ရခိုင္မွာ လူ ၆၅၀၀ နီးပါး ကြာရန္တင္းဝင္၊ ကို႐ိုနာ ဗိုင္းရပ္စ္ သံသယလူနာ ၆၀ ခန္႔ေတြ႕

ရခိုင္က ႏိုင္ငံျခားျပန္ အခ်ိဳ႕မွာ အခုရက္ပိုင္း ကို႐ိုနာပိုးစေတြ႕
(Zawgyi)⤵⤵⤵
ရခိုင္ျပည္နယ္အတြင္း လူ ၆၅၀၀ နီးပါး ကြာရန္းတင္းဝင္ ေနၿပီး ကို႐ိုနာ ဗိုင္းရပ္စ္ ေစာင့္ၾကည့္သံသယလူနာေပါင္း ၆၀ ခန္႔ ေတြ႕ရွိထားတယ္လို႔ ရခိုင္ျပည္နယ္ က်န္းမာေရးဦးစီးဌာန ဒုတိယၫႊန္ၾကားေရးမႉး ေဒါက္တာစိုးဝင္းပိုင္က ဘီဘီစီကို ေျပာပါတယ္။

ရခိုင္မွာ ကိုဗစ္ -၁၉ ဗိုင္းရပ္ပိုး ကူးစက္ခံရသူ ၂ ဦး ေတြ႕ရွိထားၿပီး အဲဒီသူေတြကေတာ့ ေတာင္ကုတ္နဲ႔ သံတြဲတို႔က ျဖစ္ပါတယ္။

ကြာရန္တင္း ဝင္ေနသူေတြထဲမွာ ႏွစ္မ်ိဳးႏွစ္စားရွိၿပီး ၂၁၈၇ ဦးက ေနအိမ္မွာ ကြာရန္တင္းဝင္တာျဖစ္ၿပီးေတာ့ ၄၃၀၆ ဦးက ရပ္႐ြာအေျချပဳ ကြာရန္တင္းစင္တာေတြမွာ ရွိေနၾကတာျဖစ္တယ္လို႔လည္းသူက ေျပာပါတယ္။

ဟိုတယ္ကြာရန္တင္း အျဖစ္နဲ႔ ေနထိုင္သူေတြ လည္းရွိေနတယ္လို႔ ေဒါက္တာစိုးဝင္းပိုင္က ရွင္းျပပါတယ္။

ေရာဂါပိုးပ်ံ႕ႏွံ႔ကူးစက္မႈမရွိေစေရးအတြက္ ၿမိဳ႕နယ္၊ ရပ္ကြက္၊ ေက်း႐ြာေတြအလိုက္ ကြာရန္တင္းစင္တာေတြ ဖြင့္လွစ္ၿပီး ခရီးသြားျပည္သူေတြနဲ႔ ေနရပ္ျပန္လာသူေတြကို အနီးကပ္ေစာင့္ၾကည့္မႈေတြျပဳလုပ္ၿပီး ေရာဂါထိန္းခ်ဳပ္ကာကြယ္ေရး လုပ္ငန္းေတြကို ေဆာင္႐ြက္ေနတာျဖစ္တယ္လို႔လည္း အစိုးရဘက္က ေျပာပါတယ္။။

" ေစာင့္ၾကည့္သံသယ လူနာက ၆၀ ပဲ ရွိတယ္ "လို႔ ေဒါက္တာ စိုးဝင္းပိုင္က ေျပာပါတယ္။

အိမ္မွာေနတဲ့သူေတြကိုေတာ့ ၂၈ ရက္အသြားအလာကန႔္သတ္ထားၿပီး ရပ္႐ြာအေျချပဳစင္တာေတြမွာ ေနတဲ့သူေတြကို ၂၁ ရက္ထားရွိၿပီး ျပန္ထြက္လာရင္လည္း အဲ့ဒီလူေတြကို သူတို႔ရဲ႕ေနအိမ္မွာ ၈ ရက္ထပ္မံ ကန႔္သတ္ေပးထား တယ္လို႔လည္း ဆိုပါတယ္။

