ကိုဗစ္-၁၉ မရွိပဲ ေဖ့စ္ဘြတ္ေပၚမွာ ရွိတယ္ ေျပာမိလို႔ အဖမ္းခံရသူ

 ရဲက ထုတ္ျပန္လိုက္တဲ့ သတင္းမွား ျဖန႔္ခ်ီသူ မစၥတာ ဘရန္ဒင္ရဲ႕ ဓါတ္ပုံ
(Zawgyi)⤵⤵⤵
မိုက္ကယ္လိန္း ဘရန္ဒင္ အေနနဲ႔ သူ႔မွာ ကိုဗစ္-၁၉ ကူးစက္ခံေနရေၾကာင္း တကယ္မဟုတ္ဘဲ ေဖ့စ္ဘြတ္မွာ တင္လိုက္ရင္ ႐ုတ္႐ုတ္သဲသဲ ျဖစ္သြားမယ္ ဆိုတာေလာက္ေတာ့ သိပါတယ္။

ဒါေပမယ့္ ဒီကိစၥေၾကာင့္ သူ အဖမ္းခံရမယ့္အျပင္၊ အလုပ္လည္းျပဳတ္၊ တရား႐ုံးလည္း တက္ရၿပီး ေထာင္လည္း က်သြားႏိုင္တဲ့အထိေတာ့ သူ မေတြးမိခဲ့ပါဘူး။

ၿပီးခဲ့တဲ့ မတ္လအတြင္း ထိုင္းမႈိင္းတဲ့ ေန႔လယ္ခင္းတခုမွာ သူေဖ့စ္ဘြတ္ၾကည့္ရင္း အဲဒီအခ်ိန္က ကိုဗစ္-၁၉ ေရာဂါ ပ်ံ႕ႏွံ႔လာရင္ ဘယ္လို ကိုင္တြယ္ရမလဲ ဆိုတဲ့ အျငင္းအခုံကိစၥေတြပဲ သူ႔ရဲ႕ ေဖ့စ္ဘြတ္ တိုင္းမ္လိုင္းမ္ မွာ အဓိက လႊမ္းမိုးေနတာ ေတြ႕ခဲ့ရတယ္လို႔ ဆိုပါတယ္။

ဒါနဲ႔ပဲ သူဟာ “လူမႈေရးရာ စမ္းသပ္ခ်က္” တခုလုပ္ဖို႔ ဆုံးျဖတ္လိုက္တယ္လို႔ ဆိုပါတယ္။

မစၥတာ ဘရန္ဒင္က သူ အဲဒီကို႐ိုနာဗိုင္းရပ္စ္ ရွိမရွိ အစမ္းသပ္ခံရာမွာ ကူးစက္ခံေနရေၾကာင္း သိရတယ္လို႔ ေဖ့စ္ဘြတ္မွာတင္လိုက္ၿပီး ဒီဗိုင္းရပ္စ္ဟာ အဲဒီကာလမွာ ေလထဲကတဆင့္ ကူးႏိုင္လာၿပီ ျဖစ္ေၾကာင္း ဆရာဝန္ေတြက ေျပာလိုက္တယ္လို႔လည္း ထပ္ျဖည့္လိုက္ပါေသးတယ္။

ဒါေပမယ့္ အဲဒီ အခ်ိန္က ဒီဗိုင္းရပ္စ္ပိုးက ေလထဲက ကူးစက္ႏိုင္ေခ်ကို ေဆးသိပၸံပညာရွင္ေတြက အတည္မျပဳရေသးတဲ့ အခ်ိန္ ျဖစ္ေနပါတယ္။
"လူမႈေရးရာ စမ္းသပ္ခ်က္" တခုလုပ္တာလို႔ မစၥတာ ဘရန္ဒင္က ဆို
မစၥတာ ဘရန္ဒင္ကေတာ့ အြန္လိုင္းမွာေတြ႕သမွ် ယုံလိုက္လို႔ မျဖစ္ဘူးဆိုတာ ျပခ်င္လို႔ အခုလို စမ္းသပ္ၾကည့္တာလို႔ ဆိုပါတယ္။

သူအခုလို ေရးတင္လိုက္အၿပီးမွာ လူအမ်ားရဲ႕ အံ့အားသင့္မႈနဲ႔ စာနာတဲ့ တုံ႔ျပန္မႈေတြ ရခဲ့တယ္လို႔ ဆိုပါတယ္။

