သခ်ၤီဳင္းမွာ က်ေနာ္တို႔ ေနရာ ႏွစ္ ေနရာကေနျပီးေတာ့က လက္နက္ ၆ လက္၊ က်ေနာ္တို႔ သိမ္းဆည္း ရမိတာရွိတယ္။ လက္ပစ္ဗုံး ၅ လုံး သိမ္းဆည္း ရမိတာရွိတယ္။”

ေမလ ၁၅ ရက္ေန႕မွာ မူဆယ္ၿမိဳ႕စြမ္ေစာ္ရပ္ကြက္မွာ ေနထိုင္သူ လိတီခ်န္း ပိုင္ဆိုင္တဲ့ေနအိမ္အတြင္း ဝင္ေရာက္ ရွာေဖြရာမွာ တရားမဝင္ေနထိုင္တဲ့ ရန္ေဟာ္ယုံ အပါအဝင္ တ႐ုတ္နိုင္ငံသား ၃ ဦးနဲ႕အတူ ICE ၂၅ ကီလို၊ ဘိန္းျဖဳ WY စာတန္းပါ စိတ္ႂကြ ေဆးျပားခန႔္မွန္းတန္ဖိုး က်ပ္ေငြ သိန္း ၁၈,၀၀၀ ေက်ာ္နဲ႔ လက္နက္ခဲယမ္းေတြကို သိမ္းဆည္းရမိသလို အဲဒီရက္မွာပဲ တ႐ုတ္နိုင္ငံသား ၁၀ဦးနဲ႔ အတူ လက္ေတာ့ ၁၅ လုံး၊ တယ္လီဖုန္း ၁၅ လုံး၊ ေမာ္နီတာ ၃လုံး၊ တ႐ုတ္ အထိုင္ ဖုန္းေတြ သိမ္းဆည္းရမိခဲ့တယ္လို႕ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ရံုးကေန သတင္းထုတ္ျပန္ထားပါတယ္။

ေမလ ၁၆ ရက္ေန႕က မူဆယ္ၿမိဳ႕အစြန္ သခၤ်ိဳင္းအနီးမွာ လက္နက္ ၆ လက္ သိမ္းဆည္းရခဲ့ေပမဲ့ ဘယ္အဖြဲ႕က လက္နက္ဆိုတာက္ိုေတာ့ မသိရွိေသးဘူးလို႕ဆိုပါတယ္။

အခုလို ရွမ္းျပည္ေျမာက္ပို္င္းမွာ ဒီရက္ပိုင္းအတြင္း စိတ္ၾကြမူးယစ္ေဆးျပားေတြ အမ်ားအျပားဖမ္းဆီးရမိတာကို ၾကည့္ရင္။ တကမၻာလံုးက COVID-19 ေရာဂါထိန္းခ်ဳပ္ေရးကို အာရံုစိုက္ေနခ်ိန္မွာ မူးယစ္ဂိုဏ္းေတြကေတာ့ မူးယစ္ေဆး ထုတ္လုပ္ေရးနဲ႔ တရားမ၀င္ကူးသန္းေရာင္း၀ယ္မႈေတြကို အရိွန္အဟုန္ျမင့္ျမင့္ ဆက္လုပ္ေနၾကတယ္ဆိုတဲ့ လကၡဏာ ျဖစ္တယ္လို႔ UNODC ကုလသမဂၢ မူးယစ္ေဆး၀ါး ထိန္းခ်ဳပ္ေရးေအဂ်င္စီ အေရွ႕ေတာင္အာရွနဲ႔ ပစိတ္ဖိတ္ေရးရာ တာ၀န္ခံ Jeremy Douglas က ရိုက္တာသတင္းဌာနကို ေျပာထားပါတယ္။

ျမန္္မာအပါအ၀င္ျဖစ္တဲ့ ေရႊႀတိဂံေဒသမွာ ဘိန္းစိုက္ပ်ိဳးမႈနဲ႔ ဘိန္းျဖဴထုတ္လုပ္မႈေတြ က်လာတယ္ဆိုေပမဲ့ မူးယစ္ ရာဇ၀တ္ဂိုဏ္းေတြဟာ အခုလို စိတ္ကိုေျပာင္းလဲေစတဲ့ မူးယစ္ေဆးထုတ္လုပ္မႈ ပိုလုပ္လာၿပီး မူးယစ္ေစ်းကြက္ထဲ ေျခဆန္႔လာေနတယ္လို႔လည္း သတိေပးထားပါတယ္။

