ကုိဗစ္ေၾကာင့္ ကန္ မွာ ပိတ္မိေနသူ ျမန္မာတခ်ဳိ႕ သံရုံးအကူအညီနဲ႔ ရန္ကုန္စေရာက္

ေမလ ၈ ရက္ေန႔က မေလးရွားႏိုင္ငံ၊ ကိုရီးယားႏိုင္ငံ၊ အင္ဒိုနီးရွားႏိုင္ငံ၊ ၿဗိတိန္ႏိုင္ငံႏွင့္ အေမရိကန္ႏိုင္ငံေတြက ျမန္မာႏိုင္ငံသားမ်ားအား ျပန္လည္ေခၚေဆာင္ (ဓါတ္ပံု-Ministry of Foreign Affairs Myanmar)

(Zawgyi/Unicode)

ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ျပန္႔ႏွ႔ံမႈေၾကာင့္ အေမရိကန္ျပည္ေထာင္စုအတြင္း ပိတ္မိေနတဲ့ ျမန္မာႏိုင္ငံသား ေတြထဲက ျပည္ေတာ္ျပန္လိုသူ (၂၀၀)ေက်ာ္ရွိတဲ့ အထဲမွာ ပထမဆုံးအသုတ္က ေတာ့ ေသာၾကာေန႔မွာ ျမန္မာႏိုင္ငံကို ျပန္ေရာက္သ ြားၿပီျဖစ္ေၾကာင္း ဝါရွင္တန္ ျမန္မာသံရုံးက ေျပာပါတယ္။ ကပ္ေရာဂါကာလအတြင္း အေမရိကန္ဗီဇာသက္တမ္းေက်ာ္လြန္ ေနသူေတြရွိခဲ့ရင္ ဒဏ္ေၾကးေျဖ ေလွ်ာ့ေပးတာမ်ဳိးရွိေအာင္ အေမရိကန္အစိုးရ တာဝန္ရွိသူေတြနဲ႔ ညွိႏႈိင္း ေဆာင္ရြက္ေနေၾကာင္းလည္း ျမန္မာသံအမတ္ႀကီးက ေျပာဆိုတဲ့ အေၾကာင္းကို ကို ဥာဏ္ဝင္းေအာင္ တင္ျပထားပါတယ္။

အေမရိကန္ ျပည္ေထာင္စုကို အေၾကာင္းအမ်ဳိးမ်ဳိးနဲ႔ ေရာက္လာၿပီး COVID-19 ကပ္ေရာဂါကာလ ေၾကာင့္ ပိတ္မိေနသူေတြ ျမန္မာႏိုင္ငံကို ျပန္ခ်င္တယ္ဆိုရင္ အထူးေလယာဥ္ေတြ စီစဥ္ေပးဖို႔ရွိတာမို႔ ဧၿပီလ(၃၀) ေနာက္ဆုံးထားၿပီး ဝါရွင္တန္ဒီစီ ျမန္မာသံရုံးကို အေၾကာင္းၾကားၾကဖုိ႔ သံရုံးက ႀကဳိတင္ ေၾကညာခဲ့တာပါ။

ဒီေၾကညာခ်က္ေၾကာင့္ ျမန္မာသံရုံးကို စာရင္း ေပးသြင္းတဲ့ ျမန္မာႏိုင္ငံကူးလက္မွတ္ ကိုင္ေဆာင္ထားသူ (၂၀၀)ေက်ာ္ရွိၿပီး သူတို႔ထဲက (၆)ဦးကေတာ့ ပထမဆုံးအသုတ္အေနနဲ႔ ေမလ(၈)ရက္ MAI ေလယာဥ္နဲ႔ ျမန္မာႏိုင္ငံကို ျပန္ေရာက္သြြားၿပီျဖစ္ေၾကာင္း ဝါရွင္တန္သံရုံး ျမန္မာသံအမတ္ႀကီး ဦးေအာင္လင္းက VOA ျမန္မာပုိင္းကိုေျပာပါတယ္။

