တရားမဝင္ နယ္စပ္ျဖတ္ျပန္လာသူမ်ားကို အေရးယူမည္မဟုတ္

(Zawgyi)⤵⤵⤵
ကို႐ိုနာဗိုင္းရပ္စ္ အႏၲရာယ္ ကာကြယ္ေရးအတြက္ ထိုင္းႏိုင္ငံကေန ျပန္ဝင္လာမယ့္ ျမန္မာအလုပ္သမားေတြဟာ တရားဝင္ ဝင္ေရာက္လာတာျဖစ္ျဖစ္၊ တရားမဝင္ပဲျဖစ္ျဖစ္ အားလုံးကို အကုန္လက္ခံၿပီး အျပစ္ေပးမွာ မဟုတ္ တဲ့အေၾကာင္း ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ေျပာလိုက္ပါတယ္။ ေနရပ္ျပန္လာမယ့္ အလုပ္သမားေတြကို ျမဝတီ ဂိတ္တစ္ခုတည္းကပဲ ဝင္ခြင့္ေပးထားတာေၾကာင့္ အလုပ္သမားေတြ အခက္အခဲျဖစ္ ေနေၾကာင္း အလုပ္သမားအေရး ကူညီေနသူေတြက ေျပာပါတယ္။

ထိုင္းႏိုင္ငံမွာ အလုပ္လုပ္ၿပီး ျမန္မာႏိုင္ငံကို ျပန္လာခ်င္တဲ့ အလုပ္သမားေတြကို ကရင္ျပည္နယ္၊ ျမဝတီၿမိဳ႕မွာ ေမ ၁ ကေနစၿပီး လက္ခံေနတာပါ။ ျပန္လာမယ့္ ျမန္မာအလုပ္သမားေတြဟာ တရားမဝင္လမ္းေၾကာင္းေတြကေန ျပန္လာရင္ေတာင္ အေရးယူမွာမဟုတ္ဘူးလို႔ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ဒီေန႔ ေမ ၅ ရက္မွာ ကရင္၊ မြန္၊ တနသၤာရီက ဝန္ႀကီးခ်ဳပ္ေတြနဲ႔ ေဆြးေႏြးတဲ့အထဲမွာ ထည့္ေျပာသြားတာပါ။

တရားမဝင္သြားၿပီး ျပန္လာတဲ့အတြက္ အေရးယူခံရမွာကို စိုးရိမ္ၿပီး အသိမေပးရင္ ပိုၿပီးဒုကၡမ်ားသြားႏိုင္တယ္လို႔ ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ေျပာလိုက္တာပါ။

“တရားဝင္သြားတာ မဟုတ္ဘဲနဲ႔ တရားဝင္ျပန္ေရာက္လာတာပါဆိုရင္ အေရးယူမွာ စိုးရိမ္ၿပီးေတာ့ အသိမေပး ဘူးဆိုရင္ အႏၲရာယ္ရွိနိင္တယ္။ ဒါက ေစာင့္ၾကည့္ေပးလို႔လည္းမရဘူး။ က်န္းမာ‌ေရးအရ စည္းမ်ဥ္းစည္းကမ္းေတြ လိုက္နာေအာင္လုပ္လို႔လည္းမရဘူး”

ၿပီးခဲ့တဲ့ မတ္လအတြင္း ထိုင္းႏိုင္ငံကေန ျပန္လာတဲ့ ျမန္မာအလုပ္သမား ၄ ေသာင္းေက်ာ္ရွိခဲ့ပါတယ္။ ဧၿပီလ အတြင္းမွာေတာ့ လက္ခံတာေတြရပ္နားၿပီး ဒီေမလမွာ ျပန္လက္ခံတာျဖစ္ပါတယ္။ ျပန္လာမယ့္ ျမန္မာအလုပ္ သမား အေရအတြက္က ရွစ္ေသာင္းကေန တစ္သိန္းခြဲေလာက္ရွိလိမ့္မယ္လို႔လည္း ျမန္မာအစိုးရက ခန႔္မွန္း ထားပါတယ္။

