အေျခခံပညာ သင္႐ိုးသစ္သင္တန္းေတြ အြန္လိုင္းကေန ပို႔ခ်ေနၿပီ

ဆယ္တန္းစာေမးပဲြေျဖၿပီးလို႔ ေက်ာင္းက ျပန္ေတာ့မယ့္ ဆရာမနဲ႔ ေက်ာင္းသားတခ်ိဳ႕ (မတ္ ၁၈၊ ၂၀၂၀)
[Zawgyi/Unicode]

အေျခခံပညာသင္ဆရာ၊ ဆရာမေတြကုိ သင္ရုိးသစ္သင္တန္းပုိ႔ခ်တာနဲ႔ ပတ္သက္ၿပီး ကုိဗစ္ကပ္ေရာဂါကာလနဲ႔ တုိက္ဆုိင္ေနတာေၾကာင့္ အြန္လိုင္းကေနပဲသင္ယူေလ့လာႏိုင္ဖုိ႔ ေဆာင္ရြက္ေနတဲ့သတင္းကို ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ မစုစုက တင္ဆက္ေပးပါမယ္။

အခုလာမယ့္ ပညာသင္ႏွစ္မွာ သင္ရိုးသစ္စတင္မယ့္ ၄တန္း၊ ၇တန္းနဲ႔ ၁၀တန္း။ အဲဒီအတန္းေတြကို သင္ၾကားေပးမယ့္ ဆရာ၊ဆရာမေတြအတြက္ သင္ရိုးသစ္သင္တန္းပို႔ခ်တာကို အြန္လိုင္းအေျချပဳစနစ္နဲ႔ ကုိယ္တုိင္ေလ့လာသင္ယူမႈအစီအစဥ္ကုိ ဒီကေန႔ကစၿပီး ေလ့လာႏုိင္မွာပါ။

အရင္ကရွိေနၿပီးသားျဖစ္တဲ့ ဆရာမြမ္းမံသင္တန္းအျပင္ ကုန္က်စရိတ္သက္သာၿပီး ထိေရာက္မႈရွိတဲ့ အင္တာနက္အေျချပဳ သင္ၾကားသင္ယူမႈျဖစ္တဲ့ MDEP (Myanmar Digital Education Platform) ကို ၿပီးခဲ့တဲ့ႏွစ္ ေအာက္တုိဘာလမွာ အေျခခံပညာဦးစီးဌာနက စတင္စမ္းသပ္ခဲ့တယ္လို႔ သိရပါတယ္။

ကိုဗစ္မတုိင္ခင္က ဆရာမြမ္းမံသင္တန္းေတြကေနတဆင့္ ဆရာ၊ ဆရာမေတြကုိ ၁၄ ရက္တာ သင္တန္းပုိ႔ခ်ေပးခဲ့တာျဖစ္ၿပီး သင္တန္းကာလအတြင္းမွာ ႏိုင္ငံေတာ္ဘတ္ဂ်က္နဲ႔ တရက္ ၃,၀၀၀ ေထာက္ပံ့ခဲ့တယ္လုိ႔ သိရပါတယ္။ ဒါေပမဲ့ အဲဒီစနစ္မွာ ကုန္က်စရိတ္မ်ားခဲ့ၿပီး အခုစမ္းသပ္ေနတဲ့ အင္တာနက္အေျချပဳစနစ္ဟာ ဆရာ၊ ဆရာမေတြအတြက္ပါ အေထာက္အကူျပဳတယ္လို႔ အေျခခံပညာဦးစီးဌာနက ဒုညႊန္ခ်ဳပ္ ေဒါက္တာတင္ေမာင္ဝင္းက အြန္လို္င္းကတဆင့္လုပ္တဲ့ သတင္းစာရွင္းလင္းပဲြမွာ ေျပာသြားပါတယ္။

