၀ူဟန္ေရာက္ ျမန္မာအလုပ္သမား ၂၀၀ ေက်ာ္ ေနရပ္ျပန္ဖုိ႔ စီစဥ္

တရုတ္ႏိုင္ငံ ၀ူဟန္ၿမိဳ႕က ႏွာေခါင္းစည္းတပ္ထားတဲ့ လူတခ်ိဳ႕ကို ေစ်း၀ယ္ေနရာအနီးတြင္ ေတြ႔ရ (ဧၿပီ ၁၄၊ ၂၀၂၀)
(Zawgyi/Unicode)

တ႐ုတ္ႏိုင္ငံ၊ ဟူေပျပည္နယ္၊ ဝူဟန္ၿမိဳ႕မွာ လအေတာ္ၾကာ ပိတ္မိေနၿပီး ေနရပ္ျပန္ဖို႔ ဆႏၵရွိတဲ့ ျမန္မာလုပ္သား ၂၀၀ ေက်ာ္အတြက္ တ႐ုတ္ႏိုင္ငံ ျမန္မာသံ႐ုံးဘက္က စီစဥ္ေနတယ္ဆိုတဲ့ သတင္းကို ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုေဇာ္ထက္က တင္ျပေပးမွာပါ။

တ႐ုတ္ျပည္ထဲ တရားမဝင္ အလုပ္လုပ္ေနၿပီး အေၾကာင္းအမ်ိဳမ်ိဳးနဲ႔ ေနရပ္ျပန္ဖို႔အခက္အခဲျဖစ္ေနသူေတြက ျမန္မာသံ႐ုံးကို ဆက္သြယ္ အကူအညီေတာင္းလာပါတယ္။ အဲဒီအထဲမွာ COVID-19 ေရာဂါစတင္ျဖစ္ပြားၿပီး အသြားအလာေတြ ပထမဦးဆုံး ပိတ္ဆို႔လိုက္ရတဲ့ တ႐ုတ္အလယ္ပိုင္း ဟူေပျပည္နယ္၊ ဝူဟန္ၿမိဳ႕က ျမန္မာလုပ္သား ၂၀၀ ေက်ာ္လည္း ပါပါတယ္။

သူတို႔ဟာ ျမန္မာႏိုင္ငံသားျဖစ္တယ္ဆိုတဲ့ အေထာက္အထား သံ႐ုံးက စီစဥ္ေနၿပီး မၾကာခင္ အိမ္ျပန္ပို႔ေပးႏိုင္လိမ့္မယ္လို႔ ေပက်င္းျမန္မာသံ႐ုံးက သံမႉးႀကီး ဦးဟန္ဝင္းေအာင္က ေျပာပါတယ္။

“ဝူဟန္ေပါ့၊ ဟူေပျပည္နယ္ထဲမွာက်န္တဲ့ ၂၀၀ ဝန္းက်င္ေလာက္ ရွိပါတယ္။ အဲဒါလည္း ျပန္ပို႔ဖို႔ က်ေနာ္တို႔ ေဆာင္႐ြက္ေနပါတယ္။ CI (ႏိုင္ငံသား အသိအမွတ္ျပဳ) ထုတ္ေပးဖို႔ အခ်က္အလက္ေတြေပါ့။ အဲဒီအထဲမွာ လူကိုယ္တိုင္ သြားေရာက္မစစ္ႏိုင္တဲ့အတြက္ သူတို႔ကို စာ႐ြက္စာတမ္း ေပးပို႔ၿပီးေတာ့ ဘယ္သူေတြက ျမန္မာႏိုင္ငံသား ျဖစ္တယ္ဆိုတဲ့ဟာေပါ့ အေထာက္အထားေလးေတြ ေတာင္းထားပါတယ္။ အဲဒါရရင္ ျမန္မာႏိုင္ငံဆက္ပို႔ဖို႔ ညႇိႏႈိင္းေဆာင္႐ြက္ေနပါတယ္။”