“အေမရိကန္ျပည္ေထာင္စုကို အေၾကာင္းအမ်ဳိးမ်ဳိးေၾကာင့္ ေရာက္ေနတဲ့ ျမန္မာႏိုင္ငံသားေတြ ျမန္မာႏိုင္ငံကို ျပန္ခ်င္ပါတယ္ဆုိၿပီး က်ေနာ္တို႔ကို ဆက္သြယ္လာပါတယ္။ လူဦးေရေပါင္း (၂၀၀)ေက်ာ္ေလာက္ ရွိပါတယ္။ အေမရိကန္ ျပည္နယ္အသီးသီးမွာရွိေနတဲ့ ျမန္မာႏိုင္ငံကူးလက္မွတ္ ကိုင္ေဆာင္ထားတဲ့ ျမန္မာႏိုင္ငံသားေတြပါ။ အခုေလာေလာဆယ္ ေမ ၈ ရက္ေန႔ ဆိုးလ္ကေန ရန္ကုန္ကိုသြားမယ့္ ေလယာဥ္ပ်ံထဲမွာ အေမရိကန္ကျပန္တဲ့ ျမန္မာႏိုင္ငံသား ၆ ေယာက္ပါသြားတယ္လို႔ သိရပါတယ္။”


အခုလို ျပည္ေတာ္ျပန္ရာမွာ အေမရိကန္က ေန ေတာင္ကိုရီးယားႏိုင္ငံ၊ အင္ခၽြန္းေလဆိပ္အထိ မိမိအဆင္ေျပရာ ေလေၾကာင္းလုိင္းနဲ႔ သြားရတာ ျဖစ္ၿပီး၊ အင္ခၽြန္း ေလဆိပ္ကေန ရန္ကုန္ေလဆိပ္အထိကိုေတာ့ ျမန္မာႏိုင္ငံျခားေရးဝန္ႀကီးဌာနရဲ႕ ပူးေပါင္းစီစဥ္မႈအရ အျပည္ျပည္ဆုိင္ရာ ျမန္မာလေၾကာင္းလိုင္း MAI ရဲ႕ Relief Flight ကယ္ဆယ္ေရးေလယာဥ္ခရီးစဥ္အျဖစ္ ေခၚေဆာင္သ ြားတာျဖစ္ေၾကာင္းလည္း သံအမတ္ႀကီးက ရွင္းျပပါတယ္။

ေလာေလာဆယ္ ေသာၾကာေန႔ ခရီးစဥ္မွာ အေမရိကန္ျပန္ ျမန္မာ (၆) ဦးသာ လုိက္ပါခြင့္ရေပမဲ့ ေနာင္လာမယ့္ ခရီးစဥ္ေတြမွာ အခုထက္ပိုၿပီး လုိက္ပါသ ြားႏိုင္ေအာင္ စီစဥ္ေနေၾကာင္းလည္း သံအမတ္ႀကီး ဦးေအာင္လင္းက ေျပာပါတယ္။

“က်ေနာ္တုိ႔က ဆုိးလ္မွာရွိတဲ့ ျမန္မာသံရုံးနဲ႔ အရင္ဆုံးညွိႏႈိင္းပါတယ္။ ညွိႏႈိင္းတဲ့အခါက်ေတာ့ အေမရိကန္ႏိုင္ငံက လာမယ့္ ခရီးသည္ေပါင္း ဘယ္ႏွေယာက္ကိုေတာ့ ေလယာဥ္ပ်ံလက္မွတ္အတြက္ ခုံေနရာ စီစဥ္ေပးႏိုင္တယ္လို႔ သိရတာနဲ႔ အဲဒီအေရတြက္ကိုမူတည္ၿပီး က်ေနာ္တုိ႔က ဦးစားေပး လုိက္ဖို႔ စိစစ္ေရြးခ်ယ္ထားတဲ့သူေတြကို အေၾကာင္းၾကားပါတယ္။ အင္ခၽြန္းအထိ ေလယာဥ္လက္မွတ္ ဝယ္ပါ ၊ အင္ခၽြန္းကေန ျမန္မာႏိုင္ငံကိုသြားမယ့္ ေလယာဥ္လက္မွတ္ ရေအာင္လို႔ က်ေနာ္တုိ႔က စာရင္းေပးထားပါမယ္။ ေပးထားရင္ MAI ကိုဆက္သြယ္ၿပီး လက္မွတ္ဝယ္ၾကပါလို႔ က်ေနာ္တို႔က ေျပာပါတယ္။ အခုလာမယ့္ ခရီးစဥ္ေတြမွာ ၆ ေယာက္မကေတာ့ ေနရာရႏိုင္ဖို႔ က်ေနာ္တို႔ ေျပာထားပါတယ္။”

