တပ်မတော်ရေယာဉ်ပေါ်နှိပ်စက်ခံရသူ ငါးဦး ကို အကြမ်းဖက်ဥပဒေနဲ့ တပ်မတော်အမှုဖွင့်

(Unicode)⤵⤵⤵
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်မှာ တပ်မတော်ရေယာဉ်ပေါ်မှာ ညှဉ်းပန်းနှိပ်စက်ခံခဲ့ရတဲ့ အရပ်သား ငါးဦးကို စစ်တွေခရိုင် တရားရုံးမှာ တပ်မတော်က မေလ ၂၂ ရက်နေ့က အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ အမှုဖွင့် တရားစွဲတင်လိုက်ပြီး စစ်တွေအကျဉ်းထောင်မှာ ထိန်းသိမ်းထားတယ်လို့ မိသားစုဝင်တွေနဲ့ အမှုကိုလိုက်ပါ ဆောင်ရွက်နေတဲ့ ရှေ့နေတွေက RFA ကိုဒီနေ့ ပြောဆိုပါတယ်။

တပ်မတော်ဗိုလ်ကြီးတစ်ဦးက တရားလိုလုပ်ပြီး တရားစွဲတင်လိုက်တာလို့ အမှုကိုလိုက်ပါ ဆောင်ရွက်နေတဲ့ စစ်တွေမြို့နယ် ဥပဒေအထောက်အကူပြုအဖွဲ့ ဥက္ကဋ္ဌ၊ တရားလွှတ်တော်ရှေ့နေ ဦးကျော်ညွန့်မောင်က ပြောပါတယ်။

“မေလ ၂၂ ရက်နေ့က တရားစွဲတယ်။ အဲဒီနေ့မှာပဲ ကျွန်တော်တို့က ရှေ့နေပါဝါတင်ပါတယ်။ ရှေ့နေ ကိုယ်စားလှယ်လွှဲစာပေါ့။ တရားခွင်ကတော့ ဒုတိယခရိုင်တရားရုံး အမှတ်(၂) မှာပါ။ အမှုနံပါတ်ကတော့ ရာကြီးမှုအမှတ်-၂၉/၂၀၂၀ ။ ပုဒ်မကတော့ အကြမ်းဖက်ဥပဒေပုဒ်မ - ၅၅(ည)နဲ့ ၅၂(က)ပါ။ တရားလိုကတော့ ဗိုလ်ကြီး တင့်နိုင်ထွန်းနဲ့ တရားခံကတော့ မျိုးလင်းဦး၊ ညီညီအောင်၊ ဌေးဝင်း၊ ကျော်ဝင်းအေး၊ မင်းစိုး တို့ ငါးဦးကို တရားခံအနေနဲ့ စွဲတင်ပါတယ်”

တရားရုံးထုတ်အပြီး စစ်တွေအကျဉ်းထောင်အချုပ်ကို ချက်ချင်းပို့ဆောင်လိုက်တယ်လို့လည်း သိရပါတယ်။

ဒီအမှုမှာ တရားခံပြေး ခုနှစ်ဦးအထိ စာရင်းမှာပါနေပြီး လာမယ့် ဇွန်လ ၅ ရက်နေ့ တရားရုံးချိန်မှာ တရားခံပြေး အတည်ပြုမယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးကျော်ညွန့်မောင်ကပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၁၃ ရက်နေ့က ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်ကျေးရွာထဲကို လက်နက်ကြီးတွေ ကျရောက် ပေါက်ကွဲလို့ အရပ်သား ရှစ်ဦးသေဆုံးပြီး ၁၃ ဦးထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

အဲဒီနောက် ဧပြီလ ၁၉ ရက်နေ့မှာ ကျောက်ဆိပ်ကျေးရွာက လူ ၃၈ ဦးကို တပ်မတော်ကဖမ်းဆီးခဲ့ပြီး နောက်တစ်နေ့မှာတော့ အဲဒီအထဲက လူပေါင်း ၃၃ ဦးကိုပြန်လွှတ်ပေးခဲ့ပေမယ့် ငါးဦးကို ဆက်လက်ထိန်းသိမ်း ထားခဲ့တာဖြစ်ပါတယ်။

