ထိုင္းေရာက္ ျမန္မာလုပ္သားေတြ ေနရပ္ျပန္ဖို႔ အခက္ႀကဳံေနရ

(Zawgyi)⤵⤵⤵
ကို႐ိုနာဗိုင္းရပ္စ္အႏၲရာယ္ကို တကမာၻလုံး ရင္ဆိုင္ေနရခ်ိန္မွာ ျမန္မာျပည္ျပန္လာဖို႔ ႀကိဳးစားေနၾကတဲ့ ျပည္ပႏိုင္ငံအသီးသီးက ျမန္မာႏိုင္ငံသားေတြထဲမွာ ထိုင္းႏိုင္ငံေရာက္ ျမန္မာလုပ္သားေတြလည္း အပါအဝင္ပါပဲ။ သူတို႔ကို ျမန္မာအစိုးရကလည္း ျပန္လည္လက္ခံဖို႔ အဆင္သင့္ျပင္ထားေပမယ့္ ထိုင္းႏိုင္ငံဘက္က တားဆီး ကန႔္သတ္ခ်က္ေတြေၾကာင့္ ေနရပ္ျပန္မလာႏိုင္ၾကေသးဘဲ စားဝတ္ေနေရး အခက္အခဲနဲ႔ ရင္ဆိုင္ေနရပါတယ္။

ထိုင္းႏိုင္ငံ ခြၽန္ဘူရီခ႐ိုင္ ဆီရခ်ာၿမိဳ႕မွာ ေနထိုင္တဲ့ ကိုဝင္းကိုႏိုင္က ျမန္မာျပည္ ျပန္ဖို႔ဆိုၿပီး အလုပ္ကေန ထြက္ထားတာ တစ္လေက်ာ္ေနၿပီျဖစ္ေပမယ့္ အခုခ်ိန္ထိ ျပန္လို႔မရေသးလို႔ အခက္အခဲျဖစ္ေနပါတယ္။

“ျပန္ဖို႔ အလုပ္ထြက္ထားတာလည္း တလေက်ာ္ေက်ာ္ရွိသြားၿပီ၊ စားဖို႔က ပထမ လစာထုတ္ထားတာ ရွိေတ့ာရွိေသးတယ္၊ တလေက်ာ္ၾကာတယ္ဆိုေတာ့ မက်န္ေတာ့ဘူးေလ၊ တေယာက္မွ ငါးရာတစ္ေထာင္ဘဲ က်န္ေတာ့တယ္၊ ဒီရက္ပိုင္းထဲျပန္လို႔ရင္ ျပန္ခ်င္တာေပါ့၊ ဘာေၾကာင့္လည္းဆိုရင္ ဒီမွာဆက္ေနရင္ သုံးဖို႔မရွိေတာ့ဘူး၊ ေနာက္တလေလာက္ေနရရင္ စားဖို႔ကမရွိေတာ့ဘူး၊ ”

ထိုင္းႏိုင္ငံထဲမွာ ခ႐ိုင္တစ္ခုနဲ႔ တစ္ခု သြားလာခြင့္ပိတ္ထားတာ၊ အေဝးေျပးကားဂိတ္ေတြ ပိတ္ထားတာေတြေၾကာင့္ ျမန္မာေ႐ႊ႕ေျပာင္းလုပ္သားေတြ ျပန္ဖို႔ ခက္ခဲေနတာပါ။

ျမန္မာလုပ္သားေတြဟာ ေနရပ္ျပန္လာဖို႔အတြက္ အလုပ္ကေန ႏုတ္ထြက္ထားသူေတြ ရွိသလို တခ်ိဳ႕ကလည္း ကပ္ေရာဂါေၾကာင့္ စက္႐ုံ-အလုပ္႐ုံေတြ ပိတ္လိုက္တာ၊ လုပ္သားအင္အား ေလွ်ာ့ခ်တာေတြေၾကာင့္ အလုပ္လက္မဲ့ ျဖစ္ေနၾကပါတယ္။

ျမန္မာျပည္ျပန္ဖို႔ ထိုင္းႏိုင္ငံက ျမန္မာသံ႐ုံးမွာ စာရင္းေပးထားတဲ့ ျမန္မာေ႐ႊ႕ေျပာင္းလုပ္သား ႏွစ္ေသာင္းေက်ာ္ ရွိေနေပမယ့္ ေမလ ၁ ရက္ေန႔ကစလို႔ ဒီေန႔ ေမ ၄ရက္ေန႔အထိ ေနရပ္ျပန္လာသူဟာ ရာဂဏန္းေလာက္သာ ရွိပါေသးတယ္။