လက္ရွိမွာေတာ့ အဲ့ဒီ ကြာရန္တင္းစင္တာေတြကို ေက်း႐ြာ ရပ္ကြက္ေတြ အတြင္းမွာရွိတဲ့ အေျခခံပညာစာသင္ေက်ာင္း ေတြမွာ ဖြင့္လွစ္ထားတာျဖစ္ၿပီး လာမယ့္ ဇြန္လအတြင္းမွာ ေက်ာင္းေတြကို ျပန္လည္ဖြင့္ေတာ့မွာျဖစ္တဲ့အတြက္ လက္ရွိအသုံးျပဳေနတဲ့ ေက်ာင္းေဆာင္ေတြကို ပညာေရးဌာနကို ျပန္လည္လႊဲေျပာင္း အပ္ႏွံၾကဖို႔ ေမလ ၁၃ ရက္ ရက္စြဲနဲ႔ ျပည္ေထာင္စုအစိုးရက အမိန႔္ထုတ္ျပန္ထားပါတယ္။
လူနာ အမွတ္ ၁၉၀ ဟာေတာင္ကုတ္ၿမိဳ႕နယ္ သကၠယ္ကြၽန္းေက်း႐ြာက အသက္ ၂၅ ႏွစ္အ႐ြယ္ မေလးျပန္
စာသင္ေက်ာင္းေတြမွာဖြင့္ထားတဲ့ ကြာရန္တင္းစင္တာေတြကို ဇြန္လလယ္မွာ ျပန္အပ္ရမွာ ျဖစ္လို႔ အဲ့ဒီအခ်ိန္ ရခိုင္မွာ ကြာရန္တင္းစင္တာ အခက္အခဲျဖစ္သြားႏိုင္ၿပီး ေရာဂါထိန္းခ်ဳပ္ကာကြယ္ေရးလုပ္ငန္းစဥ္ေတြလည္း အခက္အခဲရွိႏိုင္တယ္လို႔ ေျမာက္ဦးၿမိဳ႕နယ္ကက်န္းမာေရးဝန္ထမ္းတစ္ဦးက ဘီဘီစီကို ေျပာပါတယ္။

အစိုးရက ထုတ္ျပန္တဲ့ အမိန႔္စာမွာေတာ့ လက္ရွိအသုံးျပဳေနတဲ့ အေျခခံပညာေက်ာင္းေတြကို ဇြန္လ ၁၅ ရက္ေန႔မွာ အၿပီးအပ္ႏွံေပးရမွာျဖစ္ၿပီး အသစ္ေရာက္လာတဲ့ ေနရပ္ျပန္လာသူေတြကို အဲ့ဒီေက်ာင္းေတြမွာ ဆက္မထားၾကဖို႔နဲ႔ ၿမိဳ႕နဲ႔ ၿမိဳ႕နယ္ေတြအတြင္းမွာရွိတဲ့ ျပည္ေထာင္စုဝန္ႀကီးဌာနပိုင္ အေဆာက္အအုံေတြျဖစ္တဲ့ အဆင့္ျမင့္ပညာဦးစီးဌာန လက္ေအာက္က တကၠသိုလ္၊ ေကာလိပ္၊ ဒီဂရီေကာလိပ္ အေဆာက္အအုံေတြမွာ ေျပာင္းေ႐ႊ႕ဖြင့္လွစ္ ၾကဖို႔ ၫႊန္ၾကားထားတာ ျဖစ္ပါတယ္။

"႐ြာေတြမွာဆိုရင္ စာသင္ေက်ာင္းမွာ မထားရင္ ထားမယ့္ေနရာမရွိဘူး။ ဘုန္းႀကီးေက်ာင္းမွာဆိုလည္း အိမ္သာေတြမရွိဘူး။ ဒီတိုင္းဆိုရင္ ဟိုဘက္ေတြက လူေတြလည္းထပ္ေရာက္လာရင္ေတာ့ ေတာ္ေတာ္ဆိုးဝါးလာႏိုင္တဲ့ အေနအထားရွိတယ္ "လို႔ က်န္းမာေရးဝန္ထမ္းတစ္ဦးက ေျပာပါတယ္။
 စစ္ေဘးေရွာင္စခန္းေတြ လူထူထပ္တဲ့ေနရာေတြမွာ Covid-19 Response အစီအစဥ္
ရခိုင္ျပည္နယ္ ေတာင္ပိုင္းေဒသၿမိဳ႕နယ္ေတြျဖစ္တဲ့ သံတြဲနဲ႔ ေတာင္ကုတ္ ၿမိဳ႕နယ္ေတြကို ေရာက္ေနတဲ့ မေလးရွားျပန္ ႏွစ္ဦးမွာ ကို႐ိုနာ ဗိုင္းရပ္စ္ေတြ႕တယ္လို႔ က်န္းမာေရးဝန္ႀကီးဌာနက ေမလ ၁၉ ရက္က ထုတ္ျပန္ခဲ့ပါတယ္။