ဒီဖမ္းဆီးရမိတဲ့ မူးယစ္ေဆး၀ါးေတြဟာ ေဒသအတြင္း လက္နက္ကိုင္အဖြဲ႕အစည္းေတြနဲ႕ဆက္စပ္မႈရွိတယ္လို႔ ဗိုလ္မွဴးခ်ဳပ္ ေဇာ္မင္းထြန္းက ေျပာပါတယ္။

“နယ္စပ္ေဒသမွာျဖစ္တဲ့ဟာေတြအမ်ားစုကေတာ့ ဆက္စပ္မႈကေတာ့ ရွိတာပဲ မ်ားပါတယ္။ လက္နက္ကိုင္အဖြဲ႕အစည္းေတြနဲ႕ ဆက္စပ္မွဳမရွိဘဲနဲ႔ လုပ္လို႕ေတာ့ မရဘူးေပါ့ေလ။ က်ေနာ္တို႔လည္း လုံျခံဳေရးအရစီစစ္မႈေတြ တိုးျပီးေတာ့ ေဆာင္ရြက္ေနတယ္။”

ဒီရက္ပိုင္းေတာအတြင္းမူဆယ္ျမိဳ႕မွာ လုံျခံဳေရးအရ စီစစ္မႈေတြ မ်ားလာတယ္လို႔ မူဆယ္ျမ္ိဳ႕ခံ စိုင္းေအာင္ျမတ္ေက်ာ္က ဆိုပါတယ္။

“လြန္ခဲ့တဲ့ ၂ ရက္ေလာက္ကေတာ့ စြမ္ေစာ္ရပ္ကြက္ထဲမွာပဲေပါ့။ သူတို႕စစ္တာကေတာ့ ဒီတရုတ္က ေလာင္းကစား လာဖြင့္တဲ့ ဟာေတြေလ။ အဲတာေတြ စစ္တယ္။ ျပီးေတာ့ မသကၤာတဲ့ ဥစၥာေတြသူတို႔က ၀င္စစ္တယ္။ အုပ္ခ်ဳပ္ေရးမွဴးေတြကိုပါ လိုက္ျပခိုင္းတာ ေပါ့ေနာ္။ အခုက လက္နက္ကိုင္ေတြက ၀င္ထြက္သြားလာမႈေတြ ရွိေနတာကိုး။ အမ်ားအားျဖင့္ကသူတို႕က ဆက္စပ္မႈ ရွိတဲ့ဟာေတြေပါ့။”

ရွမ္းျပည္နယ္ဟာဆိုရင္ ဘိန္းစိုက္ပ်ိဳးမႈနဲ႔ မူးယစ္ေဆးထုတ္လုပ္မႈ မ်ားျပားေနေပမဲ့ ဖမ္းဆီးအေရးယူမႈေတြ အားနည္းေနတဲ့ အေျခအေနကေန ဒီကာလေတာအတြင္း ျမန္မာအဏာပိုင္ေတြက ဖမ္းဆီးမႈေတြ ဆက္တိုက္လုပ္ေဆာင္တဲ့အေပၚ ရွမ္းျပည္မူးယစ္ ေစာင့္ၾကည့္ေရးအဖြဲ႕ေခါင္းေဆာင္ စိုင္းမိန္းက အခုလိုသုံးသပ္ပါတယ္။

