ျမန္မာ ေငြမည္းခဝါခ်မႈ တို္က္ဖ်က္ေရး ပိုလုပ္ေဆာင္ဖို႔ တို္က္တြန္း


(Zawgyi/Unicode)

ျမန္မာႏိုင္ငံအေနနဲ႔ ေငြေၾကးခဝါခ်မႈတိုက္ဖ်က္ေရးအတြက္ အစီအမံခ်လုပ္လာေပမဲ့ သိသာပြင့္လင္းမႈ ပိုရွိေအာင္ လုပ္ဖို႔ ပိုလိုေနတယ္ဆိုတဲ့ သုံးသပ္ခ်က္အေၾကာင္းကို ဗီြအိုေအ ျမန္မာပိုင္း သတင္းေထာက္ မေမခက ေျပာျပေပးပါမယ္။

NLD အစိုးရလက္ထက္မွာ ေငြေၾကးခဝါခ်မႈေတြကို ဖမ္းဆီးအေရးယူတာေတြ ရွိေပမဲ့ ျမန္မာႏိုင္ငံတြင္း ေငြေၾကးခဝါခ်တဲ့ လုပ္ငန္းေတြက ပုံစံမ်ိဳးစုံနဲ႔ေတာ့ ရွိေနေသးတယ္လို႔ ေလ့လာသူေတြက ယူဆပါတယ္။ ႏိုင္ငံတြင္း ေငြေၾကးခဝါခ်မႈနဲ႔ အၾကမ္းဖက္လုပ္ငန္းေငြေၾကးေထာက္ပံ့မႈေတြကို အၿပီးသတ္ တိုက္ဖ်က္သြားမယ္လို႔ အာဏာရ NLD အစိုးရက ေျပာထားပါတယ္။ ျပဳျပင္ေျပာင္းလဲေရးအတြက္ NLD အစိုးရျပင္ဆင္ထားတဲ့ လုပ္ငန္းစဥ္ထဲမွာပါဝင္ၿပီး ဒီ လုပ္ငန္းစဥ္ေတြကို အေကာင္အထည္ေဖာ္မႈပိုင္းမွာ အားရေက်နပ္စရာမေတြ႕ရေသးဘူးလို႔ NLD ပါတီရဲ႕ စီးပြားေရးေကာ္မတီအတြင္းေရးမွဴးလုပ္ခဲ့တဲ့ စီးပြားေရးပညာရွင္ ဦးမင္းခင္က ေျပာပါတယ္။ အထူးသျဖင့္ ႏိုင္ငံတကာက အထင္အျမင္လြဲတာမ်ိဳးမျဖစ္ေအာင္ ပြင့္လင္းျမင္သာမႈရွိဖို႔လိုတယ္လို႔ သူက ေထာက္ျပပါတယ္။

"ေငြေၾကးခဝါခ်ပိုင္းမွာ အားနည္းစရာ ေတြရွိတယ္။ အစိုးရဘက္က တဘက္ကို ျပန္ရွင္းျပတာမ်ိဳး၊ သိသာျမင္သာေအာင္ လုပ္ေဆာင္ျပတာမ်ိဳး၊ ႏိုင္ငံတကာက သိေအာင္ ဒါေတြေတာ့လုပ္သင့္တယ္။ ေသခ်ာကို ေငြေၾကးပိုင္းေတြနဲ႔ ပတ္သတ္တာေတြ လုပ္ဖို႔လိုတယ္။ ဒါေတြက ေတာ္ေတာ္သတိထားသင့္တယ္။ အခုလို ကိုဗစ္ကာလ ကပ္ေရာဂါေနာက္ပိုင္းမွာ ကမၻာ့အေျခအေန အမ်ားႀကီးေျပာင္းဖို႔ရွိတယ္။ အဲလိုမွာ ကိုယ့္အတြက္ အားသာခ်က္ရႏိုင္ဖို႔ လိုအပ္တယ္။ အဲလိုျဖစ္ဖို႔ ဆိုရင္ ေသခ်ာ အေလးထားကိုင္တြယ္ဖို႔ လိုတယ္။"