ျပည္နယ္အစိုးရက သူတို႔အားလုံးကို ဟိုတယ္တခုမွာ သီးသန႔္ထားေပးထားၿပီး က်န္းမာေရးလည္း သူတို႔ အားလုံးေကာင္းမြန္တယ္လို႔ သံမွဴးႀကီး ဦးဟန္ဝင္းေအာင္က ဆိုပါတယ္။

တ႐ုတ္အေရွ႕နဲ႔ အေရွ႕ေျမာက္ပိုင္း ျပည္နယ္ေတြလို မိုင္ ၃,၀၀၀ ေလာက္ေဝးတဲ့ ေဒသက ျမန္မာလုပ္သား ၁,၅၀၀ ေလာက္ကို ေနရပ္ျပန္ပို႔ေပးခဲ့ၿပီးၿပီလို႔ ေပက်င္း ျမန္မာသံ႐ုံးဘက္ကေျပာပါတယ္။ တ႐ုတ္ျပည္တြင္းကို ေလယာဥ္၊ ဘတ္စ္ကား အဆင့္ဆင့္ျဖတ္ၿပီး ရွမ္းျပည္ေျမာက္ပိုင္း မူဆယ္ၿမိဳ႕ကေန တ႐ုတ္အာဏာပိုင္ေတြက ေနရပ္ျပန္ပို႔ေပးခဲ့တာပါ။

အခ်ိန္ၾကန႔္ၾကာမွာ၊ အစစ္အေဆးေတြမ်ားမွာ စိုးရိမ္လို႔ ျမန္မာသံ႐ုံးကို ဆက္သြယ္၊ အကူအညီ မေတာင္းဘဲ ကိုယ့္နည္းကိုယ့္ဟန္ျပန္တဲ့ သူေတြလည္း ရွိတယ္လို႔ တ႐ုတ္အေရွ႕ေျမာက္ပိုင္း ရွန္းတုန္းျပည္နယ္က ကိုေဇာ္ႏိုင္ထြန္းက ေျပာပါတယ္။

“တ႐ုတ္သံ႐ုံးကို အကူအညီေတာင္းတာေတာ့ မ်ားတယ္။ ဒါေပမဲ့ သံ႐ုံးက ဥပေဒနဲ႔အညီပဲ ေဆာင္႐ြက္ေပးမွာဆိုေတာ့ က်ေနာ္တို႔ ဒီဘက္က ဘယ္ေလာက္ ၾကာမယ္ဆိုတာ အတိအက်မသိေတာ့ သံ႐ုံးနဲ႔ မျပန္ၾကဘဲ (ကိုယ့္နည္းကိုယ့္ဟန္) ကားနဲ႔ ျပန္တဲ့သူမ်ားတယ္။ က်ေနာ့္သူငယ္ခ်င္းေတြ အေတာ္မ်ားတယ္။ ျပန္သြားၾကတာ ရွန္းတုန္းက။”

ဝူဟန္ၿမိဳ႕မွာ ပိတ္မိေနတဲ့ ျမန္မာေက်ာင္းသား အေယာက္ ၅၉ ေယာက္ဟာလည္း ႏွစ္ႏိုင္ငံအစီအစဥ္နဲ႔ ေဖေဖာ္ဝါရီ ၁ ရက္က ျမန္မာႏိုင္ငံကို ျပန္လာခဲ့ပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ဟာ တ႐ုတ္ႏိုင္ငံ ဟူေပျပည္နယ္ ဝူဟန္ၿမိဳ႕ကေန စတင္ကူးစက္ပ်ံ႕ႏွံ႔ခဲ့လို႔ တ႐ုတ္အစိုးရက ဇန္နဝါရီ ၂၃ မွာ ဝူဟန္ၿမိဳ႕တခုလုံးကို ပိတ္ဆို႔လိုက္ၿပီး ျပည္နယ္အားလုံးလိုလိုမွာ အသြားအလာေတြ ကန႔္သတ္ခဲ့ပါတယ္။ ဒါက တ႐ုတ္ေရာက္ ျမန္မာႏိုင္ငံသားေတြကိုလည္း သက္ေရာက္မႈရွိခဲ့တာပါ။

