ျမန္မာ့ စာနယ္ဇင္း မီဒီယာ ရင္ဆိုင္ ေနရတဲ့ စိန္ေခၚမႈေတြက ဘာေတြလဲ

 ျမန္မာ့ စာနယ္ဇင္း ဟာ စီးပြားေရး အရ စိန္ေခၚမႈနဲ႔ မီဒီယာ လြတ္လပ္ခြင့္ကို ထိပါးေနတဲ့ဥပေဒ အမ်ိဳးမ်ိဳး ေအာက္မွာ ႐ုန္းကန္ ေနရလို႔ ေလ့လာသူေတြ သုံးသပ္
"သတင္းစာေတြဟာ တင္းတင္းနဲ႔ အင္အားျဖစ္လာ ဖို႔လိုမယ္ လို႔ထင္တယ္။ သတင္းေတြကေတာ့ ေပၚေနမွာပဲ သတင္းေတြကို ေရးလိုက္မယ္ ဆိုတဲ့ ပုံစံမ်ိဳးနဲ႔ မရဘူးထင္တယ္။ လူထုက အဲသတင္းေတြကို ျပန္သုံးသပ္ႏိုင္ျခင္း အကဲျဖတ္ႏိုင္ျခင္း အင္အားေတြ မရွိေသးဘူး။ အဲသတင္းေတြ ရီပို႔လုပ္႐ုံနဲ႔ေတာ့ မၿပီးဘူးထင္တယ္။ သတင္းသက္သက္ေရးတာထက္ အယူအဆအားေကာင္းသူေတြကို ခ်ည္းကပ္ အင္တာဗ်ဴး သင့္တယ္လို႔ ယူဆတယ္..။"

ဒီစကားက ကြယ္လြန္သြားၿပီျဖစ္တဲ့ ျမန္မာႏိုင္ငံ သတင္းစာေလာကရဲ႕ ဝါရင့္ သတင္းစာ ဆရာႀကီး ဟံသာဝတီ ဦးဝင္းတင္ ေျပာသြားခဲ့တာျဖစ္ပါတယ္။

လူတိုင္း လူတိုင္း ဖုန္းေတြ အင္တာနက္ေတြ သုံးစြဲလာႏိုင္ခ်ိန္မွာေတာ့ သတင္းစာဆရာႀကီး ဦးဝင္းတင္ ေျပာခဲ့သလိုပဲ သတင္းသမားေတြဟာ သာမန္ ျဖစ္စဥ္ သတင္းေပးပို႔႐ုံနဲ႔ မလုံေလာက္ ေတာ့ပါဘူး။

ျဖစ္စဥ္သတင္းေတြ ပိုၿပီး ကိုယ့္ထက္ ျမန္ဆန္ေနတဲ့ ဆိုရွယ္မီဒီယာကို ေက်ာ္လႊားဖို႔ ဆိုရင္ေတာ့ သတင္းသမားေတြအေနနဲ႔ ပညာရပ္ဆိုင္ရာနဲ႔ တင္ျပပုံ တင္ျပနည္းေတြကို ေခတ္မွီဆန္းသစ္ဖို႔ လိုတယ္လို႔ ျမန္မာႏိုင္ငံ သတင္းပညာသိပၸံရဲ႕ ဒါ႐ိုက္တာ ဦးေက်ာ္မင္းေဆြက သုံးသပ္ပါတယ္။

သတင္းသမားေတြအေနနဲ႔ တင္ျပပုံကို မ်က္ေမွာက္ေခတ္အေျခအေန၊ လူထုရဲ႕ သတင္းစားသုံးမႈ ဓေလ့ေတြနဲ႔ လိုက္ေလ်ာညီေထြျဖစ္ေအာင္ ဆန္းသစ္၊ ျမႇင့္တင္ ေျပာင္းလဲေပးရမယ္လို႔ သူက ဆိုပါတယ္။

အခုလက္ရွိ ျမန္မာႏိုင္ငံမွာ အင္တာနက္ သုံးစြဲသူ ၂၂ သန္းအထိ ရွိေနၿပီ လို႔ ဒစ္ဂ်စ္တယ္ေပၚတယ္ စစ္တမ္းအရ သိရပါတယ္။

မီဒီယာ ေဈးကြက္ကို လက္သီးပုန္းထိုးတဲ့ ဆိုရွယ္မီဒီယာ

မီဒီယာသမားေတြဟာ ဒီ ဆိုရွယ္မီဒီယာ လႈိင္းလုံးကို ရင္ဆိုင္ရတာကေတာ့ ၂၀၁၂ ေနာက္ပိုင္းမွာ စတင္ၿပီး ရင္ဆိုင္ရတာပါ။

ထုတ္ေဝတဲ့ အဆင့္ဆင့္ ေနာက္က်တဲ့ ပုံႏွိပ္မီဒီယာေတြကေတာ့ Breaking News လို႔ ေခၚတဲ့ လူထုႀကိဳက္ႏွစ္သက္တဲ့ သတင္းျမန္တင္ႏိုင္တဲ့ ဆိုရွယ္မီဒီယာေတြရဲ႕ ေနာက္ကို အေျပးအလႊား လိုက္လာရတယ္လို႔ သတင္းစာဆရာတစ္ဦးျဖစ္တဲ့ ဦးစိန္ဝင္းက ေျပာပါတယ္။

