ေျမာက္ဦးလကၠာေက်း႐ြာမီးရႈိ႕ခံရ၊ ေနအိမ္၂၀၀ နီးပါးမီးေလာင္ပ်က္စီး

လက္ရွိမွာေနထိုင္သူမရွိေတာ့တဲ့ေက်း႐ြာျဖစ္
(Zawgyi)⤵⤵⤵
ရခိုင္ေျမာက္ပိုင္း၊ ေျမာက္ဦးၿမိဳ႕နယ္ထဲက လကၠာေက်း႐ြာမွာ စာသင္ေက်ာင္းတစ္ေက်ာင္း၊ ဆရာဆရာမေတြရဲ႕အေဆာင္ေတြ နဲ႔ေနအိမ္ ၂၀၀ နီးပါး ေမလ ၁၆ ရက္ေန႔က မီးရႈိ႕ခံလိုက္ရၿပီး မီးေလာင္ဆုံးရႈံးသြားခဲ့တယ္လို႔ ေနအိမ္မီးေလာင္ ခံလိုက္ရတဲ့ လကၠာေက်း႐ြာသားတစ္ဦးက ဘီဘီစီကေျပာပါတယ္။

လကၠာေက်း႐ြာဟာ အိမ္ေျခ ၃၀၀ ေက်ာ္ရွိၿပီး လူဦးေရ ၁၅၀၀ ေက်ာ္ေနထိုင္ခဲ့တဲ့ေက်း႐ြာတစ္႐ြာျဖစ္ၿပီး လက္ရွိမွာေနထိုင္သူမရွိေတာ့တဲ့ေက်း႐ြာျဖစ္ပါတယ္။

မီးေလာင္မႈအတြင္း လူေနအိမ္ ၁၉၄ လုံး၊ စာသင္ေက်ာင္းတစ္ေဆာင္၊ ဆရာဆရာမေနအိမ္ေဆာင္ သုံးလုံး စုစုေပါင္း ၁၉၈ လုံးမီးေလာင္ျပာက်သြားခဲ့တယ္လို႔ ေျမာက္ဦးၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးထြန္းသာစိန္က ေျပာပါတယ္။

အဲ့ဒီေက်း႐ြာမီးေလာင္မႈျဖစ္ပြားခဲ့တာဟာ ေမလ ၁၆ ရက္ေန႔ ေန႔လယ္ ၁၂ နာရီေလာက္မွာ တပ္မေတာ္စစ္ေၾကာင္း လကၠာေက်း႐ြာဘက္ကိုေရာက္ရွိလာခဲ့ၿပီး ၂ နာရီေက်ာ္ေလာက္မွာ မီးစတင္ေလာင္ကြၽမ္းမႈျဖစ္ပြားခဲ့တာကို ေတြ႕ျမင္လိုက္ရတယ္လို႔ ဗူး႐ြက္မညႇိဳးေက်း႐ြာသားတစ္ဦးက ေျပာပါတယ္။

ဘူးသီးေတာင္ ဥယ်ာဥ္သာ႐ြာ မီးေလာင္မႈ ဆန္နဲ႔ ကြၽဲႏြားေတြပါ ဆုံးရႈံးခဲ့တယ္လို႔ဆို
လကၠာေက်း႐ြာဟာ အခု လူ ေတြဟာဒုကၡသည္စခန္းေရာက္ေန
လကၠာ႐ြာျဖစ္စဥ္နဲ႔ပတ္သက္လို႔ တပ္မေတာ္ဘက္ကထုတ္ျပန္ခ်က္မွာေတာ့ အဲ့ဒီေန႔က လုံၿခဳံေရးေဆာင္႐ြက္ေနတဲ့ တပ္မေတာ္ စစ္ေၾကာင္း လကၠာေက်း႐ြာအနီးကိုအေရာက္မွာ ေအေအတပ္ဖြဲ႕ဝင္ေတြက ေက်း႐ြာအတြင္းကေန ပစ္ခတ္ခဲ့တဲ့အတြက္ တိုက္ပြဲျဖစ္ပြားခဲ့ၿပီး ေအေအတပ္ဖြဲ႕ဝင္ေတြက ေက်း႐ြာအတြင္းကေနအိမ္ေတြကို မီးရႈိ႕သြားခဲ့တာျဖစ္တယ္လို႔ ထုတ္ျပန္ထားပါတယ္။