ျပန္လာမယ့္သူေတြကို ကရင္ျပည္နယ္ ျမဝတီၿမိဳ႕ ခ်စ္ၾကည္ေရးတံတားကေနသာ ျပန္ဝင္ခြင့္ေပးထားတာပါ။ ေနရပ္ျပန္လာတဲ့ အလုပ္သမားေတြကို ကရင္ျပည္နယ္မွာ က်န္းမာေရးေစာင့္ၾကည့္ဖို႔ေနရာ စီစဥ္ထားေပမဲ့ သုံးေထာင္ထက္ ပိုမ်ားလာရင္ ခက္ခဲႏိုင္တယ္လို႔ ျပည္နယ္ဝန္ႀကီးခ်ဳပ္ နန္းခင္ေထြးျမင့္က ေျပာပါတယ္။

“ကားေတြက အဆင္သင့္ရွိေနပါတယ္။ ႏွစ္ရက္ သုံးရက္ရွိၿပီ ကားေတြက ေစာင့္ေနတာပါ။ အခုထိေတာ့ ဝင္မလာေသးဘူး။ ဝင္လာတဲ့ ဆယ္ဂဏန္းေလာက္ကလည္း ေကာင္းေကာင္းစီမံလို႔ ရပါေသးတယ္။ ရာဂဏန္းလည္းရေသးတယ္။ ေထာင္ဂဏန္းမွာ သုံးေထာင္ေလာက္ဆို အခက္ခဲရွိပါတယ္။”

ကရင္ျပည္နယ္မွာ ေစာင့္ၾကည့္လူနာထားဖို႔ မႏိုင္ခဲ့ရင္ မြန္ျပည္နယ္က ဝင္ကူညီရမွာျဖစ္တယ္လို႔ ေဒၚေအာင္ဆန္းစုၾကည္က ေျပာပါတယ္။

မြန္ျပည္နယ္ ေမာ္လၿမိဳင္၊ သထုံ၊ ေရးၿမိဳ႕နယ္ေတြမွာ ကုသႏိုင္ဖို႔ ျပင္ဆင္ထားတယ္လို႔ ဝန္ႀကီးခ်ဳပ္ ေဒါက္တာေအးဇံက ေျပာပါတယ္။

“ေမာ္လၿမိဳင္ေဆး႐ုံႀကီးမွာဆိုရင္ Ventilator စက္ ေလးခုရွိပါတယ္။ Video Ventilator ကလည္း တစ္ခုရွိပါတယ္။ ေရးၿမိဳ႕နယ္မွာဆိုရင္ BCR ဆရာဝန္ ေလးေယာက္ရွိပါတယ္။ သထုံၿမိဳ႕နယ္မွာလည္း ဆရာဝန္ရွိပါတယ္။ Ventilator ရွိပါတယ္။ ေရးမွာလည္း ႏွစ္ခုရွိပါတယ္။ ကိုဗစ္နဲ႔ပတ္သက္လာရင္ ကုသဖို႔ ျပင္ဆင္ထားတာ ရွိပါတယ္။”

တနသၤာရီတိုင္းမွာေတာ့ အရင္ကတရားဝင္ေနရာျဖစ္ေပမဲ့ အခုပိတ္ထားတဲ့ ထီးခီး၊ ေမာေတာင္၊ ေကာ့ေသာင္းၿမိဳ႕ က ဝင္ေပါက္ေတြကေန တရားမဝင္ျပန္လာတဲ့သူေတြ ရွိေနေပမဲ့ လက္ခံထားတဲ့အေၾကာင္း ထိုင္းႏိုင္ငံနဲ႔ နယ္ နိမိတ္ထိစပ္တဲ့ တိုင္းေဒသႀကီးျဖစ္တာေၾကာင့္ တရားမဝင္လာမယ့္သူေတြ မ်ားမွာကို စိုးရိမ္ေပမဲ့ ထင္ထား သေလာက္ မရွိတဲ့အေၾကာင္း တိုင္းဝန္ႀကီးခ်ဳပ္ ဦးျမင့္ေမာင္က ေျပာပါတယ္။