သူ႔ရဲ႕ သူငယ္ခ်င္းေတြက အဆင္ေျပရဲ႕လား ဆိုၿပီး ေမးၾကတဲ့အခါမွာေတာ့ တကယ္မဟုတ္ပါဘူးဆိုၿပီး ျပန္ေျပာခဲ့တယ္လို႔ ဆိုပါတယ္။

အခုလို စိတ္မေကာင္းျဖစ္ၾကတဲ့ သူ႔ရဲ႕ သူငယ္ခ်င္းေတြကို အမွန္ကို အြန္လိုင္းမွာ ရွင္းျပေနတဲ့အခ်ိန္မွာပဲ သူ႔ရဲ႕ အခုလို ေရးသားမႈေၾကာင့္ လက္ေတြ႕ေလာကမွာ ျဖစ္လာတဲ့ ကိစၥေတြက ပိုဆိုးလာပါတယ္။

သူရဲ႕ ေရးသားမႈဟာ သူေနထိုင္တဲ့ အေမရိကန္ႏိုင္ငံ တကၠဆက္ျပည္နယ္ တိုင္လာေဒသအတြင္းမွာ ေတာမီးလို လ်င္လ်င္ျမန္ျမန္ ပ်ံ႕ႏွံ႔သြားခဲ့ပါတယ္။
တိုင္လာေဒသရဲတပ္ဖြဲ႕က ဖမ္းဝရမ္း စထုတ္ခဲ့
အဲဒီအခ်ိန္က အသြားအလာ ကန႔္သတ္ပိတ္ဆို႔မႈ lockdown မလုပ္ရေသးတဲ့ အခ်ိန္လည္း ျဖစ္ပါတယ္။

အဲဒီအခ်ိန္မွာ စိုးရိမ္လာတဲ့ လူထုက မစၥတာ ဘရန္ဒင္ရဲ႕ ေရးသားမႈက စလိုက္တဲ့ သတင္းေတြ မွန္မမွန္ ေဒသတြင္း ေဆး႐ုံကို ဖုန္းဆက္ ေမးလာၾကၿပီး သာမန္မ်က္စိနဲ႔ မျမင္ႏိုင္တဲ့ ေလထဲက အဲဒီေရာဂါပိုးကို ဘယ္လို ကာကြယ္ရပါ့မလဲ ဆိုၿပီး စုံစမ္းလာၾကပါတယ္။

မၾကာခင္မွာပဲ တိုင္လာေဒသ ရဲစခန္းကလည္း ဒီအေၾကာင္းကို သိလာတဲ့အတြက္ မစၥတာ ဘရန္ဒင္ကို ဆက္သြယ္ၿပီး သူ႔ရဲ႕ ေဖ့စ္ဘြတ္ပို႔စ္ကို ျပင္ခိုင္းတဲ့အတြက္ သူကလည္း ျပင္ေပးလိုက္ပါတယ္။

ဒါေပမယ့္ သူစလိုက္တဲ့ ေကာလဟာလက လူမႈကြန္ယက္စာမ်က္ႏွာေတြေပၚမွာ ပိုမိုႀကီးထြားလာတဲ့အတြက္ ရဲေတြကိုယ္တိုင္က ေဖ့စ္ဘြတ္ေပၚမွာ ပို႔စ္တခု တင္လိုက္ရပါတယ္။
မစၥတာ ဘရန္ဒင္ကို မဟုတ္မမွန္ပဲ အထိန႔္တလန႔္ ျဖစ္တဲ့အတြက္ တရားစြဲဆိုထားတယ္ ဆိုၿပီး ရဲေတြက အမ်ားျပည္သူကို ေဖ့စ္ဘြတ္မွာ အသိေပး
အဲဒီ ပို႔စ္ကေတာ့ ေကာလဟာလ စတင္ျဖန႔္ခ်ီသူ အသက္ ၂၃ ႏွစ္အ႐ြယ္ မစၥတာ ဘရန္ဒင္ကို မဟုတ္မမွန္ပဲ အထိန႔္တလန႔္ ျဖစ္တဲ့အတြက္ တရားစြဲဆိုထားတယ္ ဆိုၿပီး ရဲေတြက အမ်ားျပည္သူကို ေဖ့စ္ဘြတ္မွာ အသိေပးတဲ့ ပို႔စ္ျဖစ္ပါတယ္။