တရားစွဲဆိုခံရသူ ငါးဦးထဲက ဦးမင်းစိုးရဲ့ ညီဖြစ်သူ ကိုစိုးဝင်းက တပ်မတော်က စတင်ဖမ်းဆီးပြီး ပုဏ္ဏားကျွန်း ရဲစခန်းမှာ အပ်နှံခဲ့စဉ်ကတည်းက အကြမ်းဖက်ဥပဒေနဲ့ အမှုဖွင့်ခံထားရတာလို့ပြောပါတယ်။

“စစ်တပ်ကအပ်လာလို့ ပုဏ္ဏားကျွန်းရဲစခန်းကို ရောက်တာနဲ့ အကြမ်းဖက်ဥပဒေနဲ့ အမှုဖွင့်တယ်လို့ သိရပါတယ်။ ပုဏ္ဏားကျွန်းစခန်းမှာ လေးရက်လောက်ထားပြီးမှ တပ်မတော်ရေယာဉ်နဲ့ခေါ်သွားတာ။ အဲဒီ အတောအတွင်းမှာ မိသားစုတွေနဲ့ တွေ့ခွင့်ကိုမရဘူး။ စစ်တွေမှာ ဆယ်ရက်လောက်ကြာတယ်။ ပြီးမှ မေလ ၇ ရက်နေ့မှာ ပုဏ္ဏားကျွန်းရဲစခန်းကို ပြန်ရောက်တယ်။ ပုဏ္ဏားကျွန်းရဲစခန်းကိုရောက်တော့မှ မိသားစုတွေ တွေ့ခွင့်ရတာ”

ဖမ်းဆီးခံထားရသူ ငါးဦးကို စစ်တွေမြို့မရဲစခန်းကို တပ်မတော်ရေယာဉ်နဲ့ပို့ဆောင်စဉ် လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ညှဉ်းပမ်းနှိပ်စက်နေတဲ့ ရုပ်သံ ဗီဒီယိုဖိုင်တစ်ခုဟာ မေလ ၁၀ ရက်နေ့မနက်ပိုင်းက လှုမှုကွန်ယက် စာမျက်နှာ ပေါ်မှာ ပျံ့နှံ့လာခဲ့တာပါ။

ဒီရုပ်သံဗီဒီယိုနဲ့ပတ်သက်လို့  RFA က သတင်းထုတ်လွှင့်ခဲ့ပြီးနောက် မေလ ၁၂ ရက်နေ့မှာတော့ ဥပဒေနဲ့မညီဘဲ စစ်ဆေးမေးမြန်းနေတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို အရေးယူမယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ခဲ့ပါတယ်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကိုယ်တိုင်ကလည်း ဒီကိစ္စကို အလေးထားပြီး အမြန်ဆုံး စုံစမ်းစစ်ဆေးဖို့ ညွှန်ကြားထားတယ်လို့ တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက မေလ ၂၂ ရက်နေ့က နေပြည်တော်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

တရားစွဲဆိုခံရသူ ငါးဦးထဲက တစ်ဦးဖြစ်တဲ့ ကိုညီညီအောင်ရဲ့ ဦးလေးဖြစ်သူ ဦးစိုးသိန်းမောင်က တပ်မတော်အနေနဲ့ ပြစ်မှုကျူးလွန်ပြီးမှ အရေးယူတာထက် ပြည်သူလူထုအပေါ် ကြိုတင်ကာကွယ်မှုတွေကိုသာ လုပ်သင့်တယ်လို့ ပြောပါတယ်။