ျပည္ပကုိေရာက္ၿပီး ႏုိင္ငံျခား တုိင္းျပည္ေတြမွာ ပိတ္မိေနၾကတဲ့ ျမန္မာႏိုင္ငံသား အမ်ားအျပားရွိၿပီး ျပည္ေတာ္ျပန္လိုၾက ေပမယ့္ ျမန္မာႏိုင္ငံက ေစလႊတ္ေပးတဲ့ ကယ္ဆယ္ေရးေလယာဥ္ အေရအတြက္ အကန္႔အသတ္ရွိေနပါတယ္။ ခုလို ျပည္ေတာ္ျပန္ရမယ့္အခ်ိန္ ေစာင့္ဆိုင္းရင္း မေမွ်ာ္လင့္ပဲ အေမရိကန္ဗီဇာ သက္တမ္းကုန္သြားသူေတြ ဒဏ္ေၾကးေပးေဆာင္ရတာမ်ဳိး မျဖစ္ရေအာင္ အေမရိကန္အမိေျမလုံၿခဳံေရး ဝန္ႀကီးဌာန၊ လူဝင္မႈ ႀကီးၾကပ္ေရးဌာနေတြနဲ႔ ျမန္မာသံရုံးက ညွိႏႈိင္းေဆာင္ရ ြက္ေနေၾကာင္း ျမန္မာသံအမတ္ႀကီး ဦးေအာင္လင္းက ရွင္းျပပါတယ္။

“ တခ်ဳိ႕လူေတြက ဒီမွာ ဧည့္သည္အေနနဲ႔ လာတဲ့အခါက်ေတာ့ သူတို႔ ေနထိုင္ခြင့္က အရမ္းၾကာသြားမယ္ ဆိုလို႔ရွိရင္ ၊ ေနထိုင္ခြင့္ကို ေက်ာ္လြန္သြားတဲ့ အခါက်ရင္ အျပစ္ဒဏ္မခံရေအာင္ သက္သက္ညွာညွာ စဥ္းစားေပးပါဆိုၿပီးေတာ့ က်ေနာ္တုိ႔အေနနဲ႔ အေမရိကန္ Homeland Security Department က Immigration ဌာနကိုလည္း က်ေနာ္တို႔ အသိေပးထားပါတယ္။ အေမရိကန္ အာဏာပုိင္ေတြကိုလည္းပဲ က်ေနာ္တုိ႔ ေျပာထားတာ ရွိပါတယ္။ ဒီဥစၥာနဲ႔ပတ္သက္လို႔ ျပန္ၿပီးစိစစ္ေပးပါမယ္လို႔ သူတို႔က ေျပာပါတယ္။”

အင္ခၽြန္းႏိုင္ငံတကာ ေလဆိပ္ကေန ရန္ကုန္အထိ ျပန္ေခၚေဆာင္သြားမယ့္ Relief Flight ေလယာဥ္ခရီးစဥ္ေတြကေတာ့ အပတ္စဥ္ ေသာၾကာေန႔တုိင္း ရွိၿပီး ေလာေလာဆယ္ ေမလ(၁၅) (၂၂) (၂၉) ေတြမွာ ပ်ံသန္းဖို႔ စီစဥ္ထားေၾကာင္း သံရုံးထုတ္ျပန္ခ်က္မွာ ေဖၚျပပါတယ္။