မစၥတာ ဘရန္ဒင္ဟာ အေျခအျမစ္မရွိပဲ အေရးေပၚ အေျခအေနျဖစ္ေအာင္ လုပ္တဲ့အတြက္ တရားဥပေဒနဲ႔ ေဆးဘက္ဆိုင္ရာဝန္ထမ္းေတြက ျပန္လည္ေျဖရွင္းေနရတယ္လို႔ စြဲခ်က္တင္ခံရၿပီး သူကလည္း ရဲစခန္းမွာ လာေရာက္ အဖမ္းခံခဲ့ပါတယ္။

အဖမ္းခံၿပီးသြားတဲ့အခ်ိန္မွာ ေနာက္တရက္ တရားသူႀကီးနဲ႔ မေတြ႕ခင္ ေထာင္မွာ တညအိပ္ခဲ့ရၿပီး ေတာ္ေတာ္ကို စိတ္ဆင္းရဲခဲ့ရပါတယ္လို႔ မစၥတာ ဘရန္ဒင္က ေျပာပါတယ္။

သူေထာင္ထဲမွာ တစ္ည ေနၿပီး ေနာက္တေန႔မွာေတာ့ အေမရိကန္ေဒၚလာ တစ္ေထာင္နဲ႔ အာမခံရၿပီး ျပန္လြတ္လာေပမယ့္ အမႈကိုေတာ့ ဆက္လက္ရင္ဆိုင္ရဦးမွာ ျဖစ္ပါတယ္။

မစၥတာ ဘရန္ဒင္က သူဟာ လူအမ်ားအျပား ကူးလူးဆက္ဆံေရးဆိုင္ရာ သိပၸံဘြဲ႕ရထားသူ ျဖစ္ၿပီး အြန္လိုင္းမွာ တေယာက္ေယာက္က ေရးလိုက္႐ုံနဲ႔ လူအမ်ား အလန႔္တၾကား ျဖစ္ႏိုင္ဖို႔ ဘယ္ေလာက္လြယ္သလဲဆိုတာ သက္သက္ျပခ်င္လို႔လုပ္တာလို႔ ဆိုပါတယ္။

အမ်ားျပည္သူအေနနဲ႔ ပညာတတ္ဖို႔လိုၿပီး သူတို႔ၾကားသမွ် ျမင္သမွ်ကို အမွန္လို႔ မယူဆခင္မွာ ကိုယ္တိုင္ ရွာေဖြေလ့လာၾကည့္ဖို႔ လိုတယ္ဆိုတာကိုလည္း သက္ေသျပခ်င္တာပါလို႔ သူက ဆက္ေျပာပါတယ္။

ဒါေပမယ့္ ဒီလိုေဖ့စ္ဘြတ္ေပၚမွာ တင္လိုက္တာေၾကာင့္ အလုပ္ျပဳတ္တဲ့ အျပင္ က်န္းမာေရး ဖူလႈံခြင့္ေတြပါ ဆုံးရႈံးခဲ့ၿပီး မဟာဘြဲ႕ဆက္တက္ဖို႔ ေငြေၾကးလည္း မလုံေလာက္ေတာ့တာေၾကာင့္ အခ်ိန္မီ မတက္ႏိုင္ေတာ့ဘူးလို႔ မစၥတာ ဘရန္ဒင္က ဆိုပါတယ္။

သူ႔ရဲ႕ လုပ္ရပ္ေၾကာင့္ မိသားစုတခုလုံးလည္း သူေပးေဆာင္စရာေတြ ေပးေနရလို႔ ဘ႑ာေရးဝန္ပိရတယ္လို႔လည္း သူက ေျပာပါတယ္။
ကင္ညာႏိုင္ငံက မစၥတာ ေရာဘတ္ အလိုင္ ဆိုရင္လည္း တြစ္တာမွာ ေရးသားမႈတခုေၾကာင့္ ေထာင္ ၁၀ ႏွစ္အထိ က်ခံရဖြယ္ ရွိေန
ကမာၻလုံးဆိုင္ရာ သတင္းမွားပ်ံ႕ႏွံ႔မႈ

