ကို႐ိုနာဗိုင္းရပ္စ္ - ေဆးဖ်န္းစက္႐ုပ္နဲ႔ ေဆးရည္ျဖည့္စက္႐ုပ္ကို ရန္ကုန္နည္းပညာတကၠသိုလ္ေက်ာင္းသား ေတြ စုေပါင္းတီထြင္
လူကိုယ္တိုင္ဖ်န္းစရာမလိုဘဲ အေဝးကထိန္းခ်ဳပ္ၿပီး ပိုးသတ္ေဆးဖ်န္းေပးမယ့္စက္႐ုပ္ |
ရန္ကုန္နည္းပညာတကၠသိုလ္ (YTU) ေက်ာင္းသားေတြ စုေပါင္းၿပီးတီထြင္ထားတဲ့ ေဆးဖ်န္းစက္႐ုပ္နဲ႔ ေဆးရည္ျဖည့္ေပးမယ့္စက္႐ုပ္ကို မၾကာခင္ရက္ပိုင္းအတြင္း ကိုဗစ္-၁၉ လူနာေတြကို အဓိကကုသေပး ေနတဲ့ ေဆး႐ုံတစ္ခုျဖစ္တဲ့ ေဝဘာဂီအထူးကုေဆး႐ုံကို ေပးပို႔လႉဒါန္းသြားေတာ့မယ္လို႔ အဆိုပါ ေက်ာင္သားအဖြဲ႕က မမီမီျမတ္ႏိုးက ဘီဘီစီကိုေျပာပါတယ္။
ဒီစက္႐ုပ္ေတြကို ပထမႏွစ္ေက်ာင္းသား ၁၅ ဦးက တစ္ဖြဲနဲ႔ ဒုတိယႏွစ္၊ တတိယႏွစ္စတဲ့ စီနီယာ ေက်ာင္းသား ၁၀ ဦးကတစ္ဖြဲ႕နဲ႔ ၂ဖြဲ႕ကာ တီထြင္ခဲ့ၾကတာျဖစ္ပါတယ္။
အဆိုပါ အဖြဲ႕ ၂ဖြဲ႕ကို ႀကီးၾကပ္သူေတြအေနနဲ႔ ဆရာမ ေဒါက္တာသိမ့္သိမ့္သူနဲ႔ ဆရာေဒါက္တာထင္လင္း တို႔က ႀကီးၾကပ္ေပးခဲ့တယ္လို႔ သိရပါတယ္။
စက္႐ုပ္ေတြ ဘာေၾကာင့္ ဖန္တီးခဲ့
' ' ကိုဗစ္ေၾကာင့္ ေက်ာင္းေတြလည္းပိတ္လိုက္ရေတာ့ ကြၽန္ေတာ္တို႔လည္းအားေနၾကတယ္။ ဒါနဲ႔ ႏိုင္တဲ့ ဘက္က ဝင္ထမ္းၾကမယ္ေပါ့။ ဒါနဲ႔ ေဆး႐ုံေတြမွာပိုးသတ္ေဆးဖ်န္းတဲ့အခါ လူအားကိုသုံးေနရေတာ့ ဒီေနရာမွာ လူကိုမထိခိုက္ေအာင္ စက္႐ုပ္အစားထိုးသုံးႏိုင္ဖို႔ လုပ္ၾကမယ္ဆိုၿပီး ဝိုင္းလုပ္ၾကတာပါ'' လို႔ စီနီယာအဖြဲ႕က ကိုလဝန္းနႏၵက ဘီဘီစီကို ေျပာျပပါတယ္။
ဒီလိုဖန္တီးရာမွာ ဂ်ဳနီယာအဖြဲ႕က ေဆးဖ်န္းစက္႐ုပ္ကို တာဝန္ယူၿပီး စီနီယာအဖြဲ႕ကေတာ့ ေဆးရည္ျဖည့္ ေပးမယ့္စက္႐ုပ္ကို တာဝန္ယူခဲ့ပါတယ္။
ဒီစက္႐ုပ္ေတြကို ျမန္မာႏိုင္ငံမွာ ကိုဗစ္-၁၉ ပိုးေတြ႕လူနာစတင္ေတြ႕ရွိခဲ့တဲ့ ေမလအတြင္းမွာပဲ စတင္လုပ္ ေဆာင္ခဲ့ၾကတာျဖစ္ပါတယ္။