"တျဖည္းျဖည္းနဲ႔ က်ေနာ္တို႔က Face to Face ကို ေလွ်ာ့ခ်မယ္။ ဘာျဖစ္လို႔လည္းဆုိေတာ့ ေႏြရာသီပူပူေလာင္ေလာင္မွာ ဆရာ၊ ဆရာမေတြ သင္တန္းတက္ရတယ္။ က်န္းမာေရးအေျခအေနအရေရာ၊ ရာသီဥတုအေျခအေနအရေရာ ေတာ္ေတာ္အဆင္မေျပဘူး။ ေနရထုိင္ရတဲ့အေနအထားေတြကလည္း ကိုယ့္အိမ္မဟုတ္တဲ့အတြက္ေၾကာင့္မုိ႔ ေတာ္ေတာ္အဆင္မေျပတာေတြ အမ်ားႀကီးရွိတယ္။ အဲဒါေတြကုိ ေလွ်ာ့ခ်ႏုိင္ဖို႔ဆုိတာ ဒီဘက္က Online & Offline နဲ႔ေပါင္းလိုက္မယ္ဆုိရင္ ရရွိသြားမယ့္ Training မွန္သမွ်က က်ေတာ္ထင္ပါတယ္။ အခုလို Zoom Meeting နဲ႔သြားတာရွိမယ္။ အခုေတာ့ မျဖစ္မေနက်ေတာ္တုိ႔ ကိုဗစ္ကေနၿပီးေတာ့ တြန္းပုိ႔လိုက္တဲ့အတြက္ ဒီစင္ေပၚကုိေရာက္လာတာေၾကာင့္ ဒီအတုိင္းပဲက်ေတာ္တုိ႔ဆက္သြားမွာေတြလည္း အမ်ားႀကီးရွိတယ္။ ေပါင္းစပ္ၿပီးေတာ့ ဒီ Blended Approach ေတြနဲ႔ က်ေတာ္တုိ႔သြားပါ့မယ္။”

Grade 4, 7, 10 သင္ၾကားေရးဆရာ၊ဆရာမေတြအတြက္ ဗဟုိအဆင့္ သင္ရုိးသစ္သင္တန္းကေန ဗီဒီယုိမွတ္တမ္းေတြနဲ႔ ကုိယ္တုိင္သင္ယူႏုိင္ဖုိ႔ုကုိ ျပင္ဆင္ေပးထားတယ္လို႔ ဆုိပါတယ္။ အင္တာနက္အသံုးျပဳဖုိ႔ အခက္အခဲရွိတဲ့ ေဒသေတြကဆရာ၊ ဆရာမေတြအတြက္ကိုလည္း အင္တာနက္အသံုးျပဳဖို႔ မလိုဘဲ သင္ၾကားႏိုင္ေအာင္ စီစဥ္ေဆာင္ရြက္ေပးထားတာပါ။

အခုအေကာင္အထည္ေဖာ္ေဆာင္ရြက္မယ့္ MDEP Platform ရွိေနသ၍ ဒီသင္တန္းတက္ေရာက္ဖုိ႔ စာရင္းေပးထားတဲ့ဆရာ၊ဆရာမေတြအေနနဲ႔ အခ်ိန္မေရြး ေလ့လာသင္ယူႏုိင္မွာျဖစ္တယ္လို႔ ဒီအစီအစဥ္ကုိ ပညာေရးဝန္ႀကီးဌာနနဲ႔အတူ ပူးေပါင္းေဆာင္ရြက္ေနတဲ့ myMEproject (Myanmar Mobile Education Project) က အမႈေဆာင္အရာရွိ ဦးတင္ေမာင္ေမာင္ေအးက အခုလိုေျပာပါတယ္။