“တကယ်တမ်း ခံစားခဲ့ရတဲ့လူတွေကတော့ ခံစားခဲ့ပြီးပြီလေ။ အခုတပ်မတော်က စစ်ဥပဒေနဲ့ အရေးယူမယ် ဆိုတာကလည်း ကျွန်တော်တို့ကို သဘောကျလား၊ ကျေနပ်လားလို့မေးလာရင် ကျေနပ်စရာမရှိဘူး။ ဘာလို့ကျေနပ်စရာမရှိဘူးလဲဆိုလို့ရှိရင် ကလေးတွေက နာပြီးပြီလေဗျာ။ ဒီကိစ္စ ကျူးလွန်ခဲ့တဲ့လူတွေကို အရေးယူပေမယ့် ဒါကပြီးသွားမှာ မဟုတ်ဘူး။ အခုဖြစ်ခဲ့တာတွေက ဖြစ်သွားပြီးပြီ။ ဒီလို နောက်ထပ် မဖြစ်ရအောင် ဘယ်လိုကာကွယ်ပေးမလဲ။ မဖြစ်ခင်ကတည်းက ကာကွယ်နိုင်အောင်အတွက် ဥပဒေတွေ၊ ကာကွယ်ပေးနိုင်တဲ့လူတွေ အဓိကလိုတယ်ဗျ။ ဖြစ်ပြီးမှ အရေးယူတာကတော့ မကောင်းဘူးပေါ့ဗျာ”

အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဟာ ရခိုင်မြောက်ပိုင်းမှာ အေအေနဲ့ဆက်နွယ်တယ်လို့ သံသယရှိသူတွေကို အဓိကအရေးယူနေတဲ့ ဥပဒေတစ်ခုဖြစ်ပါတယ်။

တပ်မတော်ရေယာဉ်ပေါ်မှာ ညှဉ်းပမ်းနှိပ်စက်ခံရသူ ငါးဦးကို အကြမ်းဖက်ဥပဒေနဲ့ အမှုဖွင့်လိုက်တာနဲ့ ပတ်သက်လို့ သူတို့ဟာ အေအေအဖွဲ့နဲ့ ပတ်သက်သူတွေလားဆိုတာကို ရက္ခိုင့်တပ်တော်(AA)ရဲ့ပြောခွင့်ရသူ ခိုင်သုခကို RFA ကမေးမြန်းရာမှာ ….. အင်တာနက်ပေါ်မှာ ပျံ့နှံံ့နေတဲ့ ရွာသား ငါးယောက်ကို မြန်မာစစ်တပ်က အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေနဲ့ တရားစွဲတာဟာ  အကြမ်းဖက်ခံရတဲ့သူကို အကြမ်းဖက်တဲ့သူက အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေနဲ့ တရားစွဲတာဟာမြန်မာနိုင်ငံရဲ့ တရားရေးစနစ်ဟာ ဘယ်လောက်အထိ တရားမဲ့နေတယ် ဆိုတာကို ဖော်ပြနေတာ ဖြစ်တယ်လို့ ပြောပါတယ်။

တပ်မတော်ရေယာဉ်ပေါ်မှာ ညှဉ်းပန်းနှိပ်စက်ခံရသူတွေကို အကြမ်းဖက်ဥပဒေနဲ့ တပ်မတော်က အမှုဖွင့် တရားစွဲဆိုတာနဲ့ ပတ်သက်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့  အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်း ကို ဒီနေ့မှာ တယ်လီဖုန်းက တဆင့် အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။

ဒီ ငါးဦးကို ရေယာဉ်ပေါ်မှာ ဥပဒေနဲ့မညီဘဲ ရိုက်နှက်စစ်ဆေးခဲ့တာနဲ့ပတ်သက်လို့ ပါဝင်တဲ့ လုံခြုံရေးတပ်ဖွဲ့ ဝင်တွေကို ကာကွယ်ရေးဦးစီးချုပ်အမိန့်နဲ့ အရေးယူသွားမှာဖြစ်ကြောင်း၊ တပ်မတော်အနေနဲ့ AA အဖွဲ့နဲ့ ပတ်သက်မှုရှိတယ်လို့ သံသယရှိသူတွေကို ခေါ်ယူစစ်ဆေးတာတွေရှိကြောင်း၊ တပ်မတော်အနေနဲ့ ခေါ်ယူမေးမြန်း တာတွေမှာ တရားဥပဒေဘောင်ကျော်လွန်ပြီး နှိပ်စက်တာတွေရှိရင် စုံစမ်းဖော်ထုတ် အရေးယူသွားမှာဖြစ်ကြောင်း၊ ရခိုင်လူမျိုးတွေကို လူမျိုးရေးအရ ပစ်မှတ်ထား ပစ်ခတ်သတ်ဖြတ်တာမျိုးလည်း မရှိကြောင်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက မကြာခင်ရက်ပိုင်းက ပြောကြားခဲ့ဖူးပါတယ်။

