စာမတတ္ဘဲ ေက်ာင္းဆရာ ၁၇ႏွစ္လုပ္ခဲ့သူ

၂၀၀၈ ခုႏွစ္က ဂြၽန္ေကာ္ကိုရန္
ေရးသားသူ။ ။ ဆာရာ မတ္ဒါးေမာ့တ္

(Zawgyi)⤵⤵⤵
၁၉၄၀ေက်ာ္နဲ႔ ၁၉၅၀ေက်ာ္ႏွစ္ကာလေတြအတြင္း အေမရိကန္ႏိုင္ငံ နယူးမကၠစီကို ျပည္နယ္မွာ ဂြၽန္ေကာ္ကိုရန္ ႀကီးျပင္းခဲ့ပါတယ္။ ေမြးခ်င္း ၆ေယာက္ရွိၿပီးသူဟာ အထက္တန္းေအာင္ ၿပီးတကၠသိုလ္ ကို ေရာက္ခဲ့ပါတယ္။ ၿပီးေတာ့ ၁၉၆၀ေက်ာ္ႏွစ္ေတြအတြင္းမွာ ဆရာအလုပ္ကို ၁၇ႏွစ္လုပ္ကိုင္ခဲ့တဲ့သူျဖစ္ပါတယ္။ ဒါေပမယ့္ဒီမွာ သူကိုယ္တိုင္ေျပာျပထားတာကေတာ့ ဘဝတေလွ်ာက္လုံး နီးပါး သူထိန္းသိမ္းလာခဲ့တဲ့ သူရဲ႕ထူးျခားတဲ့လွ်ိဳ႕ဝွက္ခ်က္တစ္ခုအေၾကာင္းပါ။

ကြၽန္ေတာ္ ကေလးဘဝတုန္းက မိဘေတြက ကြၽန္ေတာ့္ကို ေအာင္ျမင္မယ့္လူတေယာက္လို႔ေျပာခဲ့ၾကတယ္။ ကြၽန္ေတာ္ကလည္း အဲဒါကို အသက္၆ႏွစ္ေလာက္အထိ ယုံၾကည္ခဲ့တယ္။

ကြၽန္ေတာ္ငယ္ငယ္တုန္းက စကားေျပာေနာက္က်ခဲ့ပါတယ္။ ဒါေပမယ့္ ေက်ာင္းတက္တဲ့ အခါမွာ ကြၽန္ေတာ့္ အမေတြလိုပဲ စာဖတ္တာကို သင္ယူလာႏိုင္လိမ့္မယ္လို႔ ယုံၾကည္မႈေတြ အမ်ားႀကီးရွိခဲ့ဖူးတယ္။ ေက်ာင္းစတက္တဲ့ ပထမႏွစ္မွာေတာ့ အဆင္ေျပပါတယ္။ ဘာလို႔လဲဆိုေတာ့ အဲဒီႏွစ္မွာက ဘာမွအမ်ားႀကီး သိပ္လုပ္စရာမလိုဘဲ တန္းမွန္ေအာင္စီတတ္ဖို႔၊ စာသင္ခုံမွာထိုင္ေနတတ္ဖို႔ ၊စကားသိပ္မမ်ားဖို႔နဲ႔ သန္႔စင္ခန္းကို အခ်ိန္မီသြား တတ္ဖို႔ပဲလုပ္ဖို႔ရွိ ပါတယ္။

ဒုတိယတန္းကိုေရာက္လာတဲ့အခါမွာေတာ့ စာဖတ္တာကို မျဖစ္မေနသင္လာရပါတယ္။ ဒါေပမယ့္ စာဖတ္တာက ကြၽန္ေတာ့္အတြက္ တ႐ုတ္သတင္းစာကို ဖြင့္ၿပီးဖတ္ရသလို ပဲ ဘာမွနားမလည္ခဲ့ ဘူး။ကြၽန္ေတာ့္ကေလးဘဝ အသက္၆ႏွစ္၊ ၇ႏွစ္၊ ၈ႏွစ္ေတြမွာ ဒီျပႆနာကို ဘယ္လိုေက်ာ္ လႊားေျဖရွင္း ရမယ္ဆိုတာလည္းမသိခဲ့ပါဘူး။

မနက္ျဖန္က်ရင္ စာဘယ္လိုဖတ္ရမလဲဆိုတာ သိခြင့္ေပးပါအရွင္လို႔ ညဘက္မွာ ဆုေတာင္းခဲ့ ရတာကို မွတ္မိေနတယ္။ ၿပီးေတာ့ စာဖတ္ႏိုင္တဲ့အစြမ္းေတြမ်ားေပၚလာမလားဆိုၿပီး မီးထြန္း၊ စာအုပ္ဖြင့္ၿပီး စာအုပ္ကိုစိုက္ၾကည့္ေနခဲ့ဖူးတယ္။ ဒါေပမယ့္အဲ့ဒီအစြမ္းက ကြၽန္ေတာ့္ဆီကေန ဘယ္ေတာ့မွ ထြက္ မလာခဲ့ပါဘူး။

စာမဖတ္ႏိုင္ေတာ့ ေက်ာင္းမွာဆိုရင္လည္း စာဖတ္တာသင္ေပးဖို႔ခက္ခဲတဲ့ အျခားကေလးေတြ နဲ႔အတူ dumb row လို႔ေခၚတဲ့ နလပိန္းတုံး၊လူအေတြထားတဲ့ အတန္းမွာသြားေနခဲ့ရပါတယ္။ အဲဒီမွာ ဘာေၾကာင့္သြား ေနရတာလဲ။ အဲ့ဒီကေန ဘယ္လို႐ုန္းထြက္ရမလဲဆိုတာနဲ႔ ၊ ဒီ့အတြက္ဘာေမးခြန္း ေမးရမလဲ ဆိုတာေတာင္ အတိအက် မသိခဲ့ပါဘူး။
 ဂြၽန္ေကာ္ကိုရန္ ငယ္စဥ္ဘဝ
ဆရာကေတာ့ ကြၽန္ေတာ္တို႔ကို "dumb row" နလပိန္းတုံးေတြလို႔ဘယ္ေတာ့မွ မေခၚသလို၊ အရမ္းဖိႏွိပ္ ဆူပူတာေတြလည္း မလုပ္ခဲ့ပါဘူး။ ဒါေပမယ့္ ကေလးေတြကေတာ့ နလပိန္းတုံးတန္း လို႔ပဲေခၚေနၾကေတာ့ အဲဒီကိုေရာက္သြားရင္ ကိုယ္လည္း နလပိန္းတုံးတေယာက္ဆိုၿပီး ေတြးမိလာပါတယ္။

. မိဘဆရာေတြ႕ဆုံပြဲမွာဆရာက "ေကာင္ေလးကေတာ္တယ္၊ ေနာက္ဆို သူရသြားပါလိမ့္မယ္လို႔" ကြၽန္ေတာ့္ မိဘေတြကိုေျပာတယ္။

ၿပီးေတာ့ ကြၽန္ေတာ့္ကို တတိယတန္းကို သူတို႔ က တင္ေပး လိုက္ပါတယ္။

"ေကာင္ေလးက ေတာ္တယ္ သူရသြားပါလိမ့္မယ္" အဲဒါနဲ႔ ေလးတန္းကို ထပ္ တင္ေပးလိုက္တယ္။

"ေကာင္ေလးက ေတာ္တယ္ သူရသြားလိမ့္မယ္" ဆိုၿပီး ငါးတန္းကို အတန္းတင္ေပးလိုက္ျပန္ေရာ။

ဒါေပမယ့္ ကြၽန္ေတာ္ စာတကယ္မလိုက္ႏိုင္ခဲ့ပါဘူး။

ငါးတန္းကို ေရာက္လာတဲ့အခ်ိန္မွာေတာ့ စာဖတ္တဲ့အလုပ္ကို ကိုယ္တိုင္စြန္႔လႊတ္လိုက္ဖို႔ျဖစ္လာခဲ့ တယ္။ ေန႔တိုင္းအိပ္ယာထ အဝတ္လဲ ေက်ာင္းသြားရတာ စစ္တိုက္ထြက္ေနရသလိုပါပဲ။ စာသင္ခန္းကို မုန္းလာတယ္။ ကိုယ္မႀကိဳက္တဲ့ ပတ္ဝန္းက်င္တခုလို႔ ခံစားလာရၿပီးေတာ့ အဲဒီမွာဆက္ရွင္ သန္ႏိုင္ဖို႔နည္း လမ္း ကိုလည္းမျဖစ္မေန ရွာခဲ့ရပါတယ္။

ခုႏွစ္တန္းေရာက္ေတာ့ ေန႔တိုင္းလိုလို ေက်ာင္းအုပ္ႀကီး႐ုံးခန္းကို သြားေနရတာမ်ားပါတယ္။ ရန္ေတြျဖစ္တယ္ ၊ နားမေထာင္ အာခံတာေတြလုပ္တယ္၊ ငေျပာင္လုပ္တယ္ ။ အဲဒါတာေတြေၾကာင့္ ေက်ာင္းကအထုတ္ခံခဲ့ရတယ္။တကယ္ေတာ့ ကြၽန္ေတာ့္ စိတ္ထဲမွာက အဲ့လိုမ်ိဳးစ႐ိုက္ ရွိေနတာမဟုတ္ပါဘူး။အဲ့လိုလူမ်ိဳးလဲမျဖစ္ခ်င္ခဲ့ပါဘူး။ ကြၽန္ေတာ့္မွာ ေအာင္ျမင္ခ်င္တဲ့ ဆႏၵရွိသလို ေက်ာင္းသားေကာင္းတေယာက္လည္း ျဖစ္ခ်င္ခဲ့တာပါ။ ဒါေပမယ့္ အဲဒါေတြ ျဖစ္ေအာင္မလုပ္ႏိုင္ခဲ့ပါဘူး။

ရွစ္တန္းကို ေရာက္လာေတာ့ မိသားစုအတြက္ေရာ ကိုယ္ကိုတိုင္အတြက္ပါ စိတ္အေႏွာင့္အယွက္ ျဖစ္စရာေတြဆက္မလုပ္ခ်င္ေတာ့ပါဘူး ။ ေကာင္းေကာင္းေနေတာ့မယ္လို႔ဆုံးျဖတ္ခဲ့ပါတယ္။ အထက္တန္းေက်ာင္းမွာ ဣေျႏၵရရ ေနၿပီး အဲ့ဒီစနစ္ကိုေက်ာ္လႊားႏိုင္မယ့္ လမ္းေၾကာင္းကိုပါ ေတြ႕လာႏိုင္ပါတယ္။ အဲ့ဒါေၾကာင့္ဆရာတေယာက္ရဲ႕အခ်စ္ေတာ္လုပ္ၿပီး ေတာ့ဒီစနစ္ကို ေက်ာ္ျဖတ္ႏိုင္မယ့္ နည္းလမ္းေတြ လိုအပ္တာေတြမွန္သမွ်ကိုလုပ္ခဲ့ပါတယ္။

ကြၽန္ေတာ္က အားကစားသမား တေယာက္ျဖစ္ခ်င္ခဲ့တဲ့သူပါ။ အားကစားကြၽမ္းက်င္မႈနဲ႔ သခ်ၤာ ကြၽမ္းက်င္ ေတြမႈေတြလည္း ကြၽန္ေတာ့္မွာရွိခဲ့တယ္။ေက်ာင္းမတက္ခင္ကတည္းက ပိုက္ဆံေတြ ကို ေရတြက္တတ္ ၿပီးေတာ့ ေငြကိုလည္း ျပန္အမ္းတတ္ပါတယ္။ ၿပီးေတာ့ အလီေတြကို လည္း ‌ေလ့လာထားပါတယ္။

တစ္ဘက္မွာလဲ ကြၽန္ေတာ့္မွာက ေပါင္းတတ္သင္းတတ္တဲ့ စြမ္းရည္ကလဲရွိေန ေတာ့ ေကာလိပ္က သူငယ္ခ်င္းေတြ ရွိပါတယ္။ ၿပီးေတာ့ အမွတ္အမ်ားဆုံးနဲ႔ေအာင္လို႔ ေက်ာင္းဆင္းပြဲမွာ စကားတက္ေျပာခြင့္ရ တဲ့ ေက်ာင္းသူတေယာက္နဲ႔လည္းတြဲခဲ့ေတာ့ လူသိမ်ားတဲ့ လူတစ္ေယာက္ေပါ့ဗ်ာ။ သူငယ္ခ်င္းအမ်ားစုက မိန္းကေလးေတြျဖစ္ၿပီး ကြၽန္ေတာ့္ အိမ္စာေတြကို သူတို႔က လုပ္ေပးၾကပါတယ္။

