မိတၳီလာၿမိဳ႕မွာ သံဃာေတာ္ေတြကုိ လူမႈကြန္ယက္ေပၚေ၀ဖန္သူကုိ ေမ ၂၆ ရက္ေန႔ ရုံးထုတ္မည္

မိတၳီလာမွ ရဲမ်ား (ဓာတ္ပံု - Khin Ko Latt's Facebook)
(Zawgyi/Unicode)

ဘာသာေရးအကဲဆတ္တဲ့ မိတၱီလာၿမိဳ႕မွာေတာ့ လူမႈကြန္ယက္ေပၚမွာ သံဃာေတာ္ေတြကို ေဝဖန္ေရးသားသူ ကို လာမယ့္ ၂၆ရက္ေန႔မွာ မႏၱေလးတိုင္းတြင္းမွာ ႐ုံးထုတ္စစ္ေဆးဖို႔ လုပ္ထားတာကိုေျပာျပေပးပါမယ္။ ဒီအေၾကာင္း ဗြီအိုေအ ျမန္မာပိုင္းသတင္းေထာက္ မေမခက သတင္းေပးပို႔ထားပါတယ္။

၂၀၂၀- ၂၀၂၁ စာသင္ႏွစ္အတြက္ အေျခခံပညာသင္႐ိုးေတြထဲမွာ မ်ိဳးဆက္ပြား က်န္းမာေရး သင္႐ိုးအသစ္ထည့္သြင္းဖို႔ ပညာေရးဝန္ႀကီးဌာနက စီစဥ္ထားမႈအေပၚ ေဝဖန္ေရးသားတဲ့ သံဃာေတာ္ေတြကို ျပန္လည္ ေဝဖန္ရႈတ္ခ်အေရးအသားေတြ တင္ခဲ့သူနဲ႔ ပတ္သက္ၿပီး ဒီလူကို အေရးယူဖို႔ေတာင္းဆိုရာ ကေန မေန႔က မိတၳီလာၿမိဳ႕မွာ လူစုလူ ေဝးျဖစ္ပြားခဲ့ရတာပါ။

ဒီလို လူမႈကြန္ရက္မွာ သံဃာေတာ္ေတြကို ပုတ္ခတ္ေျပာဆိုခဲ့သူဟာ အသက္ ၃၁ ႏွစ္အ႐ြယ္ မိတၳီလာၿမိဳ႕ခံ ဆရာဝန္တဦးျဖစ္ၿပီး Facebook မွာ ေက်ာ္ဝင္းသန႔္ဆိုတဲ့ နာမည္နဲ႔အေကာင့္ဖြင့္ထားသူျဖစ္ၿပီး၊ ဗုဒၶဘာသာဝင္ တဦးျဖစ္တယ္လို႔လည္း ဆိုပါတယ္။ သူ႔ကို မေန႔က ၿမိဳ႕နယ္ သာသနာေရးအဖြဲ႕ကေန သာသနာကို ညႇိဳးႏြမ္းေစမႈနဲ႔ အေရးယူဖို႔ ေဆာင္႐ြက္ခဲ့ပါတယ္။

လက္ရွိမွာ အေကာင့္ပိုင္ရွင္ကို လာမယ့္ ၂၆ရက္ေန႔မွာ မႏၱေလးတိုင္း ခ်မ္းေအးသာဇံတရား႐ုံးမွာ ႐ုံးထုတ္သြားဖို႔ ရွိတယ္လို႔ မိတၳီလာၿမိဳ႕က တက္ႂကြလႈပ္ရွားသူ တဦးျဖစ္၊ ဒီအမႈမွာ သက္ေသအေနနဲ႔ လိုက္ပါေဆာင္႐ြက္မယ့္ ဦးခင္ကိုလတ္က ဗြီအိုေအကို ေျပာပါတယ္။