အေမရိကန္ အပါအဝင္ ႏုိင္ငံျခားတုိင္းျပည္ေတြ ကေန ျမန္မာျပည္ကို ျပန္လာၾကမယ့္ ျမန္မာႏိုင္ငံသား ေတြဟာ သက္ဆုိင္ရာ တုိင္းျပည္က မထြက္ခြာခင္ COVID-19 နဲ႔ပတ္သက္လုိ႔ က်န္းမာေရး ေကာင္းမြန္ေၾကာင္း ေထာက္ခံစာလုိအပ္သလို၊ အင္ခၽြန္းေလဆိပ္မွာလည္း က်န္းမာေရး စစ္ေဆးခံရမွာျဖစ္ၿပီး ရန္ကုန္ေလဆိပ္ကို ေရာက္ၿပီးတာနဲ႔ အစိုးရက သတ္မွတ္ထားတဲ့ Facility Quarantine ေနရာေတြမွာ (၂၁)ရက္ ၊ ေနအိမ္မွာ ေစာင့္ၾကည့္ ေနထုိင္ကာလ (၇)ရက္ စုစုေပါင္း (၂၈)ရက္ သီးျခား ေနထုိင္ရမွာ ျဖစ္ေၾကာင္း သံ႐ုံးရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖၚျပထားပါတယ္။


.................

ကိုဗစ်ကြောင့် ကန် မှာ ပိတ်မိနေသူ မြန်မာတချို့ သံရုံးအကူအညီနဲ့ ရန်ကုန်စရောက်

(Unicode)

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်နှံ့မှုကြောင့် အမေရိကန်ပြည်ထောင်စုအတွင်း ပိတ်မိနေတဲ့ မြန်မာနိုင်ငံသား တွေထဲက ပြည်တော်ပြန်လိုသူ (၂၀၀)ကျော်ရှိတဲ့ အထဲမှာ ပထမဆုံးအသုတ်က တော့ သောကြာနေ့မှာ မြန်မာနိုင်ငံကို ပြန်ရောက်သ ွားပြီဖြစ်ကြောင်း ဝါရှင်တန် မြန်မာသံရုံးက ပြောပါတယ်။ ကပ်ရောဂါကာလအတွင်း အမေရိကန်ဗီဇာသက်တမ်းကျော်လွန် နေသူတွေရှိခဲ့ရင် ဒဏ်ကြေးဖြေ လျှော့ပေးတာမျိုးရှိအောင် အမေရိကန်အစိုးရ တာဝန်ရှိသူတွေနဲ့ ညှိနှိုင်း ဆောင်ရွက်နေကြောင်းလည်း မြန်မာသံအမတ်ကြီးက ပြောဆိုတဲ့ အကြောင်းကို ကို ဉာဏ်ဝင်းအောင် တင်ပြထားပါတယ်။

အမေရိကန် ပြည်ထောင်စုကို အကြောင်းအမျိုးမျိုးနဲ့ ရောက်လာပြီး COVID-19 ကပ်ရောဂါကာလ ကြောင့် ပိတ်မိနေသူတွေ မြန်မာနိုင်ငံကို ပြန်ချင်တယ်ဆိုရင် အထူးလေယာဉ်တွေ စီစဉ်ပေးဖို့ရှိတာမို့ ဧပြီလ(၃၀) နောက်ဆုံးထားပြီး ဝါရှင်တန်ဒီစီ မြန်မာသံရုံးကို အကြောင်းကြားကြဖို့ သံရုံးက ကြိုတင် ကြေညာခဲ့တာပါ။

ဒီကြေညာချက်ကြောင့် မြန်မာသံရုံးကို စာရင်း ပေးသွင်းတဲ့ မြန်မာနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူ (၂၀၀)ကျော်ရှိပြီး သူတို့ထဲက (၆)ဦးကတော့ ပထမဆုံးအသုတ်အနေနဲ့ မေလ(၈)ရက် MAI လေယာဉ်နဲ့ မြန်မာနိုင်ငံကို ပြန်ရောက်သွားပြီဖြစ်ကြောင်း ဝါရှင်တန်သံရုံး မြန်မာသံအမတ်ကြီး ဦးအောင်လင်းက VOA မြန်မာပိုင်းကိုပြောပါတယ်။

“အမေရိကန်ပြည်ထောင်စုကို အကြောင်းအမျိုးမျိုးကြောင့် ရောက်နေတဲ့ မြန်မာနိုင်ငံသားတွေ မြန်မာနိုင်ငံကို ပြန်ချင်ပါတယ်ဆိုပြီး ကျနော်တို့ကို ဆက်သွယ်လာပါတယ်။ လူဦးရေပေါင်း (၂၀၀)ကျော်လောက် ရှိပါတယ်။ အမေရိကန် ပြည်နယ်အသီးသီးမှာရှိနေတဲ့ မြန်မာနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားတဲ့ မြန်မာနိုင်ငံသားတွေပါ။ အခုလောလောဆယ် မေ ၈ ရက်နေ့ ဆိုးလ်ကနေ ရန်ကုန်ကိုသွားမယ့် လေယာဉ်ပျံထဲမှာ အမေရိကန်ကပြန်တဲ့ မြန်မာနိုင်ငံသား ၆ ယောက်ပါသွားတယ်လို့ သိရပါတယ်။”

