ထိုင္းကျပန္လာသူတခ်ိဳ႕ ၂၁ ရက္စခန္းဝင္ဖို႔ ေနျပည္ေတာ္တပ္နယ္ေျမမွာ စီစဥ္ထား

(Zawgyi)⤵⤵⤵
ဒီရက္ပိုင္းအတြင္း ထိုင္းႏိုင္ငံကေန ျပန္လာၾကတဲ့ ျမန္မာလုပ္သားေတြကို သက္ဆိုင္ရာ တိုင္းနဲ႔ျပည္နယ္ အစိုးရေတြက ျမဝတီ နယ္စပ္ဂိတ္ကေနတစ္ဆင့္ ခရီးသည္တင္ကားေတြနဲ႔ လာေရာက္ေခၚယူ ေပးေနပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရျခင္း ရွိ၊ မရွိ ၂၁ ရက္ အသြားအလာ ကန႔္သတ္ေစာင့္ၾကည့္ဖို႔လည္း အုပ္ခ်ဳပ္ေရးပိုင္း ေတြက ျပင္ဆင္ထားၾကပါတယ္။ ေနျပည္ေတာ္ကို ျပန္လာမယ့္သူေတြအတြက္ စီစဥ္ထားတဲ့ အေျခအေနကို ေနျပည္ေတာ္ေကာင္စီ ၫႊန္ၾကားေရးမႉး ဦးထြန္းထြန္းဝင္းက RFA ကိုေျပာပါတယ္။

"ခန႔္မွန္းေျခက ၆၀၀ ေက်ာ္ေလာက္ရွိမယ္၊ ခုထိေတာ့ နယ္စပ္မွာ သြားႀကိဳေနတုန္း ဒီကို မေရာက္ေသးဘူး။ သူတို႔ကို ဒီတစ္ႀကိမ္မွာ ေနျပည္ေတာ္ ပုဗၺသီရိၿမိဳ႕နယ္က အမွတ္ ၃ စစ္ေၾကာေရးနဲ႔ တည္းခိုေရးစခန္းမွာ ထားမယ္။ ေနာက္ပိုင္းျပန္လာသူေတြရွိရင္ စည္ပင္ဧည့္ရိပ္တို႔ တျခားေနရာေတြမွာ မွ်ထားႏိုင္တယ္"

လူေပါင္း တစ္ေသာင္းခြဲထိ ထားႏိုင္ဖို႔ ျပင္ဆင္ထားၿပီး လက္ရွိမွာေတာ့ ျပည္ပက ျပန္လာသူ စုစုေပါင္း  ၂၉၀  ရွိတယ္လို႔ တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖြဲ႕က အတြင္းေရးမႉး ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းက ေျပာပါတယ္။

"ေနျပည္ေတာ္ (႐ြာေတာ္တည္းခိုေရးစခန္း) မွာက ၂၉၀ ရွိတယ္၊ က်ေနာ္တို႔ အရင္ကတည္းက တစ္ေသာင္းခြဲ အတြက္ ႀကိဳျပင္ထားၿပီး ေနရာထိုင္ခင္းကိုေတာ့ လူဦးေရ ေထာင္ေက်ာ္အတြက္ ခင္းထားပါတယ္၊ အဲဒါေၾကာင့္ မို႔ အရင္ေဆာင္႐ြက္ထားတဲ့ ဦးေရအတိုင္း လက္ခံႏိုင္ဖို႔ အသင့္ရွိပါတယ္"

Covid 19 Volunteer Team ( NCVT )ရဲ႕ နာယကျဖစ္သူ ၊ အမ်ိဳးသားလႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေမာင္ေမာင္ေဆြ ကေတာ့ ျပည္ေတာ္ျပန္ေတြထားဖို႔ အုပ္ခ်ဳပ္ေရးပိုင္းက အကူအညီေတာင္းလာရင္ ကူညီေပးသြားမယ္လို႔ ေျပာပါတယ္။

"ေနျပည္ေတာ္ စည္ပင္ဧည့္ရိပ္သာ ၁ က Quarantine စင္တာမွာ ( NCVT ) က တာဝန္ယူ ၾကည့္ရႈထားတဲ့ အစိုးရဝန္ထမ္း ၃၄၀ ရွိတယ္။ အစိုးရ ဝန္ႀကီးဌာနနဲ႔ က်န္းမာေရး ဝန္ႀကီးဌာနက ပူးေပါင္းၿပီး တာဝန္ယူတဲ့ အစိုးရ ဝန္ထမ္းေတြလည္း ရွိတယ္။ သူတို႔ေတာ့ ဘယ္ေလာက္ရွိတယ္ မသိဘူး ။ ျပည္ေတာ္ျပန္ေတြေတာ့ မရွိေတာ့ဘူး၊ ရက္ျပည့္လို႔ ျပန္ၾကၿပီ။ အခုအခ်ိန္အထိ NCVT က တာဝန္ယူခဲ့တဲ့ သူက တစ္ေထာင္ေက်ာ္ ေလာက္အထိရွိၿပီ။ အုပ္ခ်ဳပ္ေရးပိုင္းက အကူအညီေတာင္းလာရင္ ေနေရး၊ စား ေရး ကူညီေပးဖို႔ရွိပါတယ္"