ဥပမာ ေျပာရရင္ေတာ့ ဘင္လာဒင္ကို သုတ္သင္တာ အရင္ဆုံး သတင္းထြက္တာ တြစ္တာမွာပါ၊ ဘင္လာဒင္ရဲ႕ အိမ္နီးခ်င္းတစ္ေယာက္က သူ႔အိမ္နား ထူးျခားတဲ့ ဆူညံမႈေတြ ျဖစ္ေနတယ္ဆိုတာကို တြစ္တာမွာ အရင္ တင္ခဲ့တဲ့ ျဖစ္ရပ္ကို ဦးစိန္ဝင္းက ေထာက္ျပပါတယ္။
ဆိုရွယ္မီဒီယာေခတ္မွာ သတင္းစားသုံးမႈ ပုံစံေတြ ေျပာင္းလာသလို တင္ဆက္မႈပုံစံလည္း ေျပာင္းလဲ လာ
ျမန္မာ့ လူမႈကြန္ရက္စာမ်က္ႏွာမွာလည္း သတင္းဦးက ေဖ့ဘုတ္မွာ စေတြ႕ရေလ့ ရွိပါတယ္။

၂၀၁၃ နဲ႔ ၂၀၁၄ ခုႏွစ္မွာေတာ့ ျမန္မာႏိုင္ငံမွာ ေဖ့စ္ဘြတ္ခ္ ေခတ္စားလာတဲ့ေနာက္ ပုံႏွိပ္မီဒီယာႀကီးေတြဟာ သူတို႔ရဲ႕ သတင္းစာမ်က္ႏွာေတြထဲက သတင္းတို သတင္းဦး Breaking News ေတြကို သူတို႔ကိုယ္ပိုင္ ေဖ့ဘုတ္စ္ စာမ်က္ႏွာေတြေပၚမွာ တင္လာရပါတယ္။

သတင္းစာမ်က္ႏွာေတြ ေျပာင္းလဲ လာတာနဲ႔ အမွ် ပုံႏွိပ္ မီဒီယာေပၚက အဓိက ဝင္ေငြ အေနနဲ႔ အားကိုးရတဲ့ ေၾကာ္ျငာ လုပ္ငန္းေတြကလည္း ေဖ့ဘုတ္ ဆိုရွယ္မီဒီယာေပၚ ေရာက္ရွိလာပါေတာ့တယ္။

ဒီလို ဆိုရွယ္မီဒီယာကို နယ္ေကာ ၿမိဳ႕ပါ သုံးစြဲ သူေတြမ်ားလာေပမယ့္လည္း သတင္းမီဒီယာ သမားေတြအတြက္ ပေရာဖက္ရွင္နယ္ က်က် ၊ မ ွ်မ ွ် တတ က်င့္ဝတ္နဲ႔ အညီ တင္ျပေပးမယ္ ဆိုရင္ေတာ့ လူထု ယုံၾကည္ေလးစားမႈရွိတဲ့ မီဒီယာ က႑ကို ရွိေနဦးမယ္လို႔လည္း သတင္းစာဆရာေတြက သုံးသပ္ၾကပါတယ္။

ေၾကာ္ျငာဝင္ေငြက်ဆင္းလာေနတာ၊ ရပ္တည္ေရးခက္ခဲလာေနတာဟာ ပုံႏွိပ္မီဒီယာေတြတင္ ရင္ဆိုင္ေနရတဲ့ ျပႆနာ မဟုတ္ေတာ့ပါဘူး အခုလက္ရွိ အြန္လိုင္းကို အေျချပဳ တည္ေထာင္ထားတဲ့ အြန္လိုင္းမီဒီယာေတြလည္း စီးပြားေရး အေျခအေနက ခပ္ယိုင္ယိုင္ အေနအထားမွာ ရွိေနပါတယ္။

စစ္မ်က္ႏွာ ႏွစ္မ်က္ႏွာ ဖြင့္ခံလိုက္ရတဲ့ ၂၀၂၀

သတင္းဌာနေတြအဖို႔ ဒီ ၂၀၂၀ ကေတာ့ ကိုဗစ္ ၁၉ လို႔ေခၚတဲ့ ကမာၻ႔ကပ္ေရာဂါနဲ႔ ရင္ဆိုင္ႀကဳံေတြ႕ရတာဟာ နဂိုက သတင္းထုတ္လုပ္မႈ ပုံစံေျပာင္းလာတဲ့ အခက္အခဲေတြအျပင္ ေနာက္ထပ္ စစ္မ်က္ႏွာသစ္ ဖြင့္လွစ္ ခံလိုက္ရသလို အခက္အခဲေတြ နဲ႔ ႀကဳံ ခဲ့ရတာျဖစ္ပါတယ္။

အဲဒါကေတာ့ ကိုဗစ္ေၾကာင့္ ကမာၻမွာသာ မက ျမန္မာမွာပါ ႐ိုက္ခတ္ခံလိုက္ရတဲ့ စီးပြားေရး လႈိင္းဒဏ္ပါပဲ။

သတင္းဌာနေတြရဲ႕ ေန႔စဥ္လုပ္ေနရတဲ့ သတင္းခန္းလႈပ္ရွားမႈေတြကို အသြားအလာ အကန႔္အသတ္ ေတြေၾကာင့္ ေလ်ာ့ခ်ပစ္လိုက္ရတဲ့ အေျခအေနေတြက ထိခိုက္မႈရွိလာပါတယ္။

နယ္စပ္ေဒသ အေျခစိုက္ သတင္းဌာန တစ္ခုျဖစ္တဲ့ တာခ်ီလိတ္သတင္းေအဂ်င္စီက အယ္ဒီတာ မခ်ယ္ရီထိုက္ကေတာ့ ဒီကာလမွာ တျခား ျပည္တြင္းသတင္းဌာနေတြနည္းတူ အခက္အခဲေတြ ႀကဳံေနရတယ္လို႔ ဆိုပါတယ္။ ႏွစ္ႏိုင္ငံ နယ္စပ္ ဆက္စပ္တဲ့ စီးပြားေရး လုပ္ငန္းေတြ ယာယီရပ္နားထားရတာေတြက သတင္းဌာနရဲ႕ စီးပြားေၾကာ္ျငာပိုင္းကို ႀကီးႀကီးမားမား ထိခိုက္တယ္လို႔ ေျပာျပပါတယ္။