ကမာၻ႔က်န္းမာေရးအဖြဲ႕ WHO ကိုယ္တိုင္ကလည္း အခုလို အြန္လိုင္းမွာ သတင္းမွားပ်ံ႕ႏွံ႔တဲ့ ကိစၥေတြေၾကာင့္ အာဏာပိုင္ေတြ အေနနဲ႔ အမ်ားျပည္သူ အထိတ္တလန႔္ မျဖစ္ေအာင္ သတိႀကီးႀကီးနဲ႔ ကိုယ္တြယ္ေနရေၾကာင္း သတင္းထုတ္ျပန္ထားၿပီး ေျဖရွင္းခ်က္ေတြေၾကာင့္ လူအမ်ားဂ႐ုစိုက္မႈ ေပါ့ေလ်ာ့သြားမွာကိုလည္း စိုးရိမ္ရတယ္လို႔ ဆိုပါတယ္။

ကိုဗစ္-၁၉ ကို႐ိုနာဗိုင္းရပ္စ္နဲ႔ ပတ္သက္တဲ့ သတင္းမွားျဖန႔္ခ်ီမႈအတြက္ ေထာင္က်ႏိုင္တဲ့ ျပစ္ဒဏ္ေတြ ႏိုင္ငံတကာမွာ စတင္သတ္မွတ္လာၿပီလည္း ျဖစ္ပါတယ္။

ဘီဘီစီရဲ႕ ေစာင့္ၾကည္ေရးအစီအစဥ္က သုေတသနျပဳခ်က္ေတြအရ အိႏၵိယ၊ ေမာ္႐ိုကို၊ ကေမၺာဒီးယား၊ ဆိုမားလီးယား၊ အီသီယိုးပီးယား၊ စကၤာပူ၊ ေဘာ့စြားနား၊ ႐ုရွား၊ ေတာင္အာဖရိကနဲ႔ ကင္ညာႏိုင္ငံေတြမွာ ဒီလို သတင္းမွားျဖန႔္ခ်ီသူေတြ အဖမ္းခံခဲ့ရေၾကာင္း ေတြ႕ရွိခဲ့ပါတယ္။

ကင္ညာႏိုင္ငံက မစၥတာ ေရာဘတ္ အလိုင္ ဆိုရင္လည္း တြစ္တာမွာ ေရးသားမႈတခုေၾကာင့္ ေထာင္ ၁၀ ႏွစ္အထိ က်ခံရဖြယ္ ရွိေနပါတယ္။

အသက္ ၄၁ ႏွစ္အ႐ြယ္ မစၥတာ အလိုင္က သူဟာ အာဖရိက ေဒသ အေရွ႕ပိုင္းအတြက္ အေရးပါတဲ့ မြန္ဘာဆာ ဆိပ္ကမ္းေဒသမွာ ကိုဗစ္-၁၉ ေရာဂါပိုး ပ်ံ႕ႏွံ႔ျဖစ္ပြားေနတယ္လို႔ ၾကားရတယ္ဆိုၿပီး တြစ္တာမွာ ေရးသားခဲ့တာ ျဖစ္ပါတယ္။

ကင္ညာျပည္သူေတြအေနနဲ႔ သတင္းမွားနဲ႔ ေကာလဟာလေတြ ျဖန႔္ခ်ီတာေတြ မလုပ္ၾကဖို႔ ကင္ညာ အစိုးရက အႀကိမ္ႀကိမ္ ေမတၱာရပ္ခံထားၿပီး မလိုက္နာတဲ့သူကို နမူနာ ျပတဲ့အေနနဲ႔ အေရးယူသြားမယ္လို႔ သတိေပးထားတဲ့ အေျခအေနက သူက အခုလို လုပ္ခဲ့တာ ျဖစ္ပါတယ္။

ဒါေၾကာင့္ မစၥတာ အလိုင္ဟာ ကင္ညာရဲ႕ ဆိုင္ဘာ အြန္လိုင္း ရာဇဝတ္မႈ ခ်ိဳးေဖာက္တယ္ ဆိုၿပီး စြပ္စြဲခံထားရပါတယ္။