ကြၽန္ေတာ့္နာမည္ကို ကြၽန္ေတာ္ေရးႏိုင္သလို တခ်ိဳ႕စကားလုံးေတြကိုလည္းမွတ္မိထားပါတယ္။ ဒါေပမယ့္ ဝါက်တစ္ေၾကာင္းကိုေတာ့ ျပည့္ စုံေအာင္မေရးႏိုင္ပါဘူး။ အထက္တန္းေက်ာင္းမွာ ကြၽန္ေတာ္စာဖတ္ႏိုင္တဲ့ အဆင့္က ႏွစ္တန္းေလာက္ပဲရွိပါတယ္။ ၿပီးေတာ့ ကြၽန္ေတာ္ စာမဖတ္တတ္ဘူးဆိုတာကိုလည္း ဘယ္သူ႔ကိုမွ ဖြင့္မေျပာခဲ့ဘူး။

စာေမးပြဲ ေျဖတဲ့ အခ်ိန္ေရာက္ရင္လည္း တစ္ေယာက္ေယာက္ ေျဖထားတဲ့ စာ႐ြက္ကိုၾကည့္တယ္။ ဒါမွမဟုတ္ တစ္ေယာက္ေယာက္ ကို စာ႐ြက္ကမ္း ေပးလိုက္ၿပီး သူတို႔က ကြၽန္ေတာ့္အတြက္ ေျဖခိုင္းခဲ့ပါတယ္။မသိရင္ ေတာ့ တစ္ေယာက္ေယာက္ က အေပ်ာ္လိမ္တမ္း ကစားေနသလိုမ်ိဳးေပါ့ ။ဒါေပမယ့္ အားကစား စေကာ္လာ ရွစ္တခု အျပည့္ဝရၿပီး ေကာလိပ္ကိုေရာက္သြားတဲ့အခါမွာေတာ့ ဇာတ္လမ္းက ပုံစံတမ်ိဳးေျပာင္း လာခဲ့ပါ တယ္။

အဲ့ဒီအခ်ိန္ ေခါင္းထဲမွာ ကြၽန္ေတာ္ေတြးခဲ့တာက ဒီအေျခေနကို ငါဘယ္လို ေက်ာ္ျဖတ္ႏိုင္မလဲဆိုတာပါ။

စာေမးပြဲအေျဖလႊာအေဟာင္း မိတၱဴေတြသိမ္းထားတဲ့ အသိုင္းအဝန္းတခုကလည္း ကြၽန္ေတာ့္မွာ ရွိခဲ့ပါ တယ္။ အဲ့ဒါက လိမ္နည္းလမ္းေၾကာင္းတခုေပါ့ဗ်ာ။ကြၽန္ေတာ့္ကို အကူအညီေပးႏိုင္တဲ့ သူငယ္ခ်င္း တေယာက္နဲ႔ အတန္းတူတူတက္တယ္။ပါေမာကၡေတြကလည္း တႏွစ္ၿပီးတႏွစ္ စာစစ္တဲ့ပုံစံကို အတူတူေတြ ပဲသုံးခဲ့ၾကတာ။ ဒါေပမယ့္ မတတ္သာတဲ့အခ်ိန္ေရာက္လာရင္ေတာ့ ကိုယ္ကိုတိုင္ဖန္တီးပီး ရတဲ့ ကိစၥေတြ လည္းရွိလာခဲ့ပါတယ္။

စာေမးပြဲတခုမွာဆို ပါေမာကၡက ေက်ာက္သင္ပုန္းေပၚမွာ ေမးခြန္းေလးခုကိုေရးၿပီး ေျဖခိုင္းခဲ့တယ္။ ကြၽန္ေတာ္တို႔ကအဲ့ဒီေမးခြန္းေတြကို ေျဖေပးရမွာ။ ကြၽန္ေတာ္က အသက္ပိုႀကီး တဲ့ ေက်ာင္း သား ေတြရဲ႕ေနာက္ ေနာက္ဆုံးတန္းျပတင္းေပါက္ေဘးကခုံမွာထိုင္ေနတယ္။ ၿပီးေတာ့ ကြၽန္ေတာ့္ စာအုပ္အျပာထဲကို အဲ့ဒီေမးခြန္းေလးခုကို အပင္ပန္းခံၿပီး ကူးေရးလိုက္တယ္။ကူးသာကူးေရးရတယ္ ေမးခြန္းေတြက ဘာေတြေမးထားမွန္းလည္း မသိဘူး။

အဲ့ဒီအခ်ိန္မွာ ကြၽန္ေတာ့္ ျပတင္းေပါက္အျပင္ဘက္ကေန သူငယ္ခ်င္းတေယာက္ကို စီစဥ္ၿပီး ေစာင့္ခိုင္း ထားတယ္။ ေက်ာင္းမွာေတာ့ သူက အေတာ္ဆုံး ေက်ာင္း သားတေယာက္လို႔ ေျပာႏိုင္မယ္ထင္တယ္။ ဒါေပမယ့္ သူကရွက္တတ္တဲ့သူ။ ေႏြဦးရာသီကပြဲမွာ သူနဲ႔တြဲကဖို႔ မာရီလို႔ေခၚတဲ့ မိန္း ကေလးတေယာက္နဲ႔ ခ်ိတ္ေပးဖို႔ ကြၽန္ေတာ့္ကိုအကူအညီေတာင္းထားတဲ့ သူလည္းျဖစ္ပါတယ္။

ကြၽန္ေတာ့္စာအုပ္အျပာကို ျပတင္းေပါက္အျပင္ဘက္က သူ႔ကို ကမ္းေပးလိုက္ၿပီးေတာ့ သူက အေျဖေတြကို အဲ့ဒီထဲမွာ ကြၽန္ေတာ့္အတြက္ျဖည့္ေရးေပးခဲ့တာပါ။

သူေျဖေနတဲ့အခ်ိန္ ဒီဘက္မွာလည္း ကြၽန္ေတာ့္ အက်ႌထဲက ဖြက္ယူလာတဲ့ စာအုပ္အျပာ တအုပ္ကိုဖြင့္ၿပီး ကြၽန္ေတာ္က ေျဖေနတဲ့ပုံစံ ဟန္ေဆာင္ေပးခဲ့ရပါတယ္။

ကြၽန္ေတာ္ကမ္းေပးလိုက္တဲ့ စာအုပ္ကို သူရၿပီး အေျဖမွန္ေတြေျဖၿပီး ျပန္ပို႔ေပးႏို င္ပါ ေစလို႔လည္း ကြၽန္ေတာ္ဆုေတာင္းေနခဲ့ရပါေသးတယ္။

စာေမးပြဲေတြကိုေအာင္ဖို႔လိုေတာ့ ႀကံမိႀကံရာ မလုပ္သင့္တာေတြ စြတ္လုပ္ခဲ့တာေပါ့ဗ်ာ။

ဒီလိုနဲ႔ ေနာက္ စာေမးပြဲတခုကိုေတာ့ ဘယ္လိုနည္းနဲ႔ေက်ာ္လႊားရမလဲဆိုတာ အေျဖရွာမေတြ႕ခဲ့ျပန္ဘူး။

တစ္ညေတာ့ ပါေမာကၡ႐ုံးခန္းမွာမရွိတဲ့အခ်ိန္ ညလယ္ေလာက္ သူ႔႐ုံးခန္းကို ခိုးဝင္ခဲ့ပါတယ္။ ျပတင္းေပါက္တံခါးကို ဓားနဲ႔ကေလာ္ဖြင့္ၿပီးသူခိုးငတက္ျပားတစ္ေယာက္လို အထဲကို ဝင္သြားခဲ့ရတာ ပါ။ဒီ ကိစၥက ေက်ာင္းသားတစ္ေယာက္ လုပ္သင့္တဲ့ ကိစၥမဟုတ္ပါဘူး။ လိမ္တာတင္မက ရာဇဝတ္သား တေယာက္ လို လုပ္ခဲ့တာပါ။

ပါေမာကၡ႐ုံးခန္းထဲကိုေရာက္ေတာ့ စာေမးပြဲေမးခြန္းနဲ႔ပတ္သက္တာေတြ လိုက္ရွာခဲ့တယ္။ သူ႔႐ုံးခန္း ထဲမွာအေသအခ်ာ ရွိမယ္လို႔ထင္ထားေပမယ့္ ရွာမေတြ႕ခဲ့ဘူး။ ဗီ႐ိုတခုထဲမွာ ရွိမယ္လို႔ထင္ ရေပမယ့္ အဲ့ဒီဗီ႐ိုက ေသာ့ခတ္ထားတယ္။

အဲ့ဒီပုံစံအတိုင္း ႏွစ္ည သုံးညေလာက္သြားၿပီး စာေမးပြဲေမးခြန္းေတြ သြားရွာခဲ့ေပမယ့္ ရွာမေတြ႕ခဲ့ပါ ဘူး။ အဲဒါေၾကာင့္တစ္ညေတာ့ သူငယ္ခ်င္း သုံးေယာက္ကို ေခၚၿပီး မနက္တစ္နာရီေလာက္မွာ ႐ုံးခန္းထဲကို ျပန္သြားခဲ့ပါတယ္။အဲ့ဒီကေန ေလးဆင့္အံဆြဲ ဗီ႐ိုကို ကားတစီးေပၚမလာၿပီး ေကာလိပ္က အခန္းတခန္း ထဲကို ကြၽန္ေတာ္တို႔သယ္လာခဲ့ၾကပါတယ္။

ဗီ႐ိုကိုဖြင့္ခိုင္းဖို႔ ေသာ့ျပင္ဆရာတေယာက္ကို ေခၚသုံးခဲ့ရ ပါတယ္။ ကြၽန္ေတာ္ကလည္း နက္ကတိုင္နဲ႔ ဝတ္စုံျပည့္ဝတ္ၿပီး ေနာက္ေန႔မွာ ေလာ့စ္အိန္ဂ်လိစ္ကို သြားရမယ့္ လူငယ္စီးပြားေရး သမားတစ္ေယာက္ပုံစံ ဟန္ေဆာင္ခဲ့ရတာေပါ့ဗ်ာ။

ေသာ့ျပင္ဆရာက ဗီ႐ိုကို ဖြ္ငေပးၿပီးေတာ့ ကြၽန္ေတာ့္ကိုလည္း ေသာ့တေခ်ာင္းေပးခဲ့ပါတယ္။ ကြၽန္ေတာ္ထင္တဲ့အတိုင္းပဲ ဗီ႐ိုအေပၚဆုံးထပ္ အံဆြဲထဲမွာ အမွားအမွန္ေ႐ြးရတဲ့ ေမးခြန္းစာ႐ြက္ အစုံ ၄ဝကိုေတြ႕ခဲ့ပါတယ္။ အဲ့ဒီထဲက တစုံကို ကြၽန္ေတာ္ယူထားလိုက္ၿပီး အဲ့ဒီက ေမးခြန္းေတြ အားလုံးကို ကြၽန္ေတာ့္အတန္းေဖာ္သူငယ္ခ်င္း စာေတာ္တယ္ဆိုတဲ့ ေကာင္ေလးကိုေျဖခိုင္းခဲ့ပါတယ္။

ဖိုင္ေတြထည့္ထားတဲ့ ဗီ႐ိုကို မနက္ငါးနာရီ အေရာက္ ပါေမာကၡ ႐ုံးခန္းကိုျပန္ပို႔လိုက္ၿပီးေတာ့ ကြၽန္ေတာ့္အခန္းကို ျပန္ေလွ်ာက္လာခ်ိန္မွာ မျဖစ္ႏိုင္ဘူးလို႔ထင္တဲ့ ထူးျခားတဲ့ စြန္႔စားခန္းတခု ေအာင္ ျမင္သြားၿပီလို႔ေတြးမိခဲ့တယ္။ ၿပီးေတာ့ ကိုယ့္ကိုယ္ကိုယ္ လည္း ေတာ္တဲ့လူ လိမၼာပါးနပ္တဲ့ လူတေယာက္ဆိုၿပီးေတာ့ ေတာင္ အထင္ေရာက္ခဲ့ပါေသးတယ္။

ဒါေပမယ့္ ေလွကားထစ္ေတြကိုတက္ၿပီး ကြၽန္ေတာ့္အိပ္ယာေပၚေရာက္တဲ့အခ်ိန္မွာေတာ့ ကေလးတေယာက္လို စငိုခဲ့မိပါတယ္။

ဘာလို႔ ကြၽန္ေတာ္ အကူအညီ မေတာင္းခဲ့တာလဲ။ ဘာေၾကာင့္လဲဆိုေတာ့ ကြၽန္ေတာ္ စာဖတ္တတ္လာေအာင္ ဘယ္သူမွ သင္ေပးႏိုင္မယ္လို႔မယုံၾကည္ခဲ့လို႔ပါ ။ေနာက္ၿပီးေတာ့ ကြၽန္ေတာ့္ရဲ႕ဒီလ်ိဳ႕ဝွက္ခ်က္ကိုလည္း ဘယ္သူမွမသိေအာင္ ဆက္ထိန္းသိမ္းခဲ့ပါတယ္။