ျပန္လာသူေတြဟာ မဲေဆာက္မွာရွိတဲ့ ျမန္မာေတြနဲ႔ ျပစ္ဒဏ္က်ခံၿပီး ျပန္လည္လြတ္ေျမာက္လာတဲ့ ျမန္မာႏိုင္ငံသား တခ်ိဳ႕သာျပန္လာၾကတာ မ်ားပါတယ္။

ျမန္မာအလုပ္သမားေတြဟာ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ စက္႐ုံပိတ္သိမ္းတာျဖစ္လို႔ အလုပ္ရွင္ေတြဆီကေန အလုပ္ထုတ္ နစ္နာေၾကး၊ ေလ်ာ္ေၾကးမရသလို ထိုင္းအစိုးရရဲ႕ ကူညီေထာက္ပံ့မႈလည္း မရၾကဘူးလို႔ အလုပ္သမားအေရး ေဆာင္႐ြက္သူေတြကေျပာပါတယ္။

လတ္တေလာမွာ ျမန္မာႏိုင္ငံသားအခ်င္းခ်င္း စားေသာက္စရာ မွ်ေဝေပးတာေတြနဲ႔ စားေနရတယ္လို႔ ပါက်န္ဘူရီခ႐ိုင္မွာ အလုပ္လုပ္ေနတဲ့ ေမာင္ကိုကိုဦးက ေျပာပါတယ္။

“ အခက္အခဲကေတာ့ ရွိတာေပါ့ဗ်ာ၊ မေန႔ကဆိုရင္ အလုပ္သမားခ်င္း ဆန္ေလးဘာေလး ေဝတဲ့လူရွိတယ္၊ အလုပ္မျပဳတ္ေသးတဲ့လူ က်ေနာ္တို႔ စက္႐ုံႏွစ္႐ုံရွိတာကပ္ရပ္၊ မျပဳတ္ေသးတဲ့လူေတြက စားဖို႔ေသာက္ဖို႔ေပးတယ္၊ ကိုလည္းေလာေလာဆယ္ ရွိတဲ့ပိုက္ဆံေလး မသုံးရဲဘူးေပါ့ဗ်ာ၊ ဒီတိုင္းေလးဘဲ ျခစ္ခ်ဳပ္ခ်န္ထားရတာေပါ့”

ျမန္မာအစိုးရဘက္က ျပန္လည္လက္ခံေရး အဆင့္သင့္ျဖစ္ေပမယ့္ ထိုင္းဘက္က အေရးေပၚ ထုတ္ျပန္ထားတဲ့အမိန႔္ေတြကို သတ္မွတ္ကာလမျပည့္ခင္ ေလွ်ာ့ေပးမယ့္ အေျခအေန မရွိတာေတြ႕ဘူးလို႔ ထိုင္းႏိုင္ငံေရာက္ ျမန္မာလုပ္သားအေရး ေဆာင္႐ြက္ေနတဲ့ ျမန္မာျပည္သားမ်ားအေရး ပူးတြဲလႈပ္ရွားေကာ္မတီ ဥကၠ႒ ဦးမိုးႀကိဳးက ေျပာပါတယ္။

“ ထိုင္းႏိုင္ငံကသူႏိုင္ငံရဲ႕ အေရးေပၚကာလ စည္းမ်ည္းစည္းကမ္းေတြကို ေျဖေလ်ာ့ေပးမယ့္ အလားအလာ လုံးဝမျမင္ရပါဘူးခင္ဗ်ာ၊ အဲအတြက္လည္း ႀကီးႀကီးမားမား စိတ္မေကာင္းပါဘူး၊ ေနရပ္ျပန္မယ့္ ျမန္မာေ႐ြ႕ေျပာင္း အလုပ္သမားေတြအေနနဲ႔ ထိုင္းႏိုင္ငံရဲ႕ေမလ၃၁ရက္ အေရးေပၚကာလေနာက္ပိုင္း ဇြန္လ တစ္ရက္ေန႔ကစၿပီးမွသာ ေနရပ္ျပန္ျခင္းကို ျပဳလုပ္သင့္ပါတယ္”

ျမန္မာအလုပ္သမားေတြကေတာ့ ဒီလကုန္အထိ မျပန္ရေသးဘူးဆိုရင္ စားေသာက္ေနထိုင္ဖို႔ အၾကပ္အတည္းနဲ႔ ပိုရင္ဆိုင္ရေတာ့မယ္လို႔ ေျပာၾကပါတယ္။