တ႐ုတ္အစိုးရက ဝူဟန္ၿမိဳ႕ကို ဧၿပီလ ၈ ရက္မွာ အသြားအလာ ကန႔္သတ္ပိတ္ဆို႔တာေတြ ျပန္႐ုပ္သိမ္းလိုက္ပါတယ္။

ေဇာ္ထက္  / ဗြီအိုေအ (ျမန္မာပုိင္း)
--------------------------------------------
[Unicode Version]

ဝူဟန်ရောက် မြန်မာအလုပ်သမား ၂၀၀ ကျော် နေရပ်ပြန်ဖို့စီစဉ်

တရုတ်နိုင်ငံ၊ ဟူပေပြည်နယ်၊ ဝူဟန်မြို့မှာ လအတော်ကြာ ပိတ်မိနေပြီး နေရပ်ပြန်ဖို့ ဆန္ဒရှိတဲ့ မြန်မာလုပ်သား ၂၀၀ ကျော်အတွက် တရုတ်နိုင်ငံ မြန်မာသံရုံးဘက်က စီစဉ်နေတယ်ဆိုတဲ့ သတင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုဇော်ထက်က တင်ပြပေးမှာပါ။

တရုတ်ပြည်ထဲ တရားမဝင် အလုပ်လုပ်နေပြီး အကြောင်းအမျိုမျိုးနဲ့ နေရပ်ပြန်ဖို့အခက်အခဲဖြစ်နေသူတွေက မြန်မာသံရုံးကို ဆက်သွယ် အကူအညီတောင်းလာပါတယ်။ အဲဒီအထဲမှာ COVID-19 ရောဂါစတင်ဖြစ်ပွားပြီး အသွားအလာတွေ ပထမဦးဆုံး ပိတ်ဆို့လိုက်ရတဲ့ တရုတ်အလယ်ပိုင်း ဟူပေပြည်နယ်၊ ဝူဟန်မြို့က မြန်မာလုပ်သား ၂၀၀ ကျော်လည်း ပါပါတယ်။

သူတို့ဟာ မြန်မာနိုင်ငံသားဖြစ်တယ်ဆိုတဲ့ အထောက်အထား သံရုံးက စီစဉ်နေပြီး မကြာခင် အိမ်ပြန်ပို့ပေးနိုင်လိမ့်မယ်လို့ ပေကျင်းမြန်မာသံရုံးက သံမှူးကြီး ဦးဟန်ဝင်းအောင်က ပြောပါတယ်။

“ဝူဟန်ပေါ့၊ ဟူပေပြည်နယ်ထဲမှာကျန်တဲ့ ၂၀၀ ဝန်းကျင်လောက် ရှိပါတယ်။ အဲဒါလည်း ပြန်ပို့ဖို့ ကျနော်တို့ ဆောင်ရွက်နေပါတယ်။ CI (နိုင်ငံသား အသိအမှတ်ပြု) ထုတ်ပေးဖို့ အချက်အလက်တွေပေါ့။ အဲဒီအထဲမှာ လူကိုယ်တိုင် သွားရောက်မစစ်နိုင်တဲ့အတွက် သူတို့ကို စာရွက်စာတမ်း ပေးပို့ပြီးတော့ ဘယ်သူတွေက မြန်မာနိုင်ငံသား ဖြစ်တယ်ဆိုတဲ့ဟာပေါ့ အထောက်အထားလေးတွေ တောင်းထားပါတယ်။ အဲဒါရရင် မြန်မာနိုင်ငံဆက်ပို့ဖို့ ညှိနှိုင်းဆောင်ရွက်နေပါတယ်။”

ပြည်နယ်အစိုးရက သူတို့အားလုံးကို ဟိုတယ်တခုမှာ သီးသန့်ထားပေးထားပြီး ကျန်းမာရေးလည်း သူတို့ အားလုံးကောင်းမွန်တယ်လို့ သံမှူးကြီး ဦးဟန်ဝင်းအောင်က ဆိုပါတယ်။

