ကမၻာတ၀န္း ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူ သံုးသန္းခြဲထိ ေရာက္ရွိ

အေမရိကန္ႏိုင္ငံ ေဘာ့စ္တြန္ၿမိဳ႕တြင္ COVID-19 ကူးစက္ခံရသည့္ လူနာတဦးကို အေရးေပၚကားျဖင့္ ေဆး႐ုံပို႔ရန္ ျပင္ဆင္ေနသည့္ က်န္းမာေရးဝန္ထမ္း။ (ဧၿပီ ၂၇၊ ၂၀၂၀)
(Zawgyi / Unicode)

ေမလ ၃ ရက္ တနဂၤေႏြေန႔အထိ COVID-19 ကမၻာ့ကပ္ေရာဂါ ကူးစက္မႈေပါင္း ၃.၄၄ သန္း ေရာက္ရွိသြားၿပီ ျဖစ္ပါတယ္။

ရိုက္တာသတင္းဌာနရဲ့ တြက္ခ်က္မႈ စာရင္းေတြအရ ဒီေရာဂါေၾကာင့္ လူေပါင္း ၂၄၃,၀၀၀ ေက်ာ္ အသက္ေသဆုံးခဲ့ၾကရၿပီးလည္း ျဖစ္ပါတယ္။

၂၀၁၉ ခုႏွစ္​ ဒီဇင္ဘာလ တ႐ုတ္နိုင္ငံမွာ ပထမဆုံး ကူးစက္မႈကို အတည္ျပဳခဲ့တဲ့ အခ်ိန္ကစလို႔ အခုအခါ ကမၻာေပၚက နိုင္ငံေတြနဲ႔ အုပ္ခ်ဳပ္ခံနယ္ေျမေတြ စုစုေပါင္း ၂၁၀ ေက်ာ္မွာ COVID-19 ကူးစက္ေရာဂါ ျဖစ္ပြားေၾကာင္း အတည္ျပဳသတင္းေတြ ရရွိခဲ့ၿပီးျဖစ္ပါတယ္။

အေမရိကန္နိုင္ငံမွာ ကူးစက္မႈ ၁၁ သိန္းခြဲနီးပါးနဲ႔ ေသဆုံးသူ ၆၀,၀၀၀ ေက်ာ္ ရွိတာေၾကာင့္ ကမၻာေပၚမွာ COVID-19 ေရာဂါဒဏ္ အမ်ားဆုံးခံရတဲ့နိုင္ငံ ျဖစ္ပါတယ္။

စပိန္နိုင္ငံက ေရာဂါျဖစ္ပြားမႈ ဒုတိယအမ်ားဆုံးျဖစ္ၿပီး ကူးစက္မႈ ၂၃၀,၀၀၀ ေက်ာ္ရွိၿပီး ေသဆုံးသူ ၂၄,၀၀၀ ေက်ာ္ ရွိပါတယ္။

အီတလီက တတိယအမ်ားဆုံးျဖစ္ၿပီး ၿဗိတိန္နဲ႔ ျပင္သစ္နိုင္ငံက စတုတၳနဲ႔ ပၪၥမ ေရာဂါဒဏ္ အခံရဆုံးနိုင္ငံေတြ ျဖစ္ပါတယ္။

ကိုရိုနာဗိုင္းရပ္စ္ ကူးစက္မႈေတြ အဆိုးရြားဆုံး ႀကဳံခဲ့ရတဲ့ ဥေရာပနိုင္ငံေတြမွာ ကူးစက္မႈႏႈန္း က်ဆင္းလာတာနဲ႔အမၽွ အသြားအလာ ကန႔္သတ္မႈေတြကိုလည္း ျဖည္းျဖည္းခ်င္း ျပန္လည္ ဖယ္ရွားေပးလာေနပါတယ္။

စပိန္နိုင္ငံမွာ နိုင္ငံတြင္း အသြားအလာ ကန႔္သတ္မႈတခ်ိဳ႕ကိုလည္း စေနေန႔က ျပန္လည္ ဖယ္ရွားေပးခဲ့ပါတယ္။

အလားတူ အီတလီနိုင္ငံမွာလည္း ကန႔္သတ္ခ်က္တခ်ိဳ႕ကို ဒီကေန႔ တနလၤာေန႔ကစၿပီး ေျဖေလၽွာ့ေပးမွာျဖစ္ပါတယ္။ ပန္းၿခံေတြ ျပန္ဖြင့္ေပးၿပီး မိသားစုေတြ ေဆြမ်ိဳးေတြဆီကိုလည္း အကန႔္အသတ္နဲ႔ သြားေရာက္လည္ပတ္ခြင့္ ရမွာပါ။

အေမရိကန္ျပည္ေထာင္စုမွာလည္း အသြားအလာ ကန႔္သတ္မႈေတြနဲ႔ စီးပြားေရး လုပ္ငန္းေတြကို ျပည္နယ္တခ်ိဳ႕မွာ ျပန္လည္စတင္ေနၿပီ ျဖစ္ပါတယ္။ က်န္းမာေရးပညာရွင္ေတြကေတာ့ ကန႔္သတ္ခ်က္ေတြကို အခ်ိန္မတိုင္ခင္ ဖယ္ရွားေပးလိုက္ရင္ ကူးစက္မႈေတြ ေနာက္တေက်ာ့ ျပန္ျဖစ္လာနိုင္တယ္လို႔ သတိေပးေနၾကပါတယ္။