“Grade 4, 7, 10 ဆိုတာက လာမယ့္ပညာသင္ႏွစ္မွာ သင္ရိုးညႊန္းတမ္းအသစ္နဲ႔ စမယ့္ အတန္းသံုးတန္းျဖစ္လို႔ ဒါကုိအေျခခံ အဓိကထားၿပီးေတာ့ သြားတာေပါ့ေနာ္။ အခုကိုဗစ္ျဖစ္လာေတာ့မွ က်ေတာ္တို႔က Grade 4, 7, 10 ကုိ Face to Face Teacher Training ေတြ မေပးႏုိင္ေတာ့တဲ့အတြက္ ဒါနဲ႔ပတ္သက္တဲ့ ဗီြဒီယုိေတြကိုပဲ က်ေနာ္တို႔က အြန္လိုင္းသင္တန္းေတြျဖစ္ေအာင္ လုပ္ၿပီးေတာ့ အခုလက္ရွိသြားေနျခင္း ျဖစ္ပါတယ္။”

ဆရာ၊ ဆရာမေတြအေနနဲ႔ သင္ၾကားသင္ယူမႈမွာ ၾကံဳေတြ႕ႏုိင္တဲ့ အခက္အခဲေတြကုိ ပိုၿပီးအဆင္ေျပေခ်ာေမြ႕ေစဖို႔အတြက္ ပညာေရးဝန္ႀကီးဌာနက သက္ဆိုင္ရာ အစုိးရတာဝန္ရွိသူေတြအျပင္ မိတ္ဖက္အဖြဲ႕အစည္းေတြနဲ႔ ကၽြမ္းက်င္ပညာရွင္တုိ႔နဲ႔ ပူးေပါင္းေဆာင္ရြက္ေပးသြားမယ္လုိ႔ ဆုိပါတယ္။

MDEP Platform အတြက္ စာရင္းေပးထားတဲ့ ဆရာ၊ ဆရာမဦးေရ ၇၅,၀၀၀ ေက်ာ္ရွိေနၿပီး အဲဒီထဲမွာ အစုိးရေက်ာင္းဆရာ၊ဆရာမအပါအဝင္၊ ဒုကၡသည္စခန္းေတြမွာ လုပ္အားေပးေနတဲ့ ေစတနာရွင္ဆရာေတြနဲ႔ ကိုယ္ပုိင္ေက်ာင္းေတြမွာ သင္ၾကားေပးေနတဲ့ ဆရာေတြလည္း ပါဝင္တယ္လို႔ သိရပါတယ္။

စုစု  / ဗြီအိုေအ (ျမန္မာပုိင္း)
------------------------------------
[Unicode Version]

အခြေခံပညာ သင်ရိုးသစ်သင်တန်းတွေ အွန်လိုင်းကနေ ပို့ချနေပြီ

အခြေခံပညာသင်ဆရာ၊ ဆရာမတွေကို သင်ရိုးသစ်သင်တန်းပို့ချတာနဲ့ ပတ်သက်ပြီး ကိုဗစ်ကပ်ရောဂါကာလနဲ့ တိုက်ဆိုင်နေတာကြောင့် အွန်လိုင်းကနေပဲသင်ယူလေ့လာနိုင်ဖို့ ဆောင်ရွက်နေတဲ့သတင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မစုစုက တင်ဆက်ပေးပါမယ်။

အခုလာမယ့် ပညာသင်နှစ်မှာ သင်ရိုးသစ်စတင်မယ့် ၄တန်း၊ ၇တန်းနဲ့ ၁၀တန်း။ အဲဒီအတန်းတွေကို သင်ကြားပေးမယ့် ဆရာ၊ဆရာမတွေအတွက် သင်ရိုးသစ်သင်တန်းပို့ချတာကို အွန်လိုင်းအခြေပြုစနစ်နဲ့ ကိုယ်တိုင်လေ့လာသင်ယူမှုအစီအစဉ်ကို ဒီကနေ့ကစပြီး လေ့လာနိုင်မှာပါ။

အရင်ကရှိနေပြီးသားဖြစ်တဲ့ ဆရာမွမ်းမံသင်တန်းအပြင် ကုန်ကျစရိတ်သက်သာပြီး ထိရောက်မှုရှိတဲ့ အင်တာနက်အခြေပြု သင်ကြားသင်ယူမှုဖြစ်တဲ့ MDEP (Myanmar Digital Education Platform) ကို ပြီးခဲ့တဲ့နှစ် အောက်တိုဘာလမှာ အခြေခံပညာဦးစီးဌာနက စတင်စမ်းသပ်ခဲ့တယ်လို့ သိရပါတယ်။