ေနအိမ္အျပင္မထြက္ၾကဖို႔ အစိုးရက ေၾကညာထားခ်ိန္လည္းျဖစ္တာေၾကာင့္ ေနအိမ္ေတြမွာ တစ္ဦးစီ ခြဲၿပီး တာဝန္ယူလုပ္ခဲ့ရလို႔ အခက္အခဲေတြရွိခဲ့တယ္လို႔လည္း ေက်ာင္းသားေတြကေျပာ ပါတယ္။
ေဆးရည္ျပန္ျဖည့္ေပးမယ့္ စက္႐ုပ္ |
' ' အစပိုင္းကေတာ့ ကိုယ့္အိမ္မွာကိုယ့္အပိုင္းနဲ႔ကိုယ္ ခြဲလုပ္ၾကတာ။ ကိုဗစ္ကာလျဖစ္လို႔ လိုတဲ့ပစၥည္းက ရွာမရတာ၊ တခါတေလလည္း လုပ္ရင္းနဲ႔ error ရွိလာရင္ ဆြဲထားတဲ့ ေဆာ့ဖ္ဝဲ ေၾကာင့္လားဆိုတာ အေျဖရွာ၊ အထပ္ထပ္စမ္းၾကည့္နဲ႔ေနာက္ဆုံးမွ ပစၥည္းေၾကာင့္ျဖစ္တာဆိုေတာ့ ပစၥည္းထပ္လဲရ ဒီလို အခက္အခဲ ေလးေတြေတာ့ ရွိခဲ့တယ္။''လို႔လည္း စီနီယာအဖြဲ႕က ေက်ာင္းသားတစ္ဦးျဖစ္တဲ့ ကိုဘုန္းထက္လူက ေျပာပါတယ္။
ဒါ့အျပင္ မူလက ေမလပထမအပတ္မွာ ေဆး႐ုံကိုသြားေရာက္လႉဒါန္းဖို႔ စီစဥ္ထားေပမယ့္ လိုအပ္ခ်က္ အနည္းငယ္ရွိခဲ့တဲ့အတြက္ ျပန္လည္ျပင္ဆင္ေနတာျဖစ္တယ္လို႔လည္း ေက်ာင္းသား ေတြကေျပာပါတယ္။
ဒီစက္႐ုပ္ေတြက ဘယ္လိုအလုပ္လုပ္မွာလဲ
' ' ေဆးဖ်န္းမယ့္စက္႐ုပ္ကိုအေဝးကထိန္းခ်ဳပ္တဲ့ခလုတ္နဲ႔ပဲ လူက ထိန္းခ်ဳပ္ၿပီး ဖ်န္းလို႔ရမယ္။ ေနာက္ ေဆးရည္ျဖည့္ေပးမယ့္စက္႐ုပ္ကိုလည္း ဒီလိုပဲ အေဝးကေနပဲ ခလုတ္ႏွိပ္ၿပီး ျဖည့္လို႔ရမယ္။ ေလာေလာ ဆယ္ေတာ့ ဗားရွင္း ၁ မွာေတာ့ စက္႐ုပ္က ေလးေပေလာက္အျမင့္ထိပဲဖ်န္းလို႔ရမယ္။''လို႔ ဂ်ဳနီယာအဖြဲ႕က ေက်ာင္းသူ မမိုးျမင့္ျမတ္က ေျပာပါတယ္။
ေဆးဖ်န္းစက္႐ုပ္နဲ႔ ေဆးရည္ျဖည့္စက္႐ုပ္ေတြကို ဗားရွင္း ၂ အေနနဲ႔ ေနာက္ထပ္အဆင့္ျမႇင့္ တင္တာ ေတြလုပ္သြားဖို႔လည္း ရွိတယ္လို႔ ေက်ာင္းသားေတြကေျပာပါတယ္။
' ' မၾကာခင္ရက္ပိုင္းအတြင္းမွာ ေဆး႐ုံကို လႉဒါန္းႏိုင္ဖို႔ ေနာက္ထပ္အေသးစားလိုအပ္ခ်က္ေလးေတြ ထပ္ျပင္ေနတာရွိတယ္။အဓိက သုံးမယ့္လူေတြကိုအႏၲရာယ္မျဖစ္ေစဖို႔ပါ။ ေနာက္ၿပီး အသုံးျပဳမယ့္ သူေတြအတြက္ အသုံးျပဳရမယ့္ နည္းလမ္းၫႊန္ေတြကို အေသးစိတ္ေရးေနတယ္။ စက္ရဲ႕ဘယ္အပိုင္း ကေတာ့ ေရထိလို႔မရဘူးစတဲ့ သတိထားရမယ့္အခ်က္ေတြေရာပါတယ္''လို႔ ဂ်ဳနီယာအဖြဲ႕က မမီမီျမတ္ႏိုးက ေျပာပါတယ္။