ရခိုင်မြောက်ပိုင်းမှာ တပ်မတော်နဲ့ အေအေတို့ စစ်ရေးပြင်းထန်နေတာနဲ့အမျှ အရပ်သားတွေ ဖမ်းဆီးခံရတာ၊ ထိခိုက်ဒဏ်ရာရတာ၊ သေဆုံးတာတွေလည်း တစ်နေ့ထက်တစ်နေ့ပိုများလာနေပါတယ်။

ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလကနေ အခုနှစ် မတ်လ ၂၀ ရက်နေ့အထိ ရခိုင်ပြည်နယ်က မြို့နယ် ၁၃ ခုမှာ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မတွေနဲ့ အရေးယူထားတဲ့အမှုပေါင်း ၁၀၀ ကျော်ရှိတယ်လို့ ရခိုင်ပြည်နယ် ဥပဒေချုပ် ဦးကျော်လှထွန်းက မေလ ၂၀ ရက်နေ့ကကျင်းပတဲ့ ရခိုင်ပြည်နယ်လွှတ်တော် အစည်းအဝေးမှာ ပြောဆို ထားပါတယ်။

RFA က ရရှိထားတဲ့ အချက်အလက်တွေအရ ရခိုင်မြောက်ပိုင်းနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ အခုနှစ် ဇန်နဝါရီလကနေ ပြီးခဲ့တဲ့ မေလ ၂၄ ရက်နေ့အထိ သေဆုံးတဲ့အရပ်သား ၁၅၄ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူပေါင်း ၃၅၀ အထိရှိနေပါတယ်။

RFA Burmese
-----------------------------------------

(Zawgyi)⤵⤵⤵
တပ္မေတာ္ေရယာဥ္ေပၚႏွိပ္စက္ခံရသူ ငါးဦး ကို အၾကမ္းဖက္ဥပေဒနဲ႔ တပ္မေတာ္အမႈဖြင့္

ရခိုင္ျပည္နယ္ ပုဏၰားကြၽန္းၿမိဳ႕နယ္မွာ တပ္မေတာ္ေရယာဥ္ေပၚမွာ ညႇဥ္းပန္းႏွိပ္စက္ခံခဲ့ရတဲ့ အရပ္သား ငါးဦးကို စစ္ေတြခ႐ိုင္ တရား႐ုံးမွာ တပ္မေတာ္က ေမလ ၂၂ ရက္ေန႔က အၾကမ္းဖက္မႈတိုက္ဖ်က္ေရးဥပေဒနဲ႔ အမႈဖြင့္ တရားစြဲတင္လိုက္ၿပီး စစ္ေတြအက်ဥ္းေထာင္မွာ ထိန္းသိမ္းထားတယ္လို႔ မိသားစုဝင္ေတြနဲ႔ အမႈကိုလိုက္ပါ ေဆာင္႐ြက္ေနတဲ့ ေရွ႕ေနေတြက RFA ကိုဒီေန႔ ေျပာဆိုပါတယ္။

တပ္မေတာ္ဗိုလ္ႀကီးတစ္ဦးက တရားလိုလုပ္ၿပီး တရားစြဲတင္လိုက္တာလို႔ အမႈကိုလိုက္ပါ ေဆာင္႐ြက္ေနတဲ့ စစ္ေတြၿမိဳ႕နယ္ ဥပေဒအေထာက္အကူျပဳအဖြဲ႕ ဥကၠ႒၊ တရားလႊတ္ေတာ္ေရွ႕ေန ဦးေက်ာ္ၫြန႔္ေမာင္က ေျပာပါတယ္။

