အမေရိကန်မှာ ကိုဗစ်ကြောင့် သေဆုံးသူ တသိန်းကျော်ပြီ


(Unicode)⤵⤵⤵
အမေရိကန်ပြည်ထောင်စုမှာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် သေဆုံးရသူဟာ အခုဆိုရင် တသိန်းနီးပါး (၉၉,၇၂၄) ရှိနေပြီး ကမ္ဘာတလွှားမှာတော့ သုံးသိန်းခွဲကျော် (၃၅၂,၇၈၉ ) ရှိနေတယ်လို့ အမေရိကန် Johns Hopkins တက္ကသိုလ် စစ်တမ်းမှာ ဖေါ်ပြထားပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကတော့ ဒီကပ်ရောဂါနဲ့ ပတ်သက်ပြီး သတင်းမီဒီယာတွေနဲ့ ဒီမိုကရက်တစ်ပါတီက နိုင်ငံရေးသမားတွေက သူ့လုပ်ဆောင်မှုအတွက် အချက်လက်မှားတွေ ဖြန့်နေတယ်လို့ စွပ်စွဲပြောဆိုပြီး သူ့ရဲ့ ဒီကပ်ရောဂါဆိုင်ရာ ကိုင်တွယ်ပုံကို ခုခံပြောဆိုခဲ့ပါတယ်။

တချိန်ထည်းမှာပဲ တောင်ကိုရီးယား နိုင်ငံက သူ့နိုင်ငံတွင်းမှာ နောက်ထပ်ဒီရောဂါအကူးစက်ခံရသူ ၄၉ ယောက် ထပ်တွေ့ရပြီး ကူးစက်မှု ထိုးတက်သွားတယ်လို့ ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။

ဘရာဇီးလ်ကတော့ အမေရိကန်ပြီးရင် အကူးစက်ခံရသူ ဒုတိယ အများဆုံး ဖြစ်လာ နေပြီး တရက်ကို သေဆုံးသူ တထောင်ကျော်- ၅ ရက်ဆက်တိုက် တဖြစ်နေတာကြောင့် စိုးရိမ်မှုတွေ တိုးလာ နေပါတယ်။

အိန္ဒိယမှာတော့ ဗုဒ္ဓဟူးနေ့ မှာ စံချိန်တင်လောက်အောင် အကူးစက်ခံရသူ ၆၀၀၀ ရှိပြီး အခုဆို အကူးစက်ခံရသူက တသိန်းခွဲ ကျော်နေပါပြီ။ နယူးဇီလန်မှာတော့ နောက်ထပ်အကူးစက်ခံရသူ ထပ်မတွေ့ရပါဘူး။ နယူးဇီလန်နဲ့ Australia အစိုးရတွေက ၂ နိုင်ငံကြား ခရီးသွားတားမြစ်မှုတွေ နဲ့ ပတ်သက်ပြီး ပြန်လည်ပြင်ဆင်ဖို့ လုပ်နေကြပါတယ်။

ဗုဒ္ဓဟူးနေ့မှာ ကမ္ဘာတလွှား ကိုရိုနာဗိုင်းရပ်စ် အကူးစက်ခံရသူပေါင်း ၅.၆ သန်းကျော် (၅,၆၄၄,၅၆၂) ရှိပြီး သေဆုံးရသူပေါင်းက ၃ သိန်းခွဲကျော် ရှိနေတာပါ။

 ဗွီအိုအေ (မြန်မာပိုင်း)
------------------------------------
(Zawgyi)⤵⤵⤵
အေမရိကန္မွာ ကိုဗစ္ေၾကာင့္ ေသဆုံးသူ တသိန္းေက်ာ္ၿပီ

