ညွှန်ချုပ်( ၂)ဦး ဦးပိုင်ဒါရိုက်တာများဖြစ်နေခြင်းကို ပြန်စိစစ်သွားမည်ဟု ဦးဇော်ဌေးပြော


(Unicode)⤵⤵⤵
အကောက်ခွန်နဲ့ ဆိပ်ကမ်းအာဏာပိုင်တို့မှာ ညွန်ကြားရေးမှူးချုပ်တာဝန်ထမ်းဆောင်နေသူ ၂ဦးဟာ Conflict of Interest ဖြစ်နေသလားဆိုတာကို စိစစ်သွားမယ်လို့ နိုင်ငံတော်သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးဇော်ဌေးကပြောပါတယ်။

မေလ ၃၀ ရက် မွန်းလွဲ ၂နာရီက ကျင်းပတဲ့ အွန်လိုင်း သတင်းစာရှင်းလင်းပွဲမှာ အဲဒီကိစ္စနဲ့ပတ်သက်ပြီး မေးမြန်းရာမှာ အခုလိုပြောကြားသွားတာပါ။

မြန်မာစီးပွားရေးဦးပိုင်လီမိတက်ရဲ့ ဒါရိုက်တာတွေဖြစ်သူ  ဦးကျော်ထင်နဲ့ ဦးနီအောင်တို့ဟာ အကောက်ခွန်ဦးစီးဌာနရဲ့ ညွှန်ကြားရေးမှူးချုပ်နဲ့  မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ရဲ့ ဦးဆောင်ညွှန်ကြားရေးမှူးတွေ ဖြစ်တယ်လို့သိရပါတယ်။

သတင်း-ငြိမ်းချမ်း / One News Myanmar
---------------------------------------------------------
(Zawgyi)⤵⤵⤵




https://www.facebook.com/onenewsmyan/
ညွှန်ချုပ်( ၂)ဦး ဦးပိုင်ဒါရိုက်တာများဖြစ်နေခြင်းကို ပြန်စိစစ်သွားမည်ဟု ဦးဇော်ဌေးပြော ညွှန်ချုပ်( ၂)ဦး ဦးပိုင်ဒါရိုက်တာများဖြစ်နေခြင်းကို ပြန်စိစစ်သွားမည်ဟု ဦးဇော်ဌေးပြော Reviewed by THITHTOOLWIN on 23:06 Rating: 5
Powered by Blogger.