တက္ကသိုလ်တွေကို အခြေခံကျောင်းတွေဖွင့်လှစ်ပြီးဇူလိုင်လကုန်နောက်ပိုင်းမှ ပြန်ဖွင့်မယ်

တက္ကသိုလ်တွေကို အခြေခံကျောင်းတွေဖွင့်လှစ်ပြီးဇူလိုင်လကုန်နောက်ပိုင်းမှ ပြန်ဖွင့်မယ်
(Unicode)⤵⤵⤵
အခြေခံပညာကျောင်းတွေကို ဇူလိုင် ၂၁ ရက်နေ့ကစပြီးအဆင့်ဆင့်ပြန်ဖွင့်လှစ်သွားဖို့ တရားဝင်ကြေညာထားပြီးနောက် တက္ကသိုလ်၊ ဒီဂရီ ကောလိပ်တွေကိုလည်း ပြန်လည် ဖွင့်လှစ်ဖို့ အစီအစဉ်တွေရေးဆွဲနေပြီလို့ အဆင့်မြင့်ပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာနွယ်နီကဘီဘီစီကိုပြောပါတယ်။

အခြေခံကျောင်းတွေကိုတော့ အထက်တန်းအဆင့်ကို ဇူလိုင် ၂၁ရက်နေ့၊ အလယ်တန်းအဆင့်ကို သြဂုတ် ၇ ရက်နေ့နဲ့ မူလတန်းအဆင့်ကို သြဂုတ်လ ၁၁ ရက်နေ့တွေမှာ ပြန်ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်။

' ' အခြေခံတွေဖွင့်ပြီးနောက်ပိုင်းမှာတော့ ဖွင့်နိုင်ဖို့ စီမံချက်တွေတော့ တင်ပြထားပါတယ်။ အခြေအနေတွေစောင့်ကြည့်ပြီးမှ ဖွင့်နိုင်ဖို့ဆောင်ရွက်နေပါတယ်။ ကွာရမ်တင်းစင်တာတွေအဖြစ် ဖွင့်ထားတာတွေပြီးတဲ့အချိန်ကြမှ ပိုးသတ်တာတွေသန့်ရှင်းတာတွေ လိုအပ်တာတွေလုပ်ပြီးမှ တက္ကသိုလ်တွေက ပြန်ဖွင့်လို့ရမှာပါ။ အခုထိတော့ ရက်အတိအကျမသိရသေးပါဘူး'' လို့ ဒေါက်တာနွယ်နီက ပြောပြပါတယ်။

အခြေခံပညာကျောင်းတွေကို ဇူလိုင်လအတွင်းပြန်လည်ဖွင့်လှစ်နိုင်ဖို့ ကိုဗစ်စောင့်ကြည့်ရေး ကွာရမ်တင်းစင်တာအဖြစ်ထားထားတဲ့နေရာတွေကို ပြန်လည်ပေးအပ်ဖို့စာတွေထွက်လာပြီး နောက် အခြေခံကျောင်းတွေကနေ တက္ကသိုလ်၊ ဒီဂရီကောလိပ်တွေမှာ ပြောင်းရွှေ့ထားတာတွေလည်းရှိခဲ့တယ်လို့သိရပါတယ်။

' ' စင်တာအဖြစ်သုံးထားတဲ့နေရာတွေကတော့ MOHSက လုပ်တာပါ။ ဗဟိုအဖွဲ့ရဲ့လမ်းညွှန်ချက်နဲ့ လုပ်တာ ပါ။ ကိုဗစ်ရဲ့အခြေအနေရယ် MOHS (ကျန်းမာရေး)ရဲ့လမ်းညွှန်မှုရယ် ပြီးတော့ အခြေခံပညာကကျောင်းတွေဖွင့်တဲ့အခြေအနေကိုကြည့်ပြီးမှ ကျွန်မတို့ကဆောင်ရွက်မှာပါ'' လို့ ကျောင်းတွေပြန်ဖွင့်လှစ်မယ့် အခြေအနေနဲ့ပတ်သက်ပြီးသူကပြောပါတယ်။

ဒါ့အပြင် ကိုဗစ်ကပ်ရောဂါကြောင့် တက္ကသိုလ်တွေကို ယာယီမပိတ်ခင်က စာမေးပွဲတွေဖြေဆိုနေတဲ့အချိန်ဖြစ်တာကြောင့် ကျောင်းအများစုမှာ ၂ ဘာသာခန့်ဖြေဆိုဖို့ ကျန်နေသေးတာလည်း ဖြစ်ပါတယ်။