“ရွမ္းျပည္ေျမာက္ပိုင္းမွာ ျဖစ္ပြါးေနတဲ့ မူးယစ္ေဆး၀ါးက အင္အားၾကီးတဲ့ အိမ္နီးခ်င္းနိုင္ငံေတြ ဖိအားေပးလို႔ မလႊဲမေရွာင္သာ၀င္ေရာက္ စစ္ေဆးဖမ္းဆီးတာေတြ လုပ္ျပတာေပါ့ေနာ္။ ဥပမာ ဒီထိုင္းနယ္ဟပ္မွာလည္း ရွိခဲ့ဘူးပါတယ္။ မႏွစ္တုန္းကဆိုရင္လည္း ဒီခိုင္းနိုင္ငံက ဖ္ိအားေပးလို႔ လားဟူျပည္သူ႕စစ္တပ္ဖြဲ႕ရဲ႕ ဌာနခ်ဳပ္ေနအိမ္ကို တပ္မေတာ္က ၀င္ေရာက္ သိမ္းဆည္းတာေတြ ရွိတယ္။ ေခါင္းေဆာင္ ကေရွာင္တိမ္းျပီးေတာ့မွ ၄၊ ၅ လေလာက္မွ ေနရပ္ကိုျပန္လာခြင့္ရတယ္။ ၂ အခ်က္ကေတာ့ ဒီ လက္နက္ကိုင္ တိုက္ပြဲ၀င္ေနတဲ့ တပ္ေတြနဲ႕ပက္သက္ဆက္ႏြယ္လို႕။ ၃ အခ်က္ကေတာ့ အဲဒီျပည္ သူ႕စစ္က သာမန္စီးပြါးေရး မလုပ္ဘဲနဲ႕ နိုင္ငံေရးေတြ၊ စစ္ေရးေတြမွာ အင္အားၾကီးလာျပီးေတာ့မွ ပါ၀င္ပတ္သက္မႈေတြရွိလာလို႕ အဲဒီလိုမ်ိဳးပုံစံေၾကာင့္ တပ္မေတာ္က ထိန္းသ္္ိမ္းရတာ တပ္မေတာ္က ၀င္ျပီးေတာ့စီးနင္းရတာျဖစ္တယ္။”

ျပီးခဲ့တဲ့ မတ္လကစျပီး ကြတ္ခိုင္ၿမိဳ႕နယ္က ေကာင္းခါးျပည္သူ႕စစ္စခန္း တခုကို ျမန္မာစစ္တပ္ဘက္က ၀င္ေရာက္စီးနင္းၿပီး မူးယစ္ေဆး၀ါး လက္နက္ေတြနဲ႕အတူ အဖြဲ႕တာ၀န္ရွိသူေတြကိုပါ ဖမ္းဆီးမႈေတြ လုပ္ေဆာင္ျပီးေနာက္ပိုင္း ဧျပီလနဲ႔ ေမလအတြင္းမွာ ကြတ္ခိုင္နဲ႕မူဆယ္ျမိဳ႕ေတြမွာ မုူးယစ္ေဆးနဲ႔ လက္နက္ဖမ္းဆီးမႈေတြ ဆက္တိုက္ျဖစ္ပြါးလာေနတာပါ။

မေန႕ကလည္း ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ တာခ်ီလိတ္ၿမိဳ႕နယ္အတြင္း လြန္းက်ိဳင္းေက်းရြာမွာ ပိုင္ရွင္မဲ့ WY စာတမ္း ပါစိတ္ႂကြ ေဆးျပား ၇,၂၀၀၀ ျပား၊ မူးယစ္ေဆးဆက္စပ္ပစၥည္းအပါ၀င္ ခန႔္မွန္းတန္ဖိုးေငြက်ပ္သိန္းေပါင္း ၁,၃၃၀ ခန႔္နဲ႔ လက္နက္တခ်ိဳ႕ ဖမ္းဆီး ရရွိခဲ့တယ္လို႕လဲ တပ္မေတာ္ဘက္က သတင္းထုတ္ျပန္ထားပါတယ္။

ကိုႏိုင္ကြန္းအိန္  / ဗြီအိုေအ (ျမန္မာပုိင္း)
-----------------------------------------------------------

[Unicode Version]

ရှမ်းပြည်မြောက်ပိုင်းမှာ မူးယစ်ဆေးနဲ့ လက်နက်အမြောက်အများ ဖမ်းဆီးမိ

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်အတွင်းမှာ မြန်မာလုံခြုံရေးအဖွဲ့ကနေ မုူးယစ်ဆေးနဲ့ လက်နက်ခဲယမ်းတွေ ဆက်တိုက် ဖမ်းဆီးရရှိနေပြီး လုံခြုံရေးစီစစ်မှု များလာတဲ့အကြောင်း ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုနိုင်ကွန်းအိန်က တင်ဆက်ပေးပါမယ်။