အေမရိကန္ျပည္ေထာင္စုမွာ ကို႐ိုနာဗိုင္းရပ္စ္ ကပ္ေရာဂါေၾကာင့္ ေသဆုံးရသူဟာ အခုဆိုရင္ တသိန္းနီးပါး (၉၉,၇၂၄) ရွိေနၿပီး ကမာၻတလႊားမွာေတာ့ သုံးသိန္းခြဲေက်ာ္ (၃၅၂,၇၈၉ ) ရွိေနတယ္လို႔ အေမရိကန္ Johns Hopkins တကၠသိုလ္ စစ္တမ္းမွာ ေဖၚျပထားပါတယ္။

အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ကေတာ့ ဒီကပ္ေရာဂါနဲ႔ ပတ္သက္ၿပီး သတင္းမီဒီယာေတြနဲ႔ ဒီမိုကရက္တစ္ပါတီက ႏိုင္ငံေရးသမားေတြက သူ႔လုပ္ေဆာင္မႈအတြက္ အခ်က္လက္မွားေတြ ျဖန႔္ေနတယ္လို႔ စြပ္စြဲေျပာဆိုၿပီး သူ႔ရဲ႕ ဒီကပ္ေရာဂါဆိုင္ရာ ကိုင္တြယ္ပုံကို ခုခံေျပာဆိုခဲ့ပါတယ္။

တခ်ိန္ထည္းမွာပဲ ေတာင္ကိုရီးယား ႏိုင္ငံက သူ႔ႏိုင္ငံတြင္းမွာ ေနာက္ထပ္ဒီေရာဂါအကူးစက္ခံရသူ ၄၉ ေယာက္ ထပ္ေတြ႕ရၿပီး ကူးစက္မႈ ထိုးတက္သြားတယ္လို႔ ဗုဒၶဟူးေန႔မွာ ေျပာပါတယ္။

ဘရာဇီးလ္ကေတာ့ အေမရိကန္ၿပီးရင္ အကူးစက္ခံရသူ ဒုတိယ အမ်ားဆုံး ျဖစ္လာ ေနၿပီး တရက္ကို ေသဆုံးသူ တေထာင္ေက်ာ္- ၅ ရက္ဆက္တိုက္ တျဖစ္ေနတာေၾကာင့္ စိုးရိမ္မႈေတြ တိုးလာ ေနပါတယ္။

အိႏၵိယမွာေတာ့ ဗုဒၶဟူးေန႔ မွာ စံခ်ိန္တင္ေလာက္ေအာင္ အကူးစက္ခံရသူ ၆၀၀၀ ရွိၿပီး အခုဆို အကူးစက္ခံရသူက တသိန္းခြဲ ေက်ာ္ေနပါၿပီ။ နယူးဇီလန္မွာေတာ့ ေနာက္ထပ္အကူးစက္ခံရသူ ထပ္မေတြ႕ရပါဘူး။ နယူးဇီလန္နဲ႔ Australia အစိုးရေတြက ၂ ႏိုင္ငံၾကား ခရီးသြားတားျမစ္မႈေတြ နဲ႔ ပတ္သက္ၿပီး ျပန္လည္ျပင္ဆင္ဖို႔ လုပ္ေနၾကပါတယ္။

ဗုဒၶဟူးေန႔မွာ ကမာၻတလႊား ကို႐ိုနာဗိုင္းရပ္စ္ အကူးစက္ခံရသူေပါင္း ၅.၆ သန္းေက်ာ္ (၅,၆၄၄,၅၆၂) ရွိၿပီး ေသဆုံးရသူေပါင္းက ၃ သိန္းခြဲေက်ာ္ ရွိေနတာပါ။

 ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com/a/covid-19-death-tool-in-us/5438447.html
အမေရိကန်မှာ ကိုဗစ်ကြောင့် သေဆုံးသူ တသိန်းကျော်ပြီ အမေရိကန်မှာ ကိုဗစ်ကြောင့် သေဆုံးသူ တသိန်းကျော်ပြီ Reviewed by THITHTOOLWIN on 06:12 Rating: 5
Powered by Blogger.