သူကေတာ့ အမ်ားျပည္သူ အထင္လြဲေအာင္ သတင္းမွား ဖန္တီးတာ မဟုတ္ပါဘူးလို႔ ျငင္းဆိုထားပါတယ္။

သူ႔ကို ေထာင္ခ်ခဲ့ရာမွာ တေယာက္နဲ႔တေယာက္ ႏွစ္မီတာခြဲေနဖို႔ မျဖစ္ႏိုင္တဲ့ လူအမ်ားရွိတဲ့ အခန္းထဲ ထည့္ထားတာကို တုန္လႈပ္မိတယ္လို႔လည္း မစၥတာ အလိုင္ က ေျပာဆိုထားပါတယ္။

ရဲေတြ အေနနဲ႔ လူေတြကို ဖမ္းမထားသင့္ဘူးလို႔ ဆိုလိုတာ မဟုတ္တဲ့အျပင္ ရဲက ရဲအလုပ္လုပ္ေနဖို႔ အေရးႀကီးတယ္ ဆိုေပမယ့္ ဖမ္းသင့္တဲ့လူေတြကို ဖမ္းဖို႔ ရဲေတြက အာ႐ုံစိုက္သင့္တယ္လို႔လည္း သူက ေျပာပါတယ္။

BBC Burmese
-------------------------------------
(Unicode)⤵⤵⤵
ကိုဗစ်-၁၉ မရှိပဲ ဖေ့စ်ဘွတ်ပေါ်မှာ ရှိတယ် ပြောမိလို့ အဖမ်းခံရသူ

မိုက်ကယ်လိန်း ဘရန်ဒင် အနေနဲ့ သူ့မှာ ကိုဗစ်-၁၉ ကူးစက်ခံနေရကြောင်း တကယ်မဟုတ်ဘဲ ဖေ့စ်ဘွတ်မှာ တင်လိုက်ရင် ရုတ်ရုတ်သဲသဲ ဖြစ်သွားမယ် ဆိုတာလောက်တော့ သိပါတယ်။

ဒါပေမယ့် ဒီကိစ္စကြောင့် သူ အဖမ်းခံရမယ့်အပြင်၊ အလုပ်လည်းပြုတ်၊ တရားရုံးလည်း တက်ရပြီး ထောင်လည်း ကျသွားနိုင်တဲ့အထိတော့ သူ မတွေးမိခဲ့ပါဘူး။

ပြီးခဲ့တဲ့ မတ်လအတွင်း ထိုင်းမှိုင်းတဲ့ နေ့လယ်ခင်းတခုမှာ သူဖေ့စ်ဘွတ်ကြည့်ရင်း အဲဒီအချိန်က ကိုဗစ်-၁၉ ရောဂါ ပျံ့နှံ့လာရင် ဘယ်လို ကိုင်တွယ်ရမလဲ ဆိုတဲ့ အငြင်းအခုံကိစ္စတွေပဲ သူ့ရဲ့ ဖေ့စ်ဘွတ် တိုင်းမ်လိုင်းမ် မှာ အဓိက လွှမ်းမိုးနေတာ တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

ဒါနဲ့ပဲ သူဟာ “လူမှုရေးရာ စမ်းသပ်ချက်” တခုလုပ်ဖို့ ဆုံးဖြတ်လိုက်တယ်လို့ ဆိုပါတယ်။

မစ္စတာ ဘရန်ဒင်က သူ အဲဒီကိုရိုနာဗိုင်းရပ်စ် ရှိမရှိ အစမ်းသပ်ခံရာမှာ ကူးစက်ခံနေရကြောင်း သိရတယ်လို့ ဖေ့စ်ဘွတ်မှာတင်လိုက်ပြီး ဒီဗိုင်းရပ်စ်ဟာ အဲဒီကာလမှာ လေထဲကတဆင့် ကူးနိုင်လာပြီ ဖြစ်ကြောင်း ဆရာဝန်တွေက ပြောလိုက်တယ်လို့လည်း ထပ်ဖြည့်လိုက်ပါသေးတယ်။

ဒါပေမယ့် အဲဒီ အချိန်က ဒီဗိုင်းရပ်စ်ပိုးက လေထဲက ကူးစက်နိုင်ချေကို ဆေးသိပ္ပံပညာရှင်တွေက အတည်မပြုရသေးတဲ့ အချိန် ဖြစ်နေပါတယ်။