ကိုဗစ်မတိုင်ခင်က ဆရာမွမ်းမံသင်တန်းတွေကနေတဆင့် ဆရာ၊ ဆရာမတွေကို ၁၄ ရက်တာ သင်တန်းပို့ချပေးခဲ့တာဖြစ်ပြီး သင်တန်းကာလအတွင်းမှာ နိုင်ငံတော်ဘတ်ဂျက်နဲ့ တရက် ၃,၀၀၀ ထောက်ပံ့ခဲ့တယ်လို့ သိရပါတယ်။ ဒါပေမဲ့ အဲဒီစနစ်မှာ ကုန်ကျစရိတ်များခဲ့ပြီး အခုစမ်းသပ်နေတဲ့ အင်တာနက်အခြေပြုစနစ်ဟာ ဆရာ၊ ဆရာမတွေအတွက်ပါ အထောက်အကူပြုတယ်လို့ အခြေခံပညာဦးစီးဌာနက ဒုညွှန်ချုပ် ဒေါက်တာတင်မောင်ဝင်းက အွန်လိုင်းကတဆင့်လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

"တဖြည်းဖြည်းနဲ့ ကျနော်တို့က Face to Face ကို လျှော့ချမယ်။ ဘာဖြစ်လို့လည်းဆိုတော့ နွေရာသီပူပူလောင်လောင်မှာ ဆရာ၊ ဆရာမတွေ သင်တန်းတက်ရတယ်။ ကျန်းမာရေးအခြေအနေအရရော၊ ရာသီဥတုအခြေအနေအရရော တော်တော်အဆင်မပြေဘူး။ နေရထိုင်ရတဲ့အနေအထားတွေကလည်း ကိုယ့်အိမ်မဟုတ်တဲ့အတွက်ကြောင့်မို့ တော်တော်အဆင်မပြေတာတွေ အများကြီးရှိတယ်။ အဲဒါတွေကို လျှော့ချနိုင်ဖို့ဆိုတာ ဒီဘက်က Online & Offline နဲ့ပေါင်းလိုက်မယ်ဆိုရင် ရရှိသွားမယ့် Training မှန်သမျှက ကျတော်ထင်ပါတယ်။ အခုလို Zoom Meeting နဲ့သွားတာရှိမယ်။ အခုတော့ မဖြစ်မနေကျတော်တို့ ကိုဗစ်ကနေပြီးတော့ တွန်းပို့လိုက်တဲ့အတွက် ဒီစင်ပေါ်ကိုရောက်လာတာကြောင့် ဒီအတိုင်းပဲကျတော်တို့ဆက်သွားမှာတွေလည်း အများကြီးရှိတယ်။ ပေါင်းစပ်ပြီးတော့ ဒီ Blended Approach တွေနဲ့ ကျတော်တို့သွားပါ့မယ်။”

Grade 4, 7, 10 သင်ကြားရေးဆရာ၊ဆရာမတွေအတွက် ဗဟိုအဆင့် သင်ရိုးသစ်သင်တန်းကနေ ဗီဒီယိုမှတ်တမ်းတွေနဲ့ ကိုယ်တိုင်သင်ယူနိုင်ဖို့ုကို ပြင်ဆင်ပေးထားတယ်လို့ ဆိုပါတယ်။ အင်တာနက်အသုံးပြုဖို့ အခက်အခဲရှိတဲ့ ဒေသတွေကဆရာ၊ ဆရာမတွေအတွက်ကိုလည်း အင်တာနက်အသုံးပြုဖို့ မလိုဘဲ သင်ကြားနိုင်အောင် စီစဉ်ဆောင်ရွက်ပေးထားတာပါ။
ဆယ္တန္းေျဖၾကမယ့္ ေက်ာင္းသူမ်ား စာၾကည့္ေနၾကတဲ့ ျမင္ကြင္း (ေဖေဖာ္၀ါရီ ၁၉၊ ၂၀၁၆)
SEE ALSO:
ျမန္မာႏုိင္ငံမွာ ေက်ာင္းေတြ ျပန္ဖြင့္ေရး က်န္းမာေရးနဲ႔ ပညာေရး၀န္ႀကီးဌာနေဆြးေႏြး