တရုတ်အရှေ့နဲ့ အရှေ့မြောက်ပိုင်း ပြည်နယ်တွေလို မိုင် ၃,၀၀၀ လောက်ဝေးတဲ့ ဒေသက မြန်မာလုပ်သား ၁,၅၀၀ လောက်ကို နေရပ်ပြန်ပို့ပေးခဲ့ပြီးပြီလို့ ပေကျင်း မြန်မာသံရုံးဘက်ကပြောပါတယ်။ တရုတ်ပြည်တွင်းကို လေယာဉ်၊ ဘတ်စ်ကား အဆင့်ဆင့်ဖြတ်ပြီး ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ကနေ တရုတ်အာဏာပိုင်တွေက နေရပ်ပြန်ပို့ပေးခဲ့တာပါ။

အချိန်ကြန့်ကြာမှာ၊ အစစ်အဆေးတွေများမှာ စိုးရိမ်လို့ မြန်မာသံရုံးကိုဆက်သွယ်၊ အကူအညီ မတောင်းဘဲ ကိုယ့်နည်းကိုယ့်ဟန်ပြန်တဲ့ သူတွေလည်း ရှိတယ်လို့ တရုတ်အရှေ့မြောက်ပိုင်း ရှန်းတုန်းပြည်နယ်က ကိုဇော်နိုင်ထွန်းက ပြောပါတယ်။

“တရုတ်သံရုံးကို အကူအညီတောင်းတာတော့ များတယ်။ ဒါပေမဲ့ သံရုံးက ဥပဒေနဲ့အညီပဲ ဆောင်ရွက်ပေးမှာဆိုတော့ ကျနော်တို့ ဒီဘက်က ဘယ်လောက် ကြာမယ်ဆိုတာ အတိအကျမသိတော့ သံရုံးနဲ့ မပြန်ကြဘဲ (ကိုယ့်နည်းကိုယ့်ဟန်) ကားနဲ့ ပြန်တဲ့သူများတယ်။ ကျနော့်သူငယ်ချင်းတွေ အတော်များတယ်။ ပြန်သွားကြတာ ရှန်းတုန်းက။”

ဝူဟန်မြို့မှာ ပိတ်မိနေတဲ့ မြန်မာကျောင်းသား အယောက် ၅၉ ယောက်ဟာလည်း နှစ်နိုင်ငံအစီအစဉ်နဲ့ ဖေဖော်ဝါရီ ၁ ရက်က မြန်မာနိုင်ငံကို ပြန်လာခဲ့ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ဟာ တရုတ်နိုင်ငံ ဟူပေပြည်နယ် ဝူဟန်မြို့ကနေ စတင်ကူးစက်ပျံ့နှံ့ခဲ့လို့ တရုတ်အစိုးရက ဇန်နဝါရီ ၂၃ မှာ ဝူဟန်မြို့တခုလုံးကို ပိတ်ဆို့လိုက်ပြီး ပြည်နယ်အားလုံးလိုလိုမှာ အသွားအလာတွေ ကန့်သတ်ခဲ့ပါတယ်။ ဒါက တရုတ်ရောက် မြန်မာနိုင်ငံသားတွေကိုလည်း သက်ရောက်မှုရှိခဲ့တာပါ။

တရုတ်အစိုးရက ဝူဟန်မြို့ကို ဧပြီလ ၈ ရက်မှာ အသွားအလာ ကန့်သတ်ပိတ်ဆို့တာတွေ ပြန်ရုပ်သိမ်းလိုက်ပါတယ်။

ဇော်ထက်  / ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/covid-myanmar-wuhan/5405955.html
၀ူဟန္ေရာက္ ျမန္မာအလုပ္သမား ၂၀၀ ေက်ာ္ ေနရပ္ျပန္ဖုိ႔ စီစဥ္ ၀ူဟန္ေရာက္ ျမန္မာအလုပ္သမား ၂၀၀ ေက်ာ္ ေနရပ္ျပန္ဖုိ႔ စီစဥ္ Reviewed by THITHTOOLWIN on 19:53 Rating: 5
Powered by Blogger.