တနသၤာရီတိုင္းအတြင္း ေစာင့္ၾကည့္စင္တာ ၄၀၀ မွာ လူအေယာက္ ေျခာက္ေထာင္ထားႏိုင္ဖို႔ စီစဥ္ထားၿပီး ေစာင္၊ ျခင္ေထာင္ေတြသာ ပံ့ပိုးေပးႏိုင္ေပမဲ့ အစားအေသာက္အတြက္ကို တိုင္းအစိုးရက ပံ့ပိုးႏိုင္တာမရွိဘူးလို႔ ဝန္ႀကီးခ်ဳပ္ ဦးျမင့္ေမာင္က ေျပာပါတယ္။

“ေျခာက္ေထာင္ေက်ာ္ေလာက္ ေဆာင္႐ြက္တဲ့ကိစၥေတြမွာ တိုင္းေဒသႀကီးအစိုးရအဖြဲ႕အေနနဲ႔ကေတာ့ ျခင္ေထာင္တို႔၊ ေခါင္းအုံးတို႔ ေစာင္တို႔ေတြကိုေတာ့ ျဖည့္ဆည္းေပးပါတယ္။ က်န္တဲ့စားေရးေသာက္ေရးကိုေတာ့ ေျခာက္ေထာင္ေက်ာ္လုံးအတြက္ ပံ့ပိုးေပးတာမရွိပါဘူး။ က်န္တဲ့အလႉရွင္ေတြ ပရဟိတအားေတြနဲ႔ပဲ ေဆာင္႐ြက္ေနတာရွိပါတယ္။”

ကို႐ိုနာဗိုင္းရပ္စ္ကူးစက္တာေၾကာင့္ ထိုင္းႏိုင္ငံမွာ ရပ္နားလိုက္ရတဲ့အလုပ္႐ုံေတြကေန အလုပ္လက္မဲ့ျဖစ္သြားတဲ့ ျမန္မာအလုပ္သမားေတြရွိေနတာပါ။

ျမန္မာအစိုးရက အလုပ္သမားေတြကို ျပန္လာၾကဖို႔သာ ေျပာေပမဲ့ ထိုင္းနဲ႔ဆက္စပ္တဲ့ တျခားတိုင္းေဒသႀကီး ဝင္ေပါက္ေတြကို ပိတ္ထားၿပီး ကရင္ျပည္နယ္ ျမဝတီကေန ဝင္ခြင့္ျပဳတာဟာ ျမန္မာအလုပ္သမားေတြအတြက္ အခက္ခဲေတာ္ေတာ္ျဖစ္တယ္လို႔ ပညာေရးနဲ႔ ဖြံ႕ၿဖိဳးတိုးတက္ေရးေဖာင္ေဒးရွင္း အမႈေဆာင္ဒါ႐ိုက္တာ ဦးထူးခ်စ္က ေျပာပါတယ္။

“အဓိကကေတာ့ ျပန္ခ်င္တဲ့၊ အလုပ္ျပဳတ္သြားတဲ့ ေ႐ႊ႕ေျပာင္းအလုပ္သမားေတြအေနနဲ႔ ျမန္မာျပည္ကို ျပန္ဖို႔ အဆင္ေျပေအာင္ အဓိကအားျဖင့္ေတာ့ ျမန္မာအစိုးရေပါ့ေနာ္။ ျမန္မာအစိုးရက ထိုင္းအစိုးရနဲ႔ညႇိႏႈိင္းၿပီးေတာ့ ေဆြးေႏြးသင့္တယ္။ အနည္းဆုံးေတာ့ နယ္စပ္ဂိေတြအားလုံးကို အၿမဲမဟုတ္ေတာင္ ဒီကာလမွာ ယာယီဖြင့္ၿပီး လက္ခံသင့္တယ္လို႔ ေျပာခ်င္ပါတယ္။”