ေအေအ အဖြဲ႕ေတြဟာ ေက်း႐ြာေတြအတြင္း အရပ္သား အသြင္နဲ႔ ေရာေႏွာေနထိုင္ၿပီး လုံၿခဳံေရးတပ္ဖြဲ႕ဝင္ေတြကို ေခ်ာင္းေျမာင္းပစ္ခတ္ျခင္း၊ မိုင္းေထာင္ေဖာက္ခြဲတိုက္ခိုက္ျခင္းမ်ား ေဆာင္႐ြက္လ်က္ရွိတဲ့အျပင္ ယခုကဲ့သို႔လုံၿခဳံေရး တပ္ဖြဲ႕ဝင္ေတြေက်း႐ြာအနီးေရာက္လာစဥ္ မွာ ထင္ေယာင္ထင္မွားျဖစ္ေစ ဖို႔ အတြက္ ေက်း႐ြာကို မီးရႈိ႕ခဲ့တာျဖစ္တယ္လို႔လည္း တပ္က ထုတ္ျပန္ခ်က္မွာပါ ရွိပါတယ္။

ေဒသခံေတြကေတာ့ ေက်း႐ြာအတြင္းမွာတိုက္ပြဲျဖစ္ပြားခဲ့တာလည္းမရွိသလို ေအေအတပ္ဖြဲ႕ဝင္ေတြမီးရႈိ႕သြားတာမဟုတ္ဘဲ တပ္မေတာ္စစ္ေၾကာင္းဝင္ေရာက္ၿပီး မၾကာခင္မွာ ေသနတ္ပစ္ေဖာက္ကာ မီးရႈိ႕ခဲ့တာျဖစ္တယ္လို႔ ေဒသခံေတြကေျပာဆို ၾကပါတယ္။

ေနအိမ္အလုံး ၂၀ ခန႔္မီးေလာင္ကြၽမ္းသြားခဲ့တယ္လို႔ တပ္မေတာ္ဘက္ကထုတ္ျပန္ခ်က္မွာ ေျပာဆိုထားေပမယ့္ ေဒသခံ ေတြကေတာ့ စာသင္ေက်ာင္းတစ္ေက်ာင္းနဲ႔ ေနအိမ္ ၂၀၀ နီးပါးမီးေလာင္ပ်က္စီးသြားခဲ့တာကို ေတြ႕ခဲ့ရတယ္လို႔ဆိုပါတယ္။

"ကြၽန္ေတာ္တို႔႐ြာက ႐ြာသားေတြက အိမ္မွာမေနရဘူး။ ကယ္ဆယ္ေရးစခန္းေတြမွာေနရတယ္။ အခု ကိုဗစ္ျဖစ္ၿပီး ေၾကာက္လန႔္ေနတဲ့ၾကားထဲက ႐ြာေတြမီးရႈိ႕ခံရတယ္ဆိုေတာ့ ရင္ထုမနာ ခံစားရတာေပါ့ဗ်ာ။"လို႔ လကၠာေက်း႐ြာသားတစ္ဦးက ေျပာပါတယ္။
ရခိုင္ျပည္နယ္အတြင္းတိုက္ပြဲေတြထဲမွာ အခုလိုမ်ိဳးေက်း႐ြာေတြ မၾကာခဏ မီးရႈိ႕ခံရေလ့ရွိ
လကၠာေက်း႐ြာသားေတြဟာ ၿပီးခဲ့တဲ့ ၂၀၁၉ ခုႏွစ္ ဧၿပီလ ၁၀ ရက္ေန႔မွာ တိုက္ပြဲေတြျဖစ္ပြားခဲ့ၾကၿပီး ေက်း႐ြာသား ၂၇ ဦးကို တပ္မေတာ္ဘက္က ဖမ္းဆီးျခင္းခံလိုက္ရၿပီးတဲ့ေနာက္မွာ ေက်း႐ြာသားေတြဟာ သူတို႔ရဲ႕ေနအိမ္ေတြမွာ ဆက္လက္မေနရဲၾကေတာ့တဲ့အတြက္ ေနအိမ္ေတြကိုစြန႔္လႊတ္ကာ ႐ြာလုံးကြၽတ္ထြက္ေျပးသြားခဲ့ၾကတာျဖစ္ပါတယ္။

အဲ့ဒီေက်း႐ြာသားေတြဟာ လက္ရွိမွာေတာ့ တိမ္ညိဳဒုကၡသည္စခန္း၊ ဘုရားလွဒုကၡသည္စခန္း၊ ပီပင္ရင္းဒုကၡသည္စခန္း စတဲ့ေနရာေတြမွာ ခိုလႈံေနထိုင္လ်က္ရွိေနၾကတာျဖစ္ပါတယ္။

