ကို႐ိုနာဗိုင္းရပ္စ္ - ေလာ့ခ္ေဒါင္းကို ဖီဆန္သူ ဆံပင္ညႇပ္ဆိုင္ရွင္ ေထာင္ဒဏ္က်ခံရ

ဆံပင္ညႇပ္ဆိုင္ရွင္ ရွယ္လီလူသာက ဆိုင္မပိတ္ႏိုင္ဘူးလို႔ ျငင္းဆန္ခဲ့
(Zawgyi)⤵⤵⤵
ကို႐ိုနာဗိုင္းရပ္စ္ ကန္႔သတ္ခ်က္အရ မျဖစ္မေန လိုအပ္တဲ့ စီးပြားေရးလုပ္ငန္းမ်ိဳးမွအပ က်န္စီးပြားေရးလုပ္ငန္းေတြ ပိတ္ရမယ္ဆိုတဲ့ ကန္႔သတ္ခ်က္ကို မလိုက္နာတဲ့ အတြက္ တကၠဆက္စ္ျပည္နယ္က အမ်ိဳးသမီး ဆံပင္ညႇပ္ဆိုင္ ပိုင္ရွင္ တေယာက္ကို ေထာင္ဒဏ္ သီတင္းတပတ္ခ်မွတ္လိုက္ပါတယ္။

တကၠဆက္စ္ျပည္နယ္ ဒါးလတ္စ္ၿမိဳ႕က ဆံပင္ညႇပ္ဆိုင္ပိုင္ရွင္ ရွယ္လီလူသာဟာ ဆိုင္ပိတ္ဖို႔ တားျမစ္စာကို ဖီဆန္ခဲ့တဲ့ အတြက္ အဂၤါေန႔က သူ႔ကို တရားစြဲဆိုၾကားနာခဲ့ပါတယ္။

ရွယ္လီလူသာအေနနဲ႔ တကိုယ္ေကာင္းဆန္မိပါေၾကာင္း ဝန္ခံေတာင္းပန္ၿပီးဆိုင္ကိုပိတ္၊ ဒဏ္ေၾကးေဆာင္မယ္ဆိုရင္ ေထာင္ဒဏ္ကေန ကင္းလြတ္ႏိုင္ေၾကာင္း တရားသူႀကီးက ေျပာခဲ့ပါတယ္။

ဒါေပမယ့္ရွယ္လီလူသာက သူ႔ကေလးေတြကို ေကြၽးေမြးဖို႔အလုပ္လုပ္တာဟာ တကိုယ္ေကာင္းဆန္တာ မဟုတ္ဘူးလို႔ေျပာၿပီး မေတာင္းပန္ႏိုင္ဘူးလို႔ ျငင္းဆိုခဲ့ပါတယ္။

တကယ္ေတာ့သူဟာ ဆံပင္ညႇပ္ဆိုင္ဖြင့္ဖို႔အတြက္ ေသာၾကာေန႔အထိသာ သည္းခံေစာင့္ဆိုင္းရေတာ့မွာပါ။ ဘာ့ေၾကာင့္လဲ ဆိုေတာ့ သူတို႔ဆိုင္ေတြကို ျပန္ဖြင့္ခြင့္ေပးဖို႔ ျပည္နယ္အစိုးရက စီစဥ္ေနခ်ိန္ျဖစ္လို႔ပါ။

ရွယ္လီလူသာကိုေဒၚလာ ၇,၀၀၀ ဒဏ္႐ိုက္ခဲ့ၿပီး တကယ္လို႔ ေသာၾကာေန႔ မတိုင္မီမွာ ဆိုင္ဆက္ဖြင့္ရင္ တရက္ကို ေဒၚလာ ၅၀၀ ႏႈန္းနဲ႔ ဒဏ္ထပ္႐ိုက္ဦး မယ္လို႔ သတိေပးခဲ့ပါတယ္။

“ဥပေဒက ကြၽန္ေတာ္တို႔ကို အုပ္ခ်ဳပ္တယ္။ လူေတြက သူတို႔လုပ္မယ္ မလုပ္ဘူးဆိုတာကို သူတို႔ဘာသာ ဆုံးျဖတ္ခြင့္မရွိဘူး”လို႔ တရားသူႀကီးအဲရစ္မြိဳင္းက ရွယ္လီလူသာကို ေျပာခဲ့ပါတယ္။

ဒဲလတ္စ္ၿမိဳ႕က စုံေထာက္တေယာက္နဲ႔ ရဲအရာရွိ တေယာက္တို႔က ရွယ္လီလူသာရဲ႕ ဆိုင္ထဲမွာ ဆံပင္ညႇပ္ဖို႔နဲ႔ လက္သည္းအလွျပင္မယ့္သူေတြ ေရာက္ေနတာကို ျမင္ခဲ့ရတယ္လို႔ ဆိုေၾကာင္း တကၠဆက္စ္ထရီႁဗြန္း သတင္းစာမွာ ေရးသားထားပါတယ္။

