အိႏၵိယက အလုိရွိေနတဲ့ လက္နက္ကုိင္အဖြဲ႔၀င္ ၂၂ ဦးကုိ ျမန္မာလြဲေပး

United National Liberation Front (UNLF) မဏိပူရ တပ္သားမ်ား (ဓါတ္ပံု-UNLF)
(Zawgyi/Unicode)

မဏိပူရနဲ႔ အာသံျပည္နယ္ေတြထဲ အိႏၵိယဗဟိုအစိုးရကို ဆန္႔က်င္တိုက္ခိုက္ေနတဲ့ လက္နက္ကိုင္ အဖြဲ႕ဝင္ ၂၂ ဦးကို ေသာၾကာေန႔က ျမန္မာနိင္ငံက အိႏၵိယနိုင္ငံကို လႊဲေျပာင္းေပးအပ္ခဲ့ပါတယ္။ အဲဒီ ေသာင္းက်န္းသူေတြကို အိႏၵိယႏိုင္ငံက အခ်ိန္ အေတာ္ၾကာထဲက အလိုရွိေနခဲ့တာပါ။ ဒါဟာ ျမန္မာႏိုင္ငံက အိႏၵိယႏိုင္ငံရဲ႕ ေတာင္းဆိုခ်က္ကို ပထမဆုံးအႀကိမ္ လက္ခံၿပီး လႊဲေျပာင္း ေပးအပ္ခဲ့တာလို႔လည္း The New Indian Express သတင္းစာက ေျပာပါတယ္။

လႊဲေျပာင္းေပးခဲ့သူ ၂၂ ဦးထဲက ၁၂ ဦးက မဏိပူရျပည္နယ္က ျဖစ္ၿပီး အိႏၵိယ ဗဟိုအစိုးရကို ဆန္႔က်င္တိုက္ခိုက္ေနတဲ့ ညီညြတ္ေသာ အမ်ိဳးသား လြတ္ေျမာက္ေရး တပ္ဦး (UNLF)၊ ျပည္သူ႔ေတာ္လွန္ေရးပါတီ (PREPAK)၊ ျပည္သူ႔လြတ္ေျမာက္ေရးတပ္ (PLA)နဲ႔ KYKL တို႔က ျဖစ္ပါတယ္။

အဲဒီ လက္နက္ကိုင္တပ္ဖြဲ႕ဝင္ေတြကို အထူးေလယာဥ္နဲ႔ လႊဲေျပာင္းေပးခဲ့တာလို႔လည္း ဆိုပါတယ္။ ေလယာဥ္က မဏိပူရျပည္နယ္ အင္ဖာ ၿမိဳ႕ကို ပထမဆုံးဆိုက္ေရာက္ၿပီး ေသာင္းက်န္းသူ ၁၂ ဦးကို ျပည္နယ္ ရဲတပ္ဖြဲ႕ကို လႊဲေျပာင္းေပးၿပီးတဲ့ေနာက္မွာ က်န္တဲ့သူေတြကို အာသံ ျပည္နယ္ Guwahati ၿမိဳ႕က ရဲတပ္ဖြဲ႕ကို လႊဲေျပာင္းေပးခဲ့တာပါ။ လႊဲေျပာင္းေပးသူေတြ ပါတဲ့ ေလယာဥ္ ေရာက္ရွိလာၿပီ ဆိုတာကို အာသံျပည္နယ္ ရဲတပ္ဖြဲ႕ ညႊန္ၾကားေရးမႉးခ်ဳပ္ Bhaskar Jyoti Mahantaက အတည္ျပဳခဲ့ပါတယ္။

ကာကြယ္ေရးဝန္ႀကီးဌာနက အမည္မေဖာ္လိုသူတစ္ေယာက္ကေတာ့ ျမန္မာႏိုင္ငံက အခုလို လႊဲေျပာင္းေပးတာဟာ ေနာက္ကြယ္ကေန သံတမန္ေရးအရ ႀကိဳးပမ္းမႈရဲ႕ ရလဒ္လို႔လည္း ေျပာပါတယ္။

မႏွစ္ ဇန္နဝါရီလက ျမန္မာ စစ္တပ္က အိႏၵိယ အေနာက္ေျမာက္ပိုင္း နယ္စပ္အနား လႈပ္ရွားေနတဲ့ စစ္ေသြးႂကြေတြအေပၚ စစ္ဆင္ေရး ေတြ ဆက္တိုက္လုပ္ တိုက္ခိုက္ခဲ့ရာမွာ အေတာ္မ်ားမ်ားကို ဖမ္းဆီးေထာင္ခ်ထားခဲ့တာပါ။ အဲဒီေဒသေတြက စစ္ေသြးႂကြေတြ အမ်ားစု က ျမန္မာႏိုင္ငံနယ္နိမိတ္ထဲ လႈပ္ရွားေနၾကတာလည္း ျဖစ္ပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
------------------------------------------