ဥေရာပေကာ္မရွင္ရဲ႕ေငြေၾကး ခဝါခ်မႈနဲ႔ ပတ္သက္ၿပီး အနီးကပ္ ေစာင့္ၾကည့္ရမယ့္ ႏိုင္ငံစာရင္းကိုလာမယ့္ ၾကာသပေတးမွာ ေၾကျငာဖို႔ ရွိပါတယ္။ ျမန္မာႏိုင္ငံအပါအဝင္ ႏိုင္ငံ ၂၂ ႏိုင္ငံ ပါဝင္ထည့္သြင္းထားတယ္လို႔ ႏိုင္ငံတကာသတင္းေတြမွာ ေဖာ္ျပေနပါတယ္။ ဒီလို နာမည္ပ်က္စာရင္းထဲပါတဲ့ ႏိုင္ငံေတြ၊ စီးပြားေရး ကုမၸဏီေတြအေနနဲ႔ ဥေရာပသမဂၢက ေပးအပ္မယ့္ ရန္ပုံေငြေထာက္ပံ့ေၾကး အသစ္ေတြကို ရယူႏိုင္မွာ မဟုတ္ပါဘူး။ ျမန္မာႏိုင္ငံ ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ႏိုင္ငံျခားစီးပြားဆက္သြယ္ေရးဝန္ႀကီးဌာန အၿမဲတမ္းအတြင္းဝန္ ဦးေအာင္ႏိုင္ဦးကေတာ့ ျမန္မာႏိုင္ငံအေနနဲ႔ အရင္တုန္းကထက္ ပိုၿပီး ေငြေၾကးခဝါခ်မႈကို ႀကိဳးစား တားဆီးကာကြယ္ေနတာေၾကာင့္ ဒီစာရင္းထဲ ပါဝင္ႏိုင္ဖို႔ မရွိႏိုင္ဘူးလို႔ သူ႔အျမင္ေျပာပါတယ္။

"ဒီေငြေၾကးခ၀ါခ်မႈနဲ႔ ပတ္သတ္လို႔ ႏိုင္ငံေတာ္ဘက္က ေတာ္ေတာ္ေလးျပဳျပင္ေျပာင္းလဲတာေတြ လုပ္ထားတယ္။ လုပ္ေနတာလည္းရွိလို႔ သံသယ မရွိဘူး။ ဒါမ်ိဳးျဖစ္လာမယ္လို႔လည္ါးမထင္ဘူး။ ႏိုင္ငံဘက္က လုပ္ေဆာင္ေနတာေတြက သတ္မွတ္ထားတာေတြကို ႀကိဳးစားေဆာင္႐ြက္ေနတာမို႔ ျဖစ္လာဖို႔ မရွိဘူး။ အီးယူဘက္က တရားဝင္ထုတ္တာ မရွိေသးပါဘူး လုပ္မယ္လို႔လည္း မယူဆပါဘူး။ ထင္ေၾကးေတြေျပာေနတာမို႔ ဒီအေပၚဘာမွ မသုံးသပ္ခ်င္ပါဘူး။"

ၿပီးခဲ့တဲ့ ၂၀၁၉ ေအာက္တိုဘာက ဒုတိယသမၼတ ဦးျမင့္ေဆြ ဦးေဆာင္တဲ့ ေငြေၾကးခဝါခ်မႈႏွင့္ အၾကမ္းဖက္မႈကို ေငြေၾကးေထာက္ပံ့မႈ တိုက္ဖ်က္ေရးဦးေဆာင္ေကာ္မတီကို ဖြဲ႕စည္းခဲ့သလို ေငြေၾကး ခဝါခ်မႈ နဲ႔ အၾကမ္းဖက္မႈကို ေငြေၾကးေထာက္ပံ့မႈ မရွိေစဖို႔ ပုဂၢလိက က႑မွ အသင္းအဖြဲ႕ငါးခုနဲ႔ ပူးေပါင္းကာ ဒီအပိုင္းကို အေသခ်ာ လုပ္ေဆာင္တာေတြ ရွိေနတယ္လို႔ ဦးေအာင္ႏိုင္ဦးကေျပာပါတယ္။

ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈ တိုးတက္ေရး၊ ႏိုင္ငံစီးပြားေရး တိုးတက္ေရးအတြက္ ေငြေၾကးခဝါခ်မႈနဲ႔ အၾကမ္းဖက္မႈကို ေငြေၾကးေထာက္ပံ့မႈ တားျမစ္ေရးပိုင္း အားနည္းခ်က္ေတြကို ျပန္လည္သုံးသပ္ျပင္ဆင္သင့္တယ္လို႔ ဦးမင္းခင္က ေျပာပါတယ္။