ျပည္တြင္း သတင္းဌာနႀကီး သုံးခုက လူေလ်ာ့တာေတြ၊ အလုပ္ကေန စာခ်ဳပ္ ထပ္မခ်ဳပ္ေတာ့တာ၊ လစာရာခိုင္ႏႈန္းေလ်ာ့ခ်တာေတြ သတင္းသမား ေတာ္ေတာ္မ်ားမ်ား အခုအခ်ိန္မွာ ႀကဳံေတြ႕ရတဲ့ လတ္တေလာ ျပႆနာပါပဲ။

ျမန္မာသတင္းမီဒီယာ သိပၸံက ဦးေက်ာ္မင္းေဆြကေတာ့ အလုပ္ရွင္ေနရာကေန ၾကည့္ရင္ သူေျပာင္းလုပ္မယ့္ သတင္းခန္းမွာ ဘယ္သူ ဆက္ရွိေနမွ ရမယ္၊ ဘယ္ေနရာ ၊ ဘယ္တာဝန္အတြက္ေတာ့ ဘယ္လို လူကို ထပ္ခန႔္ရမယ္၊ ဘယ္သူ ကေတာ့ျဖဳတ္ရမယ္ ဆိုတာ သူ႔ရပ္တည္ ရွင္သန္ေရး အတြက္ စဥ္းစားမွာပဲ ၊ အျဖဳတ္ ခံရတဲ့အထဲ ကိုယ္ပါမပါ ဆိုတာ ကိုယ့္ရဲ႕ Capacity ျဖည့္ဆည္းေပးဖို႔ လိုတယ္လို႔ ဆိုပါတယ္။

သတင္းမီဒီယာေတြက အခုလို အဖက္ဖက္က စိန္ေခၚမႈေတြ ျဖစ္လာတာေတြေၾကာင့္ အမွီအခိုကင္းတဲ့ သတင္းသမားေတြ ေလ်ာ့နည္းလာႏိုင္ၿပီး ႏိုင္ငံ အတြက္ ေဝဖန္ေထာက္ျပႏိုင္တဲ့ စတုတၳမ႑ိဳင္ ယိမ္းယိုင္လာႏိုင္တယ္လို႔ သတင္းစာဆရာေတြက သုံးသပ္ၾကပါတယ္။
သတင္းသမားေတြ ဟာ တည္ဆဲ ဥပေဒ အမ်ိဳးမ်ိဳးနဲ႔ တရားစြဲဆိုခံရမႈေတြ ႀကဳံေနရ
ေမးခြန္းထုတ္စရာ ျဖစ္ေနဆဲ စာနယ္ဇင္း လြတ္လပ္ခြင့္

ေနာက္ထပ္ စိန္ေခၚခ်က္တစ္ခုကေတာ့ သတင္းမီဒီယာသမားတိုင္းလိုလို ကမာၻတဝန္းလုံးမွာလည္း ႀကဳံေတြ႕ေနရတဲ့ စိန္ေခၚခ်က္ပါပဲ။ အဓိကကေတာ့ သတင္းမီဒီယာလြတ္လပ္ခြင့္ပါ။ ျမန္မာႏိုင္ငံရဲ႕ သတင္းမီဒီယာ လြတ္လပ္ခြင့္ဟာ မႏွစ္ကထက္ တစ္ဆင့္ပို နိမ့္က်သြားခဲ့တယ္လို႔ RSF နယ္စည္းမျခား သတင္းသမားမ်ား အဖြဲ႕ရဲ႕ ကမာၻ႔ႏိုင္ငံေတြရဲ႕ သတင္းစာ လြတ္လပ္ခြင့္ အၫြန္းကိန္း ေဖာ္ျပခ်က္မွာ ပါရွိပါတယ္။

၂၀၁၉ ခုႏွစ္က ႏိုင္ငံေပါင္း ၁၈၀ မွာ ျမန္မာႏိုင္ငံဟာ ၁၃၈ ရွိေနၿပီး အခု ၂၀၂၀ မွာေတာ့ ၁၃၉ အဆင့္ကို ေရာက္ရွိသြားပါတယ္။ ဒါကေတာ့ ဒီႏွစ္ပိုင္းအတြင္းမွာပဲ သတင္းမီဒီယာသမားေတြ အေပၚမွာ တပ္မေတာ္ကျဖစ္ေစ ၊ အစိုးရက ျဖစ္ေစ ႏိုင္ငံေတာ္ လ်ိဳ႕ဝွက္ခ်က္အက္ဥပေဒလိုမ်ိဳး၊ ၆၆ (ဃ) အပါအဝင္ ပုဒ္မ မ်ိဳးစုံ တပ္လို႔ တရားစြဲဆို တာေတြရွိလာလို႔ပါပဲ။