ေကာလိပ္ကေန ဒီဂီရီေတြဘြဲ႕ေတြရရင္ အလုပ္ေကာင္းေကာင္းရမယ္ ေကာင္းေကာင္းေနရမယ္လို႔ ဆရာေတြနဲ႔မိဘေတြက ကြၽန္ေတာ့္ကိုေျပာခဲ့ၾကတယ္။ အဲဒါကိုလည္း ကြၽန္ေတာ္က ယုံၾကည္ခဲ့ ပါတယ္။ ကြၽန္ေတာ့္ရည္႐ြယ္ခ်က္ကလည္း အဲ့ဒီဘြဲ႕လက္မွတ္ေတြရဖို႔ပါပဲ။ အသိပညာရလာတာျဖစ္ျဖစ္၊ ဆုေတာင္းတာကျဖစ္ျဖစ္၊ အံ့ဩဖြယ္ရာအစြမ္းေပၚလာတာျဖစ္ျဖစ္ တစ္ေန႔မွာေတာ့ စာဖတ္ႏိုင္ေအာင္ သင္ယူလာႏိုင္မယ္လို႔ယုံၾကည္ထားခဲ့ပါတယ္။

ဒါေၾကာင့္ ကြၽန္ေတာ္ ေကာလိပ္ကေန ဘြဲ႕ရၿပီးတဲ့အခ်ိန္ ေက်ာင္းမွာကလည္း ဆရာလိုေနတဲ့ အခ်ိန္နဲ႔သြား တိုက္ဆိုင္ေတာ့ ဆရာျဖစ္လာခဲ့ပါတယ္။ေတြးၾကည့္လိုက္ရင္ ေတာ္ေတာ္ ယုတၱိ မတန္တဲ့ကိစၥတခု ပါ။ျခေသၤ့ဂူထဲကေနထြက္လာၿပီးေတာ့ ျခေသၤ့ဂူထဲကို ျပန္ဝင္သြားတဲ့ပုံစံမ်ိဳးလိုျဖစ္ေနခဲ့တာပါ။

စာသင္တဲ့အလုပ္ကို ဘာလို႔သြားလုပ္ခဲ့ ရတာလဲ။ ျပန္ၾကည့္လိုက္ရင္ အ႐ူးထၿပီး ကြၽန္ေတာ္လုပ္ခဲ့ တာလို႔ ေျပာရမွာပါ။ ဒါေပမယ့္ မဟုတ္တာေတြလုပ္ခဲ့တာေတြ ဖမ္းမိခဲ့တာေတြမရွိဘဲ အထက္တန္းနဲ႔ေကာလိပ္ကို ေက်ာ္ျဖတ္ႏိုင္ခဲ့တယ္။ ဒါေၾကာင့္ ဆရာတစ္ေယာက္ျဖစ္ေန တာက လ်ိဳ႕ဝွက္ခ်က္ကို ေကာင္းေကာင္း ဖြက္ထားႏိုင္မယ္လို႔ လည္းယူဆခဲ့တယ္။ ဆရာတစ္ေယာက္ဟာ စာမဖတ္ႏိုင္ဘူးလို႔ဘယ္သူကမွ သံသယ ဝင္ၾကမွာမဟုတ္ဘူးေလ။

ကြဲျပားတဲ့အေၾကာင္းအရာေတြအမ်ားႀကီးကို ကြၽန္ေတာ္သင္ေပးခဲ့ပါတယ္။ ကြၽန္ေတာ္ အားကစား နည္းျပလုပ္ခဲ့တယ္။ လူမႈေရးသိပၸံေတြကိုလည္း သင္ခဲ့ပါတယ္။ လက္ႏွိပ္စက္႐ိုက္တာကိုလည္းသင္ေပးခဲ့တယ္။ တစ္မိနစ္ကို စာလုံးေရ၆၅ လုံးအထိ ကြၽန္ေတာ္႐ိုက္ႏိုင္ ေပမယ့္ ဘာေတြ႐ိုက္ေနလဲဆိုတာေတာ့ ကြၽန္ေတာ္မသိခဲ့ပါဘူး။

ေက်ာက္သင္ပုန္းေပၚ မွာ ဘယ္ေတာ့မွစာမေရးခဲ့သလို ၿပီးေတာ့ ကြၽန္ေတာ့္စာသင္ခန္းထဲမွာ ပုံႏွိပ္ထားတဲ့ စာလုံး ေတြလည္းမရွိဘူး ။ ႐ုပ္ရွင္ေတြအမ်ားႀကီးၾကည့္၊ ေဆြးေႏြးတာေတြအမ်ားႀကီးလုပ္ၿပီး စာသင္ ခဲ့တာ ပါ။

ဘယ္ေလာက္ ေၾကာက္စရာေကာင္းလဲဆိုတာ မွတ္မိေနတယ္။ အတန္းထဲ မွာ ေက်ာင္းသား နာမည္ေခၚတာကို မလုပ္ႏိုင္ခဲ့ဘူး ။ ေက်ာင္းသားေတြရဲ႕နာမည္ကို အသံ ထြက္ေျပာခိုင္းေတာ့ သူတို႔နာမည္ကို မွတ္ထားပါတယ္ ။ ၿပီးေတာ့ အေစာပိုင္းမွာေတာ့ ဘယ္သူဘယ္ဝါဆို တာ ကြၽန္ေတာ္သိထားတဲ့ ကြၽန္ေတာ့္ကို ကူ ၿပီးစာေကာင္းေကာင္းဖတ္ စာေကာင္းေကာင္းေရး ႏိုင္တဲ့ ေက်ာင္းသား ႏွစ္ေယာက္ေလာက္ကြၽန္ေတာ့္ အတန္းထဲမွာ အၿမဲရွိတယ္။ သူတို႔ကလည္း ခင္ဗ်ားတို႔ဆရာကို သံသယမထားၾကသလိုမ်ိဳး ကြၽန္ေတာ့္ကိုလည္း ဘာသံသယမွ မထားခဲ့ပါဘူး။

အဲ့ဒီအခ်ိန္မွာ ကြၽန္ေတာ္အတြက္ ေၾကာက္စရာအေကာင္းဆုံးတစ္ခုကေတာ့ ဆရာ ဆရာမအစည္းအေဝး တက္ရတာပါ ။ အစည္းအေဝးကို တစ္ပတ္တစ္ရက္လုပ္ၿပီး၊ ဘုတ္အဖြဲ႕ကို အိုင္ဒီယာ စိတ္ကူးေတြ တင္ႏိုင္ဖို႔ ေက်ာင္းအုပ္က အစည္းအေဝးမွာ တစ္ေယာက္ေယာက္ကို ေခၚၿပီး အျပင္းအထန္ ေဆြး ေႏြးခိုင္းတာ ပါ။ ကြၽန္ေတာ့္ကိုမ်ား သူ ေခၚလိုက္မလားဆိုၿပီး အပတ္တိုင္း အထိတ္တလန္႔ျဖစ္ေနရတယ္။ ဒါကိုေျဖရွင္းႏိုင္ဖို႔ အရန္အစီ အစဥ္ တခု လည္း စီစဥ္ထားရပါတယ္။

တကယ္လို႔ကြၽန္ေတာ့္ကို သူေခၚလိုက္ရင္ ထိုင္တဲ့ခုံကေနထ ေျခလွမ္းႏွစ္လွမ္းေလာက္လွမ္း ရင္ဘတ္ကို ကိုင္ၿပီး ၾကမ္းျပင္ေပၚလွဲခ်လိုက္မယ္။ အဲ့ဒီအခ်ိန္က်ရင္ သူတို႔က 911 အေရးေပၚကို ေခၚမယ္လို႔ေတာ့ ေမွ်ာ္လင့္ရတာေပါ့။ ဘာပဲျဖစ္ျဖစ္ အဲ့ဒီကိစၥနဲ႔ေတာ့ကြၽန္ေတာ္ ဒုကၡမေတြ႕ခဲ့သလို ကြၽန္ေတာ့္ကိုလည္း သူတို႔သတိမထားမိခဲ့ၾကပါဘူး။

ငါအလုပ္ႀကိဳးစားလုပ္တယ္၊ လုပ္တဲ့အလုပ္ကိုလည္း တကယ္အာ႐ုံစိုက္ခဲ့တယ္ဆိုၿပီး တခါတေလေတာ့ ကိုယ့္ကိုယ္ကိုယ္ ဆရာေကာင္းတေယာက္လို႔ခံစားမိပါတယ္။ဒါေပမယ့္အဲဒါကမဟုတ္ပါဘူး။ ဒီေနရာက ကြၽန္ေတာ္နဲ႔မသက္ဆိုင္တဲ့ေနရာပါ။ ကြၽန္ေတာ္က က်ဳးေက်ာ္ဝင္လာတဲ့သူပါ။ ကြၽန္ေတာ္ရွိမေနသင့္ပါဘူး။ၿပီးေတာ့ တခါတေလ ဒီအလုပ္ကို လုပ္ရတာ လုံးဝမသက္မသာခံစားခဲ့ရၿပီး ပိတ္မိေနသလိုျဖစ္ခဲ့ပါတယ္။ ဒီခံစားမႈကို ဘယ္သူ႔ကိုမွ လည္းထုတ္မေျပာႏိုင္ခဲ့ပါဘူး။

ဆရာလုပ္ေနတဲ့အခ်ိန္မွာ ကြၽန္ေတာ္အိမ္ေထာင္က်ခဲ့ပါတယ္။ အိမ္ေထာင္ျပဳတယ္ဆိုတာက တစ္ေယာက္ကို တစ္ေယာက္အေလးအျမတ္ထား ယုံၾကည္မႈထား ရတာဆိုေတာ့ သူ႔ကိုေတာ့ ငါျဖစ္ေနတာေတြကို ပထမဆုံး ေျပာလိုက္ေတာ့မယ္ဆိုၿပီး စိတ္ကူးခဲ့ပါတယ္။

သူ႔ကို ေျပာဖို႔ " ေကသီ ငါစာမဖတ္တတ္ဘူး၊ ငါစာမဖတ္ႏိုင္ဘူး" လို႔ မွန္ေရွ႕ မွာေလ့က်င့္ခဲ့ပါတယ္။ တစ္ညေန ဆိုဖာေပၚမွာ တူတူထိုင္ေနၾကတုန္း ေကသီ ငါစာမဖတ္တတ္ဘူးလို႔ သူ႔ကိုေျပာလိုက္ပါတယ္။

ဒါေပမယ့္ ကြၽန္ေတာ္ေျပာလိုက္တာကို သူေသေသခ်ာခ်ာ နားလည္လိုက္ပုံမရပါဘူး။ စာေတြ ကြၽန္ေတာ္ အမ်ားႀကီး မဖတ္ခဲ့ဘူးလို႔ေျပာလိုက္တာလို႔ သူထင္လိုက္ပုံရပါတယ္။ သိတဲ့အတိုင္းပဲ အခ်စ္မွာက နားေတြ မ်က္စိေတြမရွိဘူးလို႔ဆိုၾကတယ္ေလ။

ကြၽန္ေတာ္တို႔လက္ထပ္ၿပီးေတာ့ ကေလးတေယာက္ရလာပါတယ္။ အဲဒီေနာက္ပိုင္းႏွစ္ေတြနဲ႔ခ်ီၾကာၿပီးမွ ကြၽန္ေတာ့္အျဖစ္ကို သူတကယ္သိလာခဲ့တာပါ။

သုံးႏွစ္အ႐ြယ္ ကြၽန္ေတာ့္သမီးေလးကို ကြၽန္ေတာ္ စာဖတ္ျပရပါတယ္။ ကြၽန္ေတာ္တို႔လင္မယား က သူ႔ကို ပုံမွန္စာဖတ္ျပရေပမယ့္ ကြၽန္ေတာ္ကေတာ့ တကယ္ဖတ္ျပတာမဟုတ္ပါဘူး။ သိထားတဲ့ ဇတ္လမ္း ေဂၚဒီေလာ့ခ္နဲ႔ဝက္ဝံ၃ေကာင္ ဇတ္လမ္းလိုမ်ိဳးကို စိတ္လႈပ္စရာေကာင္းတာေတြ ထပ္ျဖည့္ၿပီး သူ႔ကို ျပန္ေျပာျပတာပါ။ ဒါေပမယ့္ ဒီတေခါက္ဖတ္ျပရမွာက ရမ္ပယ္စေတးလ္စကင္း Rumpelstiltskin ဆိုတဲ့ စာအုပ္အသစ္။ သူ႔ကိုဖတ္ျပၿပီးေတာ့ ဒယ္ဒီဖတ္တာကလည္း မာမီဖတ္တာ နဲ႔မတူဘူးလို႔သမီး ေျပာတာခံခဲ့ရပါတယ္။