လကၠာေက်း႐ြာ မီးေလာင္မႈျဖစဥ္အတြင္းမွာ ႐ႊာ ကေနအိမ္ေတြအျပင္ လယ္ထြန္စက္ေတြ၊ စက္သုံးဆီေတြ ေနအိမ္ေတြမွာသိုေလွာင္ထားၾကတဲ့ မ်ိဳးစပါးေတြနဲ႔ ဝမ္းစာစပါးေတြကိုလည္း ဆုံးရႈံးလိုက္ရတယ္လို႔ လကၠာေက်း႐ြာက လယ္သမားတစ္ဦးကေျပာပါတယ္။

"ေလာေလာဆယ္ကေတာ့ မီးထဲပါသြားတဲ့ အိမ္စာရင္းကို ေဒသခံေတြကိုေကာက္ယူခိုင္းထားတာရွိပါတယ္။ ၿပီးေတာ့ အဲ့ဒီအေျခအေနေတြကို လူမႈဝန္ထမ္းကယ္ဆယ္ေရးနဲ႔ ျပန္လည္ေနရာခ်ထားေရးဝန္ႀကီးဌာနကို အဲ့ဒီစာရင္းရတာနဲ႔ တင္ျပဖို႔ရွိပါတယ္။ ေနာက္တစ္ခုက ေဒသတြင္းမွာ ဒီလိုမ်ိဳး မီးထဲပါသြားတဲ့အတြက္ စားဝတ္ေနေရး၊ ေနေရးထိုင္ေရးကအစ ေတာ္ေတာ္ေလး အခက္အခဲရွိေနပါတယ္။ ဒါနဲ႔ပတ္သက္ၿပီးေတာ့လည္း သူတို႔ကိုဘယ္လိုကူညီပံ့ပိုးေပးရမလဲဆိုတာကို ေဒသခံေတြနဲ႔ တိုင္ပင္ေနတာရွိပါတယ္။"လို႔ ဦးထြန္းသာစိန္က ေျပာပါတယ္။

ရခိုင္ျပည္နယ္အတြင္းတိုက္ပြဲေတြထဲမွာ အခုလိုမ်ိဳးေက်း႐ြာေတြမီးေလာင္တာ မၾကာခဏဆိုသလို ျဖစ္ပြားေလ့ရွိေနၿပီး ရခိုင္ျပည္နယ္အတြင္းမွာ မီးရႈိ႕ခံလိုက္ရတဲ့ ေက်း႐ြာေပါင္း ၃၂ ႐ြာခန႔္ရွိေနၿပီျဖစ္ကာ ေနအိမ္အမ်ားဆုံးမီးရႈိ႕ခဲ့တဲ့ေက်း႐ြာေတြကေတာ့ ေက်ာက္ေတာ္ၿမိဳ႕နယ္အတြင္းက တင္းမေက်း႐ြာနဲ႔ ေျမာက္ဦးၿမိဳ႕နယ္အတြင္းက လကၠာေက်း႐ြာတို႔ဟာ ေနအိမ္အမ်ားအျပားပ်က္စီးခဲ့တဲ့ ေက်း႐ြာေတြလည္းျဖစ္ပါတယ္။

BBC Burmese
---------------------------------
(Unicode)⤵⤵⤵
မြောက်ဦးလက္ကာကျေးရွာမီးရှို့ခံရ၊ နေအိမ်၂၀၀ နီးပါးမီးလောင်ပျက်စီး

ရခိုင်မြောက်ပိုင်း၊ မြောက်ဦးမြို့နယ်ထဲက လက္ကာကျေးရွာမှာ စာသင်ကျောင်းတစ်ကျောင်း၊ ဆရာဆရာမတွေရဲ့အဆောင်တွေ နဲ့နေအိမ် ၂၀၀ နီးပါး မေလ ၁၆ ရက်နေ့က မီးရှို့ခံလိုက်ရပြီး မီးလောင်ဆုံးရှုံးသွားခဲ့တယ်လို့ နေအိမ်မီးလောင် ခံလိုက်ရတဲ့ လက္ကာကျေးရွာသားတစ်ဦးက ဘီဘီစီကပြောပါတယ်။

လက္ကာကျေးရွာဟာ အိမ်ခြေ ၃၀၀ ကျော်ရှိပြီး လူဦးရေ ၁၅၀၀ ကျော်နေထိုင်ခဲ့တဲ့ကျေးရွာတစ်ရွာဖြစ်ပြီး လက်ရှိမှာနေထိုင်သူမရှိတော့တဲ့ကျေးရွာဖြစ်ပါတယ်။