မစ္စတာ ဘရန်ဒင်ကတော့ အွန်လိုင်းမှာတွေ့သမျှ ယုံလိုက်လို့ မဖြစ်ဘူးဆိုတာ ပြချင်လို့ အခုလို စမ်းသပ်ကြည့်တာလို့ ဆိုပါတယ်။

သူအခုလို ရေးတင်လိုက်အပြီးမှာ လူအများရဲ့ အံ့အားသင့်မှုနဲ့ စာနာတဲ့ တုံ့ပြန်မှုတွေ ရခဲ့တယ်လို့ ဆိုပါတယ်။

သူ့ရဲ့ သူငယ်ချင်းတွေက အဆင်ပြေရဲ့လား ဆိုပြီး မေးကြတဲ့အခါမှာတော့ တကယ်မဟုတ်ပါဘူးဆိုပြီး ပြန်ပြောခဲ့တယ်လို့ ဆိုပါတယ်။

အခုလို စိတ်မကောင်းဖြစ်ကြတဲ့ သူ့ရဲ့ သူငယ်ချင်းတွေကို အမှန်ကို အွန်လိုင်းမှာ ရှင်းပြနေတဲ့အချိန်မှာပဲ သူ့ရဲ့ အခုလို ရေးသားမှုကြောင့် လက်တွေ့လောကမှာ ဖြစ်လာတဲ့ ကိစ္စတွေက ပိုဆိုးလာပါတယ်။

သူရဲ့ ရေးသားမှုဟာ သူနေထိုင်တဲ့ အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် တိုင်လာဒေသအတွင်းမှာ တောမီးလို လျင်လျင်မြန်မြန် ပျံ့နှံ့သွားခဲ့ပါတယ်။

အဲဒီအချိန်က အသွားအလာ ကန့်သတ်ပိတ်ဆို့မှု lockdown မလုပ်ရသေးတဲ့ အချိန်လည်း ဖြစ်ပါတယ်။

အဲဒီအချိန်မှာ စိုးရိမ်လာတဲ့ လူထုက မစ္စတာ ဘရန်ဒင်ရဲ့ ရေးသားမှုက စလိုက်တဲ့ သတင်းတွေ မှန်မမှန် ဒေသတွင်း ဆေးရုံကို ဖုန်းဆက် မေးလာကြပြီး သာမန်မျက်စိနဲ့ မမြင်နိုင်တဲ့ လေထဲက အဲဒီရောဂါပိုးကို ဘယ်လို ကာကွယ်ရပါ့မလဲ ဆိုပြီး စုံစမ်းလာကြပါတယ်။

မကြာခင်မှာပဲ တိုင်လာဒေသ ရဲစခန်းကလည်း ဒီအကြောင်းကို သိလာတဲ့အတွက် မစ္စတာ ဘရန်ဒင်ကို ဆက်သွယ်ပြီး သူ့ရဲ့ ဖေ့စ်ဘွတ်ပို့စ်ကို ပြင်ခိုင်းတဲ့အတွက် သူကလည်း ပြင်ပေးလိုက်ပါတယ်။

ဒါပေမယ့် သူစလိုက်တဲ့ ကောလဟာလက လူမှုကွန်ယက်စာမျက်နှာတွေပေါ်မှာ ပိုမိုကြီးထွားလာတဲ့အတွက် ရဲတွေကိုယ်တိုင်က ဖေ့စ်ဘွတ်ပေါ်မှာ ပို့စ်တခု တင်လိုက်ရပါတယ်။

အဲဒီ ပို့စ်ကတော့ ကောလဟာလ စတင်ဖြန့်ချီသူ အသက် ၂၃ နှစ်အရွယ် မစ္စတာ ဘရန်ဒင်ကို မဟုတ်မမှန်ပဲ အထိန့်တလန့် ဖြစ်တဲ့အတွက် တရားစွဲဆိုထားတယ် ဆိုပြီး ရဲတွေက အများပြည်သူကို ဖေ့စ်ဘွတ်မှာ အသိပေးတဲ့ ပို့စ်ဖြစ်ပါတယ်။

