နာဂလက္နက္ကိုင္အဖြဲ႕ တပ္မႉးတစ္ဦး လုပ္ႀကံခံရၿပီး ေသဆုံး


(Zawgyi)⤵⤵⤵
 နာဂအမ်ိဳးသားဆိုရွယ္လစ္ေကာင္စီ-ကပၸလန္ NSCN-K အဖြဲ႕ရဲ႕ တီဆာရီ ေဒသ တပ္မႉး ဗိုလ္ႀကီး ခ်ဴဆီမူဟာ ေမလ ၁၈ ရက္ေန႔ညေနပိုင္းက ေသနတ္သမားရဲ႕လုပ္ႀကံခံရတာေၾကာင့္ ေသဆုံးသြားပါတယ္။

တပ္မႉး ဗိုလ္ႀကီး ခ်ဴဆီမူ တီဆာရီေဒသရွိ မူဒြန္ဖိုင္ကူးတို႔အိမ္မွာ ေမလ ၁၈ ရက္ေန႔ ညေန ၆ နာရီဝန္းက်င္ေလာက္မွာ ေတာထဲကအျပန္ လမ္းမွာ ေသနတ္နဲ႔လုပ္ႀကံခံရတာျဖစ္ၿပီး သူကိုဘယ္အဖြဲ႕က လုပ္ႀကံတယ္ဆိုတာမသိရေသးဘဲ စုံစမ္းေနဆဲျဖစ္တယ္လို႔ NSCN-K အဖြဲ႕က ဗိုလ္မႉးဂ်ဴလိုင္ေထာင္းက ေျပာပါတယ္။

လုပ္ႀကံခံရတဲ့ ဗိုလ္ႀကီးခ်ဴဆီမႈဟာ NSCN-K အဖြဲ႕ရဲ႕ တီဆာရီေဒသတစ္ခုလုံးရဲ႕ တပ္မႉးျဖစ္ၿပီး အဖြဲ႕အတြက္ အမ်ားႀကီးနစ္နာတယ္လို႔ ေျပာပါတယ္။

တီဆာရီေဒသဟာ စစ္ကိုင္းတိုင္းေဒသႀကီး၊ နာဂကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ၊ ေလရွီးၿမိဳ႕နယ္အတြင္းမွာ တည္ရွိတာလို႔လည္း ဗိုလ္မႉးဂ်ဴလိုင္ေထာင္းက ေျပာပါတယ္။

နာဂကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသက ေလရွီး၊ နန္းယြန္း၊ လဟယ္ၿမိဳ႕နယ္ေတြအျပင္ စစ္ကိုင္းတိုင္း တမူးနဲ႔ ဟုမၼလင္း စတဲ့နယ္ေျမေတြမွာ NSCN-K အဖြဲ႕က စစ္ေရးလႈပ္ရွားေနတာပါ။

NSCN-K အဖြ႕ဲဟာ ၂၀၁၂ ခုႏွစ္၊ ဧၿပီလက အစိုးရနဲ႔ တိုင္းေဒသႀကီးအဆင့္ ပဏာမ အပစ္အခတ္ရပ္စဲေရး သေဘာတူစာခ်ဳပ္ လက္မွတ္ေရးထိုးထားပါတယ္။

ၿပီးခဲ့တဲ့ ၂၀၁၉ ဇန္နဝါရီလကုန္ပိုင္းမွာ NSCN-K ဌာနခ်ဳပ္ကို တပ္မေတာ္က နယ္ေျမရွင္းလင္းေရး လုပ္ေဆာင္တယ္ဆိုၿပီး ဝင္ေရာက္ထိန္းခ်ဳပ္ခဲ့သလို႔ ေခါင္းေဆာင္ေတြကိုလည္း ဖမ္းဆီးေထာင္ခ်တာမ်ိဳးေတြရွိခဲ့ပါတယ္။

RFA Burmese
------------------------------------------
(Unicode)⤵⤵⤵
နာဂလက်နက်ကိုင်အဖွဲ့ တပ်မှူးတစ်ဦး လုပ်ကြံခံရပြီး သေဆုံး

 နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-ကပ္ပလန် NSCN-K အဖွဲ့ရဲ့ တီဆာရီ ဒေသ တပ်မှူး ဗိုလ်ကြီး ချူဆီမူဟာ မေလ ၁၈ ရက်နေ့ညနေပိုင်းက သေနတ်သမားရဲ့လုပ်ကြံခံရတာကြောင့် သေဆုံးသွားပါတယ်။

တပ်မှူး ဗိုလ်ကြီး ချူဆီမူ တီဆာရီဒေသရှိ မူဒွန်ဖိုင်ကူးတို့အိမ်မှာ မေလ ၁၈ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်လောက်မှာ တောထဲကအပြန် လမ်းမှာ သေနတ်နဲ့လုပ်ကြံခံရတာဖြစ်ပြီး သူကိုဘယ်အဖွဲ့က လုပ်ကြံတယ်ဆိုတာမသိရသေးဘဲ စုံစမ်းနေဆဲဖြစ်တယ်လို့ NSCN-K အဖွဲ့က ဗိုလ်မှူးဂျူလိုင်ထောင်းက ပြောပါတယ်။

လုပ်ကြံခံရတဲ့ ဗိုလ်ကြီးချူဆီမှုဟာ NSCN-K အဖွဲ့ရဲ့ တီဆာရီဒေသတစ်ခုလုံးရဲ့ တပ်မှူးဖြစ်ပြီး အဖွဲ့အတွက် အများကြီးနစ်နာတယ်လို့ ပြောပါတယ်။

တီဆာရီဒေသဟာ စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့နယ်အတွင်းမှာ တည်ရှိတာလို့လည်း ဗိုလ်မှူးဂျူလိုင်ထောင်းက ပြောပါတယ်။

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက လေရှီး၊ နန်းယွန်း၊ လဟယ်မြို့နယ်တွေအပြင် စစ်ကိုင်းတိုင်း တမူးနဲ့ ဟုမ္မလင်း စတဲ့နယ်မြေတွေမှာ NSCN-K အဖွဲ့က စစ်ရေးလှုပ်ရှားနေတာပါ။

NSCN-K အဖွ့ဲဟာ ၂၀၁၂ ခုနှစ်၊ ဧပြီလက အစိုးရနဲ့ တိုင်းဒေသကြီးအဆင့် ပဏာမ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၉ ဇန်နဝါရီလကုန်ပိုင်းမှာ NSCN-K ဌာနချုပ်ကို တပ်မတော်က နယ်မြေရှင်းလင်းရေး လုပ်ဆောင်တယ်ဆိုပြီး ဝင်ရောက်ထိန်းချုပ်ခဲ့သလို့ ခေါင်းဆောင်တွေကိုလည်း ဖမ်းဆီးထောင်ချတာမျိုးတွေရှိခဲ့ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
နာဂလက္နက္ကိုင္အဖြဲ႕ တပ္မႉးတစ္ဦး လုပ္ႀကံခံရၿပီး ေသဆုံး နာဂလက္နက္ကိုင္အဖြဲ႕ တပ္မႉးတစ္ဦး လုပ္ႀကံခံရၿပီး ေသဆုံး Reviewed by THITHTOOLWIN on 22:00 Rating: 5
Powered by Blogger.