မၾကာခင္ကမွ ရကၡိဳင့္တပ္ေတာ္ (AA) ေျပာခြင့္ရ နဲ႔ ေမးျမန္းထားတဲ့ ေမးျမန္းခန္း တစ္ခုကို ေဖာ္ျပခဲ့လို႔ အၾကမ္းဖက္တိုက္ဖ်က္ေရး အက္ဥပေဒနဲ႔ အမႈဖြင့္ခံခဲ့ရၿပီး အခု ျပန္လည္ လြတ္ေျမာက္လာတဲ့ မႏၲေလး အေျခစိုက္ (Voice of Myanmar ) ရဲ႕ သတင္းအယ္ဒီတာခ်ဳပ္ ျဖစ္သူ ကိုေနမ်ိဳးလင္းကေတာ့ မီဒီယာကို ဖိႏွိပ္တာဟာ မ်ိဳးကိုျပဳတ္စားတဲ့ စိုက္ပ်ိဳးေရး သမားလိုပါပဲ၊ ဒီမိုကေရစီရဲ႕ ဆန႔္က်င္ဘက္ လားရာကို ဦးတည္ေနပါတယ္လို႔ ဆိုပါတယ္။ ဘက္လိုက္မႈ ကင္းကင္း အသံမဲ့သူေတြရဲ႕ အသံကို ေဖာ္ထုတ္မယ္ ဆိုရင္ ဥပေဒက အမ်ိဳးမ်ိဳးမို႔ လက္ရွိ သတင္းသမားေတြဟာ အႏၲရာယ္နဲ႔ အဝိုင္းခံေနရတယ္လို႔ ဆိုပါတယ္။

ပတ္ဝန္းက်င္က အယူအဆ႐ိုက္ခတ္မႈနဲ႔ သတင္းသမား

ကမာၻႏိုင္ငံ အသီးသီးက မီဒီယာသမားေတြ ရင္ဆိုင္ေနရသလိုပါပဲ အာဏာရွိသူ အဝန္းအဝိုင္း၊ ႏိုင္ငံေရး၊ စီးပြားေရး လူမႈေရး အသိုင္းအဝိုင္းေတြက သတင္းမီဒီယာေတြအေပၚ ရႈျမင္တဲ့ သေဘာထားက အခက္အခဲတစ္ခု ျဖစ္ေနတာ ဒီႏိုင္ငံမွာ ေတြ႕ရပါတယ္။

သတင္းသမားေတြရဲ႕ သတင္းအလုပ္အကိုင္မွာ ဘာသာေရး လူမ်ိဳးေရး ဆက္ႏြယ္လာတဲ့အခါ ႐ိုက္တာသတင္းေထာက္ႏွစ္ေယာက္ျဖစ္တဲ့ ကိုဝလုံးနဲ႔ ကိုေက်ာ္စိုးဦးတို႔ အမႈမွာပဲ သည္းေျခႀကိဳက္ ဘာသာေရး လူမ်ိဳးေရး ေအာက္လုံးေတြက ႏိုင္ငံ သစၥာေဖာက္အျဖစ္ ပုံေဖာ္ တံဆိပ္ကပ္ လုပ္ႀကံ ခံလိုက္တာေၾကာင့္ သတင္းသမားနဲ႔ သတင္းမီဒီယာေတြအေပၚ ျပည္သူရဲ႕ ယုံၾကည္မႈ က်သြားတယ္လို႔ ဦးေက်ာ္မင္းေဆြက မွတ္ခ်က္ျပဳပါတယ္။

ဆိုရွယ္မီဒီယာေပၚမွာ သတင္းအခ်က္အလက္ေတြ ရေနတာျဖစ္လို႔ ပေရာဖက္ရွင္နယ္ သတင္းသမားေတြ မရွိလည္း ျဖစ္တယ္ဆိုတဲ့ ယူဆခ်က္ေတြကလည္း လူထုၾကားမွာ ျပန္ႏွံ႔တာမ်ိဳး ရွိလာတာပါ။

ကိုဗစ္ အလြန္ နဲ႔ သတင္းမီဒီယာ စိန္ေခၚခ်က္

ကိုဗစ္အလြန္ကာလမွာ ဆက္လက္ထိခိုက္ႏိုင္တဲ့ လုပ္ငန္းေတြစစ္တမ္းမွာေတာ့ သတင္းမီဒီယာလည္း ပါဝင္ေနပါတယ္။

ဒီအတြက္ အစိုးရဘက္က သတင္းမီဒီယာေတြနဲ႔ သတင္းသမားေတြကို အခြန္ ေလွ်ာ့ခ် ကင္းလြတ္ခြင့္ေတြေပးဖို႔နဲ႔ သတင္းမီဒီယာေတြ ဌားထားတဲ့ အေဆာက္အအုံ၊ အခန္းပိုင္ရွင္ေတြနဲ႔ ညႇိႏႈိင္းၿပီး ငွားခ ၂၀ ရာခိုင္ႏႈန္းကေန ၂၅ ရာခိုင္ႏႈန္းအထိ ေလွ်ာ့ခ် ေပးဖို႔ ၫႊန္ၾကားခ်က္ ထုတ္ေပးႏိုင္ရင္ ျဖစ္ျဖစ္ ၊ မီဒီယာတိုက္ေတြ အတြက္ ကိုဗစ္ေခ်းေငြ ရေအာင္ ျဖစ္ျဖစ္စီစဥ္ေပးဖို႔ လိုအပ္တယ္လို႔ သတင္းစာဆရာေတြက ေထာက္ျပၾကပါတယ္။

အစိုးရဘက္ကေတာ့ လက္ရွိ အေျခအေနမွာ ကိုဗစ္ကာလအတြက္ စီးပြားေရးကုစားမႈ အစီအစဥ္တရပ္မွာ သတင္းမီဒီယာအတြက္ေတာ့ ပါရွိတာ မေတြ႕ရေသးပါဘူး။