ျမန္မာအစိုးရက ထိုင္းႏိုင္ငံတာဝန္ရွိသူေတြနဲ႔ အေသးစိတ္ ညႇိႏႈိင္းေနဆဲပဲလို႔ ထိုင္းႏိုင္ငံ ျမန္မာသံ႐ုံးက အလုပ္သမားသံအရာရွိ ဦးရဲရန္ေအာင္က ေျပာပါတယ္။

“ ေလာေလာဆယ္ေတာ့ ထိုင္းဘက္က ခြင့္ျပဳတဲ့စာ မဝင္လာေသးေတာ့ က်ေနာ္ဘက္က ဘာမွထုတ္ျပန္ေပးလို႔ မရေသးတာပါ ခင္ဗ်၊ အေသးစိတ္ စီစဥ္ထားတာေတာ့ ရွိပါတယ္၊ က်ေနာ္တို႔ေတြ ညႇိႏႈိင္းေနတာလည္း ရွိပါတယ္၊ ၿပီးတဲ့အဆင့္ေတြလည္း ေရာက္ေနၿပီ၊ သူတို႔ဘက္ကေန ခြင့္ျပဳေပးတဲ့စာ မဝင္လာေသးလို႔ ဘာမွဆက္လုပ္လို႔မရေသးဘူး”

သံ႐ုံးကို စာရင္းေပးထားသူေတြထဲက အလုပ္လက္မဲ့ျဖစ္ၿပီး စားေသာက္ဖို႔ ခက္ခဲေနသူေတြကို အျမန္ဆုံး ေနရပ္ျပန္ပို႔ႏိုင္ေအာင္ စီစဥ္ေနတယ္လို႔လည္း သူက ေျပာပါတယ္။

ျမန္မာႏိုင္ငံ တိုင္းနဲ႔ျပည္နယ္အသီးသီးကေန ထိုင္းႏိုင္ငံမွာ တရားဝင္ေရာ၊ တရားမဝင္ေရာ သြားေရာက္ အလုပ္လုပ္ကိုင္ေနသူ ျမန္မာလုပ္သား သုံးသန္းဝန္းက်င္ ရွိတယ္လို႔ ေ႐ႊ႕ေျပာင္းအလုပ္သမားအေရး လႈပ္ရွားေနသူေတြက ေျပာပါတယ္။

ၿပီးခဲ့တဲ့မတ္လအတြင္းမွာေတာ့ ျမဝတီနယ္စပ္ဂိတ္ကေန ျမန္မာအလုပ္သမား ေလးေသာင္းေက်ာ္ ဝင္ေရာက္ခဲ့ပါတယ္။

ေက်ာ္လြင္ဦး / RFA Burmese
-----------------------------------------

(Unicode)⤵⤵⤵
ထိုင်းရောက် မြန်မာလုပ်သားတွေ နေရပ်ပြန်ဖို့ အခက်ကြုံနေရ

ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကို တကမ္ဘာလုံး ရင်ဆိုင်နေရချိန်မှာ မြန်မာပြည်ပြန်လာဖို့ ကြိုးစားနေကြတဲ့ ပြည်ပနိုင်ငံအသီးသီးက မြန်မာနိုင်ငံသားတွေထဲမှာ ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားတွေလည်း အပါအဝင်ပါပဲ။ သူတို့ကို မြန်မာအစိုးရကလည်း ပြန်လည်လက်ခံဖို့ အဆင်သင့်ပြင်ထားပေမယ့် ထိုင်းနိုင်ငံဘက်က တားဆီး ကန့်သတ်ချက်တွေကြောင့် နေရပ်ပြန်မလာနိုင်ကြသေးဘဲ စားဝတ်နေရေး အခက်အခဲနဲ့ ရင်ဆိုင်နေရပါတယ်။

ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင် ဆီရချာမြို့မှာ နေထိုင်တဲ့ ကိုဝင်းကိုနိုင်က မြန်မာပြည် ပြန်ဖို့ဆိုပြီး အလုပ်ကနေ ထွက်ထားတာ တစ်လကျော်နေပြီဖြစ်ပေမယ့် အခုချိန်ထိ ပြန်လို့မရသေးလို့ အခက်အခဲဖြစ်နေပါတယ်။