အခုလို ပြည်တော်ပြန်ရာမှာ အမေရိကန်က နေ တောင်ကိုရီးယားနိုင်ငံ၊ အင်ချွန်းလေဆိပ်အထိ မိမိအဆင်ပြေရာ လေကြောင်းလိုင်းနဲ့ သွားရတာ ဖြစ်ပြီး၊ အင်ချွန်း လေဆိပ်ကနေ ရန်ကုန်လေဆိပ်အထိကိုတော့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပူးပေါင်းစီစဉ်မှုအရ အပြည်ပြည်ဆိုင်ရာ မြန်မာလကြောင်းလိုင်း MAI ရဲ့ Relief Flight ကယ်ဆယ်ရေးလေယာဉ်ခရီးစဉ်အဖြစ် ခေါ်ဆောင်သ ွားတာဖြစ်ကြောင်းလည်း သံအမတ်ကြီးက ရှင်းပြပါတယ်။

လောလောဆယ် သောကြာနေ့ ခရီးစဉ်မှာ အမေရိကန်ပြန် မြန်မာ (၆) ဦးသာ လိုက်ပါခွင့်ရပေမဲ့ နောင်လာမယ့် ခရီးစဉ်တွေမှာ အခုထက်ပိုပြီး လိုက်ပါသ ွားနိုင်အောင် စီစဉ်နေကြောင်းလည်း သံအမတ်ကြီး ဦးအောင်လင်းက ပြောပါတယ်။

“ကျနော်တို့က ဆိုးလ်မှာရှိတဲ့ မြန်မာသံရုံးနဲ့ အရင်ဆုံးညှိနှိုင်းပါတယ်။ ညှိနှိုင်းတဲ့အခါကျတော့ အမေရိကန်နိုင်ငံက လာမယ့် ခရီးသည်ပေါင်း ဘယ်နှယောက်ကိုတော့ လေယာဉ်ပျံလက်မှတ်အတွက် ခုံနေရာ စီစဉ်ပေးနိုင်တယ်လို့ သိရတာနဲ့ အဲဒီအရေတွက်ကိုမူတည်ပြီး ကျနော်တို့က ဦးစားပေး လိုက်ဖို့ စိစစ်ရွေးချယ်ထားတဲ့သူတွေကို အကြောင်းကြားပါတယ်။ အင်ချွန်းအထိ လေယာဉ်လက်မှတ် ဝယ်ပါ ၊ အင်ချွန်းကနေ မြန်မာနိုင်ငံကိုသွားမယ့် လေယာဉ်လက်မှတ် ရအောင်လို့ ကျနော်တို့က စာရင်းပေးထားပါမယ်။ ပေးထားရင် MAI ကိုဆက်သွယ်ပြီး လက်မှတ်ဝယ်ကြပါလို့ ကျနော်တို့က ပြောပါတယ်။ အခုလာမယ့် ခရီးစဉ်တွေမှာ ၆ ယောက်မကတော့ နေရာရနိုင်ဖို့ ကျနော်တို့ ပြောထားပါတယ်။”

ပြည်ပကိုရောက်ပြီး နိုင်ငံခြား တိုင်းပြည်တွေမှာ ပိတ်မိနေကြတဲ့ မြန်မာနိုင်ငံသား အများအပြားရှိပြီး ပြည်တော်ပြန်လိုကြ ပေမယ့် မြန်မာနိုင်ငံက စေလွှတ်ပေးတဲ့ ကယ်ဆယ်ရေးလေယာဉ် အရေအတွက် အကန့်အသတ်ရှိနေပါတယ်။ ခုလို ပြည်တော်ပြန်ရမယ့်အချိန် စောင့်ဆိုင်းရင်း မမျှော်လင့်ပဲ အမေရိကန်ဗီဇာ သက်တမ်းကုန်သွားသူတွေ ဒဏ်ကြေးပေးဆောင်ရတာမျိုး မဖြစ်ရအောင် အမေရိကန်အမိမြေလုံခြုံရေး ဝန်ကြီးဌာန၊ လူဝင်မှု ကြီးကြပ်ရေးဌာနတွေနဲ့ မြန်မာသံရုံးက ညှိနှိုင်းဆောင်ရ ွက်နေကြောင်း မြန်မာသံအမတ်ကြီး ဦးအောင်လင်းက ရှင်းပြပါတယ်။