ၿပီးခဲ့တဲ့ မတ္လအတြင္း ျမဝတီနယ္စပ္ဂိတ္ကေန ျမန္မာအလုပ္သမား ေလးေသာင္းေက်ာ္ ဝင္ေရာက္ခဲ့ပါတယ္။ အဲဒီေနာက္မွာ အစိုးရက ဧၿပီလကုန္မွသာ ျပန္လာၾကဖို႔ ေၾကညာခဲ့ပါတယ္။

ထိုင္းကို ေရာက္ေနတဲ့ ျမန္မာလုပ္သားေတြအေနနဲ႔ တရားဝင္ျဖစ္ေစ တရားမဝင္ျဖစ္ေစ ျမန္မာျပည္ကို ျပန္မယ္ဆိုရင္ စာရင္းေပးၾကဖို႔  ထိုင္းႏိုင္ငံမွာရွိတဲ့ ျမန္မာသံ႐ုံးက ထုတ္ျပန္ခဲ့ပါတယ္။

ထိုင္းကေန ျပန္လာတဲ့ ျမန္မာေ႐ႊ႕ေျပာင္းအလုပ္သမားေတြကို ျမဝတီ အမွတ္ ၂ တံတားကေန ေမလ တစ္ရက္ေန႔ က စၿပီး လက္ခံေနတာျဖစ္ပါတယ္။ ျမန္မာႏိုင္ငံကို ျပန္ဖို႔ စာရင္းေပးထားသူက ေမလ ၃ ရက္ေန႔ထိ ႏွစ္ေသာင္းေက်ာ္ ရွိတယ္လို႔ ကရင္ျပည္နယ္အစိုးရအဖြဲ႕ လူမႈေရးဝန္ႀကီး ဦးဘိုဘိုေဝေမာင္က RFA ကို ေျပာထားပါတယ္။

ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ေမလဆန္းမွာ ထိုင္းႏိုင္ငံကေန ျမန္မာႏိုင္ငံကို ျပန္လာမယ့္သူ အေရအတြက္က တစ္သိန္းဝန္းက်င္ရွိႏိုင္တယ္လို႔ ေျပာထားပါတယ္။

သက္စုေအာင္၊ သီဟထြန္း / RFA Burmese
-------------------------------------------

(Unicode)⤵⤵⤵
ထိုင်းကပြန်လာသူတချို့ ၂၁ ရက်စခန်းဝင်ဖို့ နေပြည်တော်တပ်နယ်မြေမှာ စီစဉ်ထား

ဒီရက်ပိုင်းအတွင်း ထိုင်းနိုင်ငံကနေ ပြန်လာကြတဲ့ မြန်မာလုပ်သားတွေကို သက်ဆိုင်ရာ တိုင်းနဲ့ပြည်နယ် အစိုးရတွေက မြဝတီ နယ်စပ်ဂိတ်ကနေတစ်ဆင့် ခရီးသည်တင်ကားတွေနဲ့ လာရောက်ခေါ်ယူ ပေးနေပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရခြင်း ရှိ၊ မရှိ ၂၁ ရက် အသွားအလာ ကန့်သတ်စောင့်ကြည့်ဖို့လည်း အုပ်ချုပ်ရေးပိုင်း တွေက ပြင်ဆင်ထားကြပါတယ်။ နေပြည်တော်ကို ပြန်လာမယ့်သူတွေအတွက် စီစဉ်ထားတဲ့ အခြေအနေကို နေပြည်တော်ကောင်စီ ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဝင်းက RFA ကိုပြောပါတယ်။

"ခန့်မှန်းခြေက ၆၀၀ ကျော်လောက်ရှိမယ်၊ ခုထိတော့ နယ်စပ်မှာ သွားကြိုနေတုန်း ဒီကို မရောက်သေးဘူး။ သူတို့ကို ဒီတစ်ကြိမ်မှာ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်က အမှတ် ၃ စစ်ကြောရေးနဲ့ တည်းခိုရေးစခန်းမှာ ထားမယ်။ နောက်ပိုင်းပြန်လာသူတွေရှိရင် စည်ပင်ဧည့်ရိပ်တို့ တခြားနေရာတွေမှာ မျှထားနိုင်တယ်"