“ေမလ ၂၂ ရက္ေန႔က တရားစြဲတယ္။ အဲဒီေန႔မွာပဲ ကြၽန္ေတာ္တို႔က ေရွ႕ေနပါဝါတင္ပါတယ္။ ေရွ႕ေန ကိုယ္စားလွယ္လႊဲစာေပါ့။ တရားခြင္ကေတာ့ ဒုတိယခ႐ိုင္တရား႐ုံး အမွတ္(၂) မွာပါ။ အမႈနံပါတ္ကေတာ့ ရာႀကီးမႈအမွတ္-၂၉/၂၀၂၀ ။ ပုဒ္မကေတာ့ အၾကမ္းဖက္ဥပေဒပုဒ္မ - ၅၅(ည)နဲ႔ ၅၂(က)ပါ။ တရားလိုကေတာ့ ဗိုလ္ႀကီး တင့္ႏိုင္ထြန္းနဲ႔ တရားခံကေတာ့ မ်ိဳးလင္းဦး၊ ညီညီေအာင္၊ ေဌးဝင္း၊ ေက်ာ္ဝင္းေအး၊ မင္းစိုး တို႔ ငါးဦးကို တရားခံအေနနဲ႔ စြဲတင္ပါတယ္”

တရား႐ုံးထုတ္အၿပီး စစ္ေတြအက်ဥ္းေထာင္အခ်ဳပ္ကို ခ်က္ခ်င္းပို႔ေဆာင္လိုက္တယ္လို႔လည္း သိရပါတယ္။

ဒီအမႈမွာ တရားခံေျပး ခုႏွစ္ဦးအထိ စာရင္းမွာပါေနၿပီး လာမယ့္ ဇြန္လ ၅ ရက္ေန႔ တရား႐ုံးခ်ိန္မွာ တရားခံေျပး အတည္ျပဳမယ္လို႔ တရားလႊတ္ေတာ္ေရွ႕ေန ဦးေက်ာ္ၫြန႔္ေမာင္ကေျပာပါတယ္။

ၿပီးခဲ့တဲ့ ဧၿပီလ ၁၃ ရက္ေန႔က ပုဏၰားကြၽန္းၿမိဳ႕နယ္ ေက်ာက္ဆိပ္ေက်း႐ြာထဲကို လက္နက္ႀကီးေတြ က်ေရာက္ ေပါက္ကြဲလို႔ အရပ္သား ရွစ္ဦးေသဆုံးၿပီး ၁၃ ဦးထိခိုက္ဒဏ္ရာရခဲ့ပါတယ္။

အဲဒီေနာက္ ဧၿပီလ ၁၉ ရက္ေန႔မွာ ေက်ာက္ဆိပ္ေက်း႐ြာက လူ ၃၈ ဦးကို တပ္မေတာ္ကဖမ္းဆီးခဲ့ၿပီး ေနာက္တစ္ေန႔မွာေတာ့ အဲဒီအထဲက လူေပါင္း ၃၃ ဦးကိုျပန္လႊတ္ေပးခဲ့ေပမယ့္ ငါးဦးကို ဆက္လက္ထိန္းသိမ္း ထားခဲ့တာျဖစ္ပါတယ္။

တရားစြဲဆိုခံရသူ ငါးဦးထဲက ဦးမင္းစိုးရဲ႕ ညီျဖစ္သူ ကိုစိုးဝင္းက တပ္မေတာ္က စတင္ဖမ္းဆီးၿပီး ပုဏၰားကြၽန္း ရဲစခန္းမွာ အပ္ႏွံခဲ့စဥ္ကတည္းက အၾကမ္းဖက္ဥပေဒနဲ႔ အမႈဖြင့္ခံထားရတာလို႔ေျပာပါတယ္။