"အမ်ားႀကီး ထိခိုက္လာႏိုင္တယ္။ ကိုယ့္အတြက္က အားနည္းခ်က္ေတြ မ်ားေနတယ္။ ခုလိုအခ်ိန္မွာထပ္ၿပီး ႀကဳံရမယ္ဆိုရင္ ထိခိုက္လာႏိုင္စရာ ရွိတယ္။ လယ္ယာက႑ပိုင္းကိုလည္း ထိလာႏိုင္တယ္။ အီးယူကို ပဲပို႔တာမ်ိဳးဆို ေအာင္ျမင္ေနတယ္ေလ။ ဒါမ်ိဳးေတြ ထိပါထိလာႏိုင္ေတာ့ ေတာ္ေတာ္ေလး သတိထားလုပ္ေဆာင္သင့္တယ္။"

တရားမဝင္ မူးယစ္ေဆးကုန္သြယ္မႈနဲ႔ လူကုန္ကူးမႈ ဗဟိုခ်က္မလိုျဖစ္ေနတဲ့ ေ႐ႊႀတိဂံေဒသမွာ ျမန္မာႏိုင္ငံလည္း ပါဝင္တာပါ။ ျမန္မာႏိုင္ငံမွာ တရားမဝင္ ေက်ာက္စိမ္းထုတ္လုပ္မႈ၊ လက္နက္ ေမွာင္ခိုကူးမႈ၊ သစ္ခိုးထုတ္မႈေတြဟာ ျမန္မာႏိုင္ငံအတြင္း ေငြျဖဴ၊ ေငြမည္းခဝါခ်တဲ့ ျပႆနာမ်ားစြာ ျဖစ္ေစတယ္ဆိုတယ္လို႔ FATF လို႔ေခၚတဲ့ ႏိုင္ငံတကာေငြေၾကးခဝါခ်မႈတိုက္ဖ်က္ေရးအဖြဲ႕က ၂၀၁၈ အစီရင္ခံစာမွာ ေထာက္ျပထားပါတယ္။ ဒါတင္မက နယ္စပ္ျဖတ္ေက်ာ္ရာဇတ္မႈ အႀကီးအက်ယ္က်ဴးလြန္ေနတဲ့ အဖြဲ႕ေတြနဲ႔ လက္နက္ကိုင္တိုင္းရင္းသားအဖြဲ႕ေတြၾကား ဆက္ႏြယ္မႈ ရွိတယ္ဆိုတာကိုလည္း အဲဒီအစီရင္ခံစာမွာ ေထာက္ျပထားပါတယ္ရွင္။

➣ ေမခ / ဗြီအိုေအ (ျမန္မာပုိင္း)
----------------------------------------
[Unicode Version]

မြန်မာ ငွေမည်းခဝါချမှုတိုက်ဖျက်ရေး ပိုလုပ်ဆောင်ဖို့တိုက်တွန်း

မြန်မာနိုင်ငံအနေနဲ့ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးအတွက် အစီအမံချလုပ်လာပေမဲ့ သိသာပွင့်လင်းမှု ပိုရှိအောင် လုပ်ဖို့ ပိုလိုနေတယ်ဆိုတဲ့ သုံးသပ်ချက်အကြောင်းကို ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မမေခက ပြောပြပေးပါမယ်။