' ' ဘာသာရပ်တွေကတော့ တစ်ဘာသာ နှစ်ဘာသာလောက်ပဲကျန်တာပါ။ ဖြေဖို့ကျန်တဲ့ ဘာသာရပ်တွေကတော့ ပြန်ဖြေရမှာပါ။ ဒီအတွက်လည်း အခြေခံကျောင်းတွေလို ပြန်ဖွင့်မယ့်ရက်ကို ကြိုကြေညာပေးသွားမှာပါ''လို့ ဒေါက်တာနွယ်နီကပြောပြပါတယ်။

တက္ကသိုလ်တွေကို ဇူလိုင်လကုန်နောက်ဆုံးပတ်မှာ ပြန်ဖွင့်မယ်ဆိုတဲ့သတင်းတွေထွက်ပေါ်နေပေမယ့် မဟုတ်ကြောင်းနဲ့ quaratine centerများပြီးပြတ်မှသာ တက္ကသိုလ်များ ပြန်လည် ဖွင့်နိုင်ဖို့ ဆောင်ရွက်ရမှာဖြစ်ပြီး လက်ရှိဖြေလက်စကျန်ရှိသည့်ဘာသာရပ်များအားလည်း ပြန်လည်ဖြေဆိုရမယ်လို့ အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်း ကပြောတယ်လို့ မန္တလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂကလည်း ဒီကနေ့ မေ ၂၈ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

BBC Burmese
--------------------------------------
(Zawgyi)⤵⤵⤵
တကၠသိုလ္ေတြကို အေျခခံေက်ာင္းေတြဖြင့္လွစ္ၿပီးဇူလိုင္လကုန္ေနာက္ပိုင္းမွ ျပန္ဖြင့္မယ္

အေျခခံပညာေက်ာင္းေတြကို ဇူလိုင္ ၂၁ ရက္ေန႔ကစၿပီးအဆင့္ဆင့္ျပန္ဖြင့္လွစ္သြားဖို႔ တရားဝင္ေၾကညာထားၿပီးေနာက္ တကၠသိုလ္၊ ဒီဂရီ ေကာလိပ္ေတြကိုလည္း ျပန္လည္ ဖြင့္လွစ္ဖို႔ အစီအစဥ္ေတြေရးဆြဲေနၿပီလို႔ အဆင့္ျမင့္ပညာဦးစီးဌာန ဒုတိယၫႊန္ၾကားေရးမႉးခ်ဳပ္ ေဒါက္တာႏြယ္နီကဘီဘီစီကိုေျပာပါတယ္။

အေျခခံေက်ာင္းေတြကိုေတာ့ အထက္တန္းအဆင့္ကို ဇူလိုင္ ၂၁ရက္ေန႔၊ အလယ္တန္းအဆင့္ကို ၾသဂုတ္ ၇ ရက္ေန႔နဲ႔ မူလတန္းအဆင့္ကို ၾသဂုတ္လ ၁၁ ရက္ေန႔ေတြမွာ ျပန္ဖြင့္လွစ္သြားမွာ ျဖစ္ပါတယ္။

' ' အေျခခံေတြဖြင့္ၿပီးေနာက္ပိုင္းမွာေတာ့ ဖြင့္ႏိုင္ဖို႔ စီမံခ်က္ေတြေတာ့ တင္ျပထားပါတယ္။ အေျခအေနေတြေစာင့္ၾကည့္ၿပီးမွ ဖြင့္ႏိုင္ဖို႔ေဆာင္႐ြက္ေနပါတယ္။ ကြာရမ္တင္းစင္တာေတြအျဖစ္ ဖြင့္ထားတာေတြၿပီးတဲ့အခ်ိန္ၾကမွ ပိုးသတ္တာေတြသန႔္ရွင္းတာေတြ လိုအပ္တာေတြလုပ္ၿပီးမွ တကၠသိုလ္ေတြက ျပန္ဖြင့္လို႔ရမွာပါ။ အခုထိေတာ့ ရက္အတိအက်မသိရေသးပါဘူး'' လို႔ ေဒါက္တာႏြယ္နီက ေျပာျပပါတယ္။