“စစ္တပ္ကအပ္လာလို႔ ပုဏၰားကြၽန္းရဲစခန္းကို ေရာက္တာနဲ႔ အၾကမ္းဖက္ဥပေဒနဲ႔ အမႈဖြင့္တယ္လို႔ သိရပါတယ္။ ပုဏၰားကြၽန္းစခန္းမွာ ေလးရက္ေလာက္ထားၿပီးမွ တပ္မေတာ္ေရယာဥ္နဲ႔ေခၚသြားတာ။ အဲဒီ အေတာအတြင္းမွာ မိသားစုေတြနဲ႔ ေတြ႕ခြင့္ကိုမရဘူး။ စစ္ေတြမွာ ဆယ္ရက္ေလာက္ၾကာတယ္။ ၿပီးမွ ေမလ ၇ ရက္ေန႔မွာ ပုဏၰားကြၽန္းရဲစခန္းကို ျပန္ေရာက္တယ္။ ပုဏၰားကြၽန္းရဲစခန္းကိုေရာက္ေတာ့မွ မိသားစုေတြ ေတြ႕ခြင့္ရတာ”

ဖမ္းဆီးခံထားရသူ ငါးဦးကို စစ္ေတြၿမိဳ႕မရဲစခန္းကို တပ္မေတာ္ေရယာဥ္နဲ႔ပို႔ေဆာင္စဥ္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္ေတြက ညႇဥ္းပမ္းႏွိပ္စက္ေနတဲ့ ႐ုပ္သံ ဗီဒီယိုဖိုင္တစ္ခုဟာ ေမလ ၁၀ ရက္ေန႔မနက္ပိုင္းက လႈမႈကြန္ယက္ စာမ်က္ႏွာ ေပၚမွာ ပ်ံ႕ႏွံ႔လာခဲ့တာပါ။

ဒီ႐ုပ္သံဗီဒီယိုနဲ႔ပတ္သက္လို႔  RFA က သတင္းထုတ္လႊင့္ခဲ့ၿပီးေနာက္ ေမလ ၁၂ ရက္ေန႔မွာေတာ့ ဥပေဒနဲ႔မညီဘဲ စစ္ေဆးေမးျမန္းေနတဲ့ လုံၿခဳံေရးတပ္ဖြဲ႕ဝင္ေတြကို အေရးယူမယ္လို႔ တပ္မေတာ္က သတင္းထုတ္ျပန္ခဲ့ပါတယ္။

တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ကိုယ္တိုင္ကလည္း ဒီကိစၥကို အေလးထားၿပီး အျမန္ဆုံး စုံစမ္းစစ္ေဆးဖို႔ ၫႊန္ၾကားထားတယ္လို႔ တပ္မေတာ္ သတင္းမွန္ ျပန္ၾကားေရးအဖြဲ႕က ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းက ေမလ ၂၂ ရက္ေန႔က ေနျပည္ေတာ္မွာျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာ ေျပာပါတယ္။

တရားစြဲဆိုခံရသူ ငါးဦးထဲက တစ္ဦးျဖစ္တဲ့ ကိုညီညီေအာင္ရဲ႕ ဦးေလးျဖစ္သူ ဦးစိုးသိန္းေမာင္က တပ္မေတာ္အေနနဲ႔ ျပစ္မႈက်ဴးလြန္ၿပီးမွ အေရးယူတာထက္ ျပည္သူလူထုအေပၚ ႀကိဳတင္ကာကြယ္မႈေတြကိုသာ လုပ္သင့္တယ္လို႔ ေျပာပါတယ္။