NLD အစိုးရလက်ထက်မှာ ငွေကြေးခဝါချမှုတွေကို ဖမ်းဆီးအရေးယူတာတွေ ရှိပေမဲ့ မြန်မာနိုင်ငံတွင်း ငွေကြေးခဝါချတဲ့ လုပ်ငန်းတွေက ပုံစံမျိုးစုံနဲ့တော့ ရှိနေသေးတယ်လို့ လေ့လာသူတွေက ယူဆပါတယ်။ နိုင်ငံတွင်း ငွေကြေးခဝါချမှုနဲ့ အကြမ်းဖက်လုပ်ငန်းငွေကြေးထောက်ပံ့မှုတွေကို အပြီးသတ် တိုက်ဖျက်သွားမယ်လို့ အာဏာရ NLD အစိုးရက ပြောထားပါတယ်။ ပြုပြင်ပြောင်းလဲရေးအတွက် NLD အစိုးရပြင်ဆင်ထားတဲ့ လုပ်ငန်းစဉ်ထဲမှာပါဝင်ပြီး ဒီ လုပ်ငန်းစဉ်တွေကို အကောင်အထည်ဖော်မှုပိုင်းမှာ အားရကျေနပ်စရာမတွေ့ရသေးဘူးလို့ NLD ပါတီရဲ့ စီးပွားရေးကော်မတီအတွင်းရေးမှူးလုပ်ခဲ့တဲ့ စီးပွားရေးပညာရှင် ဦးမင်းခင်က ပြောပါတယ်။ အထူးသဖြင့် နိုင်ငံတကာက အထင်အမြင်လွဲတာမျိုးမဖြစ်အောင် ပွင့်လင်းမြင်သာမှုရှိဖို့လိုတယ်လို့ သူက ထောက်ပြပါတယ်။

"ငွေကြေးခဝါချပိုင်းမှာ အားနည်းစရာ တွေရှိတယ်။ အစိုးရဘက်က တဘက်ကို ပြန်ရှင်းပြတာမျိုး၊ သိသာမြင်သာအောင် လုပ်ဆောင်ပြတာမျိုး၊ နိုင်ငံတကာက သိအောင် ဒါတွေတော့လုပ်သင့်တယ်။ သေချာကို ငွေကြေးပိုင်းတွေနဲ့ ပတ်သတ်တာတွေ လုပ်ဖို့လိုတယ်။ ဒါတွေက တော်တော်သတိထားသင့်တယ်။ အခုလို ကိုဗစ်ကာလ ကပ်ရောဂါနောက်ပိုင်းမှာ ကမ္ဘာ့အခြေအနေ အများကြီးပြောင်းဖို့ရှိတယ်။ အဲလိုမှာ ကိုယ့်အတွက် အားသာချက်ရနိုင်ဖို့ လိုအပ်တယ်။ အဲလိုဖြစ်ဖို့ ဆိုရင် သေချာ အလေးထားကိုင်တွယ်ဖို့ လိုတယ်။"

ဥရောပကော်မရှင်ရဲ့ငွေကြေး ခဝါချမှုနဲ့ ပတ်သက်ပြီး အနီးကပ် စောင့်ကြည့်ရမယ့် နိုင်ငံစာရင်းကိုလာမယ့် ကြာသပတေးမှာ ကြေငြာဖို့ ရှိပါတယ်။ မြန်မာနိုင်ငံအပါအဝင် နိုင်ငံ ၂၂ နိုင်ငံ ပါဝင်ထည့်သွင်းထားတယ်လို့ နိုင်ငံတကာသတင်းတွေမှာ ဖော်ပြနေပါတယ်။ ဒီလို နာမည်ပျက်စာရင်းထဲပါတဲ့ နိုင်ငံတွေ၊ စီးပွားရေး ကုမ္ပဏီတွေအနေနဲ့ ဥရောပသမဂ္ဂက ပေးအပ်မယ့် ရန်ပုံငွေထောက်ပံ့ကြေး အသစ်တွေကို ရယူနိုင်မှာ မဟုတ်ပါဘူး။ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦးကတော့ မြန်မာနိုင်ငံအနေနဲ့ အရင်တုန်းကထက် ပိုပြီး ငွေကြေးခဝါချမှုကို ကြိုးစား တားဆီးကာကွယ်နေတာကြောင့် ဒီစာရင်းထဲ ပါဝင်နိုင်ဖို့ မရှိနိုင်ဘူးလို့ သူ့အမြင်ပြောပါတယ်။

"ဒီငွေကြေးခဝါချမှုနဲ့ ပတ်သတ်လို့ နိုင်ငံတော်ဘက်က တော်တော်လေးပြုပြင်ပြောင်းလဲတာတွေ လုပ်ထားတယ်။ လုပ်နေတာလည်းရှိလို့ သံသယ မရှိဘူး။ ဒါမျိုးဖြစ်လာမယ်လို့လည်ါးမထင်ဘူး။ နိုင်ငံဘက်က လုပ်ဆောင်နေတာတွေက သတ်မှတ်ထားတာတွေကို ကြိုးစားဆောင်ရွက်နေတာမို့ ဖြစ်လာဖို့ မရှိဘူး။ အီးယူဘက်က တရားဝင်ထုတ်တာ မရှိသေးပါဘူး လုပ်မယ်လို့လည်း မယူဆပါဘူး။ ထင်ကြေးတွေပြောနေတာမို့ ဒီအပေါ်ဘာမှ မသုံးသပ်ချင်ပါဘူး။"