အစိုးရ အေနနဲ႔ကေတာ့ အဓိကတာဝန္က သတင္းလြတ္လပ္ခြင့္ေတြရေအာင္ သတင္းအခ်က္အလက္ေတြ ထုတ္ျပန္မႈေတြ ပိုလုပ္ေပးဖို႔ လိုအပ္ပါတယ္လို႔ သတင္းစာဆရာ ဦးစိန္ဝင္းက ေထာက္ျပခဲ့ပါတယ္။

ဒါေပမယ့္လည္း မ်က္ေမွာက္ေခတ္ ျမန္မာ့မီဒီယာ သမားေတြအတြက္ကေတာ့ သတင္းလြတ္လပ္ခြင့္ကို အဓိကထား ထိပါးတဲ့ ဥပေဒေတြအျပင္ စီးပြားေရးဆိုင္ရာ အခက္အခဲေတြနဲ႔ ကိုဗစ္အလြန္ကာလေတြမွာ ဆက္လက္ရင္ဆိုင္ ရဦးမယ့္ အလားအလာ ျဖစ္လို႔ ေနပါတယ္။

BBC Burmese
---------------------------------
မြန်မာ့ စာနယ်ဇင်း မီဒီယာ ရင်ဆိုင် နေရတဲ့ စိန်ခေါ်မှုတွေက ဘာတွေလဲ

"သတင်းစာတွေဟာ တင်းတင်းနဲ့ အင်အားဖြစ်လာ ဖို့လိုမယ် လို့ထင်တယ်။ သတင်းတွေကတော့ ပေါ်နေမှာပဲ သတင်းတွေကို ရေးလိုက်မယ် ဆိုတဲ့ ပုံစံမျိုးနဲ့ မရဘူးထင်တယ်။ လူထုက အဲသတင်းတွေကို ပြန်သုံးသပ်နိုင်ခြင်း အကဲဖြတ်နိုင်ခြင်း အင်အားတွေ မရှိသေးဘူး။ အဲသတင်းတွေ ရီပို့လုပ်ရုံနဲ့တော့ မပြီးဘူးထင်တယ်။ သတင်းသက်သက်ရေးတာထက် အယူအဆအားကောင်းသူတွေကို ချည်းကပ် အင်တာဗျူး သင့်တယ်လို့ ယူဆတယ်..။"

ဒီစကားက ကွယ်လွန်သွားပြီဖြစ်တဲ့ မြန်မာနိုင်ငံ သတင်းစာလောကရဲ့ ဝါရင့် သတင်းစာ ဆရာကြီး ဟံသာဝတီ ဦးဝင်းတင် ပြောသွားခဲ့တာဖြစ်ပါတယ်။

လူတိုင်း လူတိုင်း ဖုန်းတွေ အင်တာနက်တွေ သုံးစွဲလာနိုင်ချိန်မှာတော့ သတင်းစာဆရာကြီး ဦးဝင်းတင် ပြောခဲ့သလိုပဲ သတင်းသမားတွေဟာ သာမန် ဖြစ်စဉ် သတင်းပေးပို့ရုံနဲ့ မလုံလောက် တော့ပါဘူး။

ဖြစ်စဉ်သတင်းတွေ ပိုပြီး ကိုယ့်ထက် မြန်ဆန်နေတဲ့ ဆိုရှယ်မီဒီယာကို ကျော်လွှားဖို့ ဆိုရင်တော့ သတင်းသမားတွေအနေနဲ့ ပညာရပ်ဆိုင်ရာနဲ့ တင်ပြပုံ တင်ပြနည်းတွေကို ခေတ်မှီဆန်းသစ်ဖို့ လိုတယ်လို့ မြန်မာနိုင်ငံ သတင်းပညာသိပ္ပံရဲ့ ဒါရိုက်တာ ဦးကျော်မင်းဆွေက သုံးသပ်ပါတယ်။

သတင်းသမားတွေအနေနဲ့ တင်ပြပုံကို မျက်မှောက်ခေတ်အခြေအနေ၊ လူထုရဲ့ သတင်းစားသုံးမှု ဓလေ့တွေနဲ့ လိုက်လျောညီထွေဖြစ်အောင် ဆန်းသစ်၊ မြှင့်တင် ပြောင်းလဲပေးရမယ်လို့ သူက ဆိုပါတယ်။

အခုလက်ရှိ မြန်မာနိုင်ငံမှာ အင်တာနက် သုံးစွဲသူ ၂၂ သန်းအထိ ရှိနေပြီ လို့ ဒစ်ဂျစ်တယ်ပေါ်တယ် စစ်တမ်းအရ သိရပါတယ်။

မီဒီယာ ဈေးကွက်ကို လက်သီးပုန်းထိုးတဲ့ ဆိုရှယ်မီဒီယာ

မီဒီယာသမားတွေဟာ ဒီ ဆိုရှယ်မီဒီယာ လှိုင်းလုံးကို ရင်ဆိုင်ရတာကတော့ ၂၀၁၂ နောက်ပိုင်းမှာ စတင်ပြီး ရင်ဆိုင်ရတာပါ။

ထုတ်ဝေတဲ့ အဆင့်ဆင့် နောက်ကျတဲ့ ပုံနှိပ်မီဒီယာတွေကတော့ Breaking News လို့ ခေါ်တဲ့ လူထုကြိုက်နှစ်သက်တဲ့ သတင်းမြန်တင်နိုင်တဲ့ ဆိုရှယ်မီဒီယာတွေရဲ့ နောက်ကို အပြေးအလွှား လိုက်လာရတယ်လို့ သတင်းစာဆရာတစ်ဦးဖြစ်တဲ့ ဦးစိန်ဝင်းက ပြောပါတယ်။