“တကယ္တမ္း ခံစားခဲ့ရတဲ့လူေတြကေတာ့ ခံစားခဲ့ၿပီးၿပီေလ။ အခုတပ္မေတာ္က စစ္ဥပေဒနဲ႔ အေရးယူမယ္ ဆိုတာကလည္း ကြၽန္ေတာ္တို႔ကို သေဘာက်လား၊ ေက်နပ္လားလို႔ေမးလာရင္ ေက်နပ္စရာမရွိဘူး။ ဘာလို႔ေက်နပ္စရာမရွိဘူးလဲဆိုလို႔ရွိရင္ ကေလးေတြက နာၿပီးၿပီေလဗ်ာ။ ဒီကိစၥ က်ဴးလြန္ခဲ့တဲ့လူေတြကို အေရးယူေပမယ့္ ဒါကၿပီးသြားမွာ မဟုတ္ဘူး။ အခုျဖစ္ခဲ့တာေတြက ျဖစ္သြားၿပီးၿပီ။ ဒီလို ေနာက္ထပ္ မျဖစ္ရေအာင္ ဘယ္လိုကာကြယ္ေပးမလဲ။ မျဖစ္ခင္ကတည္းက ကာကြယ္ႏိုင္ေအာင္အတြက္ ဥပေဒေတြ၊ ကာကြယ္ေပးႏိုင္တဲ့လူေတြ အဓိကလိုတယ္ဗ်။ ျဖစ္ၿပီးမွ အေရးယူတာကေတာ့ မေကာင္းဘူးေပါ့ဗ်ာ”

အၾကမ္းဖက္မႈတိုက္ဖ်က္ေရးဥပေဒဟာ ရခိုင္ေျမာက္ပိုင္းမွာ ေအေအနဲ႔ဆက္ႏြယ္တယ္လို႔ သံသယရွိသူေတြကို အဓိကအေရးယူေနတဲ့ ဥပေဒတစ္ခုျဖစ္ပါတယ္။

တပ္မေတာ္ေရယာဥ္ေပၚမွာ ညႇဥ္းပမ္းႏွိပ္စက္ခံရသူ ငါးဦးကို အၾကမ္းဖက္ဥပေဒနဲ႔ အမႈဖြင့္လိုက္တာနဲ႔ ပတ္သက္လို႔ သူတို႔ဟာ ေအေအအဖြဲ႕နဲ႔ ပတ္သက္သူေတြလားဆိုတာကို ရကၡိဳင့္တပ္ေတာ္(AA)ရဲ႕ေျပာခြင့္ရသူ ခိုင္သုခကို RFA ကေမးျမန္းရာမွာ ….. အင္တာနက္ေပၚမွာ ပ်ံ႕ႏွံံ့ေနတဲ့ ႐ြာသား ငါးေယာက္ကို ျမန္မာစစ္တပ္က အၾကမ္းဖက္မႈ တိုက္ဖ်က္ေရးဥပေဒနဲ႔ တရားစြဲတာဟာ  အၾကမ္းဖက္ခံရတဲ့သူကို အၾကမ္းဖက္တဲ့သူက အၾကမ္းဖက္မႈ တိုက္ဖ်က္ေရး ဥပေဒနဲ႔ တရားစြဲတာဟာျမန္မာႏိုင္ငံရဲ႕ တရားေရးစနစ္ဟာ ဘယ္ေလာက္အထိ တရားမဲ့ေနတယ္ ဆိုတာကို ေဖာ္ျပေနတာ ျဖစ္တယ္လို႔ ေျပာပါတယ္။

တပ္မေတာ္ေရယာဥ္ေပၚမွာ ညႇဥ္းပန္းႏွိပ္စက္ခံရသူေတြကို အၾကမ္းဖက္ဥပေဒနဲ႔ တပ္မေတာ္က အမႈဖြင့္ တရားစြဲဆိုတာနဲ႔ ပတ္သက္လို႔ တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕  အတြင္းေရးမႉး ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္း ကို ဒီေန႔မွာ တယ္လီဖုန္းက တဆင့္ အႀကိမ္ႀကိမ္ဆက္သြယ္ခဲ့ေပမယ့္ ဆက္သြယ္လို႔ မရေသးပါဘူး။