အိန္ဒိယက အလိုရှိနေတဲ့ လက်နက်ကိုင်အဖွဲ့ဝင် ၂၂ ဦးကို မြန်မာလွဲပေး

(Unicode)

မဏိပူရနဲ့ အာသံပြည်နယ်တွေထဲ အိန္ဒိယဗဟိုအစိုးရကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ လက်နက်ကိုင် အဖွဲ့ဝင် ၂၂ ဦးကို သောကြာနေ့က မြန်မာနိင်ငံက အိန္ဒိယနိုင်ငံကို လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။ အဲဒီ သောင်းကျန်းသူတွေကို အိန္ဒိယနိုင်ငံက အချိန် အတော်ကြာထဲက အလိုရှိနေခဲ့တာပါ။ ဒါဟာ မြန်မာနိုင်ငံက အိန္ဒိယနိုင်ငံရဲ့ တောင်းဆိုချက်ကို ပထမဆုံးအကြိမ် လက်ခံပြီး လွှဲပြောင်း ပေးအပ်ခဲ့တာလို့လည်း The New Indian Express သတင်းစာက ပြောပါတယ်။

လွှဲပြောင်းပေးခဲ့သူ ၂၂ ဦးထဲက ၁၂ ဦးက မဏိပူရပြည်နယ်က ဖြစ်ပြီး အိန္ဒိယ ဗဟိုအစိုးရကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ ညီညွတ်သော အမျိုးသား လွတ်မြောက်ရေး တပ်ဦး (UNLF)၊ ပြည်သူ့တော်လှန်ရေးပါတီ (PREPAK)၊ ပြည်သူ့လွတ်မြောက်ရေးတပ် (PLA)နဲ့ KYKL တို့က ဖြစ်ပါတယ်။

အဲဒီ လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေကို အထူးလေယာဉ်နဲ့ လွှဲပြောင်းပေးခဲ့တာလို့လည်း ဆိုပါတယ်။ လေယာဉ်က မဏိပူရပြည်နယ် အင်ဖာ မြို့ကို ပထမဆုံးဆိုက်ရောက်ပြီး သောင်းကျန်းသူ ၁၂ ဦးကို ပြည်နယ် ရဲတပ်ဖွဲ့ကို လွှဲပြောင်းပေးပြီးတဲ့နောက်မှာ ကျန်တဲ့သူတွေကို အာသံ ပြည်နယ် Guwahati မြို့က ရဲတပ်ဖွဲ့ကို လွှဲပြောင်းပေးခဲ့တာပါ။ လွှဲပြောင်းပေးသူတွေ ပါတဲ့ လေယာဉ် ရောက်ရှိလာပြီ ဆိုတာကို အာသံပြည်နယ် ရဲတပ်ဖွဲ့ ညွှန်ကြားရေးမှူးချုပ် Bhaskar Jyoti Mahantaက အတည်ပြုခဲ့ပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာနက အမည်မဖော်လိုသူတစ်ယောက်ကတော့ မြန်မာနိုင်ငံက အခုလို လွှဲပြောင်းပေးတာဟာ နောက်ကွယ်ကနေ သံတမန်ရေးအရ ကြိုးပမ်းမှုရဲ့ ရလဒ်လို့လည်း ပြောပါတယ်။

မနှစ် ဇန်နဝါရီလက မြန်မာ စစ်တပ်က အိန္ဒိယ အနောက်မြောက်ပိုင်း နယ်စပ်အနား လှုပ်ရှားနေတဲ့ စစ်သွေးကြွတွေအပေါ် စစ်ဆင်ရေး တွေ ဆက်တိုက်လုပ် တိုက်ခိုက်ခဲ့ရာမှာ အတော်များများကို ဖမ်းဆီးထောင်ချထားခဲ့တာပါ။ အဲဒီဒေသတွေက စစ်သွေးကြွတွေ အများစု က မြန်မာနိုင်ငံနယ်နိမိတ်ထဲ လှုပ်ရှားနေကြတာလည်း ဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/india-rebel-surrender-/5421915.html
အိႏၵိယက အလုိရွိေနတဲ့ လက္နက္ကုိင္အဖြဲ႔၀င္ ၂၂ ဦးကုိ ျမန္မာလြဲေပး အိႏၵိယက အလုိရွိေနတဲ့ လက္နက္ကုိင္အဖြဲ႔၀င္ ၂၂ ဦးကုိ ျမန္မာလြဲေပး Reviewed by THITHTOOLWIN on 04:10 Rating: 5
Powered by Blogger.