ကေလးရဲ႕စာအုပ္ကို ကြၽန္ေတာ္ႀကိဳးစားဖတ္ေနတာကို မိန္းမၾကား သြားပါတယ္။အဲ့ဒီေနာက္ သူတျဖည္းျဖည္းနဲ႔ သေဘာေပါက္လာပါတယ္။ သူ႔ကိုစာေတြေရးခိုင္းခဲ့တာ ၊ ေက်ာင္းအတြက္စာေတြေရးေပးဖို႔ အကူအညီေတာင္းရတဲ့ အေၾကာင္းေတြကို ပါ ေနာက္ဆုံးမွာ သူသိလာခဲ့ၿပီး၊ ဒီျပႆနာရဲ႕နက္ရႈိင္းမႈကိုပါ သူ သေဘာေပါက္လာခဲ့ပါတယ္။

ဒါေပမယ့္ ဒီကိစၥနဲ႔ပတ္သက္လို႔ ဘာမွမေျပာခဲ့သလို ထိပ္တိုက္ေတြ႕တာေတြလည္းမျဖစ္ဘဲကြၽန္ေတာ့္ ကိုလည္း ကူညီၿမဲဆက္ကူညီေနခဲ့ပါတယ္။
 ဂြၽန္ေကာ္ေကာ္ကိုရန္ကို သူ႔မိသားစုေတြနဲ႔အတူေတြ႕ရစဥ္
ဒါေပမယ့္ ကြၽန္ေတာ့္စိတ္ထဲမွာေတာ့ ငါကနလပိန္းတုံး၊ အေယာင္ေဆာင္ခဲ့တဲ့ လူတေယာက္ဆိုၿပီး ဘာမွစိတ္သက္သာရာမရခဲ့ပါဘူး။ ကြၽန္ေတာ္က မ႐ိုးသားခဲ့တဲ့လူပါ။ ေက်ာင္းသားေတြကို အမွန္တရား ရွာေဖြရမယ္လို႔သင္ေပးခဲ့ၿပီး ကိုယ္တိုင္ကေတာ့ အတန္းထဲ အလိမ္ညာဆုံး လူတစ္ ေယာက္ျဖစ္ခဲ့ပါတယ္။ ေနာက္ဆုံးမွာ စာဖတ္တတ္ဖို႔ သင္ခဲ့တဲ့ အခ်ိန္ေရာက္လာေတာ့မွပဲ စိတ္သက္သာရာရလာခဲ့ပါတယ္။

အထက္တန္းေက်ာင္း မွာ ကြၽန္ေတာ္စာသင္ခဲ့တဲ့ႏွစ္ေတြက ၁၉၆၁ကေန ၁၉၇၈ခုႏွစ္ အထိပါ။ ဆရာအလုပ္ကေန ထြက္ၿပီး ၈ႏွစ္ၾကာတဲ့အခ်ိန္က်မွ ေနာက္ဆုံးမွာ တစ္စုံတစ္ခု အေျပာင္းအလဲ ျဖစ္ခဲ့ပါတယ္။

အေမရိကန္က Second Lady ဒုတိသမၼတကေတာ္ ဘာဘရာဘြတ္ခ္် ရဲ႕ သက္ႀကီးစာတတ္ေျမာ က္ေရးအေၾကာင္း တီဗီမွာေျပာေနတာၾကည့္ရတဲ့အခ်ိန္မွာ ကြၽန္ေတာ့္အသက္က ၄၇ႏွစ္ေက်ာ္ ၄၈ႏွစ္ထဲကိုေရာက္ ေနပါၿပီ ။ဒီသက္ႀကီးစာတတ္ေျမာက္ေရးကိစၥက သူအထူးလုပ္ေဆာင္ခဲ့တာပါ။ သက္ႀကီးစာတတ္ေျမာက္မႈအေၾကာင္း ေဟာေျပာတာကို အရင္က ကြၽန္ေတာ္ တခါမွမၾကားခဲ့ဖူး ပါဘူး။ သူေျပာေနတဲ့ အေျခေနနဲ႔အကိုက္ဆုံးသူက ကမာၻမွာ ကြၽန္ေတာ္တစ္ေယာက္တည္းရွိတယ္လို႔လည္းခံစားခဲ့မိ ပါတယ္။

ကြၽန္ေတာ့္ ဘဝအတြက္ အလြန္အေရးႀကီး တဲ့အခန္းက႑ကို ေရာက္လာခဲ့ပါၿပီ။

ကြၽန္ေတာ့္ အခက္အခဲကို တေယာက္ေယာက္ကို ေျပာျပခ်င္ ေနခဲ့ၿပီး အကူအညီလည္း လိုခ်င္ေနခဲ့တာပါ။

တေန႔ေတာ့ စာေသာက္ ကုန္ေရာင္း တဲ့ဆိုင္မွာ တန္းစီေနတုန္း သူတို႔အကို စာၾကည့္တိုက္သြား တဲ့အေၾကာင္း ေရွ႕ကအမ်ိဳး သမီး ၂ေယာက္ေျပာတာၾကားခဲ့ရပါတယ္။ စာဖတ္တာကို သူတို႔အကို အဲ့ဒီမွာသင္ေနလို႔ဝမ္းသာရတဲ့ အေၾကာင္း သူတို႔ေျပာတာၾကားလိုက္ရေတာ့ မယုံႏို င္ေလာက္ေအာင္ျဖစ္ခဲ့ ရပါတယ္။

အဲဒါနဲ႔ ေသာၾကာေန႔ေန႔လည္ခင္းတခုမွာ ဝတ္စုံအစင္းၾကားကို ဝတ္ၿပီး စာၾကည့္တိုက္ကို သြားခဲ့ပါတယ္။ ၿပီးေတာ့ စာတတ္ေျမာက္ေရးအစီအစဥ္ရဲ႕ၫႊန္ၾကားေရး မႉးကို ေတြ႕ခြ င့္ေတာင္းၿပီး၊ ကြၽန္ေတာ္စာ မဖတ္ တတ္ တဲ့ အေၾကာင္း သူ႔ကိုေျပာျပခဲ့ပါတယ္။

ကြၽန္ေတာ္စာမဖတ္တတ္တဲ့ အေၾကာင္း ထုတ္ေျပာခဲ့တာဟာ သူကဒုတိယလူျဖစ္ပါတယ္။

ကြၽန္ေတာ့္ကို သင္ဖို႔အသက္၆၅ႏွစ္ အ႐ြယ္ အမ်ိဳးသမီး ေစတနာ့ဝန္ထမ္းဆရာတေယာက္ကို ေပးပါတယ္။ သူက ဆရာမတေယာက္ေတာ့မဟုတ္ပါဘူး။ စာဖတ္တာကို ႀကိဳက္ႏွစ္သက္တဲ့ သူတေယာက္ ၊ လူတိုင္း ကို လည္း စာဖတ္တတ္ေစခ်င္တဲ့သူတေယာက္ျဖစ္ပါတယ္။

အေစာပိုင္းမွာ ကြၽန္ေတာ့္ကို သူလုပ္ခိုင္းတဲ့တာကေတာ့ စာကိုႀကိဳးစားေရးခိုင္းခဲ့တာပါ။ ဘာလို႔လဲဆိုေတာ့ ကြၽန္ေတာ့္ေခါင္းထဲမွာ စိတ္ကူးေတြ အမ်ားႀကီးရွိေနေပမယ့္ အဲ့ဒါေတြကို ဝါက်တစ္ၾကာင္းျပည့္စုံေအာင္ မေရးခဲ့ဖူးပါဘူး။ ပထမဆုံးအေနနဲ႔ကြၽန္ေတာ့္ စိတ္ခံစားမႈ အေၾကာင္း ကဗ်ာတပုဒ္ကို စေရးခဲ့ပါ တယ္။ ကဗ်ာတပုဒ္ေရးမယ္ဆိုရင္ ဝါက်ကို ျပည့္စုံေအာင္ ေရးဖို႔ သိနားလည္ထားစရာမလိုသလို၊ဝါက်ကိုလည္း ျပည့္စုံေအာင္ေရးဖို႔မလိုပါဘူး။

သူက ကြၽန္ေတာ့္ကို ၆တန္းအဆင့္ဖတ္စာကို တက္ေပးလိုက္ပါတယ္။ မယုံၾကည္ႏို င္ေလာက္ေအာင္ျဖစ္ၿပီး အရမ္းဝမ္းသာခဲ့ရပါတယ္။ ဒါေပမယ့္ စာတတ္တဲ့သူတေယာက္လို႔ ကိုယ့္ကိုယ္ကိုယ္ခံစားလာႏိုင္ဖို႔ ၇ႏွစ္ေလာက္ ၾကာေအာင္ လုပ္ခဲ့ရပါတယ္။

စိတ္ပ်က္စရာေတြ အမ်ားႀကီး ၊နာက်င္ခံစားခဲ့ရတာေတြ အမ်ားႀကီး ႀကဳံခဲ့ရတာေၾကာင့္ စာဖတ္တတ္ ေအာင္စသင္ႏိုင္ခဲ့ၿပီးတဲ့အခ်ိန္မွာေတာ့ ကြၽန္ေတာ္ငိုခဲ့မိပါတယ္။ ဒါေပမယ့္ အဲ့ဒါက ကြၽန္ေတာ့္စိတ္ ဝိညာဥ္ထဲမွာရွိေနတဲ့ လိုအပ္ခ်က္ကို ျဖည့္ေပးႏိုင္ခဲ့ပါတယ္။
 ဂြၽန္ေကာ္ကိုရန္နဲ႔ သူ႔ေျမးမေလး ေကလာမာတက္စ္
စာတတ္ ေျမာက္ေရးအလုပ္ကို ျမႇင့္တင္ေပးဖို႔နဲ႔ အျခားသူေတြကိုလည္း စိတ္ဓါတ္ျမႇင့္တင္ေပး တဲ့အေနနဲ႔ ကြၽန္ေတာ့္အေၾကာင္းကို ထုတ္ေျပာဖို႔ဆရာမက အားေပးခဲ့ပါတယ္။ဒါေပမယ့္ "ကြၽန္ေတာ္က မျဖစ္ဘူး ။ကြၽန္ေတာ္ဒီမွာ ေနလာခဲ့တာ ၁၇ႏွစ္ရွိၿပီ ။ ကြၽန္ေတာ့္ ကေလးေတြ ဒီမွာရွိတယ္။ မိန္းကလည္း ဒီမွာ သူက ပေရာဖက္ရွင္နယ္တေယာက္ ၊ မိဘေတြကလည္းဒီမွာ ဆိုေတာ့ ဖြင့္မေျပာႏိုင္ဘူး"လို႔ ျပန္ေျပာခဲ့ပါတယ္။

ဒါေပမယ့္ ေနာက္ဆုံးမွာေတာ့ ဆုံးျဖတ္ခ်က္ခ်ၿပီး ဖြင့္ေျပာဖို႔ကိစၥကို လုပ္ျဖစ္ခဲ့ပါတယ္။ ဖြင့္ေျပာရမယ့္ အေၾကာင္းက အခက္ေတြ႕အက်ပ္႐ိုက္ခဲ့တဲ့ လ်ိဳ႕ဝွက္ခ်က္၊ ရွက္စရာေကာင္းတဲ့ လ်ိဳ႕ဝွက္ခ်က္ျဖစ္လို႔ ကြၽန္ေတာ့္အတြက္ႀကီးမားတဲ့ ဆုံးျဖတ္ခ်က္တခုခ်ခဲ့ရပါတယ္။

လုပ္ရတာမလြယ္ကူခဲ့ေပမယ့္ စိတ္ဆုံးျဖတ္ခ်က္ခ်ၿပီး အေမရိက တေလွ်ာက္မွာ ကြၽန္ေတာ့္အေၾကာင္း ဇာတ္လမ္းကို လိုက္ေျပာျပခဲ့ပါတယ္။ ဆယ္စုႏွစ္ေပါင္းမ်ားစြာထိန္းသိမ္းခဲ့တဲ့ လ်ိဳ႕ဝွက္ခ်က္ကို ကမာၻကို သိေအာင္ ကြၽန္ေတာ္ခ်ျပလိုက္တာပါ။

ကြၽန္ေတာ့္အေၾကာင္းကို လယ္ရီကင္းအစီအစဥ္မွာ၊ ေအဘီစီသတင္းမဂၢဇင္း အစီအစဥ္နဲ႔ေအာ္ပရာဝင္းဖေရအစီစဥ္ေတြမွာ တင္ဆက္ခဲ့ပါတယ္။