ဒီလို ဖန္တီးရာမွာ ကြၽမ္းက်င္ၿပီး အင္ဂ်င္နီယာေတြမပါဘဲ လူငယ္ေက်ာင္းသားေတြစုေပါင္းၿပီး လုပ္ရတာ ျဖစ္လို႔ စာေတြ႕ သီအိုရီပိုင္းအရကေန လက္ေတြ႕ပိုင္းကို လုပ္ေဆာင္ရာမွာ အဆင္မေျပမႈေတြနဲ႔လည္း ႀကဳံေတြ႕ခဲ့ရတယ္လို႔လည္း ေက်ာင္းသား ေတြကေျပာပါတယ္။
' ' လက္ေတြ႕လုပ္တဲ့ေနရာမွာ အခက္အခဲရွိတယ္ဆိုေပမယ့္ တကယ္လုပ္တဲ့အခါမွာ ျဖစ္တယ္ လုပ္လို႔ရတယ္ဆိုတာသိသြားတယ္။ ေနာက္ထပ္ ဖန္တီးမႈေတြထပ္လုပ္သြားဖို႔ အားေတြရသြားတယ္။ ယုံၾကည္မႈလည္းရွိလာတယ္''လို႔ ဒုတိယႏွစ္ေက်ာင္းသားတစ္ဦးလည္းျဖစ္တဲ့ ကိုလဝန္းနႏၵက ေျပာပါတယ္။
BBC Burmese
--------------------------------------------------
(Unicode)⤵⤵⤵
ကိုရိုနာဗိုင်းရပ်စ် - ဆေးဖျန်းစက်ရုပ်နဲ့ ဆေးရည်ဖြည့်စက်ရုပ်ကို ရန်ကုန်နည်းပညာတက္ကသိုလ်ကျောင်းသား တွေ စုပေါင်းတီထွင်
ရန်ကုန်နည်းပညာတက္ကသိုလ် (YTU) ကျောင်းသားတွေ စုပေါင်းပြီးတီထွင်ထားတဲ့ ဆေးဖျန်းစက်ရုပ်နဲ့ ဆေးရည်ဖြည့်ပေးမယ့်စက်ရုပ်ကို မကြာခင်ရက်ပိုင်းအတွင်း ကိုဗစ်-၁၉ လူနာတွေကို အဓိကကုသပေး နေတဲ့ ဆေးရုံတစ်ခုဖြစ်တဲ့ ဝေဘာဂီအထူးကုဆေးရုံကို ပေးပို့လှူဒါန်းသွားတော့မယ်လို့ အဆိုပါ ကျောင်သားအဖွဲ့က မမီမီမြတ်နိုးက ဘီဘီစီကိုပြောပါတယ်။
ဒီစက်ရုပ်တွေကို ပထမနှစ်ကျောင်းသား ၁၅ ဦးက တစ်ဖွဲနဲ့ ဒုတိယနှစ်၊ တတိယနှစ်စတဲ့ စီနီယာ ကျောင်းသား ၁၀ ဦးကတစ်ဖွဲ့နဲ့ ၂ဖွဲ့ကာ တီထွင်ခဲ့ကြတာဖြစ်ပါတယ်။
အဆိုပါ အဖွဲ့ ၂ဖွဲ့ကို ကြီးကြပ်သူတွေအနေနဲ့ ဆရာမ ဒေါက်တာသိမ့်သိမ့်သူနဲ့ ဆရာဒေါက်တာထင်လင်း တို့က ကြီးကြပ်ပေးခဲ့တယ်လို့ သိရပါတယ်။
စက်ရုပ်တွေ ဘာကြောင့် ဖန်တီးခဲ့