အေျခခံပညာေက်ာင္းေတြကို ဇူလိုင္လအတြင္းျပန္လည္ဖြင့္လွစ္ႏိုင္ဖို႔ ကိုဗစ္ေစာင့္ၾကည့္ေရး ကြာရမ္တင္းစင္တာအျဖစ္ထားထားတဲ့ေနရာေတြကို ျပန္လည္ေပးအပ္ဖို႔စာေတြထြက္လာၿပီး ေနာက္ အေျခခံေက်ာင္းေတြကေန တကၠသိုလ္၊ ဒီဂရီေကာလိပ္ေတြမွာ ေျပာင္းေ႐ႊ႕ထားတာေတြလည္းရွိခဲ့တယ္လို႔သိရပါတယ္။

' ' စင္တာအျဖစ္သုံးထားတဲ့ေနရာေတြကေတာ့ MOHSက လုပ္တာပါ။ ဗဟိုအဖြဲ႕ရဲ႕လမ္းၫႊန္ခ်က္နဲ႔ လုပ္တာ ပါ။ ကိုဗစ္ရဲ႕အေျခအေနရယ္ MOHS (က်န္းမာေရး)ရဲ႕လမ္းၫႊန္မႈရယ္ ၿပီးေတာ့ အေျခခံပညာကေက်ာင္းေတြဖြင့္တဲ့အေျခအေနကိုၾကည့္ၿပီးမွ ကြၽန္မတို႔ကေဆာင္႐ြက္မွာပါ'' လို႔ ေက်ာင္းေတြျပန္ဖြင့္လွစ္မယ့္ အေျခအေနနဲ႔ပတ္သက္ၿပီးသူကေျပာပါတယ္။

ဒါ့အျပင္ ကိုဗစ္ကပ္ေရာဂါေၾကာင့္ တကၠသိုလ္ေတြကို ယာယီမပိတ္ခင္က စာေမးပြဲေတြေျဖဆိုေနတဲ့အခ်ိန္ျဖစ္တာေၾကာင့္ ေက်ာင္းအမ်ားစုမွာ ၂ ဘာသာခန႔္ေျဖဆိုဖို႔ က်န္ေနေသးတာလည္း ျဖစ္ပါတယ္။

' ' ဘာသာရပ္ေတြကေတာ့ တစ္ဘာသာ ႏွစ္ဘာသာေလာက္ပဲက်န္တာပါ။ ေျဖဖို႔က်န္တဲ့ ဘာသာရပ္ေတြကေတာ့ ျပန္ေျဖရမွာပါ။ ဒီအတြက္လည္း အေျခခံေက်ာင္းေတြလို ျပန္ဖြင့္မယ့္ရက္ကို ႀကိဳေၾကညာေပးသြားမွာပါ''လို႔ ေဒါက္တာႏြယ္နီကေျပာျပပါတယ္။

တကၠသိုလ္ေတြကို ဇူလိုင္လကုန္ေနာက္ဆုံးပတ္မွာ ျပန္ဖြင့္မယ္ဆိုတဲ့သတင္းေတြထြက္ေပၚေနေပမယ့္ မဟုတ္ေၾကာင္းနဲ႔ quaratine centerမ်ားၿပီးျပတ္မွသာ တကၠသိုလ္မ်ား ျပန္လည္ ဖြင့္ႏိုင္ဖို႔ ေဆာင္႐ြက္ရမွာျဖစ္ၿပီး လက္ရွိေျဖလက္စက်န္ရွိသည့္ဘာသာရပ္မ်ားအားလည္း ျပန္လည္ေျဖဆိုရမယ္လို႔ အဆင့္ျမင့္ပညာဦးစီးဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္ ေဒါက္တာသိန္းဝင္း ကေျပာတယ္လို႔ မႏၲေလးတကၠသိုလ္ေက်ာင္းသားမ်ားသမဂၢကလည္း ဒီကေန႔ ေမ ၂၈ ရက္ေန႔မွာ ထုတ္ျပန္ထားပါတယ္။

BBC Burmese
https://www.bbc.com/burmese/burma-52805500
တက္ကသိုလ်တွေကို အခြေခံကျောင်းတွေဖွင့်လှစ်ပြီးဇူလိုင်လကုန်နောက်ပိုင်းမှ ပြန်ဖွင့်မယ် တက္ကသိုလ်တွေကို အခြေခံကျောင်းတွေဖွင့်လှစ်ပြီးဇူလိုင်လကုန်နောက်ပိုင်းမှ ပြန်ဖွင့်မယ် Reviewed by THITHTOOLWIN on 18:53 Rating: 5
Powered by Blogger.