“ တချို့လူတွေက ဒီမှာ ဧည့်သည်အနေနဲ့ လာတဲ့အခါကျတော့ သူတို့ နေထိုင်ခွင့်က အရမ်းကြာသွားမယ် ဆိုလို့ရှိရင် ၊ နေထိုင်ခွင့်ကို ကျော်လွန်သွားတဲ့ အခါကျရင် အပြစ်ဒဏ်မခံရအောင် သက်သက်ညှာညှာ စဉ်းစားပေးပါဆိုပြီးတော့ ကျနော်တို့အနေနဲ့ အမေရိကန် Homeland Security Department က Immigration ဌာနကိုလည်း ကျနော်တို့ အသိပေးထားပါတယ်။ အမေရိကန် အာဏာပိုင်တွေကိုလည်းပဲ ကျနော်တို့ ပြောထားတာ ရှိပါတယ်။ ဒီဥစ္စာနဲ့ပတ်သက်လို့ ပြန်ပြီးစိစစ်ပေးပါမယ်လို့ သူတို့က ပြောပါတယ်။”

အင်ချွန်းနိုင်ငံတကာ လေဆိပ်ကနေ ရန်ကုန်အထိ ပြန်ခေါ်ဆောင်သွားမယ့် Relief Flight လေယာဉ်ခရီးစဉ်တွေကတော့ အပတ်စဉ် သောကြာနေ့တိုင်း ရှိပြီး လောလောဆယ် မေလ(၁၅) (၂၂) (၂၉) တွေမှာ ပျံသန်းဖို့ စီစဉ်ထားကြောင်း သံရုံးထုတ်ပြန်ချက်မှာ ဖေါ်ပြပါတယ်။

အမေရိကန် အပါအဝင် နိုင်ငံခြားတိုင်းပြည်တွေ ကနေ မြန်မာပြည်ကို ပြန်လာကြမယ့် မြန်မာနိုင်ငံသား တွေဟာ သက်ဆိုင်ရာ တိုင်းပြည်က မထွက်ခွာခင် COVID-19 နဲ့ပတ်သက်လို့ ကျန်းမာရေး ကောင်းမွန်ကြောင်း ထောက်ခံစာလိုအပ်သလို၊ အင်ချွန်းလေဆိပ်မှာလည်း ကျန်းမာရေး စစ်ဆေးခံရမှာဖြစ်ပြီး ရန်ကုန်လေဆိပ်ကို ရောက်ပြီးတာနဲ့ အစိုးရက သတ်မှတ်ထားတဲ့ Facility Quarantine နေရာတွေမှာ (၂၁)ရက် ၊ နေအိမ်မှာ စောင့်ကြည့် နေထိုင်ကာလ (၇)ရက် စုစုပေါင်း (၂၈)ရက် သီးခြား နေထိုင်ရမှာ ဖြစ်ကြောင်း သံရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

ကိုဉာဏ္ဝင္းေအာင္/VOA (Burmese)
https://burmese.voanews.com/a/myanmar-citizen-return-to-home-country-covid-duration-/5412300.html
ကုိဗစ္ေၾကာင့္ ကန္ မွာ ပိတ္မိေနသူ ျမန္မာတခ်ဳိ႕ သံရုံးအကူအညီနဲ႔ ရန္ကုန္စေရာက္ ကုိဗစ္ေၾကာင့္ ကန္ မွာ ပိတ္မိေနသူ ျမန္မာတခ်ဳိ႕ သံရုံးအကူအညီနဲ႔ ရန္ကုန္စေရာက္ Reviewed by THITHTOOLWIN on 19:34 Rating: 5
Powered by Blogger.