ထိုင္းႏိုင္ငံ ရေနာင္းနဲ႔နီးစပ္တဲ့ တနသၤာရီတိုင္းဘက္ကေန ျပန္လာရင္ တစ္နာရီေလာက္ပဲ ၾကာေပမဲ့ အခုပိတ္ ထားတာေၾကာင့္ အလုပ္သမားေတြက ထိုင္းႏိုင္ငံက ခ႐ိုင္ ၁၀ ခုကို ၁၆ နာရီၾကာေအာင္ ကားစီးရမယ့္အေၾကာင္း၊ ျမဝတီကေန ေကာ့ေသာင္းကို ျပန္လာမယ္ဆိုရင္လည္း နာရီ ၂၀ ေလာက္ကားစီးရမွာေၾကာင့္ အခ်ိန္ၾကန႔္ၾကာတာ ေတြဟာ အလုပ္သမားေတြအတြက္ အင္မတန္ဒုကၡေရာက္မွာျဖစ္တယ္လို႔ ေျပာပါတယ္။

ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္က ျပန္လာတဲ့သူေတြကို ကိုယ့္ေဒသ ကိုယ့္တိုင္း ကိုယ့္ျပည္ နယ္ကို ျပန္လႊတ္တာဟာ တျခားတိုင္း၊ ျပည္နယ္ကလူေတြကို လက္မခံခ်င္လို႔မဟုတ္ဘဲ ကရင္ျပည္နယ္မွာပဲ အကုန္ထားဖို႔ ေနရာအခက္ခဲရွိတာေၾကာင့္ ျဖစ္တဲ့အေၾကာင္း ေျပာပါတယ္။ ကိုယ့္တိုင္း၊ ကိုယ့္ျပည္နယ္ကို ျပန္ေရာက္တဲ့အခါမွာလည္း ေကာင္းမြန္တဲ့ေစာင့္ၾကည့္ေနရာမွာထားမွာျဖစ္ၿပီး မိသားစုေတြနဲ႔ နီးစပ္မွာျဖစ္ တဲ့အေၾကာင့္ စိတ္ခြန္အားရမွာျဖစ္တဲ့အေၾကာင္း၊ ေစာင့္ၾကည္ေနရာခက္ခဲလို႔ အိမ္မွာထားၿပီး ေစာင့္ၾကည့္မယ္ ဆိုရင္လည္း အဆင္ေျပမွာျဖစ္တယ္လို႔ ေျပာပါတယ္။

RFA Burmese
------------------------------------

(Unicode)⤵⤵⤵
တရားမဝင် နယ်စပ်ဖြတ်ပြန်လာသူများကို အရေးယူမည်မဟုတ်

ကိုရိုနာဗိုင်းရပ်စ် အန္တရာယ် ကာကွယ်ရေးအတွက် ထိုင်းနိုင်ငံကနေ ပြန်ဝင်လာမယ့် မြန်မာအလုပ်သမားတွေဟာ တရားဝင် ဝင်ရောက်လာတာဖြစ်ဖြစ်၊ တရားမဝင်ပဲဖြစ်ဖြစ် အားလုံးကို အကုန်လက်ခံပြီး အပြစ်ပေးမှာ မဟုတ် တဲ့အကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။ နေရပ်ပြန်လာမယ့် အလုပ်သမားတွေကို မြဝတီ ဂိတ်တစ်ခုတည်းကပဲ ဝင်ခွင့်ပေးထားတာကြောင့် အလုပ်သမားတွေ အခက်အခဲဖြစ် နေကြောင်း အလုပ်သမားအရေး ကူညီနေသူတွေက ပြောပါတယ်။