မူဆယ်မြို့နယ်အတွင်းမှာ မြန်မာနိုင်ငံ မူးယစ်တိုက်ဖျက်ရေးနဲ့ လုံခြုံရေးပူးပေါင်းအဖွဲ့တွေကနေ မေလ ၁၅ ရက် ကနေ မနေ့က ၁၇ ရက်နေ့အထိ ၃ ရက်ဆက်တိုက် မူးယစ်ဆေးဝါးအများပြားနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်း ရမိခဲ့တယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဗွီအိုအေကိုပြောပါတယ်။

“မနေ့က ကျနော်တို့ ပူးပေါင်းအဖွဲ့နေပြီးတော့က စစ်ဆေးတဲ့နေရာမှာ မူဆယ်မြို့မှာ နေထိုင်တဲ့ တရားခံ ၃ ဦးဆီကနေ WY ဆေး ပြား အပြား ၃၀၀,၀၀၀ လောက် မြန်မာငွေသိန်း ၆,၀၀၀ ကျော်လောက် သိမ်းဆည်းရမိတာရှိတယ်။ ကျနော်တို့တပ်နဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နဲ့ မူးယစ်ဆေးဝါးနှိမ်နှင်းရေးအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ၁၅ ရက် နေ့မှာ မူဆယ်စွမ်စော်ရပ်ကွက်မှာ တရုတ်နိုင်ငံသား ကျား ၁၁ ဦး၊ မ၂ ဦး ဖမ်းဆီး ရမိတာရှိတယ်။ သူတို့နဲ့အတူ လက်တော့တွေ၊ ဗုံးတွေ ဖမ်းဆီးရမိတာ ရှိတယ်။ အဲဒီနေ့မှာ လက်နက်တွေ ဖမ်းဆီးရမိတာ ရှိတယ်။ နောက် ၁၆ ရက်နေ့မှာတော့ ကျနော်တို့ မူဆယ်ခရစ်ယာန်သင်္ချီုင်းမှာ ကျနော်တို့ နေရာ နှစ် နေရာကနေပြီးတော့က လက်နက် ၆ လက်၊ ကျနော်တို့ သိမ်းဆည်း ရမိတာရှိတယ်။ လက်ပစ်ဗုံး ၅ လုံး သိမ်းဆည်း ရမိတာရှိတယ်။”

မေလ ၁၅ ရက်နေ့မှာ မူဆယ်မြို့စွမ်စော်ရပ်ကွက်မှာ နေထိုင်သူ လိတီချန်း ပိုင်ဆိုင်တဲ့နေအိမ်အတွင်း ဝင်ရောက် ရှာဖွေရာမှာ တရားမဝင်နေထိုင်တဲ့ ရန်ဟော်ယုံ အပါအဝင် တရုတ်နိုင်ငံသား ၃ ဦးနဲ့အတူ ICE ၂၅ ကီလို၊ ဘိန်းဖြု WY စာတန်းပါ စိတ်ကြွ ဆေးပြားခန့်မှန်းတန်ဖိုး ကျပ်ငွေ သိန်း ၁၈,၀၀၀ ကျော်နဲ့ လက်နက်ခဲယမ်းတွေကို သိမ်းဆည်းရမိသလို အဲဒီရက်မှာပဲ တရုတ်နိုင်ငံသား ၁၀ဦးနဲ့ အတူ လက်တော့ ၁၅ လုံး၊ တယ်လီဖုန်း ၁၅ လုံး၊ မော်နီတာ ၃လုံး၊ တရုတ် အထိုင် ဖုန်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးကနေ သတင်းထုတ်ပြန်ထားပါတယ်။

မေလ ၁၆ ရက်နေ့က မူဆယ်မြို့အစွန် သင်္ချိုင်းအနီးမှာ လက်နက် ၆ လက် သိမ်းဆည်းရခဲ့ပေမဲ့ ဘယ်အဖွဲ့က လက်နက်ဆိုတာကိုတော့ မသိရှိသေးဘူးလို့ဆိုပါတယ်။

