ဖမ္းဆီးေခၚေဆာင္ခံရသူ ပုဏၰားကၽြန္း- ဒိုးတန္းရြာသားမ်ားကို တပ္မေတာ္စစ္ေၾကာင္းမွ ျပန္လႊတ္လိုက္ျပီဟုဆို


(Zawgyi)⤵⤵⤵
နိရဥၥရာ၊ ေမ ၁၁/ ၂၀၂၀

ရခိုင္ျပည္နယ္၊ ပုဏၰားကၽြန္းၿမိဳ႕နယ္၊ ဒိုးတန္းရြာေဟာင္းႏွင့္ ဒိုးတန္းရြာသစ္မွ တပ္မေတာ္ စစ္ေၾကာင္းက ဖမ္းဆီးေခၚေဆာင္သြားသည့္ ေက်းရြာသားမ်ားမွာ ျပန္လည္ လႊတ္ေျမာက္လာျပီဟု သတင္းရရွိသည္။

ဒိုးတန္းရြာေဟာင္းမွ ဖမ္းဆီးေခၚေဆာင္ခံရသူ ေက်းရြာသား ၇ ဦးအား ေမလ ၉ ရက္ေန႕က ဖမ္းဆီးေခၚေဆာင္သြားျပီး ၁၀ ရက္ေန႕တြင္ ျပန္လႊတ္ေပးလိုက္ေၾကာင္း ေက်ာင္းထိုင္ဆရာေတာ္ ဦးသုခက မိန္႕ၾကားသည္။

လႊတ္လာၾကသူမ်ားမွာ ဒိုးတန္းရြာေဟာင္းေက်းရြာမွ ဦးေစာလွဦး (၆၀) ႏွစ္၊ ဦးေစာသန္း (၄၅) ႏွစ္၊ ဦးေမာင္ထြန္းစိုး (၅၅) ႏွစ္၊ ဦးလွေအာင္ (၄၅) ႏွစ္၊ ဦးလွထြန္းစိန္ (၆၀) ႏွစ္၊ ဦးေမာင္လွႀကီး (၄၅) ႏွစ္ႏွင့္ ဦးဝင္းေခ် (၄၃) ႏွစ္တို႕ ျဖစ္ၾကသည္။

ေမလ ၇ ရက္ေန႔ကလည္း ဖမ္းဆီးေခၚေဆာင္ခံရသူ ဒိုးတန္းရြာသစ္မွ ရြာသား ၁၁ ဦးအား တပ္မေတာ္ စစ္ေၾကာင္းက ေမလ ၈ ရက္ေန႔တြင္ ျပန္လည္လႊတ္ေပးခဲ့ေၾကာင္း ေက်းရြာ အုပ္ခ်ဳပ္ေရးမႉး ဦးေအးထြန္းေမာင္က ေျပာသည္။

အဆိုပါ ဒိုးတန္းရြာသစ္ေက်းရြာမွ ရြာသား ၁၁ ဦးတို႔မွာ ဦးေမာင္ေအးသိန္း (၇၃)ႏွစ္၊ ဦးေဆာက္လုံးေခ် (၅၂)ႏွစ္၊ ဦးထြန္းေအာင္ေက်ာ္ (၆၇)ႏွစ္၊ ဦးစိုးထြန္းေအာင္ (၆၃)ႏွစ္၊ ဦးေရႊသိန္းစိန္ (၆၅)ႏွစ္၊ ဦးစိုးေအာင္သိန္း (၆၀) ႏွစ္၊ ဦးသာဗန္း (၆၈)ႏွစ္၊ ဦးေမာင္ဘစိန္ (၆၅)ႏွစ္၊ ဦးသိန္းညႊန္႔ေခ် (၅၀)ႏွစ္၊ ဦးဦးထြန္းစိန္ (၆၅)ႏွစ္ႏွင့္ ဦးေမာင္ျမတ္သိန္း (၆၉)ႏွစ္တို႔ျဖစ္ေၾကာင္း သိရသည္။

ဒိုးတန္းအုပ္စုတြင္ ဒိုးတန္းရြာသစ္ႏွင့္ ဒိုးတန္းရြာေဟာင္းဆိုၿပီး ရြာႏွစ္ရြာရွိေၾကာင္း၊ အိမ္ေၿခ ၂၃၀ ေက်ာ္ႏွင့္ လူဦးေရ ၁၃၀၀ ခန္႔ရွိေၾကာင္း၊ ယင္းထဲမွ ေက်းရြာသား ၁၁၀၀ ေက်ာ္မွာ အနီးအနားရွိ ေက်းရြာမ်ားတြင္ ထြက္ေျပးခိုလႈံလၽွက္ရွိၾကေၾကာင္း ေက်းရြာအုပ္ခ်ဳပ္ေရးမႉး ဦးေအးထြန္းေမာင္က ေျပာသည္။

ဒိုးတန္းရြာေဟာင္းမွ ေက်ာင္းသားႏွစ္ဦး ျဖစ္ၾကသည့္ ေမာင္ဝင္းေမာင္သန္းမွာ တကၠသိုလ္ဝင္ စာေမးပြဲ ေျဖဆိုထားသူႏွင့္ ေမာင္ျပည္ၿငိမ္းေအာင္မွာ နဝမတန္း စာေမးပြဲေျဖဆိုထားသူတို႕မွာ ဆက္လက္ ဖမ္းဆီးခံထားရဆဲ ျဖစ္သည္။

၎တို႔ႏွစ္ဦးသည္ တစ္ျခားေက်းရြာမွ လူငယ္ ၃ ဦးႏွင့္ ပုဏၰားကၽြန္းၿမိဳ႕ေပၚရွိ သူငယ္ခ်င္းထံ စက္ေလွျဖင့္ အလည္သြားစဥ္ ေမလ ၅ ရက္ေန႔က ပုဏၰားကၽြန္းၿမိဳ႕နယ္ သာစည္ေက်းရြာနားသို႔ အေရာက္တြင္ တပ္မေတာ္စစ္ေၾကာင္းတစ္ခုမွ ဖမ္းဆီးေခၚေဆာင္သြားခဲ့ေၾကာင္း၊ ယေန႕ထိ မိသားစုႏွင့္ အဆက္အသြယ္မရေသးသျဖင့္ စုိးရိမ္ေနေၾကာင္း မိခင္ျဖစ္သူ ေဒၚေဒါင္းယဥ္က ေျပာသည္။

ေဆာင္းဇာျခည္ / Narinjara
----------------------------
(Unicode)⤵⤵⤵

ဖမ်းဆီးခေါ်ဆောင်ခံရသူ ပုဏ္ဏားကျွန်း- ဒိုးတန်းရွာသားများကို တပ်မတော်စစ်ကြောင်းမှ ပြန်လွှတ်လိုက်ပြီဟုဆို

နိရဥ္စရာ၊ မေ ၁၁/ ၂၀၂၀

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ဒိုးတန်းရွာဟောင်းနှင့် ဒိုးတန်းရွာသစ်မှ တပ်မတော်စစ်ကြောင်းက ဖမ်းဆီးခေါ်ဆောင်သွားသည့် ကျေးရွာသားများမှာ ပြန်လည် လွှတ်မြောက်လာပြီဟု သတင်းရရှိသည်။

ဒိုးတန်းရွာဟောင်းမှ ဖမ်းဆီးခေါ်ဆောင်ခံရသူ ကျေးရွာသား ၇ ဦးအား မေလ ၉ ရက်နေ့က ဖမ်းဆီးခေါ်ဆောင်သွားပြီး ၁၀ ရက်နေ့တွင် ပြန်လွှတ်ပေးလိုက်ကြောင်း ကျောင်းထိုင်ဆရာတော် ဦးသုခက မိန့်ကြားသည်။

လွှတ်လာကြသူများမှာ ဒိုးတန်းရွာဟောင်းကျေးရွာမှ ဦးစောလှဦး (၆၀) နှစ်၊ ဦးစောသန်း (၄၅) နှစ်၊ ဦးမောင်ထွန်းစိုး (၅၅) နှစ်၊ ဦးလှအောင် (၄၅) နှစ်၊ ဦးလှထွန်းစိန် (၆၀) နှစ်၊ ဦးမောင်လှကြီး (၄၅) နှစ်နှင့် ဦးဝင်းချေ (၄၃) နှစ်တို့ ဖြစ်ကြသည်။

မေလ ၇ ရက်နေ့ကလည်း ဖမ်းဆီးခေါ်ဆောင်ခံရသူ ဒိုးတန်းရွာသစ်မှ ရွာသား ၁၁ ဦးအား တပ်မတော် စစ်ကြောင်းက မေလ ၈ ရက်နေ့တွင် ပြန်လည်လွှတ်ပေးခဲ့ကြောင်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအေးထွန်းမောင်က ပြောသည်။

အဆိုပါ ဒိုးတန်းရွာသစ်ကျေးရွာမှ ရွာသား ၁၁ ဦးတို့မှာ ဦးမောင်အေးသိန်း (၇၃)နှစ်၊ ဦးဆောက်လုံးချေ (၅၂)နှစ်၊ ဦးထွန်းအောင်ကျော် (၆၇)နှစ်၊ ဦးစိုးထွန်းအောင် (၆၃)နှစ်၊ ဦးရွှေသိန်းစိန် (၆၅)နှစ်၊ ဦးစိုးအောင်သိန်း (၆၀) နှစ်၊ ဦးသာဗန်း (၆၈)နှစ်၊ ဦးမောင်ဘစိန် (၆၅)နှစ်၊ ဦးသိန်းညွှန့်ချေ (၅၀)နှစ်၊ ဦးဦးထွန်းစိန် (၆၅)နှစ်နှင့် ဦးမောင်မြတ်သိန်း (၆၉)နှစ်တို့ဖြစ်ကြောင်း သိရသည်။

ဒိုးတန်းအုပ်စုတွင် ဒိုးတန်းရွာသစ်နှင့် ဒိုးတန်းရွာဟောင်းဆိုပြီး ရွာနှစ်ရွာရှိကြောင်း၊ အိမ်ခြေ ၂၃၀ ကျော်နှင့် လူဦးရေ ၁၃၀၀ ခန့်ရှိကြောင်း၊ ယင်းထဲမှ ကျေးရွာသား ၁၁၀၀ ကျော်မှာ အနီးအနားရှိ ကျေးရွာများတွင် ထွက်ပြေးခိုလှုံလျှက်ရှိကြကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအေးထွန်းမောင်က ပြောသည်။

ဒိုးတန်းရွာဟောင်းမှ ကျောင်းသားနှစ်ဦး ဖြစ်ကြသည့် မောင်ဝင်းမောင်သန်းမှာ တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုထားသူနှင့် မောင်ပြည်ငြိမ်းအောင်မှာ နဝမတန်း စာမေးပွဲဖြေဆိုထားသူတို့မှာ ဆက်လက် ဖမ်းဆီးခံထားရဆဲ ဖြစ်သည်။

၎င်းတို့နှစ်ဦးသည် တစ်ခြားကျေးရွာမှ လူငယ် ၃ ဦးနှင့် ပုဏ္ဏားကျွန်းမြို့ပေါ်ရှိ သူငယ်ချင်းထံ စက်လှေဖြင့် အလည်သွားစဉ် မေလ ၅ ရက်နေ့က ပုဏ္ဏားကျွန်းမြို့နယ် သာစည်ကျေးရွာနားသို့ အရောက်တွင် တပ်မတော်စစ်ကြောင်းတစ်ခုမှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း၊ ယနေ့ထိ မိသားစုနှင့် အဆက်အသွယ်မရသေးသဖြင့် စိုးရိမ်နေကြောင်း မိခင်ဖြစ်သူ ဒေါ်ဒေါင်းယဉ်က ပြောသည်။

ဆောင်းဇာခြည်ည္ / Narinjara
https://www.facebook.com/narinjara.info/
ဖမ္းဆီးေခၚေဆာင္ခံရသူ ပုဏၰားကၽြန္း- ဒိုးတန္းရြာသားမ်ားကို တပ္မေတာ္စစ္ေၾကာင္းမွ ျပန္လႊတ္လိုက္ျပီဟုဆို ဖမ္းဆီးေခၚေဆာင္ခံရသူ ပုဏၰားကၽြန္း- ဒိုးတန္းရြာသားမ်ားကို တပ္မေတာ္စစ္ေၾကာင္းမွ ျပန္လႊတ္လိုက္ျပီဟုဆို Reviewed by THITHTOOLWIN on 22:06 Rating: 5
Powered by Blogger.