ထိုင်းနိုင်ငံမှာ အလုပ်လုပ်ပြီး မြန်မာနိုင်ငံကို ပြန်လာချင်တဲ့ အလုပ်သမားတွေကို ကရင်ပြည်နယ်၊ မြဝတီမြို့မှာ မေ ၁ ကနေစပြီး လက်ခံနေတာပါ။ ပြန်လာမယ့် မြန်မာအလုပ်သမားတွေဟာ တရားမဝင်လမ်းကြောင်းတွေကနေ ပြန်လာရင်တောင် အရေးယူမှာမဟုတ်ဘူးလို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ မေ ၅ ရက်မှာ ကရင်၊ မွန်၊ တနင်္သာရီက ဝန်ကြီးချုပ်တွေနဲ့ ဆွေးနွေးတဲ့အထဲမှာ ထည့်ပြောသွားတာပါ။

တရားမဝင်သွားပြီး ပြန်လာတဲ့အတွက် အရေးယူခံရမှာကို စိုးရိမ်ပြီး အသိမပေးရင် ပိုပြီးဒုက္ခများသွားနိုင်တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်တာပါ။

“တရားဝင်သွားတာ မဟုတ်ဘဲနဲ့ တရားဝင်ပြန်ရောက်လာတာပါဆိုရင် အရေးယူမှာ စိုးရိမ်ပြီးတော့ အသိမပေး ဘူးဆိုရင် အန္တရာယ်ရှိနိင်တယ်။ ဒါက စောင့်ကြည့်ပေးလို့လည်းမရဘူး။ ကျန်းမာ‌ရေးအရ စည်းမျဉ်းစည်းကမ်းတွေ လိုက်နာအောင်လုပ်လို့လည်းမရဘူး”

ပြီးခဲ့တဲ့ မတ်လအတွင်း ထိုင်းနိုင်ငံကနေ ပြန်လာတဲ့ မြန်မာအလုပ်သမား ၄ သောင်းကျော်ရှိခဲ့ပါတယ်။ ဧပြီလ အတွင်းမှာတော့ လက်ခံတာတွေရပ်နားပြီး ဒီမေလမှာ ပြန်လက်ခံတာဖြစ်ပါတယ်။ ပြန်လာမယ့် မြန်မာအလုပ် သမား အရေအတွက်က ရှစ်သောင်းကနေ တစ်သိန်းခွဲလောက်ရှိလိမ့်မယ်လို့လည်း မြန်မာအစိုးရက ခန့်မှန်း ထားပါတယ်။

ပြန်လာမယ့်သူတွေကို ကရင်ပြည်နယ် မြဝတီမြို့ ချစ်ကြည်ရေးတံတားကနေသာ ပြန်ဝင်ခွင့်ပေးထားတာပါ။ နေရပ်ပြန်လာတဲ့ အလုပ်သမားတွေကို ကရင်ပြည်နယ်မှာ ကျန်းမာရေးစောင့်ကြည့်ဖို့နေရာ စီစဉ်ထားပေမဲ့ သုံးထောင်ထက် ပိုများလာရင် ခက်ခဲနိုင်တယ်လို့ ပြည်နယ်ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်က ပြောပါတယ်။

“ကားတွေက အဆင်သင့်ရှိနေပါတယ်။ နှစ်ရက် သုံးရက်ရှိပြီ ကားတွေက စောင့်နေတာပါ။ အခုထိတော့ ဝင်မလာသေးဘူး။ ဝင်လာတဲ့ ဆယ်ဂဏန်းလောက်ကလည်း ကောင်းကောင်းစီမံလို့ ရပါသေးတယ်။ ရာဂဏန်းလည်းရသေးတယ်။ ထောင်ဂဏန်းမှာ သုံးထောင်လောက်ဆို အခက်ခဲရှိပါတယ်။”

ကရင်ပြည်နယ်မှာ စောင့်ကြည့်လူနာထားဖို့ မနိုင်ခဲ့ရင် မွန်ပြည်နယ်က ဝင်ကူညီရမှာဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