အခုလို ရှမ်းပြည်မြောက်ပိုင်းမှာ ဒီရက်ပိုင်းအတွင်း စိတ်ကြွမူးယစ်ဆေးပြားတွေ အများအပြားဖမ်းဆီးရမိတာကို ကြည့်ရင်။ တကမ္ဘာလုံးက COVID-19 ရောဂါထိန်းချုပ်ရေးကို အာရုံစိုက်နေချိန်မှာ မူးယစ်ဂိုဏ်းတွေကတော့ မူးယစ်ဆေး ထုတ်လုပ်ရေးနဲ့ တရားမဝင်ကူးသန်းရောင်းဝယ်မှုတွေကို အရှိန်အဟုန်မြင့်မြင့် ဆက်လုပ်နေကြတယ်ဆိုတဲ့ လက္ခဏာ ဖြစ်တယ်လို့ UNODC ကုလသမဂ္ဂ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးအေဂျင်စီ အရှေ့တောင်အာရှနဲ့ ပစိတ်ဖိတ်ရေးရာ တာဝန်ခံ Jeremy Douglas က ရိုက်တာသတင်းဌာနကို ပြောထားပါတယ်။

မြန်မာအပါအဝင်ဖြစ်တဲ့ ရွှေတြိဂံဒေသမှာ ဘိန်းစိုက်ပျိုးမှုနဲ့ ဘိန်းဖြူထုတ်လုပ်မှုတွေ ကျလာတယ်ဆိုပေမဲ့ မူးယစ် ရာဇဝတ်ဂိုဏ်းတွေဟာ အခုလို စိတ်ကိုပြောင်းလဲစေတဲ့ မူးယစ်ဆေးထုတ်လုပ်မှု ပိုလုပ်လာပြီး မူးယစ်ဈေးကွက်ထဲ ခြေဆန့်လာနေတယ်လို့လည်း သတိပေးထားပါတယ်။

ဒီဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေဟာ ဒေသအတွင်း လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ဆက်စပ်မှုရှိတယ်လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

“နယ်စပ်ဒေသမှာဖြစ်တဲ့ဟာတွေအများစုကတော့ ဆက်စပ်မှုကတော့ ရှိတာပဲ များပါတယ်။ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ဆက်စပ်မှုမရှိဘဲနဲ့ လုပ်လို့တော့ မရဘူးပေါ့လေ။ ကျနော်တို့လည်း လုံခြုံရေးအရစီစစ်မှုတွေ တိုးပြီးတော့ ဆောင်ရွက်နေတယ်။”

ဒီရက်ပိုင်းတောအတွင်းမူဆယ်မြို့မှာ လုံခြုံရေးအရ စီစစ်မှုတွေ များလာတယ်လို့ မူဆယ်ြမို့ခံ စိုင်းအောင်မြတ်ကျော်က ဆိုပါတယ်။

“လွန်ခဲ့တဲ့ ၂ ရက်လောက်ကတော့ စွမ်စော်ရပ်ကွက်ထဲမှာပဲပေါ့။ သူတို့စစ်တာကတော့ ဒီတရုတ်က လောင်းကစား လာဖွင့်တဲ့ ဟာတွေလေ။ အဲတာတွေ စစ်တယ်။ ပြီးတော့ မသင်္ကာတဲ့ ဥစ္စာတွေသူတို့က ဝင်စစ်တယ်။ အုပ်ချုပ်ရေးမှူးတွေကိုပါ လိုက်ပြခိုင်းတာ ပေါ့နော်။ အခုက လက်နက်ကိုင်တွေက ဝင်ထွက်သွားလာမှုတွေ ရှိနေတာကိုး။ အများအားဖြင့်ကသူတို့က ဆက်စပ်မှု ရှိတဲ့ဟာတွေပေါ့။”

ရှမ်းပြည်နယ်ဟာဆိုရင် ဘိန်းစိုက်ပျိုးမှုနဲ့ မူးယစ်ဆေးထုတ်လုပ်မှု များပြားနေပေမဲ့ ဖမ်းဆီးအရေးယူမှုတွေ အားနည်းနေတဲ့ အခြေအနေကနေ ဒီကာလတောအတွင်း မြန်မာအဏာပိုင်တွေက ဖမ်းဆီးမှုတွေ ဆက်တိုက်လုပ်ဆောင်တဲ့အပေါ် ရှမ်းပြည်မူးယစ် စောင့်ကြည့်ရေးအဖွဲ့ခေါင်းဆောင် စိုင်းမိန်းက အခုလိုသုံးသပ်ပါတယ်။