' ' ကိုဗစ်ကြောင့် ကျောင်းတွေလည်းပိတ်လိုက်ရတော့ ကျွန်တော်တို့လည်းအားနေကြတယ်။ ဒါနဲ့ နိုင်တဲ့ ဘက်က ဝင်ထမ်းကြမယ်ပေါ့။ ဒါနဲ့ ဆေးရုံတွေမှာပိုးသတ်ဆေးဖျန်းတဲ့အခါ လူအားကိုသုံးနေရတော့ ဒီနေရာမှာ လူကိုမထိခိုက်အောင် စက်ရုပ်အစားထိုးသုံးနိုင်ဖို့ လုပ်ကြမယ်ဆိုပြီး ဝိုင်းလုပ်ကြတာပါ'' လို့ စီနီယာအဖွဲ့က ကိုလဝန်းနန္ဒက ဘီဘီစီကို ပြောပြပါတယ်။
ဒီလိုဖန်တီးရာမှာ ဂျုနီယာအဖွဲ့က ဆေးဖျန်းစက်ရုပ်ကို တာဝန်ယူပြီး စီနီယာအဖွဲ့ကတော့ ဆေးရည်ဖြည့် ပေးမယ့်စက်ရုပ်ကို တာဝန်ယူခဲ့ပါတယ်။
ဒီစက်ရုပ်တွေကို မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ပိုးတွေ့လူနာစတင်တွေ့ရှိခဲ့တဲ့ မေလအတွင်းမှာပဲ စတင်လုပ် ဆောင်ခဲ့ကြတာဖြစ်ပါတယ်။
နေအိမ်အပြင်မထွက်ကြဖို့ အစိုးရက ကြေညာထားချိန်လည်းဖြစ်တာကြောင့် နေအိမ်တွေမှာ တစ်ဦးစီ ခွဲပြီး တာဝန်ယူလုပ်ခဲ့ရလို့ အခက်အခဲတွေရှိခဲ့တယ်လို့လည်း ကျောင်းသားတွေကပြော ပါတယ်။
' ' အစပိုင်းကတော့ ကိုယ့်အိမ်မှာကိုယ့်အပိုင်းနဲ့ကိုယ် ခွဲလုပ်ကြတာ။ ကိုဗစ်ကာလဖြစ်လို့ လိုတဲ့ပစ္စည်းက ရှာမရတာ၊ တခါတလေလည်း လုပ်ရင်းနဲ့ error ရှိလာရင် ဆွဲထားတဲ့ ဆော့ဖ်ဝဲ ကြောင့်လားဆိုတာ အဖြေရှာ၊ အထပ်ထပ်စမ်းကြည့်နဲ့နောက်ဆုံးမှ ပစ္စည်းကြောင့်ဖြစ်တာဆိုတော့ ပစ္စည်းထပ်လဲရ ဒီလို အခက်အခဲ လေးတွေတော့ ရှိခဲ့တယ်။''လို့လည်း စီနီယာအဖွဲ့က ကျောင်းသားတစ်ဦးဖြစ်တဲ့ ကိုဘုန်းထက်လူက ပြောပါတယ်။
ဒါ့အပြင် မူလက မေလပထမအပတ်မှာ ဆေးရုံကိုသွားရောက်လှူဒါန်းဖို့ စီစဉ်ထားပေမယ့် လိုအပ်ချက် အနည်းငယ်ရှိခဲ့တဲ့အတွက် ပြန်လည်ပြင်ဆင်နေတာဖြစ်တယ်လို့လည်း ကျောင်းသား တွေကပြောပါတယ်။
ဒီစက်ရုပ်တွေက ဘယ်လိုအလုပ်လုပ်မှာလဲ