မစ္စတာ ဘရန်ဒင်ဟာ အခြေအမြစ်မရှိပဲ အရေးပေါ် အခြေအနေဖြစ်အောင် လုပ်တဲ့အတွက် တရားဥပဒေနဲ့ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေက ပြန်လည်ဖြေရှင်းနေရတယ်လို့ စွဲချက်တင်ခံရပြီး သူကလည်း ရဲစခန်းမှာ လာရောက် အဖမ်းခံခဲ့ပါတယ်။

အဖမ်းခံပြီးသွားတဲ့အချိန်မှာ နောက်တရက် တရားသူကြီးနဲ့ မတွေ့ခင် ထောင်မှာ တညအိပ်ခဲ့ရပြီး တော်တော်ကို စိတ်ဆင်းရဲခဲ့ရပါတယ်လို့ မစ္စတာ ဘရန်ဒင်က ပြောပါတယ်။

သူထောင်ထဲမှာ တစ်ည နေပြီး နောက်တနေ့မှာတော့ အမေရိကန်ဒေါ်လာ တစ်ထောင်နဲ့ အာမခံရပြီး ပြန်လွတ်လာပေမယ့် အမှုကိုတော့ ဆက်လက်ရင်ဆိုင်ရဦးမှာ ဖြစ်ပါတယ်။

မစ္စတာ ဘရန်ဒင်က သူဟာ လူအများအပြား ကူးလူးဆက်ဆံရေးဆိုင်ရာ သိပ္ပံဘွဲ့ရထားသူ ဖြစ်ပြီး အွန်လိုင်းမှာ တယောက်ယောက်က ရေးလိုက်ရုံနဲ့ လူအများ အလန့်တကြား ဖြစ်နိုင်ဖို့ ဘယ်လောက်လွယ်သလဲဆိုတာ သက်သက်ပြချင်လို့လုပ်တာလို့ ဆိုပါတယ်။

အများပြည်သူအနေနဲ့ ပညာတတ်ဖို့လိုပြီး သူတို့ကြားသမျှ မြင်သမျှကို အမှန်လို့ မယူဆခင်မှာ ကိုယ်တိုင် ရှာဖွေလေ့လာကြည့်ဖို့ လိုတယ်ဆိုတာကိုလည်း သက်သေပြချင်တာပါလို့ သူက ဆက်ပြောပါတယ်။

ဒါပေမယ့် ဒီလိုဖေ့စ်ဘွတ်ပေါ်မှာ တင်လိုက်တာကြောင့် အလုပ်ပြုတ်တဲ့ အပြင် ကျန်းမာရေး ဖူလှုံခွင့်တွေပါ ဆုံးရှုံးခဲ့ပြီး မဟာဘွဲ့ဆက်တက်ဖို့ ငွေကြေးလည်း မလုံလောက်တော့တာကြောင့် အချိန်မီ မတက်နိုင်တော့ဘူးလို့ မစ္စတာ ဘရန်ဒင်က ဆိုပါတယ်။

သူ့ရဲ့ လုပ်ရပ်ကြောင့် မိသားစုတခုလုံးလည်း သူပေးဆောင်စရာတွေ ပေးနေရလို့ ဘဏ္ဍာရေးဝန်ပိရတယ်လို့လည်း သူက ပြောပါတယ်။

ကမ္ဘာလုံးဆိုင်ရာ သတင်းမှားပျံ့နှံ့မှု

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကိုယ်တိုင်ကလည်း အခုလို အွန်လိုင်းမှာ သတင်းမှားပျံ့နှံ့တဲ့ ကိစ္စတွေကြောင့် အာဏာပိုင်တွေ အနေနဲ့ အများပြည်သူ အထိတ်တလန့် မဖြစ်အောင် သတိကြီးကြီးနဲ့ ကိုယ်တွယ်နေရကြောင်း သတင်းထုတ်ပြန်ထားပြီး ဖြေရှင်းချက်တွေကြောင့် လူအများဂရုစိုက်မှု ပေါ့လျော့သွားမှာကိုလည်း စိုးရိမ်ရတယ်လို့ ဆိုပါတယ်။

ကိုဗစ်-၁၉ ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်တဲ့ သတင်းမှားဖြန့်ချီမှုအတွက် ထောင်ကျနိုင်တဲ့ ပြစ်ဒဏ်တွေ နိုင်ငံတကာမှာ စတင်သတ်မှတ်လာပြီလည်း ဖြစ်ပါတယ်။

