ဂ်ပန္ႏုိင္ငံမွာ အေရးေပၚအေျခအေန ေမလကုန္အထိ သက္တမ္းတုိး

ဂ်ပန္ႏိုင္ငံ Tokyo ၿမိဳ႕က လမ္းေလွ်ာက္ေနတဲ့ လူတခ်ိဳ႕ (ေမ ၀၄၊ ၂၀၂၀)
(Zawgyi/Unicode)

Coronavirus ပိုးကူးစက္မႈေၾကာင့္ ဂ်ပန္တႏိုင္ငံလံုးအတြက္ ထုတ္ျပန္ထားတဲ့ အေရးေပၚအေျခအေနကို ေမလကုန္အထိ သက္တမ္းတုိးတယ္လို႔ ဝန္ႀကီးခ်ဳပ္ Shinzo Abe က ဒီကေန႔ ေၾကညာပါတယ္။

ဧၿပီလ ၇ ရက္ေန႔က ထုတ္ျပန္ထားတဲ့ အေရးေပၚ အေျခအေနကို ေမလကုန္တဲ့အထိ သက္တမ္းတုိးေၾကာင္းနဲ႔ ဂ်ပန္ႏိုင္ငံထဲမွာ႐ွိတဲ့ ခ႐ိုင္အားလံုးအတြက္ အက်ံဳးဝင္ေၾကာင္း ဝန္ႀကီးခ်ဳပ္ Abe ေျပာၾကားသြားတာ ျဖစ္ပါတယ္။

ဂ်ပန္မွာ ေရာဂါကူးစက္သူအေရအတြက္ဟာ တျခားႏိုင္ငံေတြမွာလုိ အရမ္းတိုးမလာေပမဲ့ ကူးစက္မႈႏႈန္းကလည္း က်မသြားေသးဘူးလို႔ ဝန္ႀကီးခ်ဳပ္က ေျပာပါတယ္။

Tokyo ၿမိဳ႕ေတာ္နဲ႔ ခ႐ိုင္ ၆ ခုမွာ အေရးေပၚအေျခအေနကို ဧၿပီလ ၇ ေန႔က စတင္ထုတ္ျပန္ခဲ့တာျဖစ္ၿပီး ေရာဂါပိုးကူးစက္မႈ ပ်ံ႕ႏွံ႔ေနတဲ့အတြက္ ဝန္ႀကီးခ်ဳပ္က ဧၿပီလ ၁၆ ရက္ေန႔မွာ တႏိုင္ငံလံုးကို အေရးေပၚ အေျခအေန ေၾကညာခဲ့တာပါ။

ဂ်ပန္ႏိုင္ငံမွာ ေရာဂါပိုးကူးစက္ေနသူ ၁၅,၀၀၀ ေက်ာ္နဲ႔ ၅၁၀ ေသဆံုးခဲ့တယ္လို႔ ဂ်ပန္က်န္းမာေရးဝန္ႀကီးဌာနက ေျပာပါတယ္။ တခ်ိန္ထဲမွာပဲ ေတာင္ကိုရီးယားႏုိင္ငံမွာေတာ့ ေမ ၁၃ ရက္ေန႔ကစၿပီး ေက်ာင္းေတြ ျပန္ဖြင့္မယ္လို႔ ဒီေန႔ ေၾကညာပါတယ္။

အထက္တန္းေက်ာင္းေတြကို ေမ ၁၃ ရက္မွာ ပထမစဖြင့္ၿပီး က်န္တဲ့အတန္းေတြကို ေမ ၂၀ ကေန တျဖည္းျဖည္းခ်င္း ျပန္ဖြင့္သြားမယ္လို႔ ေတာင္ကိုရီးယား ပညာေရးဝန္ႀကီး Yoo Eun-hae က ဒီကေန႔ ေၾကညာခဲ့ပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
------------------------------------------
[Unicode Version]

ဂျပန်နိုင်ငံမှာ အရေးပေါ်အခြေအနေ မေလကုန်အထိ သက်တမ်းတိုး

Coronavirus ပိုးကူးစက်မှုကြောင့် ဂျပန်တနိုင်ငံလုံးအတွက် ထုတ်ပြန်ထားတဲ့ အရေးပေါ်အခြေအနေကို မေလကုန်အထိ သက်တမ်းတိုးတယ်လို့ ဝန်ကြီးချုပ် Shinzo Abe က ဒီကနေ့ ကြေညာပါတယ်။

ဧပြီလ ၇ ရက်နေ့က ထုတ်ပြန်ထားတဲ့ အရေးပေါ် အခြေအနေကို မေလကုန်တဲ့အထိ သက်တမ်းတိုးကြောင်းနဲ့ ဂျပန်နိုင်ငံထဲမှာရှိတဲ့ ခရိုင်အားလုံးအတွက် အကျုံးဝင်ကြောင်း ဝန်ကြီးချုပ် Abe ပြောကြားသွားတာ ဖြစ်ပါတယ်။

ဂျပန်မှာ ရောဂါကူးစက်သူအရေအတွက်ဟာ တခြားနိုင်ငံတွေမှာလို အရမ်းတိုးမလာပေမဲ့ ကူးစက်မှုနှုန်းကလည်း ကျမသွားသေးဘူးလို့ ဝန်ကြီးချုပ်က ပြောပါတယ်။

Tokyo မြို့တော်နဲ့ ခရိုင် ၆ ခုမှာ အရေးပေါ်အခြေအနေကို ဧပြီလ ၇ နေ့က စတင်ထုတ်ပြန်ခဲ့တာဖြစ်ပြီး ရောဂါပိုးကူးစက်မှု ပျံ့နှံ့နေတဲ့အတွက် ဝန်ကြီးချုပ်က ဧပြီလ ၁၆ ရက်နေ့မှာ တနိုင်ငံလုံးကို အရေးပေါ် အခြေအနေ ကြေညာခဲ့တာပါ။

ဂျပန်နိုင်ငံမှာ ရောဂါပိုးကူးစက်နေသူ ၁၅,၀၀၀ ကျော်နဲ့ ၅၁၀ သေဆုံးခဲ့တယ်လို့ ဂျပန်ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။ တချိန်ထဲမှာပဲ တောင်ကိုရီးယားနိုင်ငံမှာတော့ မေ ၁၃ ရက်နေ့ကစပြီး ကျောင်းတွေ ပြန်ဖွင့်မယ်လို့ ဒီနေ့ ကြေညာပါတယ်။

အထက်တန်းကျောင်းတွေကို မေ ၁၃ ရက်မှာ ပထမစဖွင့်ပြီး ကျန်တဲ့အတန်းတွေကို မေ ၂၀ ကနေ တဖြည်းဖြည်းချင်း ပြန်ဖွင့်သွားမယ်လို့ တောင်ကိုရီးယား ပညာရေးဝန်ကြီး Yoo Eun-hae က ဒီကနေ့ ကြေညာခဲ့ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/japan-covid/5404035.html
ဂ်ပန္ႏုိင္ငံမွာ အေရးေပၚအေျခအေန ေမလကုန္အထိ သက္တမ္းတုိး ဂ်ပန္ႏုိင္ငံမွာ အေရးေပၚအေျခအေန ေမလကုန္အထိ သက္တမ္းတုိး Reviewed by THITHTOOLWIN on 19:46 Rating: 5
Powered by Blogger.