ေျမာက္ဦးၿမိဳ႕နယ္အတြင္းမွာလည္း မေလးရွားႏိုင္ငံကျပန္လာသူ ၁၄ ဦးရွိေနၿပီး သံတြဲနဲ႔ ေတာင္ကုတ္က ပိုးေတြ႕လူနာႏွစ္ဦးနဲ႔အတူ ျပန္လာခဲ့ၾကသူေတြျဖစ္ၿပီး သူတို႔က ေရာဂါပိုးမေတြ႕ရဘူးလို႔ ေျမာက္ဦး ေဒသခံေတြက ေျပာပါတယ္။

ဒီလူေတြဟာ ေမလ ၁၁ ရက္က အစိုးရရဲ႕ ကယ္ဆယ္ေရးေလယာဥ္နဲ႔ ေရာက္လာသူေတြျဖစ္ၿပီးေတာ့ ေမလ ၂၀ ရက္ကလည္း မေလးရွားက လူ ၁၀၀ေက်ာ္ ေလာက္ ေလယာဥ္နဲ႔ ထပ္ၿပီး ေရာက္လာခဲ့ပါတယ္ ။

မေလးရွားျပန္လာသူေတြထဲက ကို႐ိုနာ ဗိုင္းရပ္စ္ပိုးေတြ႕တာ ၉ဦး ရွိၿပီးေတာ့ ၂ ဦးက ရခိုင္ကျဖစ္ပါတယ္။
ဘုန္းႀကီးေက်ာင္းေတြမွာေနထိုင္သူစစ္ေဘးေရွာင္ေတြ
ၿပီးခဲ့တဲ့ လပိုင္းေတြက ႏိုင္ငံျခား ျပန္လာသူေတြဟာ စစ္ေရွာင္စခန္းေတြမွာ ဝင္ထြက္သြားလာေနတာရွိၿပီးေတာ့ တခ်ိဳ႕လည္း စခန္းေတြမွာ အတူေရာေနၾကတယ္လို႔လည္း အကူညီေပးေရးလုပ္ငန္းလုပ္ကိုင္ေနသူေတြထံ ကေန သိရပါတယ္။

ဒီလူေတြကို စခန္းတခ်ိဳ႕မွာ သီးသန္႔ခြဲ ထားတာလုပ္ႏိုင္ေပမယ့္ အမ်ားစုမွာေတာ့ မလုပ္ႏိုင္ေသးဘူးလို႔ ရခိုင္တိုင္းရင္းသားမ်ိဳးႏြယ္မ်ား အစည္းအ႐ုံး REC က ေျပာပါတယ္။

ရခိုင္စစ္ေဘးေရွာင္စခန္း ၁၂၈ ခုမွာ ၃ ခုမွာ ေတာ့ မိသားစုဝင္ေတြဆီ ေရာက္လာေနတဲ့ ႏိုင္ငံျခားျပန္ေတြ အတြက္ သီးသန္႔အေဆာင္ေတြ စီစဥ္ေနပါတယ္လို႔ REC က ဧၿပီလဆန္းက ဘီဘီစီကို ေျပာခဲ့ပါတယ္။

ဘဂၤလားေဒ့ရွ္ဘက္က ကိုယ့္ အစီအစဥ္နဲ႔ကိုယ္ ျပန္ဝင္လာသူ ၈၀ ဝန္းက်င္ကိုေတာ့ လွဖိုးေခါင္ ၾကားစခန္းမွာ သီးျခား ေစာင့္ၾကည့္ ကြာရန္တင္းထား ရွိတယ္လို႔ ေမာင္ေတာ ျပည္နယ္လႊတ္ေတာ္အမတ္ ဦးေမာင္အုန္း က ဘီဘီစီကို ေျပာပါတယ္။