မွန်ပြည်နယ် မော်လမြိုင်၊ သထုံ၊ ရေးမြို့နယ်တွေမှာ ကုသနိုင်ဖို့ ပြင်ဆင်ထားတယ်လို့ ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောပါတယ်။

“မော်လမြိုင်ဆေးရုံကြီးမှာဆိုရင် Ventilator စက် လေးခုရှိပါတယ်။ Video Ventilator ကလည်း တစ်ခုရှိပါတယ်။ ရေးမြို့နယ်မှာဆိုရင် BCR ဆရာဝန် လေးယောက်ရှိပါတယ်။ သထုံမြို့နယ်မှာလည်း ဆရာဝန်ရှိပါတယ်။ Ventilator ရှိပါတယ်။ ရေးမှာလည်း နှစ်ခုရှိပါတယ်။ ကိုဗစ်နဲ့ပတ်သက်လာရင် ကုသဖို့ ပြင်ဆင်ထားတာ ရှိပါတယ်။”

တနင်္သာရီတိုင်းမှာတော့ အရင်ကတရားဝင်နေရာဖြစ်ပေမဲ့ အခုပိတ်ထားတဲ့ ထီးခီး၊ မောတောင်၊ ကော့သောင်းမြို့ က ဝင်ပေါက်တွေကနေ တရားမဝင်ပြန်လာတဲ့သူတွေ ရှိနေပေမဲ့ လက်ခံထားတဲ့အကြောင်း ထိုင်းနိုင်ငံနဲ့ နယ် နိမိတ်ထိစပ်တဲ့ တိုင်းဒေသကြီးဖြစ်တာကြောင့် တရားမဝင်လာမယ့်သူတွေ များမှာကို စိုးရိမ်ပေမဲ့ ထင်ထား သလောက် မရှိတဲ့အကြောင်း တိုင်းဝန်ကြီးချုပ် ဦးမြင့်မောင်က ပြောပါတယ်။

တနင်္သာရီတိုင်းအတွင်း စောင့်ကြည့်စင်တာ ၄၀၀ မှာ လူအယောက် ခြောက်ထောင်ထားနိုင်ဖို့ စီစဉ်ထားပြီး စောင်၊ ခြင်ထောင်တွေသာ ပံ့ပိုးပေးနိုင်ပေမဲ့ အစားအသောက်အတွက်ကို တိုင်းအစိုးရက ပံ့ပိုးနိုင်တာမရှိဘူးလို့ ဝန်ကြီးချုပ် ဦးမြင့်မောင်က ပြောပါတယ်။

“ခြောက်ထောင်ကျော်လောက် ဆောင်ရွက်တဲ့ကိစ္စတွေမှာ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ကတော့ ခြင်ထောင်တို့၊ ခေါင်းအုံးတို့ စောင်တို့တွေကိုတော့ ဖြည့်ဆည်းပေးပါတယ်။ ကျန်တဲ့စားရေးသောက်ရေးကိုတော့ ခြောက်ထောင်ကျော်လုံးအတွက် ပံ့ပိုးပေးတာမရှိပါဘူး။ ကျန်တဲ့အလှူရှင်တွေ ပရဟိတအားတွေနဲ့ပဲ ဆောင်ရွက်နေတာရှိပါတယ်။”

ကိုရိုနာဗိုင်းရပ်စ်ကူးစက်တာကြောင့် ထိုင်းနိုင်ငံမှာ ရပ်နားလိုက်ရတဲ့အလုပ်ရုံတွေကနေ အလုပ်လက်မဲ့ဖြစ်သွားတဲ့ မြန်မာအလုပ်သမားတွေရှိနေတာပါ။