လူပေါင်း တစ်သောင်းခွဲထိ ထားနိုင်ဖို့ ပြင်ဆင်ထားပြီး လက်ရှိမှာတော့ ပြည်ပက ပြန်လာသူ စုစုပေါင်း  ၂၉၀  ရှိတယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

"နေပြည်တော် (ရွာတော်တည်းခိုရေးစခန်း) မှာက ၂၉၀ ရှိတယ်၊ ကျနော်တို့ အရင်ကတည်းက တစ်သောင်းခွဲ အတွက် ကြိုပြင်ထားပြီး နေရာထိုင်ခင်းကိုတော့ လူဦးရေ ထောင်ကျော်အတွက် ခင်းထားပါတယ်၊ အဲဒါကြောင့် မို့ အရင်ဆောင်ရွက်ထားတဲ့ ဦးရေအတိုင်း လက်ခံနိုင်ဖို့ အသင့်ရှိပါတယ်"

Covid 19 Volunteer Team ( NCVT )ရဲ့ နာယကဖြစ်သူ ၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်ဆွေ ကတော့ ပြည်တော်ပြန်တွေထားဖို့ အုပ်ချုပ်ရေးပိုင်းက အကူအညီတောင်းလာရင် ကူညီပေးသွားမယ်လို့ ပြောပါတယ်။

"နေပြည်တော် စည်ပင်ဧည့်ရိပ်သာ ၁ က Quarantine စင်တာမှာ ( NCVT ) က တာဝန်ယူ ကြည့်ရှုထားတဲ့ အစိုးရဝန်ထမ်း ၃၄၀ ရှိတယ်။ အစိုးရ ဝန်ကြီးဌာနနဲ့ ကျန်းမာရေး ဝန်ကြီးဌာနက ပူးပေါင်းပြီး တာဝန်ယူတဲ့ အစိုးရ ဝန်ထမ်းတွေလည်း ရှိတယ်။ သူတို့တော့ ဘယ်လောက်ရှိတယ် မသိဘူး ။ ပြည်တော်ပြန်တွေတော့ မရှိတော့ဘူး၊ ရက်ပြည့်လို့ ပြန်ကြပြီ။ အခုအချိန်အထိ NCVT က တာဝန်ယူခဲ့တဲ့ သူက တစ်ထောင်ကျော် လောက်အထိရှိပြီ။ အုပ်ချုပ်ရေးပိုင်းက အကူအညီတောင်းလာရင် နေရေး၊ စား ရေး ကူညီပေးဖို့ရှိပါတယ်"

ပြီးခဲ့တဲ့ မတ်လအတွင်း မြဝတီနယ်စပ်ဂိတ်ကနေ မြန်မာအလုပ်သမား လေးသောင်းကျော် ဝင်ရောက်ခဲ့ပါတယ်။ အဲဒီနောက်မှာ အစိုးရက ဧပြီလကုန်မှသာ ပြန်လာကြဖို့ ကြေညာခဲ့ပါတယ်။

ထိုင်းကို ရောက်နေတဲ့ မြန်မာလုပ်သားတွေအနေနဲ့ တရားဝင်ဖြစ်စေ တရားမဝင်ဖြစ်စေ မြန်မာပြည်ကို ပြန်မယ်ဆိုရင် စာရင်းပေးကြဖို့  ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာသံရုံးက ထုတ်ပြန်ခဲ့ပါတယ်။

ထိုင်းကနေ ပြန်လာတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို မြဝတီ အမှတ် ၂ တံတားကနေ မေလ တစ်ရက်နေ့ က စပြီး လက်ခံနေတာဖြစ်ပါတယ်။ မြန်မာနိုင်ငံကို ပြန်ဖို့ စာရင်းပေးထားသူက မေလ ၃ ရက်နေ့ထိ နှစ်သောင်းကျော် ရှိတယ်လို့ ကရင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးဘိုဘိုဝေမောင်က RFA ကို ပြောထားပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မေလဆန်းမှာ ထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံကို ပြန်လာမယ့်သူ အရေအတွက်က တစ်သိန်းဝန်းကျင်ရှိနိုင်တယ်လို့ ပြောထားပါတယ်။

သက်စုအောင်၊ သီဟထွန်း / RFA Burmese
https://www.rfa.org/burmese/program_2/prepare-qurantine-center-at-naypyidaw-05042020052609.html
ထိုင္းကျပန္လာသူတခ်ိဳ႕ ၂၁ ရက္စခန္းဝင္ဖို႔ ေနျပည္ေတာ္တပ္နယ္ေျမမွာ စီစဥ္ထား ထိုင္းကျပန္လာသူတခ်ိဳ႕ ၂၁ ရက္စခန္းဝင္ဖို႔ ေနျပည္ေတာ္တပ္နယ္ေျမမွာ စီစဥ္ထား Reviewed by THITHTOOLWIN on 19:59 Rating: 5
Powered by Blogger.