' ' ဆေးဖျန်းမယ့်စက်ရုပ်ကိုအဝေးကထိန်းချုပ်တဲ့ခလုတ်နဲ့ပဲ လူက ထိန်းချုပ်ပြီး ဖျန်းလို့ရမယ်။ နောက် ဆေးရည်ဖြည့်ပေးမယ့်စက်ရုပ်ကိုလည်း ဒီလိုပဲ အဝေးကနေပဲ ခလုတ်နှိပ်ပြီး ဖြည့်လို့ရမယ်။ လောလော ဆယ်တော့ ဗားရှင်း ၁ မှာတော့ စက်ရုပ်က လေးပေလောက်အမြင့်ထိပဲဖျန်းလို့ရမယ်။''လို့ ဂျုနီယာအဖွဲ့က ကျောင်းသူ မမိုးမြင့်မြတ်က ပြောပါတယ်။
ဆေးဖျန်းစက်ရုပ်နဲ့ ဆေးရည်ဖြည့်စက်ရုပ်တွေကို ဗားရှင်း ၂ အနေနဲ့ နောက်ထပ်အဆင့်မြှင့် တင်တာ တွေလုပ်သွားဖို့လည်း ရှိတယ်လို့ ကျောင်းသားတွေကပြောပါတယ်။
' ' မကြာခင်ရက်ပိုင်းအတွင်းမှာ ဆေးရုံကို လှူဒါန်းနိုင်ဖို့ နောက်ထပ်အသေးစားလိုအပ်ချက်လေးတွေ ထပ်ပြင်နေတာရှိတယ်။အဓိက သုံးမယ့်လူတွေကိုအန္တရာယ်မဖြစ်စေဖို့ပါ။ နောက်ပြီး အသုံးပြုမယ့် သူတွေအတွက် အသုံးပြုရမယ့် နည်းလမ်းညွှန်တွေကို အသေးစိတ်ရေးနေတယ်။ စက်ရဲ့ဘယ်အပိုင်း ကတော့ ရေထိလို့မရဘူးစတဲ့ သတိထားရမယ့်အချက်တွေရောပါတယ်''လို့ ဂျုနီယာအဖွဲ့က မမီမီမြတ်နိုးက ပြောပါတယ်။
ဒီလို ဖန်တီးရာမှာ ကျွမ်းကျင်ပြီး အင်ဂျင်နီယာတွေမပါဘဲ လူငယ်ကျောင်းသားတွေစုပေါင်းပြီး လုပ်ရတာ ဖြစ်လို့ စာတွေ့ သီအိုရီပိုင်းအရကနေ လက်တွေ့ပိုင်းကို လုပ်ဆောင်ရာမှာ အဆင်မပြေမှုတွေနဲ့လည်း ကြုံတွေ့ခဲ့ရတယ်လို့လည်း ကျောင်းသား တွေကပြောပါတယ်။
' ' လက်တွေ့လုပ်တဲ့နေရာမှာ အခက်အခဲရှိတယ်ဆိုပေမယ့် တကယ်လုပ်တဲ့အခါမှာ ဖြစ်တယ် လုပ်လို့ရတယ်ဆိုတာသိသွားတယ်။ နောက်ထပ် ဖန်တီးမှုတွေထပ်လုပ်သွားဖို့ အားတွေရသွားတယ်။ ယုံကြည်မှုလည်းရှိလာတယ်''လို့ ဒုတိယနှစ်ကျောင်းသားတစ်ဦးလည်းဖြစ်တဲ့ ကိုလဝန်းနန္ဒက ပြောပါတယ်။
BBC Burmese
https://www.bbc.com/burmese/burma-52558931
ကို႐ိုနာဗိုင္းရပ္စ္ - ေဆးဖ်န္းစက္႐ုပ္နဲ႔ ေဆးရည္ျဖည့္စက္႐ုပ္ကို ရန္ကုန္နည္းပညာတကၠသိုလ္ေက်ာင္းသား ေတြ စုေပါင္းတီထြင္
Reviewed by THITHTOOLWIN
on
21:01
Rating: