ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကို တာဝန်ကနေရုပ်သိမ်းဖို့ ကြံ့ခိုင်ရေးပါတီအဆိုတင်


(Unicode)⤵⤵⤵
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်ကို တာဝန်ကနေ ရုပ်သိမ်းဖို့အဆိုကို ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီ ကိုယ်စားလှယ်တွေ ဦးဆောင်ပြီး လွှတ်တော်ကိုယ်စားလှယ် ၁၁၀ ဦး လက်မှတ်နဲ့ ဒီနေ့ ပြည်သူ့လွှတ်တော် ကို တင်သွင်းလိုက်ပါတယ်။

မိုင်းပျင်းမြို့နယ် အမတ် ဦးစိုင်းထွန်းစိန်က အဆိုတင်ပြခဲ့တာဖြစ်ပြီး ဒီအဆိုကို ဆွေးနွေးလိုတဲ့ ကိုယ်စားလှယ်တွေ မနက်ဖြန် မေလ ၂၉ ရက်နေ့မှာ စာရင်ပေးနိုင်တယ်လို့ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်က ပြောပါတယ်။

အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ပူးပေါင်းကော်မတီဖွဲ့ဖို့  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်ကို  ခွင့်ပြုပေးခဲ့တာ ဥပဒေနဲ့ မညီညွတ်ဘူးလို့  ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ်ကို စွပ်စွဲထားပါတယ်။

ဒါ့အပြင် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေက ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဥပဒေကြမ်းတွေ တင်ပြခဲ့ပေမယ့် သီးခြားဆွေးနွေးခွင့်မရတဲ့ ကိစ္စ၊ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေး အတွက် နိုင်ငံတော်လုံခြုံရေးနဲ့ ကာကွယ်ရေး ကောင်စီမှာ ညှိုနှိုင်းဖို့ အဆိုကို လွှတ်တော်က ခွင့်မပြုတဲ့ ကိစ္စ၊ အိုင်စီဂျေ ကြားဖြတ် အမိန့်ချမှတ်တဲ့ အပေါ် အစိုးရ ဆောင်ရွက်ချက်တွေ ပြည်သူကို ရှင်းလင်းဖို့ လွှတ်တော်က ခွင့်မပြုခဲ့တဲ့ ကိစ္စအပါအဝင် ဒဿမ တန်းသင်ရိုး၊ ဘဝတွက်တာကျွမ်းကျင်စရာ ဘာသာရပ်မှာ လိင်စိတ်ကို နှိုးကြွစေတဲ့ အသုံးအနှုန်းတွေ ပါဝင်တဲ့ အတွက် ကန့်ကွက်တဲ့ အဆိုကို ပြည်သူ့လွှတ်တော်က ခွင့်မပြုတဲ့ ကိစ္စ စတဲ့အချက်တွေ ပါဝင်ပါတယ်။

ဦးအောင်ကြည်ညွန့် ကတော့  စွပ်စွဲမှုမှာ ပါဝင်တဲ့ အချက်တွေဟာ မှန်ကန်မူမရှိသလို ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်တဲ့ အချက်တွေ ပါဝင်ပြီး ပုံမှန်အတိုင်းလွှတ်တော်ရပ်နားတော့မယ့်အချိန်မှာ ကပ်ပြီး အရေးကြီးအဆို တင်လာတာကို သံသယဖြစ်မိတယ်လို့ RFA ကို ပြောပါတယ်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌလည်းဖြစ်၊ ပြည်ထောင်စုလွှတ်တော် နာယကလည်းဖြစ်တဲ့ ဦးတီခွန်မြတ်အနေနဲ့ အခြေခံဥပဒေမှာ ပါဝင်တဲ့ ပြဌာန်းချက်တွေအတိုင်း လွှတ်တော်ကို ထိန်းကြောင်းခဲ့တယ်လို့ ယူဆကြောင်း ဦးအောင်ကြည်ညွန့်က ဆက်ပြောပါတယ်။

လာမယ့် ဇွန်လ ၁ ရက်နေ့ ဆက်လက်ကျင်းပမယ့် လွှတ်တော်အစည်းအဝေးမှာ ဥက္ကဋ္ဌကို တာဝန်ကနေ ရုပ်သိမ်းဖို့ အဆိုနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့ရှိပြီး အရေးယူဆောင်ရွက်ဖို့ သင့် မသင့်ကို စက်ခလုတ်နှိပ်ပြီး လျှို့ဝှက်ဆန္ဒမဲ ပေးတဲ့နည်းနဲ့ လွှတ်တော်ရဲ့ အဆုံးအဖြတ်ကို ရယူရာမှာဖြစ်ပါတယ်။

ကြံ့ခိုင်ရေးပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသောင်းအေးက လွှတ်တော်ကိုယ်စားလှယ် ၁၁၀ ဦးထဲမှာ ကြံ့ခိုင်ရေးပါတီနဲ့ တပ်မတော်သားကိုယ်စားလှယ်တွေ၊ အမျိုးသားညီညွတ်သော ဒီမိုကရက်တစ်ပါတီ NUD ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိန်ဝင်းတို့ ပါဝင်တယ်လို့ RFA ကို ပြောပါတယ်။

ဒါပေမဲ့ ဘယ်လို အကြောင်းအချက်တွေကြောင့် ခုချိန်မှာ လွှတ်တော်ကို တင်ပြတယ်ဆိုတာကိုတော့ လွှတ်တော်မှာ မဆွေးနွေးရသေးလို့ မပြောနိုင်သေးဘူးလု့ိ ပြောပါတယ်။

ပြည်သူ့လွှတ်တော် ဥပဒေ၊ နည်းဥပဒေ ပြဌာန်းချက်တွေအရ လွှတ်တော် ဥက္ကဋ္ဌ ဒါမှမဟုတ် ဒုတိယ ဥက္ကဋ္ဌ ဒါမှမဟုတ် နှစ်ဦးစလုံးဟာ နိုင်ငံတော်ရဲ့ကျေးဇူးသစ္စာတော်ကို ဖောက်ဖျက်ခြင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်တွေကို ဖောက်ဖျက်ကျူး လွန်ခြင်း၊ အကျင့်သိက္ခာပျက်ပြားခြင်း၊ ဥပဒေအရ ပေးအပ်တဲ့တာဝန်တွေ ကို ကျေပွန်စွာ မဆောင်ရွက်ခြင်း စတဲ့အချက်တွေကို ကျူးလွန်ရင် သတ်မှတ်တဲ့နည်းလမ်းနဲ့အညီ တာဝန်ကနေ ရုပ်သိမ်းနိုင်တယ်လို့ဖော်ပြထားပါတယ်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကို တာဝန်ကနေ ရုပ်သိမ်းဖို့ အဆိုတင်သွင်းရင် အဲဒီကိစ္စကိုဆောင်ရွက်ဖို့ လွှတ်တော် ဒုတိယဥက္ကဋ္ဌက ဥက္ကဋ္ဌ တာဝန်ကို ယာယီထမ်းဆောင်ရမှာ ဖြစ်တယ်လို့ နည်းဥပဒေ ၁၁၅ နည်းဥပဒေခွဲ (က) မှာ ဖော်ပြထားပါတယ်။

တာဝန်ကနေ ရုပ်သိမ်းဖို့ အဆိုတင်သွင်းခံရတဲ့ လွှတ်တော်ဥက္ကဋ္ဌအနေနဲ့လည်း လွှတ်တော်ကိုယ်စားလှယ်တစ်ဦး အဖြစ် ဆန္ဒမဲ ပေးပိုင်ခွင့်ရှိတယ်လို့ နည်းဥပဒေမှာ ဖော်ပြထားပါတယ်။

ဦးတီခွန်မြတ်ဟာ ကြံ့ခိုင်ရေးပါတီမှာ ဗဟိုအလုပ်အမှုဆောင်တာဝန် ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်ပြီး NLD ပါတီ ကိုယ်စားလှယ် အများစုရှိတဲ့ လွှတ်တော်မှာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြှောက်ခံခဲ့ရသူပါ။

အခြေခံဥပဒေ ပြင်ဆင်ရေး ဆွေးနွေးပွဲတွေမှာ ပြည်ထောင်စု လွှတ်တော်နာယက ဦးတီခွန်မြတ်ရဲ့ လုပ်ပိုင်ခွင့်နဲ့ ဆောင်ရွက်ချက်တွေ အပေါ် တပ်နဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ်တွေဘက်က ပြင်းပြင်းထန်ထန် ဝေဖန်တာတွေကို တွေ့ခဲ့ရပြီး ဦးတီခွန်မြတ်ကလည်း သတိပေးတားမြစ်ရတာတွေ ရှိခဲ့ပါတယ်။

သီဟထွန်း / RFA Burmese
-----------------------------------------
(Zawgyi)⤵⤵⤵ 
ျပည္သူ႔လႊတ္ေတာ္ဥကၠ႒ကို တာဝန္ကေန႐ုပ္သိမ္းဖို႔ ႀကံ့ခိုင္ေရးပါတီအဆိုတင္

ျပည္သူ႔လႊတ္ေတာ္ ဥကၠ႒ ဦးတီခြန္ျမတ္ကို တာဝန္ကေန ႐ုပ္သိမ္းဖို႔အဆိုကို ျပည္ေထာင္စုႀကံ့ခိုင္ေရးနဲ႔ ဖြံ႕ၿဖိဳးေရး ပါတီ ကိုယ္စားလွယ္ေတြ ဦးေဆာင္ၿပီး လႊတ္ေတာ္ကိုယ္စားလွယ္ ၁၁၀ ဦး လက္မွတ္နဲ႔ ဒီေန႔ ျပည္သူ႔လႊတ္ေတာ္ ကို တင္သြင္းလိုက္ပါတယ္။

မိုင္းပ်င္းၿမိဳ႕နယ္ အမတ္ ဦးစိုင္းထြန္းစိန္က အဆိုတင္ျပခဲ့တာျဖစ္ၿပီး ဒီအဆိုကို ေဆြးေႏြးလိုတဲ့ ကိုယ္စားလွယ္ေတြ မနက္ျဖန္ ေမလ ၂၉ ရက္ေန႔မွာ စာရင္ေပးႏိုင္တယ္လို႔ ျပည္သူ႔လႊတ္ေတာ္ ဒုတိယဥကၠ႒ ဦးထြန္းထြန္းဟိန္က ေျပာပါတယ္။

အေျခခံဥပေဒ ျပင္ဆင္ေရးအတြက္ ပူးေပါင္းေကာ္မတီဖြဲ႕ဖို႔  အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ အမ်ိဳးသားလႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေအာင္ၾကည္ၫြန႔္ကို  ခြင့္ျပဳေပးခဲ့တာ ဥပေဒနဲ႔ မညီၫြတ္ဘူးလို႔  ျပည္ေထာင္စုလႊတ္ေတာ္ နာယက ဦးတီခြန္ျမတ္ကို စြပ္စြဲထားပါတယ္။

ဒါ့အျပင္ ႀကံ့ခိုင္ဖြံ႕ၿဖိဳးေရးပါတီနဲ႔ တပ္မေတာ္သား ကိုယ္စားလွယ္ေတြက ဖြဲ႕စည္းပုံ ျပင္ဆင္ေရး ဥပေဒၾကမ္းေတြ တင္ျပခဲ့ေပမယ့္ သီးျခားေဆြးေႏြးခြင့္မရတဲ့ ကိစၥ၊ ကို႐ိုနာဗိုင္းရပ္စ္ ကာကြယ္ေရး အတြက္ ႏိုင္ငံေတာ္လုံၿခဳံေရးနဲ႔ ကာကြယ္ေရး ေကာင္စီမွာ ညႇိဳႏႈိင္းဖို႔ အဆိုကို လႊတ္ေတာ္က ခြင့္မျပဳတဲ့ ကိစၥ၊ အိုင္စီေဂ် ၾကားျဖတ္ အမိန႔္ခ်မွတ္တဲ့ အေပၚ အစိုးရ ေဆာင္႐ြက္ခ်က္ေတြ ျပည္သူကို ရွင္းလင္းဖို႔ လႊတ္ေတာ္က ခြင့္မျပဳခဲ့တဲ့ ကိစၥအပါအဝင္ ဒႆမ တန္းသင္႐ိုး၊ ဘဝတြက္တာကြၽမ္းက်င္စရာ ဘာသာရပ္မွာ လိင္စိတ္ကို ႏႈိးႂကြေစတဲ့ အသုံးအႏႈန္းေတြ ပါဝင္တဲ့ အတြက္ ကန႔္ကြက္တဲ့ အဆိုကို ျပည္သူ႔လႊတ္ေတာ္က ခြင့္မျပဳတဲ့ ကိစၥ စတဲ့အခ်က္ေတြ ပါဝင္ပါတယ္။

ဦးေအာင္ၾကည္ၫြန႔္ ကေတာ့  စြပ္စြဲမႈမွာ ပါဝင္တဲ့ အခ်က္ေတြဟာ မွန္ကန္မူမရွိသလို ပုဂၢိဳလ္ေရးအရ တိုက္ခိုက္တဲ့ အခ်က္ေတြ ပါဝင္ၿပီး ပုံမွန္အတိုင္းလႊတ္ေတာ္ရပ္နားေတာ့မယ့္အခ်ိန္မွာ ကပ္ၿပီး အေရးႀကီးအဆို တင္လာတာကို သံသယျဖစ္မိတယ္လို႔ RFA ကို ေျပာပါတယ္။

ျပည္သူ႔လႊတ္ေတာ္ ဥကၠ႒လည္းျဖစ္၊ ျပည္ေထာင္စုလႊတ္ေတာ္ နာယကလည္းျဖစ္တဲ့ ဦးတီခြန္ျမတ္အေနနဲ႔ အေျခခံဥပေဒမွာ ပါဝင္တဲ့ ျပဌာန္းခ်က္ေတြအတိုင္း လႊတ္ေတာ္ကို ထိန္းေၾကာင္းခဲ့တယ္လို႔ ယူဆေၾကာင္း ဦးေအာင္ၾကည္ၫြန႔္က ဆက္ေျပာပါတယ္။

လာမယ့္ ဇြန္လ ၁ ရက္ေန႔ ဆက္လက္က်င္းပမယ့္ လႊတ္ေတာ္အစည္းအေဝးမွာ ဥကၠ႒ကို တာဝန္ကေန ႐ုပ္သိမ္းဖို႔ အဆိုနဲ႔ ပတ္သက္ၿပီး ေဆြးေႏြးဖို႔ရွိၿပီး အေရးယူေဆာင္႐ြက္ဖို႔ သင့္ မသင့္ကို စက္ခလုတ္ႏွိပ္ၿပီး လွ်ိဳ႕ဝွက္ဆႏၵမဲ ေပးတဲ့နည္းနဲ႔ လႊတ္ေတာ္ရဲ႕ အဆုံးအျဖတ္ကို ရယူရာမွာျဖစ္ပါတယ္။

ႀကံ့ခိုင္ေရးပါတီ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေသာင္းေအးက လႊတ္ေတာ္ကိုယ္စားလွယ္ ၁၁၀ ဦးထဲမွာ ႀကံ့ခိုင္ေရးပါတီနဲ႔ တပ္မေတာ္သားကိုယ္စားလွယ္ေတြ၊ အမ်ိဳးသားညီၫြတ္ေသာ ဒီမိုကရက္တစ္ပါတီ NUD ဥကၠ႒ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးစိန္ဝင္းတို႔ ပါဝင္တယ္လို႔ RFA ကို ေျပာပါတယ္။

ဒါေပမဲ့ ဘယ္လို အေၾကာင္းအခ်က္ေတြေၾကာင့္ ခုခ်ိန္မွာ လႊတ္ေတာ္ကို တင္ျပတယ္ဆိုတာကိုေတာ့ လႊတ္ေတာ္မွာ မေဆြးေႏြးရေသးလို႔ မေျပာႏိုင္ေသးဘူးလု႔ိ ေျပာပါတယ္။

ျပည္သူ႔လႊတ္ေတာ္ ဥပေဒ၊ နည္းဥပေဒ ျပဌာန္းခ်က္ေတြအရ လႊတ္ေတာ္ ဥကၠ႒ ဒါမွမဟုတ္ ဒုတိယ ဥကၠ႒ ဒါမွမဟုတ္ ႏွစ္ဦးစလုံးဟာ ႏိုင္ငံေတာ္ရဲ႕ေက်းဇူးသစၥာေတာ္ကို ေဖာက္ဖ်က္ျခင္း၊ ဖြဲ႕စည္းပုံအေျခခံဥပေဒပါ ျပဌာန္းခ်က္ေတြကို ေဖာက္ဖ်က္က်ဴး လြန္ျခင္း၊ အက်င့္သိကၡာပ်က္ျပားျခင္း၊ ဥပေဒအရ ေပးအပ္တဲ့တာဝန္ေတြ ကို ေက်ပြန္စြာ မေဆာင္႐ြက္ျခင္း စတဲ့အခ်က္ေတြကို က်ဴးလြန္ရင္ သတ္မွတ္တဲ့နည္းလမ္းနဲ႔အညီ တာဝန္ကေန ႐ုပ္သိမ္းႏိုင္တယ္လို႔ေဖာ္ျပထားပါတယ္။

ျပည္သူ႔လႊတ္ေတာ္ ဥကၠ႒ကို တာဝန္ကေန ႐ုပ္သိမ္းဖို႔ အဆိုတင္သြင္းရင္ အဲဒီကိစၥကိုေဆာင္႐ြက္ဖို႔ လႊတ္ေတာ္ ဒုတိယဥကၠ႒က ဥကၠ႒ တာဝန္ကို ယာယီထမ္းေဆာင္ရမွာ ျဖစ္တယ္လို႔ နည္းဥပေဒ ၁၁၅ နည္းဥပေဒခြဲ (က) မွာ ေဖာ္ျပထားပါတယ္။

တာဝန္ကေန ႐ုပ္သိမ္းဖို႔ အဆိုတင္သြင္းခံရတဲ့ လႊတ္ေတာ္ဥကၠ႒အေနနဲ႔လည္း လႊတ္ေတာ္ကိုယ္စားလွယ္တစ္ဦး အျဖစ္ ဆႏၵမဲ ေပးပိုင္ခြင့္ရွိတယ္လို႔ နည္းဥပေဒမွာ ေဖာ္ျပထားပါတယ္။

ဦးတီခြန္ျမတ္ဟာ ႀကံ့ခိုင္ေရးပါတီမွာ ဗဟိုအလုပ္အမႈေဆာင္တာဝန္ ထမ္းေဆာင္ခဲ့ဖူးသူ ျဖစ္ၿပီး NLD ပါတီ ကိုယ္စားလွယ္ အမ်ားစုရွိတဲ့ လႊတ္ေတာ္မွာ ျပည္သူ႔လႊတ္ေတာ္ ဥကၠ႒အျဖစ္ ေ႐ြးခ်ယ္တင္ေျမႇာက္ခံခဲ့ရသူပါ။

အေျခခံဥပေဒ ျပင္ဆင္ေရး ေဆြးေႏြးပြဲေတြမွာ ျပည္ေထာင္စု လႊတ္ေတာ္နာယက ဦးတီခြန္ျမတ္ရဲ႕ လုပ္ပိုင္ခြင့္နဲ႔ ေဆာင္႐ြက္ခ်က္ေတြ အေပၚ တပ္နဲ႔ ႀကံ့ခိုင္ဖြံ႕ၿဖိဳးေရးပါတီက ကိုယ္စားလွယ္ေတြဘက္က ျပင္းျပင္းထန္ထန္ ေဝဖန္တာေတြကို ေတြ႕ခဲ့ရၿပီး ဦးတီခြန္ျမတ္ကလည္း သတိေပးတားျမစ္ရတာေတြ ရွိခဲ့ပါတယ္။

သီဟထြန္း / RFA Burmese
https://www.rfa.org/burmese/news/usdp-proposed-to-terminate-Pyidaungsu-Hluttaw-chairman-duty-05282020040804.html
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကို တာဝန်ကနေရုပ်သိမ်းဖို့ ကြံ့ခိုင်ရေးပါတီအဆိုတင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကို တာဝန်ကနေရုပ်သိမ်းဖို့ ကြံ့ခိုင်ရေးပါတီအဆိုတင် Reviewed by THITHTOOLWIN on 18:11 Rating: 5
Powered by Blogger.