ဒီ ငါးဦးကို ေရယာဥ္ေပၚမွာ ဥပေဒနဲ႔မညီဘဲ ႐ိုက္ႏွက္စစ္ေဆးခဲ့တာနဲ႔ပတ္သက္လို႔ ပါဝင္တဲ့ လုံၿခဳံေရးတပ္ဖြဲ႕ ဝင္ေတြကို ကာကြယ္ေရးဦးစီးခ်ဳပ္အမိန႔္နဲ႔ အေရးယူသြားမွာျဖစ္ေၾကာင္း၊ တပ္မေတာ္အေနနဲ႔ AA အဖြဲ႕နဲ႔ ပတ္သက္မႈရွိတယ္လို႔ သံသယရွိသူေတြကို ေခၚယူစစ္ေဆးတာေတြရွိေၾကာင္း၊ တပ္မေတာ္အေနနဲ႔ ေခၚယူေမးျမန္း တာေတြမွာ တရားဥပေဒေဘာင္ေက်ာ္လြန္ၿပီး ႏွိပ္စက္တာေတြရွိရင္ စုံစမ္းေဖာ္ထုတ္ အေရးယူသြားမွာျဖစ္ေၾကာင္း၊ ရခိုင္လူမ်ိဳးေတြကို လူမ်ိဳးေရးအရ ပစ္မွတ္ထား ပစ္ခတ္သတ္ျဖတ္တာမ်ိဳးလည္း မရွိေၾကာင္း ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းက မၾကာခင္ရက္ပိုင္းက ေျပာၾကားခဲ့ဖူးပါတယ္။

ရခိုင္ေျမာက္ပိုင္းမွာ တပ္မေတာ္နဲ႔ ေအေအတို႔ စစ္ေရးျပင္းထန္ေနတာနဲ႔အမွ် အရပ္သားေတြ ဖမ္းဆီးခံရတာ၊ ထိခိုက္ဒဏ္ရာရတာ၊ ေသဆုံးတာေတြလည္း တစ္ေန႔ထက္တစ္ေန႔ပိုမ်ားလာေနပါတယ္။

ၿပီးခဲ့တဲ့ႏွစ္ ဇန္နဝါရီလကေန အခုႏွစ္ မတ္လ ၂၀ ရက္ေန႔အထိ ရခိုင္ျပည္နယ္က ၿမိဳ႕နယ္ ၁၃ ခုမွာ အၾကမ္းဖက္မႈ တိုက္ဖ်က္ေရးဥပေဒပုဒ္မေတြနဲ႔ အေရးယူထားတဲ့အမႈေပါင္း ၁၀၀ ေက်ာ္ရွိတယ္လို႔ ရခိုင္ျပည္နယ္ ဥပေဒခ်ဳပ္ ဦးေက်ာ္လွထြန္းက ေမလ ၂၀ ရက္ေန႔ကက်င္းပတဲ့ ရခိုင္ျပည္နယ္လႊတ္ေတာ္ အစည္းအေဝးမွာ ေျပာဆို ထားပါတယ္။

RFA က ရရွိထားတဲ့ အခ်က္အလက္ေတြအရ ရခိုင္ေျမာက္ပိုင္းနဲ႔ ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္ေတြမွာ အခုႏွစ္ ဇန္နဝါရီလကေန ၿပီးခဲ့တဲ့ ေမလ ၂၄ ရက္ေန႔အထိ ေသဆုံးတဲ့အရပ္သား ၁၅၄ ဦးနဲ႔ ထိခိုက္ဒဏ္ရာရသူေပါင္း ၃၅၀ အထိရွိေနပါတယ္။

RFA Burmese
https://www.rfa.org/burmese/news/five-men-beaten-in-navyboat-being-charged-05272020080916.html
တပ်မတော်ရေယာဉ်ပေါ်နှိပ်စက်ခံရသူ ငါးဦး ကို အကြမ်းဖက်ဥပဒေနဲ့ တပ်မတော်အမှုဖွင့် တပ်မတော်ရေယာဉ်ပေါ်နှိပ်စက်ခံရသူ ငါးဦး ကို အကြမ်းဖက်ဥပဒေနဲ့ တပ်မတော်အမှုဖွင့် Reviewed by THITHTOOLWIN on 21:06 Rating: 5
Powered by Blogger.