အခုအကောင်အထည်ဖော်ဆောင်ရွက်မယ့် MDEP Platform ရှိနေသ၍ ဒီသင်တန်းတက်ရောက်ဖို့ စာရင်းပေးထားတဲ့ဆရာ၊ဆရာမတွေအနေနဲ့ အချိန်မရွေး လေ့လာသင်ယူနိုင်မှာဖြစ်တယ်လို့ ဒီအစီအစဉ်ကို ပညာရေးဝန်ကြီးဌာနနဲ့အတူ ပူးပေါင်းဆောင်ရွက်နေတဲ့ myMEproject (Myanmar Mobile Education Project) က အမှုဆောင်အရာရှိ ဦးတင်မောင်မောင်အေးက အခုလိုပြောပါတယ်။

“Grade 4, 7, 10 ဆိုတာက လာမယ့်ပညာသင်နှစ်မှာ သင်ရိုးညွှန်းတမ်းအသစ်နဲ့ စမယ့် အတန်းသုံးတန်းဖြစ်လို့ ဒါကိုအခြေခံ အဓိကထားပြီးတော့ သွားတာပေါ့နော်။ အခုကိုဗစ်ဖြစ်လာတော့မှ ကျတော်တို့က Grade 4, 7, 10 ကို Face to Face Teacher Training တွေ မပေးနိုင်တော့တဲ့အတွက် ဒါနဲ့ပတ်သက်တဲ့ ဗွီဒီယိုတွေကိုပဲ ကျနော်တို့က အွန်လိုင်းသင်တန်းတွေဖြစ်အောင် လုပ်ပြီးတော့ အခုလက်ရှိသွားနေခြင်း ဖြစ်ပါတယ်။”

ဆရာ၊ ဆရာမတွေအနေနဲ့ သင်ကြားသင်ယူမှုမှာ ကြုံတွေ့နိုင်တဲ့ အခက်အခဲတွေကို ပိုပြီးအဆင်ပြေချောမွေ့စေဖို့အတွက် ပညာရေးဝန်ကြီးဌာနက သက်ဆိုင်ရာ အစိုးရတာဝန်ရှိသူတွေအပြင် မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ကျွမ်းကျင်ပညာရှင်တို့နဲ့ ပူးပေါင်းဆောင်ရွက်ပေးသွားမယ်လို့ ဆိုပါတယ်။

MDEP Platform အတွက် စာရင်းပေးထားတဲ့ ဆရာ၊ ဆရာမဦးရေ ၇၅,၀၀၀ ကျော်ရှိနေပြီး အဲဒီထဲမှာ အစိုးရကျောင်းဆရာ၊ဆရာမအပါအဝင်၊ ဒုက္ခသည်စခန်းတွေမှာ လုပ်အားပေးနေတဲ့ စေတနာရှင်ဆရာတွေနဲ့ ကိုယ်ပိုင်ကျောင်းတွေမှာ သင်ကြားပေးနေတဲ့ ဆရာတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

စုစု  / ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/myanmar-education-online/5430123.html
အေျခခံပညာ သင္႐ိုးသစ္သင္တန္းေတြ အြန္လိုင္းကေန ပို႔ခ်ေနၿပီ အေျခခံပညာ သင္႐ိုးသစ္သင္တန္းေတြ အြန္လိုင္းကေန ပို႔ခ်ေနၿပီ Reviewed by THITHTOOLWIN on 07:13 Rating: 5
Powered by Blogger.