“မိတၳီလာခ႐ိုင္သာသနာေရးမွဴး ကတရားလိုလုပ္ဆြဲတယ္။ မိတၳီလာ အမွတ္ ၁ရဲစခန္းမွာ အမႈဖြင့္တယ္။ ရဲအေရးမပိုင္လို႔ (က)(ခ)နဲ႔ မိတၳီလာတရား႐ုံးကို လႊဲထုတ္ေပးတယ္။ ၿမိဳ႕နယ္တရား႐ုံးကလက္ခံၿပီးေတာ့မွ (ပ) အမွတ္ေတြ ထြက္တယ္။ သက္ေသထဲမွာ က်ေနာ္ပါတယ္။ အရပ္သားအမ်ိဳးသား ၃ေယာက္ပါတယ္။ ေဖ့ဘုတ္သုံးသူ ၃ေယာက္ထည့္ထားတာေပါ့။ အဲလိုနဲ႔ ခ်မ္းေအးသာဇံ တရား႐ုံးမွာ ႐ုံးေျပာင္းေလွ်ာက္တယ္။ လာမယ့္ ၂၆ရက္ေန႔မွာ ႐ုံးထုတ္မယ္။”

မေန႔က ျဖစ္စဥ္မွာ သံဃာေတာ္ေတြနဲ႔ လုံၿခဳံေရးတာဝန္ရွိသူေတြ ဘက္က အဓိက႐ုဏ္း မျဖစ္ေအာင္ ထိန္းသိမ္းေပးခဲ့ရၿပီး အေကာင့္ပိုင္ရွင္ ျဖစ္သူကို အေရးယူ ေဆာင္႐ြက္ႏိုင္ဖို႔ လုံၿခဳံေရးမ်ားနဲ႔ မႏၲေလးကို ပို႔ေဆာင္ခဲ့တယ္လို႔ ၿမိဳ႕ခံေတြက ေျပာပါတယ္။ အခုအခ်ိန္အထိ အေကာင့္ပိုင္ရွင္ကို ဘယ္မွာထိန္းသိမ္းထားလဲဆိုတာ တိက်စြာမသိရပါဘူး။ မိတၳီလာ ၿမိဳ႕မ ရဲစခန္းကို ဆက္သြယ္ေမးျမန္းတာမွာေတာ့ အေကာင့္ပိုင္ရွင္လုံၿခဳံေရးအရ ေျပာဆိုလိုျခင္းမရွိဘူးလို႔ေျပာပါတယ္။

မိတၳီလာၿမိဳ႕နယ္ သာသနာေရးအဖြဲ႕က ဦးကိုကိုေအာင္က အေကာင့္ပိုင္ရွင္ကို သာသနာကို ညႇိဳးႏြမ္းေစမႈ ၂၉၅-ကနဲ႔ အေရးယူေပးဖို႔ တရား႐ုံးမွာ ဦးတိုက္ေလွ်ာက္ ခဲ့တာျဖစ္ၿပီး လာမယ့္ တရား႐ုံးခ်ိန္း မေရာက္ခင္ အထိ သက္ဆိုင္ရာက ထိန္းသိမ္းထားဖြယ္ရွိတယ္လို႔ မိတီလာၿမိဳ႕ခံေတြကဆိုပါတယ္။

သာသနာညႇိဳးႏြမ္းေစမႈ ပုဒ္မ ၂၉၅ (က) ကေတာ့ ေထာင္ဒဏ္ ၂ ႏွစ္အထိ က်ခံႏိုင္ၿပီး ေထာင္ဒဏ္ တစ္မ်ိဳးမ်ိဳးျဖစ္ေစ၊ ေငြဒဏ္ျဖစ္ေစ ဒဏ္ႏွစ္ ရပ္လုံးျဖစ္ေစ ခ်မွတ္ႏိုင္ေၾကာင္းေဖာ္ျပထားၿပီး အာမခံမေပးတဲ့ ပုဒ္မျဖစ္ပါတယ္။ ၿပီးခဲ့တဲ့၂၀၁၃ မတ္လက မိတၳီလာမွာ ဘာသာေရးအဓိက႐ုဏ္း တခု ျဖစ္ပြားခဲ့ဖူးၿပီး အဲဒီတုန္းက အစိုးရရဲ႕ သတင္းထုတ္ျပန္ခ်က္ေတြအရ ဒဏ္ရာရတဲ့ လူေပါင္း အေယာက္ ၄၀ နီးပါးရွိခဲ့သလို ဘာသာေရး အေဆာက္အအုံ ၁၅ လုံးနီးပါးနဲ႔ ေနအိမ္အလုံးေပါင္း ၁၃၀ ေလာက္ ပ်က္စီးခဲ့ရပါတယ္။ ဒီလို အေျခအေနေတြ ႀကဳံခဲ့တာေၾကာင့္ ေနာက္ ထပ္ျပႆနာေတြ ထပ္မျဖစ္ဖို႔ ၿမိဳ႕ခံေတြက လိုလားေနၾကပါတယ္ ။

ေမခ / ဗြီအိုေအ (ျမန္မာပုိင္း)
--------------------------------------

မိတ္ထီလာမြို့မှာ သံဃာတော်တွေကို လူမှုကွန်ယက်ပေါ်ဝေဖန်သူကို မေ ၂၆ ရက်နေ့ ရုံးထုတ်မည်
(Unicode)

ဘာသာရေးအကဲဆတ်တဲ့ မိတ္တီလာမြို့မှာတော့ လူမှုကွန်ယက်ပေါ်မှာ သံဃာတော်တွေကို ဝေဖန်ရေးသားသူ ကို လာမယ့် ၂၆ရက်နေ့မှာ မန္တလေးတိုင်းတွင်းမှာ ရုံးထုတ်စစ်ဆေးဖို့ လုပ်ထားတာကိုပြောပြပေးပါမယ်။ ဒီအကြောင်း ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မမေခက သတင်းပေးပို့ထားပါတယ်။

၂၀၂၀- ၂၀၂၁ စာသင်နှစ်အတွက် အခြေခံပညာသင်ရိုးတွေထဲမှာ မျိုးဆက်ပွား ကျန်းမာရေး သင်ရိုးအသစ်ထည့်သွင်းဖို့ ပညာရေးဝန်ကြီးဌာနက စီစဉ်ထားမှုအပေါ် ဝေဖန်ရေးသားတဲ့ သံဃာတော်တွေကို ပြန်လည် ဝေဖန်ရှုတ်ချအရေးအသားတွေ တင်ခဲ့သူနဲ့ ပတ်သက်ပြီး ဒီလူကို အရေးယူဖို့တောင်းဆိုရာ ကနေ မနေ့က မိတ္ထီလာမြို့မှာ လူစုလူ ဝေးဖြစ်ပွားခဲ့ရတာပါ။

ဒီလို လူမှုကွန်ရက်မှာ သံဃာတော်တွေကို ပုတ်ခတ်ပြောဆိုခဲ့သူဟာ အသက် ၃၁ နှစ်အရွယ် မိတ္ထီလာမြို့ခံ ဆရာဝန်တဦးဖြစ်ပြီး Facebook မှာ ကျော်ဝင်းသန့်ဆိုတဲ့ နာမည်နဲ့အကောင့်ဖွင့်ထားသူဖြစ်ပြီး၊ ဗုဒ္ဓဘာသာဝင် တဦးဖြစ်တယ်လို့လည်း ဆိုပါတယ်။ သူ့ကို မနေ့က မြို့နယ် သာသနာရေးအဖွဲ့ကနေ သာသနာကို ညှိုးနွမ်းစေမှုနဲ့ အရေးယူဖို့ ဆောင်ရွက်ခဲ့ပါတယ်။

လက်ရှိမှာ အကောင့်ပိုင်ရှင်ကို လာမယ့် ၂၆ရက်နေ့မှာ မန္တလေးတိုင်း ချမ်းအေးသာဇံတရားရုံးမှာ ရုံးထုတ်သွားဖို့ ရှိတယ်လို့ မိတ္ထီလာမြို့က တက်ကြွလှုပ်ရှားသူ တဦးဖြစ်၊ ဒီအမှုမှာ သက်သေအနေနဲ့ လိုက်ပါဆောင်ရွက်မယ့် ဦးခင်ကိုလတ်က ဗွီအိုအေကို ပြောပါတယ်။

“မိတ္ထီလာခရိုင်သာသနာရေးမှူး ကတရားလိုလုပ်ဆွဲတယ်။ မိတ္ထီလာ အမှတ် ၁ရဲစခန်းမှာ အမှုဖွင့်တယ်။ ရဲအရေးမပိုင်လို့ (က)(ခ)နဲ့ မိတ္ထီလာတရားရုံးကို လွှဲထုတ်ပေးတယ်။ မြို့နယ်တရားရုံးကလက်ခံပြီးတော့မှ (ပ) အမှတ်တွေ ထွက်တယ်။ သက်သေထဲမှာ ကျနော်ပါတယ်။ အရပ်သားအမျိုးသား ၃ယောက်ပါတယ်။ ဖေ့ဘုတ်သုံးသူ ၃ယောက်ထည့်ထားတာပေါ့။ အဲလိုနဲ့ ချမ်းအေးသာဇံ တရားရုံးမှာ ရုံးပြောင်းလျှောက်တယ်။ လာမယ့် ၂၆ရက်နေ့မှာ ရုံးထုတ်မယ်။”

မနေ့က ဖြစ်စဉ်မှာ သံဃာတော်တွေနဲ့ လုံခြုံရေးတာဝန်ရှိသူတွေ ဘက်က အဓိကရုဏ်း မဖြစ်အောင် ထိန်းသိမ်းပေးခဲ့ရပြီး အကောင့်ပိုင်ရှင် ဖြစ်သူကို အရေးယူ ဆောင်ရွက်နိုင်ဖို့ လုံခြုံရေးများနဲ့ မန္တလေးကို ပို့ဆောင်ခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။ အခုအချိန်အထိ အကောင့်ပိုင်ရှင်ကို ဘယ်မှာထိန်းသိမ်းထားလဲဆိုတာ တိကျစွာမသိရပါဘူး။ မိတ္ထီလာ မြို့မ ရဲစခန်းကို ဆက်သွယ်မေးမြန်းတာမှာတော့ အကောင့်ပိုင်ရှင်လုံခြုံရေးအရ ပြောဆိုလိုခြင်းမရှိဘူးလို့ပြောပါတယ်။

မိတ္ထီလာမြို့နယ် သာသနာရေးအဖွဲ့က ဦးကိုကိုအောင်က အကောင့်ပိုင်ရှင်ကို သာသနာကို ညှိုးနွမ်းစေမှု ၂၉၅-ကနဲ့ အရေးယူပေးဖို့ တရားရုံးမှာ ဦးတိုက်လျှောက် ခဲ့တာဖြစ်ပြီး လာမယ့် တရားရုံးချိန်း မရောက်ခင် အထိ သက်ဆိုင်ရာက ထိန်းသိမ်းထားဖွယ်ရှိတယ်လို့ မိတီလာမြို့ခံတွေကဆိုပါတယ်။

သာသနာညှိုးနွမ်းစေမှု ပုဒ်မ ၂၉၅ (က) ကတော့ ထောင်ဒဏ် ၂ နှစ်အထိ ကျခံနိုင်ပြီး ထောင်ဒဏ် တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ ဒဏ်နှစ် ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်းဖော်ပြထားပြီး အာမခံမပေးတဲ့ ပုဒ်မဖြစ်ပါတယ်။ ပြီးခဲ့တဲ့၂၀၁၃ မတ်လက မိတ္ထီလာမှာ ဘာသာရေးအဓိကရုဏ်း တခု ဖြစ်ပွားခဲ့ဖူးပြီး အဲဒီတုန်းက အစိုးရရဲ့ သတင်းထုတ်ပြန်ချက်တွေအရ ဒဏ်ရာရတဲ့ လူပေါင်း အယောက် ၄၀ နီးပါးရှိခဲ့သလို ဘာသာရေး အဆောက်အအုံ ၁၅ လုံးနီးပါးနဲ့ နေအိမ်အလုံးပေါင်း ၁၃၀ လောက် ပျက်စီးခဲ့ရပါတယ်။ ဒီလို အခြေအနေတွေ ကြုံခဲ့တာကြောင့် နောက် ထပ်ပြဿနာတွေ ထပ်မဖြစ်ဖို့ မြို့ခံတွေက လိုလားနေကြပါတယ် ။

မေခ / ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/myanmar-meikhtila-buddhist-social-media-hate-speech-/5429561.html
မိတၳီလာၿမိဳ႕မွာ သံဃာေတာ္ေတြကုိ လူမႈကြန္ယက္ေပၚေ၀ဖန္သူကုိ ေမ ၂၆ ရက္ေန႔ ရုံးထုတ္မည္ မိတၳီလာၿမိဳ႕မွာ သံဃာေတာ္ေတြကုိ လူမႈကြန္ယက္ေပၚေ၀ဖန္သူကုိ ေမ ၂၆ ရက္ေန႔ ရုံးထုတ္မည္ Reviewed by THITHTOOLWIN on 20:41 Rating: 5
Powered by Blogger.