စာမဖတ္တတ္တဲ့ ဆရာတေယာက္ အေၾကာင္းဇာတ္လမ္းက ၾကားရတဲ့ လူေတြအတြက္ေတာ့ စိတ္မ သက္သာစရာျဖစ္ၾကမွာပါ။ ဒီဇာတ္လမ္းက မျဖစ္ႏိုင္ဘူး၊ ဇာတ္လမ္းတခုလုံး ကလုပ္ႀကံထား တာလို႔တခ်ိဳ႕ လူေတြကလည္း ေျပာၾကပါတယ္။

ဒါေပမယ့္ ကြန္ေတာ္လူေတြကို သိေစခ်င္တာက ေမွ်ာ္လင့္ခ်က္ရွိရင္ အေျဖတစ္ခုရွိတယ္ဆိုတာပါ။ ကြၽန္ေတာ္တို႔ ကလူအေတြ၊နလပိန္းတုံးေတြမဟုတ္ပါ ဘူး။ စာဖတ္တတ္ေအာင္ သင္ဖို႔ ဆိုတာကလည္း ဘယ္ေတာ့မွေနာက္မက်ပါဘူး။

ကံဆိုးခ်င္ေတာ့လည္း ကြၽန္ေတာ္တို႔ဟာ ကေလးေတြကို အေျခခံစာေရး စာဖတ္ရေအာင္မ သင္ေပးဘဲနဲ႔ေက်ာင္းကိုပဲ အတင္းတြန္းပို႔ေနၾကဆဲျဖစ္ပါတယ္။ ဒါေပမယ့္ ဆရာေတြကို အျပစ္တင္ေနမယ့္အစား သူတို႔ကို ေလ့က်င့္ၿပီးသားလူေတြအျဖစ္ေသခ်ာေအာင္လုပ္ေဆာင္ေပးမယ္ဆိုရင္ ေတာ့ ဒီစက္ဝန္းထဲကေန ကြၽန္ေတာ္တို႔ ေဖာက္ထြက္လာႏိုင္မွာပါ။

ကြၽန္ေတာ္ဟာ ၄၈ႏွစ္ေလာက္ အမွာင္ထဲမွာေနခဲ့တဲ့သူပါ။ ဒါေပမယ့္ ေနာက္ဆုံးမွာေတာ့ အတိတ္ တေစၦ ေတြကိုေျမျမဳပ္ပစ္ႏိုင္ခဲ့ ၿပီး ေျဖရွင္းရခက္တဲ့ ပုစာၦကိုလည္း အေျဖထုတ္ႏိုင္ခဲ့ပါတယ္။

BBC Burmese
----------------------------------
(Unicode)⤵⤵⤵
စာမတတ်ဘဲ ကျောင်းဆရာ ၁၇နှစ်လုပ်ခဲ့သူ

ရေးသားသူ။ ။ ဆာရာ မတ်ဒါးမော့တ်

၁၉၄၀ကျော်နဲ့ ၁၉၅၀ကျော်နှစ်ကာလတွေအတွင်း အမေရိကန်နိုင်ငံ နယူးမက္ကစီကို ပြည်နယ်မှာ ဂျွန်ကော်ကိုရန် ကြီးပြင်းခဲ့ပါတယ်။ မွေးချင်း ၆ယောက်ရှိပြီးသူဟာ အထက်တန်းအောင် ပြီးတက္ကသိုလ် ကို ရောက်ခဲ့ပါတယ်။ ပြီးတော့ ၁၉၆၀ကျော်နှစ်တွေအတွင်းမှာ ဆရာအလုပ်ကို ၁၇နှစ်လုပ်ကိုင်ခဲ့တဲ့သူဖြစ်ပါတယ်။ ဒါပေမယ့်ဒီမှာ သူကိုယ်တိုင်ပြောပြထားတာကတော့ ဘဝတလျှောက်လုံး နီးပါး သူထိန်းသိမ်းလာခဲ့တဲ့ သူရဲ့ထူးခြားတဲ့လျှို့ဝှက်ချက်တစ်ခုအကြောင်းပါ။

ကျွန်တော် ကလေးဘဝတုန်းက မိဘတွေက ကျွန်တော့်ကို အောင်မြင်မယ့်လူတယောက်လို့ပြောခဲ့ကြတယ်။ ကျွန်တော်ကလည်း အဲဒါကို အသက်၆နှစ်လောက်အထိ ယုံကြည်ခဲ့တယ်။

ကျွန်တော်ငယ်ငယ်တုန်းက စကားပြောနောက်ကျခဲ့ပါတယ်။ ဒါပေမယ့် ကျောင်းတက်တဲ့ အခါမှာ ကျွန်တော့် အမတွေလိုပဲ စာဖတ်တာကို သင်ယူလာနိုင်လိမ့်မယ်လို့ ယုံကြည်မှုတွေ အများကြီးရှိခဲ့ဖူးတယ်။ ကျောင်းစတက်တဲ့ ပထမနှစ်မှာတော့ အဆင်ပြေပါတယ်။ ဘာလို့လဲဆိုတော့ အဲဒီနှစ်မှာက ဘာမှအများကြီး သိပ်လုပ်စရာမလိုဘဲ တန်းမှန်အောင်စီတတ်ဖို့၊ စာသင်ခုံမှာထိုင်နေတတ်ဖို့ ၊စကားသိပ်မများဖို့နဲ့ သန့်စင်ခန်းကို အချိန်မီသွား တတ်ဖို့ပဲလုပ်ဖို့ရှိ ပါတယ်။

ဒုတိယတန်းကိုရောက်လာတဲ့အခါမှာတော့ စာဖတ်တာကို မဖြစ်မနေသင်လာရပါတယ်။ ဒါပေမယ့် စာဖတ်တာက ကျွန်တော့်အတွက် တရုတ်သတင်းစာကို ဖွင့်ပြီးဖတ်ရသလို ပဲ ဘာမှနားမလည်ခဲ့ ဘူး။ကျွန်တော့်ကလေးဘဝ အသက်၆နှစ်၊ ၇နှစ်၊ ၈နှစ်တွေမှာ ဒီပြဿနာကို ဘယ်လိုကျော် လွှားဖြေရှင်း ရမယ်ဆိုတာလည်းမသိခဲ့ပါဘူး။

မနက်ဖြန်ကျရင် စာဘယ်လိုဖတ်ရမလဲဆိုတာ သိခွင့်ပေးပါအရှင်လို့ ညဘက်မှာ ဆုတောင်းခဲ့ ရတာကို မှတ်မိနေတယ်။ ပြီးတော့ စာဖတ်နိုင်တဲ့အစွမ်းတွေများပေါ်လာမလားဆိုပြီး မီးထွန်း၊ စာအုပ်ဖွင့်ပြီး စာအုပ်ကိုစိုက်ကြည့်နေခဲ့ဖူးတယ်။ ဒါပေမယ့်အဲ့ဒီအစွမ်းက ကျွန်တော့်ဆီကနေ ဘယ်တော့မှ ထွက် မလာခဲ့ပါဘူး။

စာမဖတ်နိုင်တော့ ကျောင်းမှာဆိုရင်လည်း စာဖတ်တာသင်ပေးဖို့ခက်ခဲတဲ့ အခြားကလေးတွေ နဲ့အတူ dumb row လို့ခေါ်တဲ့ နလပိန်းတုံး၊လူအတွေထားတဲ့ အတန်းမှာသွားနေခဲ့ရပါတယ်။ အဲဒီမှာ ဘာကြောင့်သွား နေရတာလဲ။ အဲ့ဒီကနေ ဘယ်လိုရုန်းထွက်ရမလဲဆိုတာနဲ့ ၊ ဒီ့အတွက်ဘာမေးခွန်း မေးရမလဲ ဆိုတာတောင် အတိအကျ မသိခဲ့ပါဘူး။

ဆရာကတော့ ကျွန်တော်တို့ကို "dumb row" နလပိန်းတုံးတွေလို့ဘယ်တော့မှ မခေါ်သလို၊ အရမ်းဖိနှိပ် ဆူပူတာတွေလည်း မလုပ်ခဲ့ပါဘူး။ ဒါပေမယ့် ကလေးတွေကတော့ နလပိန်းတုံးတန်း လို့ပဲခေါ်နေကြတော့ အဲဒီကိုရောက်သွားရင် ကိုယ်လည်း နလပိန်းတုံးတယောက်ဆိုပြီး တွေးမိလာပါတယ်။

. မိဘဆရာတွေ့ဆုံပွဲမှာဆရာက "ကောင်လေးကတော်တယ်၊ နောက်ဆို သူရသွားပါလိမ့်မယ်လို့" ကျွန်တော့် မိဘတွေကိုပြောတယ်။

ပြီးတော့ ကျွန်တော့်ကို တတိယတန်းကို သူတို့ က တင်ပေး လိုက်ပါတယ်။

"ကောင်လေးက တော်တယ် သူရသွားပါလိမ့်မယ်" အဲဒါနဲ့ လေးတန်းကို ထပ် တင်ပေးလိုက်တယ်။

"ကောင်လေးက တော်တယ် သူရသွားလိမ့်မယ်" ဆိုပြီး ငါးတန်းကို အတန်းတင်ပေးလိုက်ပြန်ရော။

ဒါပေမယ့် ကျွန်တော် စာတကယ်မလိုက်နိုင်ခဲ့ပါဘူး။

ငါးတန်းကို ရောက်လာတဲ့အချိန်မှာတော့ စာဖတ်တဲ့အလုပ်ကို ကိုယ်တိုင်စွန့်လွှတ်လိုက်ဖို့ဖြစ်လာခဲ့ တယ်။ နေ့တိုင်းအိပ်ယာထ အဝတ်လဲ ကျောင်းသွားရတာ စစ်တိုက်ထွက်နေရသလိုပါပဲ။ စာသင်ခန်းကို မုန်းလာတယ်။ ကိုယ်မကြိုက်တဲ့ ပတ်ဝန်းကျင်တခုလို့ ခံစားလာရပြီးတော့ အဲဒီမှာဆက်ရှင် သန်နိုင်ဖို့နည်း လမ်း ကိုလည်းမဖြစ်မနေ ရှာခဲ့ရပါတယ်။

ခုနှစ်တန်းရောက်တော့ နေ့တိုင်းလိုလို ကျောင်းအုပ်ကြီးရုံးခန်းကို သွားနေရတာများပါတယ်။ ရန်တွေဖြစ်တယ် ၊ နားမထောင် အာခံတာတွေလုပ်တယ်၊ ငပြောင်လုပ်တယ် ။ အဲဒါတာတွေကြောင့် ကျောင်းကအထုတ်ခံခဲ့ရတယ်။တကယ်တော့ ကျွန်တော့် စိတ်ထဲမှာက အဲ့လိုမျိုးစရိုက် ရှိနေတာမဟုတ်ပါဘူး။အဲ့လိုလူမျိုးလဲမဖြစ်ချင်ခဲ့ပါဘူး။ ကျွန်တော့်မှာ အောင်မြင်ချင်တဲ့ ဆန္ဒရှိသလို ကျောင်းသားကောင်းတယောက်လည်း ဖြစ်ချင်ခဲ့တာပါ။ ဒါပေမယ့် အဲဒါတွေ ဖြစ်အောင်မလုပ်နိုင်ခဲ့ပါဘူး။

ရှစ်တန်းကို ရောက်လာတော့ မိသားစုအတွက်ရော ကိုယ်ကိုတိုင်အတွက်ပါ စိတ်အနှောင့်အယှက် ဖြစ်စရာတွေဆက်မလုပ်ချင်တော့ပါဘူး ။ ကောင်းကောင်းနေတော့မယ်လို့ဆုံးဖြတ်ခဲ့ပါတယ်။ အထက်တန်းကျောင်းမှာ ဣန္ဒြေရရ နေပြီး အဲ့ဒီစနစ်ကိုကျော်လွှားနိုင်မယ့် လမ်းကြောင်းကိုပါ တွေ့လာနိုင်ပါတယ်။ အဲ့ဒါကြောင့်ဆရာတယောက်ရဲ့အချစ်တော်လုပ်ပြီး တော့ဒီစနစ်ကို ကျော်ဖြတ်နိုင်မယ့် နည်းလမ်းတွေ လိုအပ်တာတွေမှန်သမျှကိုလုပ်ခဲ့ပါတယ်။