“ပြန်ဖို့ အလုပ်ထွက်ထားတာလည်း တလကျော်ကျော်ရှိသွားပြီ၊ စားဖို့က ပထမ လစာထုတ်ထားတာ ရှိတေ့ာရှိသေးတယ်၊ တလကျော်ကြာတယ်ဆိုတော့ မကျန်တော့ဘူးလေ၊ တယောက်မှ ငါးရာတစ်ထောင်ဘဲ ကျန်တော့တယ်၊ ဒီရက်ပိုင်းထဲပြန်လို့ရင် ပြန်ချင်တာပေါ့၊ ဘာကြောင့်လည်းဆိုရင် ဒီမှာဆက်နေရင် သုံးဖို့မရှိတော့ဘူး၊ နောက်တလလောက်နေရရင် စားဖို့ကမရှိတော့ဘူး၊ ”

ထိုင်းနိုင်ငံထဲမှာ ခရိုင်တစ်ခုနဲ့ တစ်ခု သွားလာခွင့်ပိတ်ထားတာ၊ အဝေးပြေးကားဂိတ်တွေ ပိတ်ထားတာတွေကြောင့် မြန်မာရွှေ့ပြောင်းလုပ်သားတွေ ပြန်ဖို့ ခက်ခဲနေတာပါ။

မြန်မာလုပ်သားတွေဟာ နေရပ်ပြန်လာဖို့အတွက် အလုပ်ကနေ နုတ်ထွက်ထားသူတွေ ရှိသလို တချို့ကလည်း ကပ်ရောဂါကြောင့် စက်ရုံ-အလုပ်ရုံတွေ ပိတ်လိုက်တာ၊ လုပ်သားအင်အား လျှော့ချတာတွေကြောင့် အလုပ်လက်မဲ့ ဖြစ်နေကြပါတယ်။

မြန်မာပြည်ပြန်ဖို့ ထိုင်းနိုင်ငံက မြန်မာသံရုံးမှာ စာရင်းပေးထားတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား နှစ်သောင်းကျော် ရှိနေပေမယ့် မေလ ၁ ရက်နေ့ကစလို့ ဒီနေ့ မေ ၄ရက်နေ့အထိ နေရပ်ပြန်လာသူဟာ ရာဂဏန်းလောက်သာ ရှိပါသေးတယ်။

ပြန်လာသူတွေဟာ မဲဆောက်မှာရှိတဲ့ မြန်မာတွေနဲ့ ပြစ်ဒဏ်ကျခံပြီး ပြန်လည်လွတ်မြောက်လာတဲ့ မြန်မာနိုင်ငံသား တချို့သာပြန်လာကြတာ များပါတယ်။

မြန်မာအလုပ်သမားတွေဟာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် စက်ရုံပိတ်သိမ်းတာဖြစ်လို့ အလုပ်ရှင်တွေဆီကနေ အလုပ်ထုတ် နစ်နာကြေး၊ လျော်ကြေးမရသလို ထိုင်းအစိုးရရဲ့ ကူညီထောက်ပံ့မှုလည်း မရကြဘူးလို့ အလုပ်သမားအရေး ဆောင်ရွက်သူတွေကပြောပါတယ်။

လတ်တလောမှာ မြန်မာနိုင်ငံသားအချင်းချင်း စားသောက်စရာ မျှဝေပေးတာတွေနဲ့ စားနေရတယ်လို့ ပါကျန်ဘူရီခရိုင်မှာ အလုပ်လုပ်နေတဲ့ မောင်ကိုကိုဦးက ပြောပါတယ်။

“ အခက်အခဲကတော့ ရှိတာပေါ့ဗျာ၊ မနေ့ကဆိုရင် အလုပ်သမားချင်း ဆန်လေးဘာလေး ဝေတဲ့လူရှိတယ်၊ အလုပ်မပြုတ်သေးတဲ့လူ ကျနော်တို့ စက်ရုံနှစ်ရုံရှိတာကပ်ရပ်၊ မပြုတ်သေးတဲ့လူတွေက စားဖို့သောက်ဖို့ပေးတယ်၊ ကိုလည်းလောလောဆယ် ရှိတဲ့ပိုက်ဆံလေး မသုံးရဲဘူးပေါ့ဗျာ၊ ဒီတိုင်းလေးဘဲ ခြစ်ချုပ်ချန်ထားရတာပေါ့”