ဧၿပီလ ၂၅ ရက္ေန႔က ရွယ္လီလူသာဟာ ေလာ့ခ္ေဒါင္း ဆန္႔က်င္တဲ့ ဆႏၵျပပြဲမွာ ပါဝင္ခဲ့ၿပီး သူ႔ဆီပို႔ထားတဲ့ ဆိုင္ပိတ္ဖို႔ တားျမစ္စာကို ဆုတ္ၿဖဲပစ္ခဲ့ပါတယ္။

ၿပီးခဲ့တဲ့ အပတ္ကလည္း ဆိုင္ဆက္ဖြင့္ႏိုင္တဲ့ အခြင့္အေရး သူ႔မွာ ရွိေၾကာင္း Facebook မွာ ေရးသားခဲ့ပါတယ္။

တရား႐ုံးထဲမွာေတာ့ရွယ္လီလူသာက “တရားသူႀကီးမင္းနဲ႔ ကြၽန္မသေဘာမတူပါဘူးရွင္။ ကြၽန္မက တကိုယ္ေကာင္းဆန္တယ္လို႔ တရားသူႀကီးမင္းကဆိုေပမယ့္ ကြၽန္မကေတာ့ ကေလးေတြကို ေကြၽးေမြးဖို႔အလုပ္လုပ္တာဟာ တကိုယ္ေကာင္းမဆန္ဘူးလို႔ ယူဆပါတယ္။

ကြၽန္မမွာ သူတို႔ကေလးေတြကို ေကြၽးေမြးျပဳစုရမွာမို႔ ငတ္ကုန္ေတာ့မယ့္ လက္ေထာက္ ဆံပင္အလွျပင္သူေတြလည္း ရွိပါတယ္။ ဒါ့ေၾကာင့္ ကေလးေတြကို ေကြၽးေမြးျပဳစုဖို႔ထက္ တရားဥပေဒက ပိုအေရးႀကီးတယ္လို႔ တရားသူႀကီးမင္းထင္ရင္ ရွင့္ဆုံးျဖတ္ခ်က္အတိုင္း ဆက္လုပ္ပါ။ ကြၽန္မကေတာ့ ဆိုင္ပိတ္မွာ မဟုတ္ပါဘူးလို႔” ေျပာခဲ့ပါတယ္။

BBC Burmese
-------------------------------------------------
(Unicode)⤵⤵⤵
ကိုရိုနာဗိုင်းရပ်စ် - လော့ခ်ဒေါင်းကို ဖီဆန်သူ ဆံပင်ညှပ်ဆိုင်ရှင် ထောင်ဒဏ်ကျခံရ

ကိုရိုနာဗိုင်းရပ်စ် ကန့်သတ်ချက်အရ မဖြစ်မနေ လိုအပ်တဲ့ စီးပွားရေးလုပ်ငန်းမျိုးမှအပ ကျန်စီးပွားရေးလုပ်ငန်းတွေ ပိတ်ရမယ်ဆိုတဲ့ ကန့်သတ်ချက်ကို မလိုက်နာတဲ့ အတွက် တက္ကဆက်စ်ပြည်နယ်က အမျိုးသမီး ဆံပင်ညှပ်ဆိုင် ပိုင်ရှင် တယောက်ကို ထောင်ဒဏ် သီတင်းတပတ်ချမှတ်လိုက်ပါတယ်။

တက္ကဆက်စ်ပြည်နယ် ဒါးလတ်စ်မြို့က ဆံပင်ညှပ်ဆိုင်ပိုင်ရှင် ရှယ်လီလူသာဟာ ဆိုင်ပိတ်ဖို့ တားမြစ်စာကို ဖီဆန်ခဲ့တဲ့ အတွက် အင်္ဂါနေ့က သူ့ကို တရားစွဲဆိုကြားနာခဲ့ပါတယ်။

ရှယ်လီလူသာအနေနဲ့ တကိုယ်ကောင်းဆန်မိပါကြောင်း ဝန်ခံတောင်းပန်ပြီးဆိုင်ကိုပိတ်၊ ဒဏ်ကြေးဆောင်မယ်ဆိုရင် ထောင်ဒဏ်ကနေ ကင်းလွတ်နိုင်ကြောင်း တရားသူကြီးက ပြောခဲ့ပါတယ်။

ဒါပေမယ့်ရှယ်လီလူသာက သူ့ကလေးတွေကို ကျွေးမွေးဖို့အလုပ်လုပ်တာဟာ တကိုယ်ကောင်းဆန်တာ မဟုတ်ဘူးလို့ပြောပြီး မတောင်းပန်နိုင်ဘူးလို့ ငြင်းဆိုခဲ့ပါတယ်။