ဥပမာ ပြောရရင်တော့ ဘင်လာဒင်ကို သုတ်သင်တာ အရင်ဆုံး သတင်းထွက်တာ တွစ်တာမှာပါ၊ ဘင်လာဒင်ရဲ့ အိမ်နီးချင်းတစ်ယောက်က သူ့အိမ်နား ထူးခြားတဲ့ ဆူညံမှုတွေ ဖြစ်နေတယ်ဆိုတာကို တွစ်တာမှာ အရင် တင်ခဲ့တဲ့ ဖြစ်ရပ်ကို ဦးစိန်ဝင်းက ထောက်ပြပါတယ်။

ဆက်မှုပုံစံလည်း ပြောင်းလဲ လာ

မြန်မာ့ လူမှုကွန်ရက်စာမျက်နှာမှာလည်း သတင်းဦးက ဖေ့ဘုတ်မှာ စတွေ့ရလေ့ ရှိပါတယ်။

၂၀၁၃ နဲ့ ၂၀၁၄ ခုနှစ်မှာတော့ မြန်မာနိုင်ငံမှာ ဖေ့စ်ဘွတ်ခ် ခေတ်စားလာတဲ့နောက် ပုံနှိပ်မီဒီယာကြီးတွေဟာ သူတို့ရဲ့ သတင်းစာမျက်နှာတွေထဲက သတင်းတို သတင်းဦး Breaking News တွေကို သူတို့ကိုယ်ပိုင် ဖေ့ဘုတ်စ် စာမျက်နှာတွေပေါ်မှာ တင်လာရပါတယ်။

သတင်းစာမျက်နှာတွေ ပြောင်းလဲ လာတာနဲ့ အမျှ ပုံနှိပ် မီဒီယာပေါ်က အဓိက ဝင်ငွေ အနေနဲ့ အားကိုးရတဲ့ ကြော်ငြာ လုပ်ငန်းတွေကလည်း ဖေ့ဘုတ် ဆိုရှယ်မီဒီယာပေါ် ရောက်ရှိလာပါတော့တယ်။

ဒီလို ဆိုရှယ်မီဒီယာကို နယ်ကော မြို့ပါ သုံးစွဲ သူတွေများလာပေမယ့်လည်း သတင်းမီဒီယာ သမားတွေအတွက် ပရောဖက်ရှင်နယ် ကျကျ ၊ မ ျှမ ျှ တတ ကျင့်ဝတ်နဲ့ အညီ တင်ပြပေးမယ် ဆိုရင်တော့ လူထု ယုံကြည်လေးစားမှုရှိတဲ့ မီဒီယာ ကဏ္ဍကို ရှိနေဦးမယ်လို့လည်း သတင်းစာဆရာတွေက သုံးသပ်ကြပါတယ်။

ကြော်ငြာဝင်ငွေကျဆင်းလာနေတာ၊ ရပ်တည်ရေးခက်ခဲလာနေတာဟာ ပုံနှိပ်မီဒီယာတွေတင် ရင်ဆိုင်နေရတဲ့ ပြဿနာ မဟုတ်တော့ပါဘူး အခုလက်ရှိ အွန်လိုင်းကို အခြေပြု တည်ထောင်ထားတဲ့ အွန်လိုင်းမီဒီယာတွေလည်း စီးပွားရေး အခြေအနေက ခပ်ယိုင်ယိုင် အနေအထားမှာ ရှိနေပါတယ်။

စစ်မျက်နှာ နှစ်မျက်နှာ ဖွင့်ခံလိုက်ရတဲ့ ၂၀၂၀

သတင်းဌာနတွေအဖို့ ဒီ ၂၀၂၀ ကတော့ ကိုဗစ် ၁၉ လို့ခေါ်တဲ့ ကမ္ဘာ့ကပ်ရောဂါနဲ့ ရင်ဆိုင်ကြုံတွေ့ရတာဟာ နဂိုက သတင်းထုတ်လုပ်မှု ပုံစံပြောင်းလာတဲ့ အခက်အခဲတွေအပြင် နောက်ထပ် စစ်မျက်နှာသစ် ဖွင့်လှစ် ခံလိုက်ရသလို အခက်အခဲတွေ နဲ့ ကြုံ ခဲ့ရတာဖြစ်ပါတယ်။

အဲဒါကတော့ ကိုဗစ်ကြောင့် ကမ္ဘာမှာသာ မက မြန်မာမှာပါ ရိုက်ခတ်ခံလိုက်ရတဲ့ စီးပွားရေး လှိုင်းဒဏ်ပါပဲ။

သတင်းဌာနတွေရဲ့ နေ့စဉ်လုပ်နေရတဲ့ သတင်းခန်းလှုပ်ရှားမှုတွေကို အသွားအလာ အကန့်အသတ် တွေကြောင့် လျော့ချပစ်လိုက်ရတဲ့ အခြေအနေတွေက ထိခိုက်မှုရှိလာပါတယ်။

နယ်စပ်ဒေသ အခြေစိုက် သတင်းဌာန တစ်ခုဖြစ်တဲ့ တာချီလိတ်သတင်းအေဂျင်စီက အယ်ဒီတာ မချယ်ရီထိုက်ကတော့ ဒီကာလမှာ တခြား ပြည်တွင်းသတင်းဌာနတွေနည်းတူ အခက်အခဲတွေ ကြုံနေရတယ်လို့ ဆိုပါတယ်။ နှစ်နိုင်ငံ နယ်စပ် ဆက်စပ်တဲ့ စီးပွားရေး လုပ်ငန်းတွေ ယာယီရပ်နားထားရတာတွေက သတင်းဌာနရဲ့ စီးပွားကြော်ငြာပိုင်းကို ကြီးကြီးမားမား ထိခိုက်တယ်လို့ ပြောပြပါတယ်။

