ျပည္ပ ခရီးသည္တင္ ေလေၾကာင္းခရီးစဥ္ေတြ ဇြန္လကုန္အထိ ၀င္ခြင့္မျပဳေၾကာင္း ထိုင္းေၾကညာ


(Zawgyi / Unicode)

ထိုင္းႏုိင္ငံတြင္း ခရီးသည္တင္ေလယာဥ္ ဝင္ေရာက္မႈ ပိတ္ပင္ထားတာကို ဇြန္လ ၃၀ ရက္ေန႔အထိ ရက္ထပ္မံတိုးျမႇင့္လိုက္တယ္လို႔ ထိုင္း ၿမိဳ႕ျပေလေၾကာင္း အာဏာပိုင္အဖြဲ႔က စေနေန႔က ေၾကညာလိုက္ပါတယ္။

ေမလ ၃၁ ရက္ေန႔မွာ သက္တမ္းကုန္ဆုံးမယ့္ တည္ရွိဆဲ ပိတ္ပင္တားျမစ္ခ်က္ကို ကို႐ုိနာဗိုင္းရပ္စ္ ပ်ံ႕ႏွံ႔ေနတာကို ထိန္းခ်ဳပ္ဖို႔အတြက္ ေနာက္ထပ္ ၁ လ ထပ္တိုးတာလို႔လည္း ဆိုပါတယ္။

ခရီးသည္တင္ေလယာဥ္ေတြ မဝင္ေရာက္ႏုိင္ေပမယ့္ စစ္ဘက္နဲ႔ အစိုးရသုံး ေလယာဥ္ေတြ၊ အေရးေပၚနဲ႔ စက္ကိရိယာပိုင္းဆိုင္ရာအရ ဆိုက္ေရာက္တဲ့ ေလယာဥ္ေတြနဲ႔ လူသားခ်င္းစာနာမႈ အကူအညီေပးေရး ေလယာဥ္ေတြ၊ ကုန္တင္ေလယာဥ္ေတြနဲ႔ ေဆးဝါးနဲ႔ ကယ္ဆယ္ေရး ေလယာဥ္ေတြကိုေတာ့ ဆက္လက္ဆိုက္ကပ္ခြင့္ျပဳမွာ ျဖစ္ပါတယ္။

အခုလို ျပည္ပေလယာဥ္ဆိုက္ေရာက္မႈကို ပိတ္ပင္ထားတာကို ရက္တိုးျမႇင့္လိုက္တာေၾကာင့္ ထိုင္းႏုိင္ငံတြင္း ေၾကညာထားတဲ့ အေရးေပၚ အေျခအေနကိုလည္း သက္တမ္းတိုးျမႇင့္ႏုိင္တယ္ဆိုၿပီး ခန္႔မွန္း ေျပာဆိုခ်က္ေတြ ထြက္ေပၚလာခဲ့ပါတယ္။

ထိုင္းႏုိင္ငံမွာ ၿပီးခဲ့တဲ့ သီတင္း ၂ ပတ္ထဲ ေရာဂါပ်ံ႕ႏွံ႔မႈႏႈန္း သိပ္မရွိသလို ေရာဂါကူးစက္မႈ လုံးဝမရွိတာကလည္း ဒီတပတ္ထဲ ႏွစ္ရက္ရွိခဲ့ပါတယ္။

ထိုင္း ဒုတိယဝန္ႀကီးခ်ဳပ္ Wissanu Krea-ngam ကေတာ့ ျပည္ပေလယာဥ္ ဆိုက္ကပ္မႈကို ရက္တိုးတာနဲ႔ အေရးေပၚအေျခအေန သက္တမ္းတိုးဖို႔အၾကား ဆက္ႏႊယ္မႈမရွိေၾကာင္းနဲ႔ အေရးေပၚ အေျခအေနကို ႐ုပ္သိမ္းေပးေပမယ့္ လိုအပ္ရင္ ျပည္ပေလယာဥ္ ဆိုက္ေရာက္မႈကို ဆက္လက္ တားျမစ္ထားႏုိင္တယ္လို႔ ေျပာေၾကာင္းလည္း Bangkok Post သတင္းစာမွာ ေဖာ္ျပထားပါတယ္။