ကျွန်တော်က အားကစားသမား တယောက်ဖြစ်ချင်ခဲ့တဲ့သူပါ။ အားကစားကျွမ်းကျင်မှုနဲ့ သင်္ချာ ကျွမ်းကျင် တွေမှုတွေလည်း ကျွန်တော့်မှာရှိခဲ့တယ်။ကျောင်းမတက်ခင်ကတည်းက ပိုက်ဆံတွေ ကို ရေတွက်တတ် ပြီးတော့ ငွေကိုလည်း ပြန်အမ်းတတ်ပါတယ်။ ပြီးတော့ အလီတွေကို လည်း ‌လေ့လာထားပါတယ်။

တစ်ဘက်မှာလဲ ကျွန်တော့်မှာက ပေါင်းတတ်သင်းတတ်တဲ့ စွမ်းရည်ကလဲရှိနေ တော့ ကောလိပ်က သူငယ်ချင်းတွေ ရှိပါတယ်။ ပြီးတော့ အမှတ်အများဆုံးနဲ့အောင်လို့ ကျောင်းဆင်းပွဲမှာ စကားတက်ပြောခွင့်ရ တဲ့ ကျောင်းသူတယောက်နဲ့လည်းတွဲခဲ့တော့ လူသိများတဲ့ လူတစ်ယောက်ပေါ့ဗျာ။ သူငယ်ချင်းအများစုက မိန်းကလေးတွေဖြစ်ပြီး ကျွန်တော့် အိမ်စာတွေကို သူတို့က လုပ်ပေးကြပါတယ်။

ကျွန်တော့်နာမည်ကို ကျွန်တော်ရေးနိုင်သလို တချို့စကားလုံးတွေကိုလည်းမှတ်မိထားပါတယ်။ ဒါပေမယ့် ဝါကျတစ်ကြောင်းကိုတော့ ပြည့် စုံအောင်မရေးနိုင်ပါဘူး။ အထက်တန်းကျောင်းမှာ ကျွန်တော်စာဖတ်နိုင်တဲ့ အဆင့်က နှစ်တန်းလောက်ပဲရှိပါတယ်။ ပြီးတော့ ကျွန်တော် စာမဖတ်တတ်ဘူးဆိုတာကိုလည်း ဘယ်သူ့ကိုမှ ဖွင့်မပြောခဲ့ဘူး။

စာမေးပွဲ ဖြေတဲ့ အချိန်ရောက်ရင်လည်း တစ်ယောက်ယောက် ဖြေထားတဲ့ စာရွက်ကိုကြည့်တယ်။ ဒါမှမဟုတ် တစ်ယောက်ယောက် ကို စာရွက်ကမ်း ပေးလိုက်ပြီး သူတို့က ကျွန်တော့်အတွက် ဖြေခိုင်းခဲ့ပါတယ်။မသိရင် တော့ တစ်ယောက်ယောက် က အပျော်လိမ်တမ်း ကစားနေသလိုမျိုးပေါ့ ။ဒါပေမယ့် အားကစား စကော်လာ ရှစ်တခု အပြည့်ဝရပြီး ကောလိပ်ကိုရောက်သွားတဲ့အခါမှာတော့ ဇာတ်လမ်းက ပုံစံတမျိုးပြောင်း လာခဲ့ပါ တယ်။

အဲ့ဒီအချိန် ခေါင်းထဲမှာ ကျွန်တော်တွေးခဲ့တာက ဒီအခြေနေကို ငါဘယ်လို ကျော်ဖြတ်နိုင်မလဲဆိုတာပါ။

စာမေးပွဲအဖြေလွှာအဟောင်း မိတ္တူတွေသိမ်းထားတဲ့ အသိုင်းအဝန်းတခုကလည်း ကျွန်တော့်မှာ ရှိခဲ့ပါ တယ်။ အဲ့ဒါက လိမ်နည်းလမ်းကြောင်းတခုပေါ့ဗျာ။ကျွန်တော့်ကို အကူအညီပေးနိုင်တဲ့ သူငယ်ချင်း တယောက်နဲ့ အတန်းတူတူတက်တယ်။ပါမောက္ခတွေကလည်း တနှစ်ပြီးတနှစ် စာစစ်တဲ့ပုံစံကို အတူတူတွေ ပဲသုံးခဲ့ကြတာ။ ဒါပေမယ့် မတတ်သာတဲ့အချိန်ရောက်လာရင်တော့ ကိုယ်ကိုတိုင်ဖန်တီးပီး ရတဲ့ ကိစ္စတွေ လည်းရှိလာခဲ့ပါတယ်။

စာမေးပွဲတခုမှာဆို ပါမောက္ခက ကျောက်သင်ပုန်းပေါ်မှာ မေးခွန်းလေးခုကိုရေးပြီး ဖြေခိုင်းခဲ့တယ်။ ကျွန်တော်တို့ကအဲ့ဒီမေးခွန်းတွေကို ဖြေပေးရမှာ။ ကျွန်တော်က အသက်ပိုကြီး တဲ့ ကျောင်း သား တွေရဲ့နောက် နောက်ဆုံးတန်းပြတင်းပေါက်ဘေးကခုံမှာထိုင်နေတယ်။ ပြီးတော့ ကျွန်တော့် စာအုပ်အပြာထဲကို အဲ့ဒီမေးခွန်းလေးခုကို အပင်ပန်းခံပြီး ကူးရေးလိုက်တယ်။ကူးသာကူးရေးရတယ် မေးခွန်းတွေက ဘာတွေမေးထားမှန်းလည်း မသိဘူး။

အဲ့ဒီအချိန်မှာ ကျွန်တော့် ပြတင်းပေါက်အပြင်ဘက်ကနေ သူငယ်ချင်းတယောက်ကို စီစဉ်ပြီး စောင့်ခိုင်း ထားတယ်။ ကျောင်းမှာတော့ သူက အတော်ဆုံး ကျောင်း သားတယောက်လို့ ပြောနိုင်မယ်ထင်တယ်။ ဒါပေမယ့် သူကရှက်တတ်တဲ့သူ။ နွေဦးရာသီကပွဲမှာ သူနဲ့တွဲကဖို့ မာရီလို့ခေါ်တဲ့ မိန်း ကလေးတယောက်နဲ့ ချိတ်ပေးဖို့ ကျွန်တော့်ကိုအကူအညီတောင်းထားတဲ့ သူလည်းဖြစ်ပါတယ်။

ကျွန်တော့်စာအုပ်အပြာကို ပြတင်းပေါက်အပြင်ဘက်က သူ့ကို ကမ်းပေးလိုက်ပြီးတော့ သူက အဖြေတွေကို အဲ့ဒီထဲမှာ ကျွန်တော့်အတွက်ဖြည့်ရေးပေးခဲ့တာပါ။

သူဖြေနေတဲ့အချိန် ဒီဘက်မှာလည်း ကျွန်တော့် အင်္ကျီထဲက ဖွက်ယူလာတဲ့ စာအုပ်အပြာ တအုပ်ကိုဖွင့်ပြီး ကျွန်တော်က ဖြေနေတဲ့ပုံစံ ဟန်ဆောင်ပေးခဲ့ရပါတယ်။

ကျွန်တော်ကမ်းပေးလိုက်တဲ့ စာအုပ်ကို သူရပြီး အဖြေမှန်တွေဖြေပြီး ပြန်ပို့ပေးနို င်ပါ စေလို့လည်း ကျွန်တော်ဆုတောင်းနေခဲ့ရပါသေးတယ်။

စာမေးပွဲတွေကိုအောင်ဖို့လိုတော့ ကြံမိကြံရာ မလုပ်သင့်တာတွေ စွတ်လုပ်ခဲ့တာပေါ့ဗျာ။

ဒီလိုနဲ့ နောက် စာမေးပွဲတခုကိုတော့ ဘယ်လိုနည်းနဲ့ကျော်လွှားရမလဲဆိုတာ အဖြေရှာမတွေ့ခဲ့ပြန်ဘူး။

တစ်ညတော့ ပါမောက္ခရုံးခန်းမှာမရှိတဲ့အချိန် ညလယ်လောက် သူ့ရုံးခန်းကို ခိုးဝင်ခဲ့ပါတယ်။ ပြတင်းပေါက်တံခါးကို ဓားနဲ့ကလော်ဖွင့်ပြီးသူခိုးငတက်ပြားတစ်ယောက်လို အထဲကို ဝင်သွားခဲ့ရတာ ပါ။ဒီ ကိစ္စက ကျောင်းသားတစ်ယောက် လုပ်သင့်တဲ့ ကိစ္စမဟုတ်ပါဘူး။ လိမ်တာတင်မက ရာဇဝတ်သား တယောက် လို လုပ်ခဲ့တာပါ။

ပါမောက္ခရုံးခန်းထဲကိုရောက်တော့ စာမေးပွဲမေးခွန်းနဲ့ပတ်သက်တာတွေ လိုက်ရှာခဲ့တယ်။ သူ့ရုံးခန်း ထဲမှာအသေအချာ ရှိမယ်လို့ထင်ထားပေမယ့် ရှာမတွေ့ခဲ့ဘူး။ ဗီရိုတခုထဲမှာ ရှိမယ်လို့ထင် ရပေမယ့် အဲ့ဒီဗီရိုက သော့ခတ်ထားတယ်။

အဲ့ဒီပုံစံအတိုင်း နှစ်ည သုံးညလောက်သွားပြီး စာမေးပွဲမေးခွန်းတွေ သွားရှာခဲ့ပေမယ့် ရှာမတွေ့ခဲ့ပါ ဘူး။ အဲဒါကြောင့်တစ်ညတော့ သူငယ်ချင်း သုံးယောက်ကို ခေါ်ပြီး မနက်တစ်နာရီလောက်မှာ ရုံးခန်းထဲကို ပြန်သွားခဲ့ပါတယ်။အဲ့ဒီကနေ လေးဆင့်အံဆွဲ ဗီရိုကို ကားတစီးပေါ်မလာပြီး ကောလိပ်က အခန်းတခန်း ထဲကို ကျွန်တော်တို့သယ်လာခဲ့ကြပါတယ်။

ဗီရိုကိုဖွင့်ခိုင်းဖို့ သော့ပြင်ဆရာတယောက်ကို ခေါ်သုံးခဲ့ရ ပါတယ်။ ကျွန်တော်ကလည်း နက်ကတိုင်နဲ့ ဝတ်စုံပြည့်ဝတ်ပြီး နောက်နေ့မှာ လော့စ်အိန်ဂျလိစ်ကို သွားရမယ့် လူငယ်စီးပွားရေး သမားတစ်ယောက်ပုံစံ ဟန်ဆောင်ခဲ့ရတာပေါ့ဗျာ။

သော့ပြင်ဆရာက ဗီရိုကို ဖွ်ငပေးပြီးတော့ ကျွန်တော့်ကိုလည်း သော့တချောင်းပေးခဲ့ပါတယ်။ ကျွန်တော်ထင်တဲ့အတိုင်းပဲ ဗီရိုအပေါ်ဆုံးထပ် အံဆွဲထဲမှာ အမှားအမှန်ရွေးရတဲ့ မေးခွန်းစာရွက် အစုံ ၄ဝကိုတွေ့ခဲ့ပါတယ်။ အဲ့ဒီထဲက တစုံကို ကျွန်တော်ယူထားလိုက်ပြီး အဲ့ဒီက မေးခွန်းတွေ အားလုံးကို ကျွန်တော့်အတန်းဖော်သူငယ်ချင်း စာတော်တယ်ဆိုတဲ့ ကောင်လေးကိုဖြေခိုင်းခဲ့ပါတယ်။

ဖိုင်တွေထည့်ထားတဲ့ ဗီရိုကို မနက်ငါးနာရီ အရောက် ပါမောက္ခ ရုံးခန်းကိုပြန်ပို့လိုက်ပြီးတော့ ကျွန်တော့်အခန်းကို ပြန်လျှောက်လာချိန်မှာ မဖြစ်နိုင်ဘူးလို့ထင်တဲ့ ထူးခြားတဲ့ စွန့်စားခန်းတခု အောင် မြင်သွားပြီလို့တွေးမိခဲ့တယ်။ ပြီးတော့ ကိုယ့်ကိုယ်ကိုယ် လည်း တော်တဲ့လူ လိမ္မာပါးနပ်တဲ့ လူတယောက်ဆိုပြီးတော့ တောင် အထင်ရောက်ခဲ့ပါသေးတယ်။

ဒါပေမယ့် လှေကားထစ်တွေကိုတက်ပြီး ကျွန်တော့်အိပ်ယာပေါ်ရောက်တဲ့အချိန်မှာတော့ ကလေးတယောက်လို စငိုခဲ့မိပါတယ်။

ဘာလို့ ကျွန်တော် အကူအညီ မတောင်းခဲ့တာလဲ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော် စာဖတ်တတ်လာအောင် ဘယ်သူမှ သင်ပေးနိုင်မယ်လို့မယုံကြည်ခဲ့လို့ပါ ။နောက်ပြီးတော့ ကျွန်တော့်ရဲ့ဒီလျို့ဝှက်ချက်ကိုလည်း ဘယ်သူမှမသိအောင် ဆက်ထိန်းသိမ်းခဲ့ပါတယ်။