မေလးရွားက ျပန္ဝင္လာသူ ေ႐ႊ႕ေျပာင္းလုပ္သား တခ်ိဳ႕လည္း ဒုကၡသည္ စခန္း တခ်ိဳ႕မွာ ဝင္ေရာက္ ေနထိုင္ေနတာ ရွိတယ္ ဆိုတဲ့ သတင္းေတြလည္း ထြက္ေပၚေနေပမယ့္ ဒါကို ေတာ့ သက္ဆိုင္ရာ တာဝန္ရွိသူေတြဘက္က သီးျခား အတည္ျပဳ ေပးတာေတာ့ အခု အခ်ိန္အထိ မရွိေသးပါဘူး။

BBC Burmese
---------------------------------
(Unicode)⤵⤵⤵
ရခိုင်မှာ လူ ၆၅၀၀ နီးပါး ကွာရန်တင်းဝင်၊ ကိုရိုနာ ဗိုင်းရပ်စ် သံသယလူနာ ၆၀ ခန့်တွေ့

ရခိုင်ပြည်နယ်အတွင်း လူ ၆၅၀၀ နီးပါး ကွာရန်းတင်းဝင် နေပြီး ကိုရိုနာ ဗိုင်းရပ်စ် စောင့်ကြည့်သံသယလူနာပေါင်း ၆၀ ခန့် တွေ့ရှိထားတယ်လို့ ရခိုင်ပြည်နယ် ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က ဘီဘီစီကို ပြောပါတယ်။

ရခိုင်မှာ ကိုဗစ် -၁၉ ဗိုင်းရပ်ပိုး ကူးစက်ခံရသူ ၂ ဦး တွေ့ရှိထားပြီး အဲဒီသူတွေကတော့ တောင်ကုတ်နဲ့ သံတွဲတို့က ဖြစ်ပါတယ်။

ကွာရန်တင်း ဝင်နေသူတွေထဲမှာ နှစ်မျိုးနှစ်စားရှိပြီး ၂၁၈၇ ဦးက နေအိမ်မှာ ကွာရန်တင်းဝင်တာဖြစ်ပြီးတော့ ၄၃၀၆ ဦးက ရပ်ရွာအခြေပြု ကွာရန်တင်းစင်တာတွေမှာ ရှိနေကြတာဖြစ်တယ်လို့လည်းသူက ပြောပါတယ်။

ဟိုတယ်ကွာရန်တင်း အဖြစ်နဲ့ နေထိုင်သူတွေ လည်းရှိနေတယ်လို့ ဒေါက်တာစိုးဝင်းပိုင်က ရှင်းပြပါတယ်။

ရောဂါပိုးပျံ့နှံ့ကူးစက်မှုမရှိစေရေးအတွက် မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာတွေအလိုက် ကွာရန်တင်းစင်တာတွေ ဖွင့်လှစ်ပြီး ခရီးသွားပြည်သူတွေနဲ့ နေရပ်ပြန်လာသူတွေကို အနီးကပ်စောင့်ကြည့်မှုတွေပြုလုပ်ပြီး ရောဂါထိန်းချုပ်ကာကွယ်ရေး လုပ်ငန်းတွေကို ဆောင်ရွက်နေတာဖြစ်တယ်လို့လည်း အစိုးရဘက်က ပြောပါတယ်။။

" စောင့်ကြည့်သံသယ လူနာက ၆၀ ပဲ ရှိတယ် "လို့ ဒေါက်တာ စိုးဝင်းပိုင်က ပြောပါတယ်။

အိမ်မှာနေတဲ့သူတွေကိုတော့ ၂၈ ရက်အသွားအလာကန့်သတ်ထားပြီး ရပ်ရွာအခြေပြုစင်တာတွေမှာ နေတဲ့သူတွေကို ၂၁ ရက်ထားရှိပြီး ပြန်ထွက်လာရင်လည်း အဲ့ဒီလူတွေကို သူတို့ရဲ့နေအိမ်မှာ ၈ ရက်ထပ်မံ ကန့်သတ်ပေးထား တယ်လို့လည်း ဆိုပါတယ်။