ဘီဘီစီရဲ့ စောင့်ကြည်ရေးအစီအစဉ်က သုတေသနပြုချက်တွေအရ အိန္ဒိယ၊ မော်ရိုကို၊ ကမ္ဗောဒီးယား၊ ဆိုမားလီးယား၊ အီသီယိုးပီးယား၊ စင်္ကာပူ၊ ဘော့စွားနား၊ ရုရှား၊ တောင်အာဖရိကနဲ့ ကင်ညာနိုင်ငံတွေမှာ ဒီလို သတင်းမှားဖြန့်ချီသူတွေ အဖမ်းခံခဲ့ရကြောင်း တွေ့ရှိခဲ့ပါတယ်။

ကင်ညာနိုင်ငံက မစ္စတာ ရောဘတ် အလိုင် ဆိုရင်လည်း တွစ်တာမှာ ရေးသားမှုတခုကြောင့် ထောင် ၁၀ နှစ်အထိ ကျခံရဖွယ် ရှိနေပါတယ်။

အသက် ၄၁ နှစ်အရွယ် မစ္စတာ အလိုင်က သူဟာ အာဖရိက ဒေသ အရှေ့ပိုင်းအတွက် အရေးပါတဲ့ မွန်ဘာဆာ ဆိပ်ကမ်းဒေသမှာ ကိုဗစ်-၁၉ ရောဂါပိုး ပျံ့နှံ့ဖြစ်ပွားနေတယ်လို့ ကြားရတယ်ဆိုပြီး တွစ်တာမှာ ရေးသားခဲ့တာ ဖြစ်ပါတယ်။

ကင်ညာပြည်သူတွေအနေနဲ့ သတင်းမှားနဲ့ ကောလဟာလတွေ ဖြန့်ချီတာတွေ မလုပ်ကြဖို့ ကင်ညာ အစိုးရက အကြိမ်ကြိမ် မေတ္တာရပ်ခံထားပြီး မလိုက်နာတဲ့သူကို နမူနာ ပြတဲ့အနေနဲ့ အရေးယူသွားမယ်လို့ သတိပေးထားတဲ့ အခြေအနေက သူက အခုလို လုပ်ခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် မစ္စတာ အလိုင်ဟာ ကင်ညာရဲ့ ဆိုင်ဘာ အွန်လိုင်း ရာဇဝတ်မှု ချိုးဖောက်တယ် ဆိုပြီး စွပ်စွဲခံထားရပါတယ်။

သူကတော့ အများပြည်သူ အထင်လွဲအောင် သတင်းမှား ဖန်တီးတာ မဟုတ်ပါဘူးလို့ ငြင်းဆိုထားပါတယ်။

သူ့ကို ထောင်ချခဲ့ရာမှာ တယောက်နဲ့တယောက် နှစ်မီတာခွဲနေဖို့ မဖြစ်နိုင်တဲ့ လူအများရှိတဲ့ အခန်းထဲ ထည့်ထားတာကို တုန်လှုပ်မိတယ်လို့လည်း မစ္စတာ အလိုင် က ပြောဆိုထားပါတယ်။

ရဲတွေ အနေနဲ့ လူတွေကို ဖမ်းမထားသင့်ဘူးလို့ ဆိုလိုတာ မဟုတ်တဲ့အပြင် ရဲက ရဲအလုပ်လုပ်နေဖို့ အရေးကြီးတယ် ဆိုပေမယ့် ဖမ်းသင့်တဲ့လူတွေကို ဖမ်းဖို့ ရဲတွေက အာရုံစိုက်သင့်တယ်လို့လည်း သူက ပြောပါတယ်။

BBC Burmese
https://www.bbc.com/burmese/world-52523298
ကိုဗစ္-၁၉ မရွိပဲ ေဖ့စ္ဘြတ္ေပၚမွာ ရွိတယ္ ေျပာမိလို႔ အဖမ္းခံရသူ ကိုဗစ္-၁၉ မရွိပဲ ေဖ့စ္ဘြတ္ေပၚမွာ ရွိတယ္ ေျပာမိလို႔ အဖမ္းခံရသူ Reviewed by THITHTOOLWIN on 12:31 Rating: 5
Powered by Blogger.