ကောလိပ်ကနေ ဒီဂီရီတွေဘွဲ့တွေရရင် အလုပ်ကောင်းကောင်းရမယ် ကောင်းကောင်းနေရမယ်လို့ ဆရာတွေနဲ့မိဘတွေက ကျွန်တော့်ကိုပြောခဲ့ကြတယ်။ အဲဒါကိုလည်း ကျွန်တော်က ယုံကြည်ခဲ့ ပါတယ်။ ကျွန်တော့်ရည်ရွယ်ချက်ကလည်း အဲ့ဒီဘွဲ့လက်မှတ်တွေရဖို့ပါပဲ။ အသိပညာရလာတာဖြစ်ဖြစ်၊ ဆုတောင်းတာကဖြစ်ဖြစ်၊ အံ့ဩဖွယ်ရာအစွမ်းပေါ်လာတာဖြစ်ဖြစ် တစ်နေ့မှာတော့ စာဖတ်နိုင်အောင် သင်ယူလာနိုင်မယ်လို့ယုံကြည်ထားခဲ့ပါတယ်။

ဒါကြောင့် ကျွန်တော် ကောလိပ်ကနေ ဘွဲ့ရပြီးတဲ့အချိန် ကျောင်းမှာကလည်း ဆရာလိုနေတဲ့ အချိန်နဲ့သွား တိုက်ဆိုင်တော့ ဆရာဖြစ်လာခဲ့ပါတယ်။တွေးကြည့်လိုက်ရင် တော်တော် ယုတ္တိ မတန်တဲ့ကိစ္စတခု ပါ။ခြင်္သေ့ဂူထဲကနေထွက်လာပြီးတော့ ခြင်္သေ့ဂူထဲကို ပြန်ဝင်သွားတဲ့ပုံစံမျိုးလိုဖြစ်နေခဲ့တာပါ။

စာသင်တဲ့အလုပ်ကို ဘာလို့သွားလုပ်ခဲ့ ရတာလဲ။ ပြန်ကြည့်လိုက်ရင် အရူးထပြီး ကျွန်တော်လုပ်ခဲ့ တာလို့ ပြောရမှာပါ။ ဒါပေမယ့် မဟုတ်တာတွေလုပ်ခဲ့တာတွေ ဖမ်းမိခဲ့တာတွေမရှိဘဲ အထက်တန်းနဲ့ကောလိပ်ကို ကျော်ဖြတ်နိုင်ခဲ့တယ်။ ဒါကြောင့် ဆရာတစ်ယောက်ဖြစ်နေ တာက လျို့ဝှက်ချက်ကို ကောင်းကောင်း ဖွက်ထားနိုင်မယ်လို့ လည်းယူဆခဲ့တယ်။ ဆရာတစ်ယောက်ဟာ စာမဖတ်နိုင်ဘူးလို့ဘယ်သူကမှ သံသယ ဝင်ကြမှာမဟုတ်ဘူးလေ။

ကွဲပြားတဲ့အကြောင်းအရာတွေအများကြီးကို ကျွန်တော်သင်ပေးခဲ့ပါတယ်။ ကျွန်တော် အားကစား နည်းပြလုပ်ခဲ့တယ်။ လူမှုရေးသိပ္ပံတွေကိုလည်း သင်ခဲ့ပါတယ်။ လက်နှိပ်စက်ရိုက်တာကိုလည်းသင်ပေးခဲ့တယ်။ တစ်မိနစ်ကို စာလုံးရေ၆၅ လုံးအထိ ကျွန်တော်ရိုက်နိုင် ပေမယ့် ဘာတွေရိုက်နေလဲဆိုတာတော့ ကျွန်တော်မသိခဲ့ပါဘူး။

ကျောက်သင်ပုန်းပေါ် မှာ ဘယ်တော့မှစာမရေးခဲ့သလို ပြီးတော့ ကျွန်တော့်စာသင်ခန်းထဲမှာ ပုံနှိပ်ထားတဲ့ စာလုံး တွေလည်းမရှိဘူး ။ ရုပ်ရှင်တွေအများကြီးကြည့်၊ ဆွေးနွေးတာတွေအများကြီးလုပ်ပြီး စာသင် ခဲ့တာ ပါ။

ဘယ်လောက် ကြောက်စရာကောင်းလဲဆိုတာ မှတ်မိနေတယ်။ အတန်းထဲ မှာ ကျောင်းသား နာမည်ခေါ်တာကို မလုပ်နိုင်ခဲ့ဘူး ။ ကျောင်းသားတွေရဲ့နာမည်ကို အသံ ထွက်ပြောခိုင်းတော့ သူတို့နာမည်ကို မှတ်ထားပါတယ် ။ ပြီးတော့ အစောပိုင်းမှာတော့ ဘယ်သူဘယ်ဝါဆို တာ ကျွန်တော်သိထားတဲ့ ကျွန်တော့်ကို ကူ ပြီးစာကောင်းကောင်းဖတ် စာကောင်းကောင်းရေး နိုင်တဲ့ ကျောင်းသား နှစ်ယောက်လောက်ကျွန်တော့် အတန်းထဲမှာ အမြဲရှိတယ်။ သူတို့ကလည်း ခင်ဗျားတို့ဆရာကို သံသယမထားကြသလိုမျိုး ကျွန်တော့်ကိုလည်း ဘာသံသယမှ မထားခဲ့ပါဘူး။

အဲ့ဒီအချိန်မှာ ကျွန်တော်အတွက် ကြောက်စရာအကောင်းဆုံးတစ်ခုကတော့ ဆရာ ဆရာမအစည်းအဝေး တက်ရတာပါ ။ အစည်းအဝေးကို တစ်ပတ်တစ်ရက်လုပ်ပြီး၊ ဘုတ်အဖွဲ့ကို အိုင်ဒီယာ စိတ်ကူးတွေ တင်နိုင်ဖို့ ကျောင်းအုပ်က အစည်းအဝေးမှာ တစ်ယောက်ယောက်ကို ခေါ်ပြီး အပြင်းအထန် ဆွေး နွေးခိုင်းတာ ပါ။ ကျွန်တော့်ကိုများ သူ ခေါ်လိုက်မလားဆိုပြီး အပတ်တိုင်း အထိတ်တလန့်ဖြစ်နေရတယ်။ ဒါကိုဖြေရှင်းနိုင်ဖို့ အရန်အစီ အစဉ် တခု လည်း စီစဉ်ထားရပါတယ်။

တကယ်လို့ကျွန်တော့်ကို သူခေါ်လိုက်ရင် ထိုင်တဲ့ခုံကနေထ ခြေလှမ်းနှစ်လှမ်းလောက်လှမ်း ရင်ဘတ်ကို ကိုင်ပြီး ကြမ်းပြင်ပေါ်လှဲချလိုက်မယ်။ အဲ့ဒီအချိန်ကျရင် သူတို့က 911 အရေးပေါ်ကို ခေါ်မယ်လို့တော့ မျှော်လင့်ရတာပေါ့။ ဘာပဲဖြစ်ဖြစ် အဲ့ဒီကိစ္စနဲ့တော့ကျွန်တော် ဒုက္ခမတွေ့ခဲ့သလို ကျွန်တော့်ကိုလည်း သူတို့သတိမထားမိခဲ့ကြပါဘူး။

ငါအလုပ်ကြိုးစားလုပ်တယ်၊ လုပ်တဲ့အလုပ်ကိုလည်း တကယ်အာရုံစိုက်ခဲ့တယ်ဆိုပြီး တခါတလေတော့ ကိုယ့်ကိုယ်ကိုယ် ဆရာကောင်းတယောက်လို့ခံစားမိပါတယ်။ဒါပေမယ့်အဲဒါကမဟုတ်ပါဘူး။ ဒီနေရာက ကျွန်တော်နဲ့မသက်ဆိုင်တဲ့နေရာပါ။ ကျွန်တော်က ကျုးကျော်ဝင်လာတဲ့သူပါ။ ကျွန်တော်ရှိမနေသင့်ပါဘူး။ပြီးတော့ တခါတလေ ဒီအလုပ်ကို လုပ်ရတာ လုံးဝမသက်မသာခံစားခဲ့ရပြီး ပိတ်မိနေသလိုဖြစ်ခဲ့ပါတယ်။ ဒီခံစားမှုကို ဘယ်သူ့ကိုမှ လည်းထုတ်မပြောနိုင်ခဲ့ပါဘူး။

ဆရာလုပ်နေတဲ့အချိန်မှာ ကျွန်တော်အိမ်ထောင်ကျခဲ့ပါတယ်။ အိမ်ထောင်ပြုတယ်ဆိုတာက တစ်ယောက်ကို တစ်ယောက်အလေးအမြတ်ထား ယုံကြည်မှုထား ရတာဆိုတော့ သူ့ကိုတော့ ငါဖြစ်နေတာတွေကို ပထမဆုံး ပြောလိုက်တော့မယ်ဆိုပြီး စိတ်ကူးခဲ့ပါတယ်။

သူ့ကို ပြောဖို့ " ကေသီ ငါစာမဖတ်တတ်ဘူး၊ ငါစာမဖတ်နိုင်ဘူး" လို့ မှန်ရှေ့ မှာလေ့ကျင့်ခဲ့ပါတယ်။ တစ်ညနေ ဆိုဖာပေါ်မှာ တူတူထိုင်နေကြတုန်း ကေသီ ငါစာမဖတ်တတ်ဘူးလို့ သူ့ကိုပြောလိုက်ပါတယ်။

ဒါပေမယ့် ကျွန်တော်ပြောလိုက်တာကို သူသေသေချာချာ နားလည်လိုက်ပုံမရပါဘူး။ စာတွေ ကျွန်တော် အများကြီး မဖတ်ခဲ့ဘူးလို့ပြောလိုက်တာလို့ သူထင်လိုက်ပုံရပါတယ်။ သိတဲ့အတိုင်းပဲ အချစ်မှာက နားတွေ မျက်စိတွေမရှိဘူးလို့ဆိုကြတယ်လေ။

ကျွန်တော်တို့လက်ထပ်ပြီးတော့ ကလေးတယောက်ရလာပါတယ်။ အဲဒီနောက်ပိုင်းနှစ်တွေနဲ့ချီကြာပြီးမှ ကျွန်တော့်အဖြစ်ကို သူတကယ်သိလာခဲ့တာပါ။

သုံးနှစ်အရွယ် ကျွန်တော့်သမီးလေးကို ကျွန်တော် စာဖတ်ပြရပါတယ်။ ကျွန်တော်တို့လင်မယား က သူ့ကို ပုံမှန်စာဖတ်ပြရပေမယ့် ကျွန်တော်ကတော့ တကယ်ဖတ်ပြတာမဟုတ်ပါဘူး။ သိထားတဲ့ ဇတ်လမ်း ဂေါ်ဒီလော့ခ်နဲ့ဝက်ဝံ၃ကောင် ဇတ်လမ်းလိုမျိုးကို စိတ်လှုပ်စရာကောင်းတာတွေ ထပ်ဖြည့်ပြီး သူ့ကို ပြန်ပြောပြတာပါ။ ဒါပေမယ့် ဒီတခေါက်ဖတ်ပြရမှာက ရမ်ပယ်စတေးလ်စကင်း Rumpelstiltskin ဆိုတဲ့ စာအုပ်အသစ်။ သူ့ကိုဖတ်ပြပြီးတော့ ဒယ်ဒီဖတ်တာကလည်း မာမီဖတ်တာ နဲ့မတူဘူးလို့သမီး ပြောတာခံခဲ့ရပါတယ်။

ကလေးရဲ့စာအုပ်ကို ကျွန်တော်ကြိုးစားဖတ်နေတာကို မိန်းမကြား သွားပါတယ်။အဲ့ဒီနောက် သူတဖြည်းဖြည်းနဲ့ သဘောပေါက်လာပါတယ်။ သူ့ကိုစာတွေရေးခိုင်းခဲ့တာ ၊ ကျောင်းအတွက်စာတွေရေးပေးဖို့ အကူအညီတောင်းရတဲ့ အကြောင်းတွေကို ပါ နောက်ဆုံးမှာ သူသိလာခဲ့ပြီး၊ ဒီပြဿနာရဲ့နက်ရှိုင်းမှုကိုပါ သူ သဘောပေါက်လာခဲ့ပါတယ်။

ဒါပေမယ့် ဒီကိစ္စနဲ့ပတ်သက်လို့ ဘာမှမပြောခဲ့သလို ထိပ်တိုက်တွေ့တာတွေလည်းမဖြစ်ဘဲကျွန်တော့် ကိုလည်း ကူညီမြဲဆက်ကူညီနေခဲ့ပါတယ်။