ျပင္သစ္နိုင္ငံကေတာ့ လက္ရွိ က်န္းမာေရး အေရးေပၚ အေျခအေန ေၾကညာခ်က္ကို ဇူလိုင္လ ၂၄ ရက္ေန႔အထိ ရက္တိုး ခ်မွတ္ထားမယ့္အေၾကာင္း ေျပာပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
------------------------------

(Unicode)

ကမ္ဘာတဝန်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ သုံးသန်းခွဲထိ ရောက်ရှိ

(Zawgyi / Unicode)

မေလ ၃ ရက် တနင်္ဂနွေနေ့အထိ COVID-19 ကမ္ဘာ့ကပ်ရောဂါ ကူးစက်မှုပေါင်း ၃.၄၄ သန်း ရောက်ရှိသွားပြီ ဖြစ်ပါတယ်။

ရိုက်တာသတင်းဌာနရဲ့ တွက်ချက်မှု စာရင်းတွေအရ ဒီရောဂါကြောင့် လူပေါင်း ၂၄၃,၀၀၀ ကျော် အသက်သေဆုံးခဲ့ကြရပြီးလည်း ဖြစ်ပါတယ်။

၂၀၁၉ ခုနှစ် ဒီဇင်ဘာလ တရုတ်နိုင်ငံမှာ ပထမဆုံး ကူးစက်မှုကို အတည်ပြုခဲ့တဲ့ အချိန်ကစလို့ အခုအခါ ကမ္ဘာပေါ်က နိုင်ငံတွေနဲ့ အုပ်ချုပ်ခံနယ်မြေတွေ စုစုပေါင်း ၂၁၀ ကျော်မှာ COVID-19 ကူးစက်ရောဂါ ဖြစ်ပွားကြောင်း အတည်ပြုသတင်းတွေ ရရှိခဲ့ပြီးဖြစ်ပါတယ်။

အမေရိကန်နိုင်ငံမှာ ကူးစက်မှု ၁၁ သိန်းခွဲနီးပါးနဲ့ သေဆုံးသူ ၆၀,၀၀၀ ကျော် ရှိတာကြောင့် ကမ္ဘာပေါ်မှာ COVID-19 ရောဂါဒဏ် အများဆုံးခံရတဲ့နိုင်ငံ ဖြစ်ပါတယ်။

စပိန်နိုင်ငံက ရောဂါဖြစ်ပွားမှု ဒုတိယအများဆုံးဖြစ်ပြီး ကူးစက်မှု ၂၃၀,၀၀၀ ကျော်ရှိပြီး သေဆုံးသူ ၂၄,၀၀၀ ကျော် ရှိပါတယ်။

အီတလီက တတိယအများဆုံးဖြစ်ပြီး ဗြိတိန်နဲ့ ပြင်သစ်နိုင်ငံက စတုတ္ထနဲ့ ပဉ္စမ ရောဂါဒဏ် အခံရဆုံးနိုင်ငံတွေ ဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ အဆိုးရွားဆုံး ကြုံခဲ့ရတဲ့ ဥရောပနိုင်ငံတွေမှာ ကူးစက်မှုနှုန်း ကျဆင်းလာတာနဲ့အမျှ အသွားအလာ ကန့်သတ်မှုတွေကိုလည်း ဖြည်းဖြည်းချင်း ပြန်လည် ဖယ်ရှားပေးလာနေပါတယ်။

စပိန်နိုင်ငံမှာ နိုင်ငံတွင်း အသွားအလာ ကန့်သတ်မှုတချို့ကိုလည်း စနေနေ့က ပြန်လည် ဖယ်ရှားပေးခဲ့ပါတယ်။

အလားတူ အီတလီနိုင်ငံမှာလည်း ကန့်သတ်ချက်တချို့ကို ဒီကနေ့ တနင်္လာနေ့ကစပြီး ဖြေလျှော့ပေးမှာဖြစ်ပါတယ်။ ပန်းခြံတွေ ပြန်ဖွင့်ပေးပြီး မိသားစုတွေ ဆွေမျိုးတွေဆီကိုလည်း အကန့်အသတ်နဲ့ သွားရောက်လည်ပတ်ခွင့် ရမှာပါ။

အမေရိကန်ပြည်ထောင်စုမှာလည်း အသွားအလာ ကန့်သတ်မှုတွေနဲ့ စီးပွားရေး လုပ်ငန်းတွေကို ပြည်နယ်တချို့မှာ ပြန်လည်စတင်နေပြီ ဖြစ်ပါတယ်။ ကျန်းမာရေးပညာရှင်တွေကတော့ ကန့်သတ်ချက်တွေကို အချိန်မတိုင်ခင် ဖယ်ရှားပေးလိုက်ရင် ကူးစက်မှုတွေ နောက်တကျော့ ပြန်ဖြစ်လာနိုင်တယ်လို့ သတိပေးနေကြပါတယ်။

ပြင်သစ်နိုင်ငံကတော့ လက်ရှိ ကျန်းမာရေး အရေးပေါ် အခြေအနေ ကြေညာချက်ကို ဇူလိုင်လ ၂၄ ရက်နေ့အထိ ရက်တိုး ချမှတ်ထားမယ့်အကြောင်း ပြောပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/coronavirus-update/5403845.html
ကမၻာတ၀န္း ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူ သံုးသန္းခြဲထိ ေရာက္ရွိ ကမၻာတ၀န္း ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူ သံုးသန္းခြဲထိ ေရာက္ရွိ Reviewed by THITHTOOLWIN on 12:09 Rating: 5
Powered by Blogger.