ပြည်တွင်း သတင်းဌာနကြီး သုံးခုက လူလျော့တာတွေ၊ အလုပ်ကနေ စာချုပ် ထပ်မချုပ်တော့တာ၊ လစာရာခိုင်နှုန်းလျော့ချတာတွေ သတင်းသမား တော်တော်များများ အခုအချိန်မှာ ကြုံတွေ့ရတဲ့ လတ်တလော ပြဿနာပါပဲ။

မြန်မာသတင်းမီဒီယာ သိပ္ပံက ဦးကျော်မင်းဆွေကတော့ အလုပ်ရှင်နေရာကနေ ကြည့်ရင် သူပြောင်းလုပ်မယ့် သတင်းခန်းမှာ ဘယ်သူ ဆက်ရှိနေမှ ရမယ်၊ ဘယ်နေရာ ၊ ဘယ်တာဝန်အတွက်တော့ ဘယ်လို လူကို ထပ်ခန့်ရမယ်၊ ဘယ်သူ ကတော့ဖြုတ်ရမယ် ဆိုတာ သူ့ရပ်တည် ရှင်သန်ရေး အတွက် စဉ်းစားမှာပဲ ၊ အဖြုတ် ခံရတဲ့အထဲ ကိုယ်ပါမပါ ဆိုတာ ကိုယ့်ရဲ့ Capacity ဖြည့်ဆည်းပေးဖို့ လိုတယ်လို့ ဆိုပါတယ်။

သတင်းမီဒီယာတွေက အခုလို အဖက်ဖက်က စိန်ခေါ်မှုတွေ ဖြစ်လာတာတွေကြောင့် အမှီအခိုကင်းတဲ့ သတင်းသမားတွေ လျော့နည်းလာနိုင်ပြီး နိုင်ငံ အတွက် ဝေဖန်ထောက်ပြနိုင်တဲ့ စတုတ္ထမဏ္ဍိုင် ယိမ်းယိုင်လာနိုင်တယ်လို့ သတင်းစာဆရာတွေက သုံးသပ်ကြပါတယ်။

မေးခွန်းထုတ်စရာ ဖြစ်နေဆဲ စာနယ်ဇင်း လွတ်လပ်ခွင့်

နောက်ထပ် စိန်ခေါ်ချက်တစ်ခုကတော့ သတင်းမီဒီယာသမားတိုင်းလိုလို ကမ္ဘာတဝန်းလုံးမှာလည်း ကြုံတွေ့နေရတဲ့ စိန်ခေါ်ချက်ပါပဲ။ အဓိကကတော့ သတင်းမီဒီယာလွတ်လပ်ခွင့်ပါ။ မြန်မာနိုင်ငံရဲ့ သတင်းမီဒီယာ လွတ်လပ်ခွင့်ဟာ မနှစ်ကထက် တစ်ဆင့်ပို နိမ့်ကျသွားခဲ့တယ်လို့ RSF နယ်စည်းမခြား သတင်းသမားများ အဖွဲ့ရဲ့ ကမ္ဘာ့နိုင်ငံတွေရဲ့ သတင်းစာ လွတ်လပ်ခွင့် အညွန်းကိန်း ဖော်ပြချက်မှာ ပါရှိပါတယ်။

၂၀၁၉ ခုနှစ်က နိုင်ငံပေါင်း ၁၈၀ မှာ မြန်မာနိုင်ငံဟာ ၁၃၈ ရှိနေပြီး အခု ၂၀၂၀ မှာတော့ ၁၃၉ အဆင့်ကို ရောက်ရှိသွားပါတယ်။ ဒါကတော့ ဒီနှစ်ပိုင်းအတွင်းမှာပဲ သတင်းမီဒီယာသမားတွေ အပေါ်မှာ တပ်မတော်ကဖြစ်စေ ၊ အစိုးရက ဖြစ်စေ နိုင်ငံတော် လျို့ဝှက်ချက်အက်ဥပဒေလိုမျိုး၊ ၆၆ (ဃ) အပါအဝင် ပုဒ်မ မျိုးစုံ တပ်လို့ တရားစွဲဆို တာတွေရှိလာလို့ပါပဲ။

မကြာခင်ကမှ ရက္ခိုင့်တပ်တော် (AA) ပြောခွင့်ရ နဲ့ မေးမြန်းထားတဲ့ မေးမြန်းခန်း တစ်ခုကို ဖော်ပြခဲ့လို့ အကြမ်းဖက်တိုက်ဖျက်ရေး အက်ဥပဒေနဲ့ အမှုဖွင့်ခံခဲ့ရပြီး အခု ပြန်လည် လွတ်မြောက်လာတဲ့ မန္တလေး အခြေစိုက် (Voice of Myanmar ) ရဲ့ သတင်းအယ်ဒီတာချုပ် ဖြစ်သူ ကိုနေမျိုးလင်းကတော့ မီဒီယာကို ဖိနှိပ်တာဟာ မျိုးကိုပြုတ်စားတဲ့ စိုက်ပျိုးရေး သမားလိုပါပဲ၊ ဒီမိုကရေစီရဲ့ ဆန့်ကျင်ဘက် လားရာကို ဦးတည်နေပါတယ်လို့ ဆိုပါတယ်။ ဘက်လိုက်မှု ကင်းကင်း အသံမဲ့သူတွေရဲ့ အသံကို ဖော်ထုတ်မယ် ဆိုရင် ဥပဒေက အမျိုးမျိုးမို့ လက်ရှိ သတင်းသမားတွေဟာ အန္တရာယ်နဲ့ အဝိုင်းခံနေရတယ်လို့ ဆိုပါတယ်။