ပြီးခဲ့တဲ့ ၂၀၁၉ အောက်တိုဘာက ဒုတိယသမ္မတ ဦးမြင့်ဆွေ ဦးဆောင်တဲ့ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီကို ဖွဲ့စည်းခဲ့သလို ငွေကြေး ခဝါချမှု နဲ့ အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု မရှိစေဖို့ ပုဂ္ဂလိက ကဏ္ဍမှ အသင်းအဖွဲ့ငါးခုနဲ့ ပူးပေါင်းကာ ဒီအပိုင်းကို အသေချာ လုပ်ဆောင်တာတွေ ရှိနေတယ်လို့ ဦးအောင်နိုင်ဦးကပြောပါတယ်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တိုးတက်ရေး၊ နိုင်ငံစီးပွားရေး တိုးတက်ရေးအတွက် ငွေကြေးခဝါချမှုနဲ့ အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တားမြစ်ရေးပိုင်း အားနည်းချက်တွေကို ပြန်လည်သုံးသပ်ပြင်ဆင်သင့်တယ်လို့ ဦးမင်းခင်က ပြောပါတယ်။

"အများကြီး ထိခိုက်လာနိုင်တယ်။ ကိုယ့်အတွက်က အားနည်းချက်တွေ များနေတယ်။ ခုလိုအချိန်မှာထပ်ပြီး ကြုံရမယ်ဆိုရင် ထိခိုက်လာနိုင်စရာ ရှိတယ်။ လယ်ယာကဏ္ဍပိုင်းကိုလည်း ထိလာနိုင်တယ်။ အီးယူကို ပဲပို့တာမျိုးဆို အောင်မြင်နေတယ်လေ။ ဒါမျိုးတွေ ထိပါထိလာနိုင်တော့ တော်တော်လေး သတိထားလုပ်ဆောင်သင့်တယ်။"

တရားမဝင် မူးယစ်ဆေးကုန်သွယ်မှုနဲ့ လူကုန်ကူးမှု ဗဟိုချက်မလိုဖြစ်နေတဲ့ ရွှေတြိဂံဒေသမှာ မြန်မာနိုင်ငံလည်း ပါဝင်တာပါ။ မြန်မာနိုင်ငံမှာ တရားမဝင် ကျောက်စိမ်းထုတ်လုပ်မှု၊ လက်နက် မှောင်ခိုကူးမှု၊ သစ်ခိုးထုတ်မှုတွေဟာ မြန်မာနိုင်ငံအတွင်း ငွေဖြူ၊ ငွေမည်းခဝါချတဲ့ ပြဿနာများစွာ ဖြစ်စေတယ်ဆိုတယ်လို့ FATF လို့ခေါ်တဲ့ နိုင်ငံတကာငွေကြေးခဝါချမှုတိုက်ဖျက်ရေးအဖွဲ့က ၂၀၁၈ အစီရင်ခံစာမှာ ထောက်ပြထားပါတယ်။ ဒါတင်မက နယ်စပ်ဖြတ်ကျော်ရာဇတ်မှု အကြီးအကျယ်ကျူးလွန်နေတဲ့ အဖွဲ့တွေနဲ့ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့တွေကြား ဆက်နွယ်မှု ရှိတယ်ဆိုတာကိုလည်း အဲဒီအစီရင်ခံစာမှာ ထောက်ပြထားပါတယ်ရှင်။

➣ မေခ / ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/myanmarmoney-laundering-black-list/5408236.html
ျမန္မာ ေငြမည္းခဝါခ်မႈ တို္က္ဖ်က္ေရး ပိုလုပ္ေဆာင္ဖို႔ တို္က္တြန္း  ျမန္မာ ေငြမည္းခဝါခ်မႈ တို္က္ဖ်က္ေရး ပိုလုပ္ေဆာင္ဖို႔ တို္က္တြန္း Reviewed by THITHTOOLWIN on 22:04 Rating: 5
Powered by Blogger.