ထိုင္းႏုိင္ငံထဲ COVID-19 နဲ႔ ဆက္ႏႊယ္တဲ့ ကန္႔သတ္ခ်က္ေတြကို ေျဖေလၽွာ့ေပးတဲ့အေနနဲ႔ ေဈးဝယ္စင္တာေတြ အပါအဝင္ စီးပြားေရး လုပ္ငန္းေတြကို တနဂၤေႏြေန႔မွာ ျပန္လည္ဖြင့္ေပးေတာ့မွာ ျဖစ္ပါတယ္။

တခ်ိန္တည္းမွာပဲ ထိုင္း လူထုက်န္းမာေရး ဝန္ႀကီးဌာနက ေတာင္ကိုရီးယားႏုိင္ငံ၊ တ႐ုတ္ႏုိင္ငံ၊ ေဟာင္ေကာင္နဲ႔ မကာအိုတို႔ကို COVID-19 ေရာဂါကူးစက္ဇုန္ ႏုိင္ငံေတြ စာရင္းထဲကေန ပယ္ဖ်က္လိုက္ပါတယ္။

ေတာင္ကိုရီးယားနဲ႔ တ႐ုတ္ႏုိင္ငံေတြဟာ ထိုင္း လူထုက်န္းမာေရး ဝန္ႀကီးဌာနရဲ႕ အဲဒီ ကူးစက္ဇုန္ႏုိင္ငံေတြ စာရင္းမွာ မတ္လ ၁၆ ရက္ေန႔ကတည္းက ရွိေနခဲ့တာ ျဖစ္ပါတယ္။ အဲဒီစာရင္းထဲပါတဲ့ ႏုိင္ငံေတြဆီကလာတဲ့ ဘယ္သူမဆို ၁၄ ရက္ သီးျခားခြဲ ေနထိုင္ရမွာ ျဖစ္ပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
-------------------------------

(Unicode)

ပြည်ပ ခရီးသည်တင် လေကြောင်းခရီးစဉ်တွေ ဇွန်လကုန်အထိ ဝင်ခွင့်မပြုကြောင်း ထိုင်းကြေညာ

ထိုင်းနိုင်ငံတွင်း ခရီးသည်တင်လေယာဉ် ဝင်ရောက်မှု ပိတ်ပင်ထားတာကို ဇွန်လ ၃၀ ရက်နေ့အထိ ရက်ထပ်မံတိုးမြှင့်လိုက်တယ်လို့ ထိုင်း မြို့ပြလေကြောင်း အာဏာပိုင်အဖွဲ့က စနေနေ့က ကြေညာလိုက်ပါတယ်။

မေလ ၃၁ ရက်နေ့မှာ သက်တမ်းကုန်ဆုံးမယ့် တည်ရှိဆဲ ပိတ်ပင်တားမြစ်ချက်ကို ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့နေတာကို ထိန်းချုပ်ဖို့အတွက် နောက်ထပ် ၁ လ ထပ်တိုးတာလို့လည်း ဆိုပါတယ်။

ခရီးသည်တင်လေယာဉ်တွေ မဝင်ရောက်နိုင်ပေမယ့် စစ်ဘက်နဲ့ အစိုးရသုံး လေယာဉ်တွေ၊ အရေးပေါ်နဲ့ စက်ကိရိယာပိုင်းဆိုင်ရာအရ ဆိုက်ရောက်တဲ့ လေယာဉ်တွေနဲ့ လူသားချင်းစာနာမှု အကူအညီပေးရေး လေယာဉ်တွေ၊ ကုန်တင်လေယာဉ်တွေနဲ့ ဆေးဝါးနဲ့ ကယ်ဆယ်ရေး လေယာဉ်တွေကိုတော့ ဆက်လက်ဆိုက်ကပ်ခွင့်ပြုမှာ ဖြစ်ပါတယ်။