“ရှမ်းပြည်မြောက်ပိုင်းမှာ ဖြစ်ပွါးနေတဲ့ မူးယစ်ဆေးဝါးက အင်အားကြီးတဲ့ အိမ်နီးချင်းနိုင်ငံတွေ ဖိအားပေးလို့ မလွှဲမရှောင်သာဝင်ရောက် စစ်ဆေးဖမ်းဆီးတာတွေ လုပ်ပြတာပေါ့နော်။ ဥပမာ ဒီထိုင်းနယ်ဟပ်မှာလည်း ရှိခဲ့ဘူးပါတယ်။ မနှစ်တုန်းကဆိုရင်လည်း ဒီခိုင်းနိုင်ငံက ဖိအားပေးလို့ လားဟူပြည်သူ့စစ်တပ်ဖွဲ့ရဲ့ ဌာနချုပ်နေအိမ်ကို တပ်မတော်က ဝင်ရောက် သိမ်းဆည်းတာတွေ ရှိတယ်။ ခေါင်းဆောင် ကရှောင်တိမ်းပြီးတော့မှ ၄၊ ၅ လလောက်မှ နေရပ်ကိုပြန်လာခွင့်ရတယ်။ ၂ အချက်ကတော့ ဒီ လက်နက်ကိုင် တိုက်ပွဲဝင်နေတဲ့ တပ်တွေနဲ့ပက်သက်ဆက်နွယ်လို့။ ၃ အချက်ကတော့ အဲဒီပြည် သူ့စစ်က သာမန်စီးပွါးရေး မလုပ်ဘဲနဲ့ နိုင်ငံရေးတွေ၊ စစ်ရေးတွေမှာ အင်အားကြီးလာပြီးတော့မှ ပါဝင်ပတ်သက်မှုတွေရှိလာလို့ အဲဒီလိုမျိုးပုံစံကြောင့် တပ်မတော်က ထိန်းသ်ိမ်းရတာ တပ်မတော်က ဝင်ပြီးတော့စီးနင်းရတာဖြစ်တယ်။”

ပြီးခဲ့တဲ့ မတ်လကစပြီး ကွတ်ခိုင်မြို့နယ်က ကောင်းခါးပြည်သူ့စစ်စခန်း တခုကို မြန်မာစစ်တပ်ဘက်က ဝင်ရောက်စီးနင်းပြီး မူးယစ်ဆေးဝါး လက်နက်တွေနဲ့အတူ အဖွဲ့တာဝန်ရှိသူတွေကိုပါ ဖမ်းဆီးမှုတွေ လုပ်ဆောင်ပြီးနောက်ပိုင်း ဧပြီလနဲ့ မေလအတွင်းမှာ ကွတ်ခိုင်နဲ့မူဆယ်မြို့တွေမှာ မုူးယစ်ဆေးနဲ့ လက်နက်ဖမ်းဆီးမှုတွေ ဆက်တိုက်ဖြစ်ပွါးလာနေတာပါ။

မနေ့ကလည်း ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်အတွင်း လွန်းကျိုင်းကျေးရွာမှာ ပိုင်ရှင်မဲ့ WY စာတမ်း ပါစိတ်ကြွ ဆေးပြား ၇,၂၀၀၀ ပြား၊ မူးယစ်ဆေးဆက်စပ်ပစ္စည်းအပါဝင် ခန့်မှန်းတန်ဖိုးငွေကျပ်သိန်းပေါင်း ၁,၃၃၀ ခန့်နဲ့ လက်နက်တချို့ ဖမ်းဆီး ရရှိခဲ့တယ်လို့လဲ တပ်မတော်ဘက်က သတင်းထုတ်ပြန်ထားပါတယ်။

ကိုနိုင်ကွန်းအိန်  / ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/drugs-muse-shan/5424316.html
ရွမ္းျပည္ေျမာက္ပုိင္းမွာ မူးယစ္ေဆးနဲ႔ လက္နက္အေျမာက္အမ်ား ဖမ္းဆီးမိ ရွမ္းျပည္ေျမာက္ပုိင္းမွာ မူးယစ္ေဆးနဲ႔ လက္နက္အေျမာက္အမ်ား ဖမ္းဆီးမိ Reviewed by THITHTOOLWIN on 20:00 Rating: 5
Powered by Blogger.