မီးလောင်မှုအတွင်း လူနေအိမ် ၁၉၄ လုံး၊ စာသင်ကျောင်းတစ်ဆောင်၊ ဆရာဆရာမနေအိမ်ဆောင် သုံးလုံး စုစုပေါင်း ၁၉၈ လုံးမီးလောင်ပြာကျသွားခဲ့တယ်လို့ မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ပြောပါတယ်။

အဲ့ဒီကျေးရွာမီးလောင်မှုဖြစ်ပွားခဲ့တာဟာ မေလ ၁၆ ရက်နေ့ နေ့လယ် ၁၂ နာရီလောက်မှာ တပ်မတော်စစ်ကြောင်း လက္ကာကျေးရွာဘက်ကိုရောက်ရှိလာခဲ့ပြီး ၂ နာရီကျော်လောက်မှာ မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားခဲ့တာကို တွေ့မြင်လိုက်ရတယ်လို့ ဗူးရွက်မညှိုးကျေးရွာသားတစ်ဦးက ပြောပါတယ်။

ဘူးသီးတောင် ဥယျာဉ်သာရွာ မီးလောင်မှု ဆန်နဲ့ ကျွဲနွားတွေပါ ဆုံးရှုံးခဲ့တယ်လို့ဆို

လက္ကာရွာဖြစ်စဉ်နဲ့ပတ်သက်လို့ တပ်မတော်ဘက်ကထုတ်ပြန်ချက်မှာတော့ အဲ့ဒီနေ့က လုံခြုံရေးဆောင်ရွက်နေတဲ့ တပ်မတော် စစ်ကြောင်း လက္ကာကျေးရွာအနီးကိုအရောက်မှာ အေအေတပ်ဖွဲ့ဝင်တွေက ကျေးရွာအတွင်းကနေ ပစ်ခတ်ခဲ့တဲ့အတွက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး အေအေတပ်ဖွဲ့ဝင်တွေက ကျေးရွာအတွင်းကနေအိမ်တွေကို မီးရှို့သွားခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

အေအေ အဖွဲ့တွေဟာ ကျေးရွာတွေအတွင်း အရပ်သား အသွင်နဲ့ ရောနှောနေထိုင်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ချောင်းမြောင်းပစ်ခတ်ခြင်း၊ မိုင်းထောင်ဖောက်ခွဲတိုက်ခိုက်ခြင်းများ ဆောင်ရွက်လျက်ရှိတဲ့အပြင် ယခုကဲ့သို့လုံခြုံရေး တပ်ဖွဲ့ဝင်တွေကျေးရွာအနီးရောက်လာစဉ် မှာ ထင်ယောင်ထင်မှားဖြစ်စေ ဖို့ အတွက် ကျေးရွာကို မီးရှို့ခဲ့တာဖြစ်တယ်လို့လည်း တပ်က ထုတ်ပြန်ချက်မှာပါ ရှိပါတယ်။

ဒေသခံတွေကတော့ ကျေးရွာအတွင်းမှာတိုက်ပွဲဖြစ်ပွားခဲ့တာလည်းမရှိသလို အေအေတပ်ဖွဲ့ဝင်တွေမီးရှို့သွားတာမဟုတ်ဘဲ တပ်မတော်စစ်ကြောင်းဝင်ရောက်ပြီး မကြာခင်မှာ သေနတ်ပစ်ဖောက်ကာ မီးရှို့ခဲ့တာဖြစ်တယ်လို့ ဒေသခံတွေကပြောဆို ကြပါတယ်။

နေအိမ်အလုံး ၂၀ ခန့်မီးလောင်ကျွမ်းသွားခဲ့တယ်လို့ တပ်မတော်ဘက်ကထုတ်ပြန်ချက်မှာ ပြောဆိုထားပေမယ့် ဒေသခံ တွေကတော့ စာသင်ကျောင်းတစ်ကျောင်းနဲ့ နေအိမ် ၂၀၀ နီးပါးမီးလောင်ပျက်စီးသွားခဲ့တာကို တွေ့ခဲ့ရတယ်လို့ဆိုပါတယ်။

"ကျွန်တော်တို့ရွာက ရွာသားတွေက အိမ်မှာမနေရဘူး။ ကယ်ဆယ်ရေးစခန်းတွေမှာနေရတယ်။ အခု ကိုဗစ်ဖြစ်ပြီး ကြောက်လန့်နေတဲ့ကြားထဲက ရွာတွေမီးရှို့ခံရတယ်ဆိုတော့ ရင်ထုမနာ ခံစားရတာပေါ့ဗျာ။"လို့ လက္ကာကျေးရွာသားတစ်ဦးက ပြောပါတယ်။

လက္ကာကျေးရွာသားတွေဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် ဧပြီလ ၁၀ ရက်နေ့မှာ တိုက်ပွဲတွေဖြစ်ပွားခဲ့ကြပြီး ကျေးရွာသား ၂၇ ဦးကို တပ်မတော်ဘက်က ဖမ်းဆီးခြင်းခံလိုက်ရပြီးတဲ့နောက်မှာ ကျေးရွာသားတွေဟာ သူတို့ရဲ့နေအိမ်တွေမှာ ဆက်လက်မနေရဲကြတော့တဲ့အတွက် နေအိမ်တွေကိုစွန့်လွှတ်ကာ ရွာလုံးကျွတ်ထွက်ပြေးသွားခဲ့ကြတာဖြစ်ပါတယ်။

အဲ့ဒီကျေးရွာသားတွေဟာ လက်ရှိမှာတော့ တိမ်ညိုဒုက္ခသည်စခန်း၊ ဘုရားလှဒုက္ခသည်စခန်း၊ ပီပင်ရင်းဒုက္ခသည်စခန်း စတဲ့နေရာတွေမှာ ခိုလှုံနေထိုင်လျက်ရှိနေကြတာဖြစ်ပါတယ်။

လက္ကာကျေးရွာ မီးလောင်မှုဖြစဉ်အတွင်းမှာ ရွှာ ကနေအိမ်တွေအပြင် လယ်ထွန်စက်တွေ၊ စက်သုံးဆီတွေ နေအိမ်တွေမှာသိုလှောင်ထားကြတဲ့ မျိုးစပါးတွေနဲ့ ဝမ်းစာစပါးတွေကိုလည်း ဆုံးရှုံးလိုက်ရတယ်လို့ လက္ကာကျေးရွာက လယ်သမားတစ်ဦးကပြောပါတယ်။

"လောလောဆယ်ကတော့ မီးထဲပါသွားတဲ့ အိမ်စာရင်းကို ဒေသခံတွေကိုကောက်ယူခိုင်းထားတာရှိပါတယ်။ ပြီးတော့ အဲ့ဒီအခြေအနေတွေကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနကို အဲ့ဒီစာရင်းရတာနဲ့ တင်ပြဖို့ရှိပါတယ်။ နောက်တစ်ခုက ဒေသတွင်းမှာ ဒီလိုမျိုး မီးထဲပါသွားတဲ့အတွက် စားဝတ်နေရေး၊ နေရေးထိုင်ရေးကအစ တော်တော်လေး အခက်အခဲရှိနေပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့လည်း သူတို့ကိုဘယ်လိုကူညီပံ့ပိုးပေးရမလဲဆိုတာကို ဒေသခံတွေနဲ့ တိုင်ပင်နေတာရှိပါတယ်။"လို့ ဦးထွန်းသာစိန်က ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်းတိုက်ပွဲတွေထဲမှာ အခုလိုမျိုးကျေးရွာတွေမီးလောင်တာ မကြာခဏဆိုသလို ဖြစ်ပွားလေ့ရှိနေပြီး ရခိုင်ပြည်နယ်အတွင်းမှာ မီးရှို့ခံလိုက်ရတဲ့ ကျေးရွာပေါင်း ၃၂ ရွာခန့်ရှိနေပြီဖြစ်ကာ နေအိမ်အများဆုံးမီးရှို့ခဲ့တဲ့ကျေးရွာတွေကတော့ ကျောက်တော်မြို့နယ်အတွင်းက တင်းမကျေးရွာနဲ့ မြောက်ဦးမြို့နယ်အတွင်းက လက္ကာကျေးရွာတို့ဟာ နေအိမ်အများအပြားပျက်စီးခဲ့တဲ့ ကျေးရွာတွေလည်းဖြစ်ပါတယ်။

BBC Burmese
https://www.bbc.com/burmese/burma-52706195
ေျမာက္ဦးလကၠာေက်း႐ြာမီးရႈိ႕ခံရ၊ ေနအိမ္၂၀၀ နီးပါးမီးေလာင္ပ်က္စီး ေျမာက္ဦးလကၠာေက်း႐ြာမီးရႈိ႕ခံရ၊ ေနအိမ္၂၀၀ နီးပါးမီးေလာင္ပ်က္စီး Reviewed by THITHTOOLWIN on 20:13 Rating: 5
Powered by Blogger.