လက်ရှိမှာတော့ အဲ့ဒီ ကွာရန်တင်းစင်တာတွေကို ကျေးရွာ ရပ်ကွက်တွေ အတွင်းမှာရှိတဲ့ အခြေခံပညာစာသင်ကျောင်း တွေမှာ ဖွင့်လှစ်ထားတာဖြစ်ပြီး လာမယ့် ဇွန်လအတွင်းမှာ ကျောင်းတွေကို ပြန်လည်ဖွင့်တော့မှာဖြစ်တဲ့အတွက် လက်ရှိအသုံးပြုနေတဲ့ ကျောင်းဆောင်တွေကို ပညာရေးဌာနကို ပြန်လည်လွှဲပြောင်း အပ်နှံကြဖို့ မေလ ၁၃ ရက် ရက်စွဲနဲ့ ပြည်ထောင်စုအစိုးရက အမိန့်ထုတ်ပြန်ထားပါတယ်။

စာသင်ကျောင်းတွေမှာဖွင့်ထားတဲ့ ကွာရန်တင်းစင်တာတွေကို ဇွန်လလယ်မှာ ပြန်အပ်ရမှာ ဖြစ်လို့ အဲ့ဒီအချိန် ရခိုင်မှာ ကွာရန်တင်းစင်တာ အခက်အခဲဖြစ်သွားနိုင်ပြီး ရောဂါထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းစဉ်တွေလည်း အခက်အခဲရှိနိုင်တယ်လို့ မြောက်ဦးမြို့နယ်ကကျန်းမာရေးဝန်ထမ်းတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

အစိုးရက ထုတ်ပြန်တဲ့ အမိန့်စာမှာတော့ လက်ရှိအသုံးပြုနေတဲ့ အခြေခံပညာကျောင်းတွေကို ဇွန်လ ၁၅ ရက်နေ့မှာ အပြီးအပ်နှံပေးရမှာဖြစ်ပြီး အသစ်ရောက်လာတဲ့ နေရပ်ပြန်လာသူတွေကို အဲ့ဒီကျောင်းတွေမှာ ဆက်မထားကြဖို့နဲ့ မြို့နဲ့ မြို့နယ်တွေအတွင်းမှာရှိတဲ့ ပြည်ထောင်စုဝန်ကြီးဌာနပိုင် အဆောက်အအုံတွေဖြစ်တဲ့ အဆင့်မြင့်ပညာဦးစီးဌာန လက်အောက်က တက္ကသိုလ်၊ ကောလိပ်၊ ဒီဂရီကောလိပ် အဆောက်အအုံတွေမှာ ပြောင်းရွှေ့ဖွင့်လှစ် ကြဖို့ ညွှန်ကြားထားတာ ဖြစ်ပါတယ်။

"ရွာတွေမှာဆိုရင် စာသင်ကျောင်းမှာ မထားရင် ထားမယ့်နေရာမရှိဘူး။ ဘုန်းကြီးကျောင်းမှာဆိုလည်း အိမ်သာတွေမရှိဘူး။ ဒီတိုင်းဆိုရင် ဟိုဘက်တွေက လူတွေလည်းထပ်ရောက်လာရင်တော့ တော်တော်ဆိုးဝါးလာနိုင်တဲ့ အနေအထားရှိတယ် "လို့ ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောပါတယ်။

ရခိုင်ပြည်နယ် တောင်ပိုင်းဒေသမြို့နယ်တွေဖြစ်တဲ့ သံတွဲနဲ့ တောင်ကုတ် မြို့နယ်တွေကို ရောက်နေတဲ့ မလေးရှားပြန် နှစ်ဦးမှာ ကိုရိုနာ ဗိုင်းရပ်စ်တွေ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက မေလ ၁၉ ရက်က ထုတ်ပြန်ခဲ့ပါတယ်။

မြောက်ဦးမြို့နယ်အတွင်းမှာလည်း မလေးရှားနိုင်ငံကပြန်လာသူ ၁၄ ဦးရှိနေပြီး သံတွဲနဲ့ တောင်ကုတ်က ပိုးတွေ့လူနာနှစ်ဦးနဲ့အတူ ပြန်လာခဲ့ကြသူတွေဖြစ်ပြီး သူတို့က ရောဂါပိုးမတွေ့ရဘူးလို့ မြောက်ဦး ဒေသခံတွေက ပြောပါတယ်။