ပတ်ဝန်းကျင်က အယူအဆရိုက်ခတ်မှုနဲ့ သတင်းသမား

ကမ္ဘာနိုင်ငံ အသီးသီးက မီဒီယာသမားတွေ ရင်ဆိုင်နေရသလိုပါပဲ အာဏာရှိသူ အဝန်းအဝိုင်း၊ နိုင်ငံရေး၊ စီးပွားရေး လူမှုရေး အသိုင်းအဝိုင်းတွေက သတင်းမီဒီယာတွေအပေါ် ရှုမြင်တဲ့ သဘောထားက အခက်အခဲတစ်ခု ဖြစ်နေတာ ဒီနိုင်ငံမှာ တွေ့ရပါတယ်။

သတင်းသမားတွေရဲ့ သတင်းအလုပ်အကိုင်မှာ ဘာသာရေး လူမျိုးရေး ဆက်နွယ်လာတဲ့အခါ ရိုက်တာသတင်းထောက်နှစ်ယောက်ဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ အမှုမှာပဲ သည်းခြေကြိုက် ဘာသာရေး လူမျိုးရေး အောက်လုံးတွေက နိုင်ငံ သစ္စာဖောက်အဖြစ် ပုံဖော် တံဆိပ်ကပ် လုပ်ကြံ ခံလိုက်တာကြောင့် သတင်းသမားနဲ့ သတင်းမီဒီယာတွေအပေါ် ပြည်သူရဲ့ ယုံကြည်မှု ကျသွားတယ်လို့ ဦးကျော်မင်းဆွေက မှတ်ချက်ပြုပါတယ်။

ဆိုရှယ်မီဒီယာပေါ်မှာ သတင်းအချက်အလက်တွေ ရနေတာဖြစ်လို့ ပရောဖက်ရှင်နယ် သတင်းသမားတွေ မရှိလည်း ဖြစ်တယ်ဆိုတဲ့ ယူဆချက်တွေကလည်း လူထုကြားမှာ ပြန်နှံ့တာမျိုး ရှိလာတာပါ။

ကိုဗစ် အလွန် နဲ့ သတင်းမီဒီယာ စိန်ခေါ်ချက်

ကိုဗစ်အလွန်ကာလမှာ ဆက်လက်ထိခိုက်နိုင်တဲ့ လုပ်ငန်းတွေစစ်တမ်းမှာတော့ သတင်းမီဒီယာလည်း ပါဝင်နေပါတယ်။

ဒီအတွက် အစိုးရဘက်က သတင်းမီဒီယာတွေနဲ့ သတင်းသမားတွေကို အခွန် လျှော့ချ ကင်းလွတ်ခွင့်တွေပေးဖို့နဲ့ သတင်းမီဒီယာတွေ ဌားထားတဲ့ အဆောက်အအုံ၊ အခန်းပိုင်ရှင်တွေနဲ့ ညှိနှိုင်းပြီး ငှားခ ၂၀ ရာခိုင်နှုန်းကနေ ၂၅ ရာခိုင်နှုန်းအထိ လျှော့ချ ပေးဖို့ ညွှန်ကြားချက် ထုတ်ပေးနိုင်ရင် ဖြစ်ဖြစ် ၊ မီဒီယာတိုက်တွေ အတွက် ကိုဗစ်ချေးငွေ ရအောင် ဖြစ်ဖြစ်စီစဉ်ပေးဖို့ လိုအပ်တယ်လို့ သတင်းစာဆရာတွေက ထောက်ပြကြပါတယ်။

အစိုးရဘက်ကတော့ လက်ရှိ အခြေအနေမှာ ကိုဗစ်ကာလအတွက် စီးပွားရေးကုစားမှု အစီအစဉ်တရပ်မှာ သတင်းမီဒီယာအတွက်တော့ ပါရှိတာ မတွေ့ရသေးပါဘူး။

အစိုးရ အနေနဲ့ကတော့ အဓိကတာဝန်က သတင်းလွတ်လပ်ခွင့်တွေရအောင် သတင်းအချက်အလက်တွေ ထုတ်ပြန်မှုတွေ ပိုလုပ်ပေးဖို့ လိုအပ်ပါတယ်လို့ သတင်းစာဆရာ ဦးစိန်ဝင်းက ထောက်ပြခဲ့ပါတယ်။

ဒါပေမယ့်လည်း မျက်မှောက်ခေတ် မြန်မာ့မီဒီယာ သမားတွေအတွက်ကတော့ သတင်းလွတ်လပ်ခွင့်ကို အဓိကထား ထိပါးတဲ့ ဥပဒေတွေအပြင် စီးပွားရေးဆိုင်ရာ အခက်အခဲတွေနဲ့ ကိုဗစ်အလွန်ကာလတွေမှာ ဆက်လက်ရင်ဆိုင် ရဦးမယ့် အလားအလာ ဖြစ်လို့ နေပါတယ်။

BBC Burmese
https://www.bbc.com/burmese/burma-52522566
ျမန္မာ့ စာနယ္ဇင္း မီဒီယာ ရင္ဆိုင္ ေနရတဲ့ စိန္ေခၚမႈေတြက ဘာေတြလဲ ျမန္မာ့ စာနယ္ဇင္း မီဒီယာ ရင္ဆိုင္ ေနရတဲ့ စိန္ေခၚမႈေတြက ဘာေတြလဲ Reviewed by THITHTOOLWIN on 21:37 Rating: 5
Powered by Blogger.