တကယ်တော့သူဟာ ဆံပင်ညှပ်ဆိုင်ဖွင့်ဖို့အတွက် သောကြာနေ့အထိသာ သည်းခံစောင့်ဆိုင်းရတော့မှာပါ။ ဘာ့ကြောင့်လဲ ဆိုတော့ သူတို့ဆိုင်တွေကို ပြန်ဖွင့်ခွင့်ပေးဖို့ ပြည်နယ်အစိုးရက စီစဉ်နေချိန်ဖြစ်လို့ပါ။

ရှယ်လီလူသာကိုဒေါ်လာ ၇,၀၀၀ ဒဏ်ရိုက်ခဲ့ပြီး တကယ်လို့ သောကြာနေ့ မတိုင်မီမှာ ဆိုင်ဆက်ဖွင့်ရင် တရက်ကို ဒေါ်လာ ၅၀၀ နှုန်းနဲ့ ဒဏ်ထပ်ရိုက်ဦး မယ်လို့ သတိပေးခဲ့ပါတယ်။

“ဥပဒေက ကျွန်တော်တို့ကို အုပ်ချုပ်တယ်။ လူတွေက သူတို့လုပ်မယ် မလုပ်ဘူးဆိုတာကို သူတို့ဘာသာ ဆုံးဖြတ်ခွင့်မရှိဘူး”လို့ တရားသူကြီးအဲရစ်မွိုင်းက ရှယ်လီလူသာကို ပြောခဲ့ပါတယ်။

ဒဲလတ်စ်မြို့က စုံထောက်တယောက်နဲ့ ရဲအရာရှိ တယောက်တို့က ရှယ်လီလူသာရဲ့ ဆိုင်ထဲမှာ ဆံပင်ညှပ်ဖို့နဲ့ လက်သည်းအလှပြင်မယ့်သူတွေ ရောက်နေတာကို မြင်ခဲ့ရတယ်လို့ ဆိုကြောင်း တက္ကဆက်စ်ထရီဗြွန်း သတင်းစာမှာ ရေးသားထားပါတယ်။

ဧပြီလ ၂၅ ရက်နေ့က ရှယ်လီလူသာဟာ လော့ခ်ဒေါင်း ဆန့်ကျင်တဲ့ ဆန္ဒပြပွဲမှာ ပါဝင်ခဲ့ပြီး သူ့ဆီပို့ထားတဲ့ ဆိုင်ပိတ်ဖို့ တားမြစ်စာကို ဆုတ်ဖြဲပစ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ အပတ်ကလည်း ဆိုင်ဆက်ဖွင့်နိုင်တဲ့ အခွင့်အရေး သူ့မှာ ရှိကြောင်း Facebook မှာ ရေးသားခဲ့ပါတယ်။

တရားရုံးထဲမှာတော့ရှယ်လီလူသာက “တရားသူကြီးမင်းနဲ့ ကျွန်မသဘောမတူပါဘူးရှင်။ ကျွန်မက တကိုယ်ကောင်းဆန်တယ်လို့ တရားသူကြီးမင်းကဆိုပေမယ့် ကျွန်မကတော့ ကလေးတွေကို ကျွေးမွေးဖို့အလုပ်လုပ်တာဟာ တကိုယ်ကောင်းမဆန်ဘူးလို့ ယူဆပါတယ်။

ကျွန်မမှာ သူတို့ကလေးတွေကို ကျွေးမွေးပြုစုရမှာမို့ ငတ်ကုန်တော့မယ့် လက်ထောက် ဆံပင်အလှပြင်သူတွေလည်း ရှိပါတယ်။ ဒါ့ကြောင့် ကလေးတွေကို ကျွေးမွေးပြုစုဖို့ထက် တရားဥပဒေက ပိုအရေးကြီးတယ်လို့ တရားသူကြီးမင်းထင်ရင် ရှင့်ဆုံးဖြတ်ချက်အတိုင်း ဆက်လုပ်ပါ။ ကျွန်မကတော့ ဆိုင်ပိတ်မှာ မဟုတ်ပါဘူးလို့” ပြောခဲ့ပါတယ်။

BBC Burmese
https://www.bbc.com/burmese/world-52581325
ကို႐ိုနာဗိုင္းရပ္စ္ - ေလာ့ခ္ေဒါင္းကို ဖီဆန္သူ ဆံပင္ညႇပ္ဆိုင္ရွင္ ေထာင္ဒဏ္က်ခံရ ကို႐ိုနာဗိုင္းရပ္စ္ - ေလာ့ခ္ေဒါင္းကို ဖီဆန္သူ ဆံပင္ညႇပ္ဆိုင္ရွင္ ေထာင္ဒဏ္က်ခံရ Reviewed by THITHTOOLWIN on 20:52 Rating: 5
Powered by Blogger.