ဒီလူတွေဟာ မေလ ၁၁ ရက်က အစိုးရရဲ့ ကယ်ဆယ်ရေးလေယာဉ်နဲ့ ရောက်လာသူတွေဖြစ်ပြီးတော့ မေလ ၂၀ ရက်ကလည်း မလေးရှားက လူ ၁၀၀ကျော် လောက် လေယာဉ်နဲ့ ထပ်ပြီး ရောက်လာခဲ့ပါတယ် ။

မလေးရှားပြန်လာသူတွေထဲက ကိုရိုနာ ဗိုင်းရပ်စ်ပိုးတွေ့တာ ၉ဦး ရှိပြီးတော့ ၂ ဦးက ရခိုင်ကဖြစ်ပါတယ်။
ဓာတ်ပုံ မူပိုင် REC
Image caption ဘုန်းကြီးကျောင်းတွေမှာနေထိုင်သူစစ်ဘေးရှောင်တွေ

ပြီးခဲ့တဲ့ လပိုင်းတွေက နိုင်ငံခြား ပြန်လာသူတွေဟာ စစ်ရှောင်စခန်းတွေမှာ ဝင်ထွက်သွားလာနေတာရှိပြီးတော့ တချို့လည်း စခန်းတွေမှာ အတူရောနေကြတယ်လို့လည်း အကူညီပေးရေးလုပ်ငန်းလုပ်ကိုင်နေသူတွေထံ ကနေ သိရပါတယ်။

ဒီလူတွေကို စခန်းတချို့မှာ သီးသန့်ခွဲ ထားတာလုပ်နိုင်ပေမယ့် အများစုမှာတော့ မလုပ်နိုင်သေးဘူးလို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး REC က ပြောပါတယ်။

ရခိုင်စစ်ဘေးရှောင်စခန်း ၁၂၈ ခုမှာ ၃ ခုမှာ တော့ မိသားစုဝင်တွေဆီ ရောက်လာနေတဲ့ နိုင်ငံခြားပြန်တွေ အတွက် သီးသန့်အဆောင်တွေ စီစဉ်နေပါတယ်လို့ REC က ဧပြီလဆန်းက ဘီဘီစီကို ပြောခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်ဘက်က ကိုယ့် အစီအစဉ်နဲ့ကိုယ် ပြန်ဝင်လာသူ ၈၀ ဝန်းကျင်ကိုတော့ လှဖိုးခေါင် ကြားစခန်းမှာ သီးခြား စောင့်ကြည့် ကွာရန်တင်းထား ရှိတယ်လို့ မောင်တော ပြည်နယ်လွှတ်တော်အမတ် ဦးမောင်အုန်း က ဘီဘီစီကို ပြောပါတယ်။

မလေးရှားက ပြန်ဝင်လာသူ ရွှေ့ပြောင်းလုပ်သား တချို့လည်း ဒုက္ခသည် စခန်း တချို့မှာ ဝင်ရောက် နေထိုင်နေတာ ရှိတယ် ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပေမယ့် ဒါကို တော့ သက်ဆိုင်ရာ တာဝန်ရှိသူတွေဘက်က သီးခြား အတည်ပြု ပေးတာတော့ အခု အချိန်အထိ မရှိသေးပါဘူး။

BBC Burmese
https://www.bbc.com/burmese/52756399
ရခိုင္မွာ လူ ၆၅၀၀ နီးပါး ကြာရန္တင္းဝင္၊ ကို႐ိုနာ ဗိုင္းရပ္စ္ သံသယလူနာ ၆၀ ခန္႔ေတြ႕ ရခိုင္မွာ လူ ၆၅၀၀ နီးပါး ကြာရန္တင္းဝင္၊ ကို႐ိုနာ ဗိုင္းရပ္စ္ သံသယလူနာ ၆၀ ခန္႔ေတြ႕ Reviewed by THITHTOOLWIN on 20:58 Rating: 5
Powered by Blogger.