ဒါပေမယ့် ကျွန်တော့်စိတ်ထဲမှာတော့ ငါကနလပိန်းတုံး၊ အယောင်ဆောင်ခဲ့တဲ့ လူတယောက်ဆိုပြီး ဘာမှစိတ်သက်သာရာမရခဲ့ပါဘူး။ ကျွန်တော်က မရိုးသားခဲ့တဲ့လူပါ။ ကျောင်းသားတွေကို အမှန်တရား ရှာဖွေရမယ်လို့သင်ပေးခဲ့ပြီး ကိုယ်တိုင်ကတော့ အတန်းထဲ အလိမ်ညာဆုံး လူတစ် ယောက်ဖြစ်ခဲ့ပါတယ်။ နောက်ဆုံးမှာ စာဖတ်တတ်ဖို့ သင်ခဲ့တဲ့ အချိန်ရောက်လာတော့မှပဲ စိတ်သက်သာရာရလာခဲ့ပါတယ်။

အထက်တန်းကျောင်း မှာ ကျွန်တော်စာသင်ခဲ့တဲ့နှစ်တွေက ၁၉၆၁ကနေ ၁၉၇၈ခုနှစ် အထိပါ။ ဆရာအလုပ်ကနေ ထွက်ပြီး ၈နှစ်ကြာတဲ့အချိန်ကျမှ နောက်ဆုံးမှာ တစ်စုံတစ်ခု အပြောင်းအလဲ ဖြစ်ခဲ့ပါတယ်။

အမေရိကန်က Second Lady ဒုတိသမ္မတကတော် ဘာဘရာဘွတ်ခ်ျ ရဲ့ သက်ကြီးစာတတ်မြော က်ရေးအကြောင်း တီဗီမှာပြောနေတာကြည့်ရတဲ့အချိန်မှာ ကျွန်တော့်အသက်က ၄၇နှစ်ကျော် ၄၈နှစ်ထဲကိုရောက် နေပါပြီ ။ဒီသက်ကြီးစာတတ်မြောက်ရေးကိစ္စက သူအထူးလုပ်ဆောင်ခဲ့တာပါ။ သက်ကြီးစာတတ်မြောက်မှုအကြောင်း ဟောပြောတာကို အရင်က ကျွန်တော် တခါမှမကြားခဲ့ဖူး ပါဘူး။ သူပြောနေတဲ့ အခြေနေနဲ့အကိုက်ဆုံးသူက ကမ္ဘာမှာ ကျွန်တော်တစ်ယောက်တည်းရှိတယ်လို့လည်းခံစားခဲ့မိ ပါတယ်။

ကျွန်တော့် ဘဝအတွက် အလွန်အရေးကြီး တဲ့အခန်းကဏ္ဍကို ရောက်လာခဲ့ပါပြီ။

ကျွန်တော့် အခက်အခဲကို တယောက်ယောက်ကို ပြောပြချင် နေခဲ့ပြီး အကူအညီလည်း လိုချင်နေခဲ့တာပါ။

တနေ့တော့ စာသောက် ကုန်ရောင်း တဲ့ဆိုင်မှာ တန်းစီနေတုန်း သူတို့အကို စာကြည့်တိုက်သွား တဲ့အကြောင်း ရှေ့ကအမျိုး သမီး ၂ယောက်ပြောတာကြားခဲ့ရပါတယ်။ စာဖတ်တာကို သူတို့အကို အဲ့ဒီမှာသင်နေလို့ဝမ်းသာရတဲ့ အကြောင်း သူတို့ပြောတာကြားလိုက်ရတော့ မယုံနို င်လောက်အောင်ဖြစ်ခဲ့ ရပါတယ်။

အဲဒါနဲ့ သောကြာနေ့နေ့လည်ခင်းတခုမှာ ဝတ်စုံအစင်းကြားကို ဝတ်ပြီး စာကြည့်တိုက်ကို သွားခဲ့ပါတယ်။ ပြီးတော့ စာတတ်မြောက်ရေးအစီအစဉ်ရဲ့ညွှန်ကြားရေး မှူးကို တွေ့ခွ င့်တောင်းပြီး၊ ကျွန်တော်စာ မဖတ် တတ် တဲ့ အကြောင်း သူ့ကိုပြောပြခဲ့ပါတယ်။

ကျွန်တော်စာမဖတ်တတ်တဲ့ အကြောင်း ထုတ်ပြောခဲ့တာဟာ သူကဒုတိယလူဖြစ်ပါတယ်။

ကျွန်တော့်ကို သင်ဖို့အသက်၆၅နှစ် အရွယ် အမျိုးသမီး စေတနာ့ဝန်ထမ်းဆရာတယောက်ကို ပေးပါတယ်။ သူက ဆရာမတယောက်တော့မဟုတ်ပါဘူး။ စာဖတ်တာကို ကြိုက်နှစ်သက်တဲ့ သူတယောက် ၊ လူတိုင်း ကို လည်း စာဖတ်တတ်စေချင်တဲ့သူတယောက်ဖြစ်ပါတယ်။

အစောပိုင်းမှာ ကျွန်တော့်ကို သူလုပ်ခိုင်းတဲ့တာကတော့ စာကိုကြိုးစားရေးခိုင်းခဲ့တာပါ။ ဘာလို့လဲဆိုတော့ ကျွန်တော့်ခေါင်းထဲမှာ စိတ်ကူးတွေ အများကြီးရှိနေပေမယ့် အဲ့ဒါတွေကို ဝါကျတစ်ကြာင်းပြည့်စုံအောင် မရေးခဲ့ဖူးပါဘူး။ ပထမဆုံးအနေနဲ့ကျွန်တော့် စိတ်ခံစားမှု အကြောင်း ကဗျာတပုဒ်ကို စရေးခဲ့ပါ တယ်။ ကဗျာတပုဒ်ရေးမယ်ဆိုရင် ဝါကျကို ပြည့်စုံအောင် ရေးဖို့ သိနားလည်ထားစရာမလိုသလို၊ဝါကျကိုလည်း ပြည့်စုံအောင်ရေးဖို့မလိုပါဘူး။

သူက ကျွန်တော့်ကို ၆တန်းအဆင့်ဖတ်စာကို တက်ပေးလိုက်ပါတယ်။ မယုံကြည်နို င်လောက်အောင်ဖြစ်ပြီး အရမ်းဝမ်းသာခဲ့ရပါတယ်။ ဒါပေမယ့် စာတတ်တဲ့သူတယောက်လို့ ကိုယ့်ကိုယ်ကိုယ်ခံစားလာနိုင်ဖို့ ၇နှစ်လောက် ကြာအောင် လုပ်ခဲ့ရပါတယ်။

စိတ်ပျက်စရာတွေ အများကြီး ၊နာကျင်ခံစားခဲ့ရတာတွေ အများကြီး ကြုံခဲ့ရတာကြောင့် စာဖတ်တတ် အောင်စသင်နိုင်ခဲ့ပြီးတဲ့အချိန်မှာတော့ ကျွန်တော်ငိုခဲ့မိပါတယ်။ ဒါပေမယ့် အဲ့ဒါက ကျွန်တော့်စိတ် ဝိညာဉ်ထဲမှာရှိနေတဲ့ လိုအပ်ချက်ကို ဖြည့်ပေးနိုင်ခဲ့ပါတယ်။

စာတတ် မြောက်ရေးအလုပ်ကို မြှင့်တင်ပေးဖို့နဲ့ အခြားသူတွေကိုလည်း စိတ်ဓါတ်မြှင့်တင်ပေး တဲ့အနေနဲ့ ကျွန်တော့်အကြောင်းကို ထုတ်ပြောဖို့ဆရာမက အားပေးခဲ့ပါတယ်။ဒါပေမယ့် "ကျွန်တော်က မဖြစ်ဘူး ။ကျွန်တော်ဒီမှာ နေလာခဲ့တာ ၁၇နှစ်ရှိပြီ ။ ကျွန်တော့် ကလေးတွေ ဒီမှာရှိတယ်။ မိန်းကလည်း ဒီမှာ သူက ပရောဖက်ရှင်နယ်တယောက် ၊ မိဘတွေကလည်းဒီမှာ ဆိုတော့ ဖွင့်မပြောနိုင်ဘူး"လို့ ပြန်ပြောခဲ့ပါတယ်။

ဒါပေမယ့် နောက်ဆုံးမှာတော့ ဆုံးဖြတ်ချက်ချပြီး ဖွင့်ပြောဖို့ကိစ္စကို လုပ်ဖြစ်ခဲ့ပါတယ်။ ဖွင့်ပြောရမယ့် အကြောင်းက အခက်တွေ့အကျပ်ရိုက်ခဲ့တဲ့ လျို့ဝှက်ချက်၊ ရှက်စရာကောင်းတဲ့ လျို့ဝှက်ချက်ဖြစ်လို့ ကျွန်တော့်အတွက်ကြီးမားတဲ့ ဆုံးဖြတ်ချက်တခုချခဲ့ရပါတယ်။

လုပ်ရတာမလွယ်ကူခဲ့ပေမယ့် စိတ်ဆုံးဖြတ်ချက်ချပြီး အမေရိက တလျှောက်မှာ ကျွန်တော့်အကြောင်း ဇာတ်လမ်းကို လိုက်ပြောပြခဲ့ပါတယ်။ ဆယ်စုနှစ်ပေါင်းများစွာထိန်းသိမ်းခဲ့တဲ့ လျို့ဝှက်ချက်ကို ကမ္ဘာကို သိအောင် ကျွန်တော်ချပြလိုက်တာပါ။

ကျွန်တော့်အကြောင်းကို လယ်ရီကင်းအစီအစဉ်မှာ၊ အေဘီစီသတင်းမဂ္ဂဇင်း အစီအစဉ်နဲ့အော်ပရာဝင်းဖရေအစီစဉ်တွေမှာ တင်ဆက်ခဲ့ပါတယ်။

စာမဖတ်တတ်တဲ့ ဆရာတယောက် အကြောင်းဇာတ်လမ်းက ကြားရတဲ့ လူတွေအတွက်တော့ စိတ်မ သက်သာစရာဖြစ်ကြမှာပါ။ ဒီဇာတ်လမ်းက မဖြစ်နိုင်ဘူး၊ ဇာတ်လမ်းတခုလုံး ကလုပ်ကြံထား တာလို့တချို့ လူတွေကလည်း ပြောကြပါတယ်။

ဒါပေမယ့် ကွန်တော်လူတွေကို သိစေချင်တာက မျှော်လင့်ချက်ရှိရင် အဖြေတစ်ခုရှိတယ်ဆိုတာပါ။ ကျွန်တော်တို့ ကလူအတွေ၊နလပိန်းတုံးတွေမဟုတ်ပါ ဘူး။ စာဖတ်တတ်အောင် သင်ဖို့ ဆိုတာကလည်း ဘယ်တော့မှနောက်မကျပါဘူး။

ကံဆိုးချင်တော့လည်း ကျွန်တော်တို့ဟာ ကလေးတွေကို အခြေခံစာရေး စာဖတ်ရအောင်မ သင်ပေးဘဲနဲ့ကျောင်းကိုပဲ အတင်းတွန်းပို့နေကြဆဲဖြစ်ပါတယ်။ ဒါပေမယ့် ဆရာတွေကို အပြစ်တင်နေမယ့်အစား သူတို့ကို လေ့ကျင့်ပြီးသားလူတွေအဖြစ်သေချာအောင်လုပ်ဆောင်ပေးမယ်ဆိုရင် တော့ ဒီစက်ဝန်းထဲကနေ ကျွန်တော်တို့ ဖောက်ထွက်လာနိုင်မှာပါ။

ကျွန်တော်ဟာ ၄၈နှစ်လောက် အမှာင်ထဲမှာနေခဲ့တဲ့သူပါ။ ဒါပေမယ့် နောက်ဆုံးမှာတော့ အတိတ် တစ္ဆေ တွေကိုမြေမြုပ်ပစ်နိုင်ခဲ့ ပြီး ဖြေရှင်းရခက်တဲ့ ပုစ္ဆာကိုလည်း အဖြေထုတ်နိုင်ခဲ့ပါတယ်။

BBC Burmese
https://www.bbc.com/burmese/world-52538998
စာမတတ္ဘဲ ေက်ာင္းဆရာ ၁၇ႏွစ္လုပ္ခဲ့သူ စာမတတ္ဘဲ ေက်ာင္းဆရာ ၁၇ႏွစ္လုပ္ခဲ့သူ Reviewed by THITHTOOLWIN on 05:56 Rating: 5
Powered by Blogger.