အခုလို ပြည်ပလေယာဉ်ဆိုက်ရောက်မှုကို ပိတ်ပင်ထားတာကို ရက်တိုးမြှင့်လိုက်တာကြောင့် ထိုင်းနိုင်ငံတွင်း ကြေညာထားတဲ့ အရေးပေါ် အခြေအနေကိုလည်း သက်တမ်းတိုးမြှင့်နိုင်တယ်ဆိုပြီး ခန့်မှန်း ပြောဆိုချက်တွေ ထွက်ပေါ်လာခဲ့ပါတယ်။

ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့ သီတင်း ၂ ပတ်ထဲ ရောဂါပျံ့နှံ့မှုနှုန်း သိပ်မရှိသလို ရောဂါကူးစက်မှု လုံးဝမရှိတာကလည်း ဒီတပတ်ထဲ နှစ်ရက်ရှိခဲ့ပါတယ်။

ထိုင်း ဒုတိယဝန်ကြီးချုပ် Wissanu Krea-ngam ကတော့ ပြည်ပလေယာဉ် ဆိုက်ကပ်မှုကို ရက်တိုးတာနဲ့ အရေးပေါ်အခြေအနေ သက်တမ်းတိုးဖို့အကြား ဆက်နွှယ်မှုမရှိကြောင်းနဲ့ အရေးပေါ် အခြေအနေကို ရုပ်သိမ်းပေးပေမယ့် လိုအပ်ရင် ပြည်ပလေယာဉ် ဆိုက်ရောက်မှုကို ဆက်လက် တားမြစ်ထားနိုင်တယ်လို့ ပြောကြောင်းလည်း Bangkok Post သတင်းစာမှာ ဖော်ပြထားပါတယ်။

ထိုင်းနိုင်ငံထဲ COVID-19 နဲ့ ဆက်နွှယ်တဲ့ ကန့်သတ်ချက်တွေကို ဖြေလျှော့ပေးတဲ့အနေနဲ့ ဈေးဝယ်စင်တာတွေ အပါအဝင် စီးပွားရေး လုပ်ငန်းတွေကို တနင်္ဂနွေနေ့မှာ ပြန်လည်ဖွင့်ပေးတော့မှာ ဖြစ်ပါတယ်။

တချိန်တည်းမှာပဲ ထိုင်း လူထုကျန်းမာရေး ဝန်ကြီးဌာနက တောင်ကိုရီးယားနိုင်ငံ၊ တရုတ်နိုင်ငံ၊ ဟောင်ကောင်နဲ့ မကာအိုတို့ကို COVID-19 ရောဂါကူးစက်ဇုန် နိုင်ငံတွေ စာရင်းထဲကနေ ပယ်ဖျက်လိုက်ပါတယ်။

တောင်ကိုရီးယားနဲ့ တရုတ်နိုင်ငံတွေဟာ ထိုင်း လူထုကျန်းမာရေး ဝန်ကြီးဌာနရဲ့ အဲဒီ ကူးစက်ဇုန်နိုင်ငံတွေ စာရင်းမှာ မတ်လ ၁၆ ရက်နေ့ကတည်းက ရှိနေခဲ့တာ ဖြစ်ပါတယ်။ အဲဒီစာရင်းထဲပါတဲ့ နိုင်ငံတွေဆီကလာတဲ့ ဘယ်သူမဆို ၁၄ ရက် သီးခြားခွဲ နေထိုင်ရမှာ ဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/thai-extend-airlines/5423149.html
ျပည္ပ ခရီးသည္တင္ ေလေၾကာင္းခရီးစဥ္ေတြ ဇြန္လကုန္အထိ ၀င္ခြင့္မျပဳေၾကာင္း ထိုင္းေၾကညာ ျပည္ပ ခရီးသည္တင္ ေလေၾကာင္းခရီးစဥ္ေတြ ဇြန္လကုန္အထိ ၀င္ခြင့္မျပဳေၾကာင္း ထိုင္းေၾကညာ Reviewed by THITHTOOLWIN on 20:37 Rating: 5
Powered by Blogger.