မြန်မာအစိုးရဘက်က ပြန်လည်လက်ခံရေး အဆင့်သင့်ဖြစ်ပေမယ့် ထိုင်းဘက်က အရေးပေါ် ထုတ်ပြန်ထားတဲ့အမိန့်တွေကို သတ်မှတ်ကာလမပြည့်ခင် လျှော့ပေးမယ့် အခြေအနေ မရှိတာတွေ့ဘူးလို့ ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားအရေး ဆောင်ရွက်နေတဲ့ မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားကော်မတီ ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောပါတယ်။

“ ထိုင်းနိုင်ငံကသူနိုင်ငံရဲ့ အရေးပေါ်ကာလ စည်းမျည်းစည်းကမ်းတွေကို ဖြေလျော့ပေးမယ့် အလားအလာ လုံးဝမမြင်ရပါဘူးခင်ဗျာ၊ အဲအတွက်လည်း ကြီးကြီးမားမား စိတ်မကောင်းပါဘူး၊ နေရပ်ပြန်မယ့် မြန်မာရွေ့ပြောင်း အလုပ်သမားတွေအနေနဲ့ ထိုင်းနိုင်ငံရဲ့မေလ၃၁ရက် အရေးပေါ်ကာလနောက်ပိုင်း ဇွန်လ တစ်ရက်နေ့ကစပြီးမှသာ နေရပ်ပြန်ခြင်းကို ပြုလုပ်သင့်ပါတယ်”

မြန်မာအလုပ်သမားတွေကတော့ ဒီလကုန်အထိ မပြန်ရသေးဘူးဆိုရင် စားသောက်နေထိုင်ဖို့ အကြပ်အတည်းနဲ့ ပိုရင်ဆိုင်ရတော့မယ်လို့ ပြောကြပါတယ်။

မြန်မာအစိုးရက ထိုင်းနိုင်ငံတာဝန်ရှိသူတွေနဲ့ အသေးစိတ် ညှိနှိုင်းနေဆဲပဲလို့ ထိုင်းနိုင်ငံ မြန်မာသံရုံးက အလုပ်သမားသံအရာရှိ ဦးရဲရန်အောင်က ပြောပါတယ်။

“ လောလောဆယ်တော့ ထိုင်းဘက်က ခွင့်ပြုတဲ့စာ မဝင်လာသေးတော့ ကျနော်ဘက်က ဘာမှထုတ်ပြန်ပေးလို့ မရသေးတာပါ ခင်ဗျ၊ အသေးစိတ် စီစဉ်ထားတာတော့ ရှိပါတယ်၊ ကျနော်တို့တွေ ညှိနှိုင်းနေတာလည်း ရှိပါတယ်၊ ပြီးတဲ့အဆင့်တွေလည်း ရောက်နေပြီ၊ သူတို့ဘက်ကနေ ခွင့်ပြုပေးတဲ့စာ မဝင်လာသေးလို့ ဘာမှဆက်လုပ်လို့မရသေးဘူး”

သံရုံးကို စာရင်းပေးထားသူတွေထဲက အလုပ်လက်မဲ့ဖြစ်ပြီး စားသောက်ဖို့ ခက်ခဲနေသူတွေကို အမြန်ဆုံး နေရပ်ပြန်ပို့နိုင်အောင် စီစဉ်နေတယ်လို့လည်း သူက ပြောပါတယ်။

မြန်မာနိုင်ငံ တိုင်းနဲ့ပြည်နယ်အသီးသီးကနေ ထိုင်းနိုင်ငံမှာ တရားဝင်ရော၊ တရားမဝင်ရော သွားရောက် အလုပ်လုပ်ကိုင်နေသူ မြန်မာလုပ်သား သုံးသန်းဝန်းကျင် ရှိတယ်လို့ ရွှေ့ပြောင်းအလုပ်သမားအရေး လှုပ်ရှားနေသူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့မတ်လအတွင်းမှာတော့ မြဝတီနယ်စပ်ဂိတ်ကနေ မြန်မာအလုပ်သမား လေးသောင်းကျော် ဝင်ရောက်ခဲ့ပါတယ်။

ကျော်လွင်ဦး / RFA Burmese
https://www.rfa.org/burmese/news/workers-from-thai-difficult-to-return-05042020063027.html
ထိုင္းေရာက္ ျမန္မာလုပ္သားေတြ ေနရပ္ျပန္ဖို႔ အခက္ႀကဳံေနရ ထိုင္းေရာက္ ျမန္မာလုပ္သားေတြ ေနရပ္ျပန္ဖို႔ အခက္ႀကဳံေနရ Reviewed by THITHTOOLWIN on 19:54 Rating: 5
Powered by Blogger.