မြန်မာအစိုးရက အလုပ်သမားတွေကို ပြန်လာကြဖို့သာ ပြောပေမဲ့ ထိုင်းနဲ့ဆက်စပ်တဲ့ တခြားတိုင်းဒေသကြီး ဝင်ပေါက်တွေကို ပိတ်ထားပြီး ကရင်ပြည်နယ် မြဝတီကနေ ဝင်ခွင့်ပြုတာဟာ မြန်မာအလုပ်သမားတွေအတွက် အခက်ခဲတော်တော်ဖြစ်တယ်လို့ ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်က ပြောပါတယ်။

“အဓိကကတော့ ပြန်ချင်တဲ့၊ အလုပ်ပြုတ်သွားတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ မြန်မာပြည်ကို ပြန်ဖို့ အဆင်ပြေအောင် အဓိကအားဖြင့်တော့ မြန်မာအစိုးရပေါ့နော်။ မြန်မာအစိုးရက ထိုင်းအစိုးရနဲ့ညှိနှိုင်းပြီးတော့ ဆွေးနွေးသင့်တယ်။ အနည်းဆုံးတော့ နယ်စပ်ဂိတွေအားလုံးကို အမြဲမဟုတ်တောင် ဒီကာလမှာ ယာယီဖွင့်ပြီး လက်ခံသင့်တယ်လို့ ပြောချင်ပါတယ်။”

ထိုင်းနိုင်ငံ ရနောင်းနဲ့နီးစပ်တဲ့ တနင်္သာရီတိုင်းဘက်ကနေ ပြန်လာရင် တစ်နာရီလောက်ပဲ ကြာပေမဲ့ အခုပိတ် ထားတာကြောင့် အလုပ်သမားတွေက ထိုင်းနိုင်ငံက ခရိုင် ၁၀ ခုကို ၁၆ နာရီကြာအောင် ကားစီးရမယ့်အကြောင်း၊ မြဝတီကနေ ကော့သောင်းကို ပြန်လာမယ်ဆိုရင်လည်း နာရီ ၂၀ လောက်ကားစီးရမှာကြောင့် အချိန်ကြန့်ကြာတာ တွေဟာ အလုပ်သမားတွေအတွက် အင်မတန်ဒုက္ခရောက်မှာဖြစ်တယ်လို့ ပြောပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ပြန်လာတဲ့သူတွေကို ကိုယ့်ဒေသ ကိုယ့်တိုင်း ကိုယ့်ပြည် နယ်ကို ပြန်လွှတ်တာဟာ တခြားတိုင်း၊ ပြည်နယ်ကလူတွေကို လက်မခံချင်လို့မဟုတ်ဘဲ ကရင်ပြည်နယ်မှာပဲ အကုန်ထားဖို့ နေရာအခက်ခဲရှိတာကြောင့် ဖြစ်တဲ့အကြောင်း ပြောပါတယ်။ ကိုယ့်တိုင်း၊ ကိုယ့်ပြည်နယ်ကို ပြန်ရောက်တဲ့အခါမှာလည်း ကောင်းမွန်တဲ့စောင့်ကြည့်နေရာမှာထားမှာဖြစ်ပြီး မိသားစုတွေနဲ့ နီးစပ်မှာဖြစ် တဲ့အကြောင့် စိတ်ခွန်အားရမှာဖြစ်တဲ့အကြောင်း၊ စောင့်ကြည်နေရာခက်ခဲလို့ အိမ်မှာထားပြီး စောင့်ကြည့်မယ် ဆိုရင်လည်း အဆင်ပြေမှာဖြစ်တယ်လို့ ပြောပါတယ်။

RFA Burmese
https://www.rfa.org/burmese/program_2/myanmar-government-not-take-action-illegal-returners-05052020064653.html
တရားမဝင္ နယ္စပ္ျဖတ္ျပန္လာသူမ်ားကို အေရးယူမည္မဟုတ္ တရားမဝင္ နယ္စပ္ျဖတ္ျပန္လာသူမ်ားကို အေရးယူမည္မဟုတ္ Reviewed by THITHTOOLWIN on 06:05 Rating: 5
Powered by Blogger.