ကူမင္းအက်ဥ္းေထာင္မွာ အက်ဥ္းခ်ခံထားရသူ ျမန္မာအလုပ္သမား ၅ဝ ေက်ာ္ တ႐ုတ္လႊဲေပး


(Zawgyi)⤵⤵⤵
တ႐ုတ္ႏိုင္ငံ အက်ဥ္းေထာင္ေတြမွာ ဖမ္းဆီးခံထားရတဲ့ ျမန္မာႏိုင္ငံသာ ငါးဆယ္ေက်ာ္ကို တ႐ုတ္အာဏာပိုင္ေတြက ေမလ ၆ ရက္ေန႔ ဒီကေန႔ ေန႔လယ္ပိုင္းနဲ႔ ညေနပိုင္းမွာ မူဆယ္နန္းေတာ္နယ္စပ္ဂိတ္က ျမန္မာ လဝက တာဝန္ရွိသူထံကို လႊဲေျပာင္းေပးခဲ့ပါတယ္။ ျပန္လြတ္လာသူေတြဟာ တ႐ုတ္ႏိုင္ငံထဲမွာ အလုပ္လုပ္ဖို႔သြားရင္း ဖမ္းဆီးခံခဲ့ရသူေတြပါသလို စက္႐ုံအလုပ္႐ုံေတြမွာ အလုပ္လုပ္ကိုင္ေနရင္း ဖမ္းဆီးခံရသူေတြလည္းပါဝင္ပါတယ္။

ဒီကေန႔မွာဆိုရင္ တ႐ုတ္ဘက္က ျမန္မာႏိုင္ငံသားေတြကို ႏွစ္ပိုင္းခြဲၿပီး လႊဲေျပာင္းေပးခဲ့တာပါ။ ပထမပိုင္းမွာ ၃၇ ဦး လႊဲေျပာင္းေပးခဲ့ၿပီး သူတို႔ဟာ လြန္ခဲ့တဲ့ဆယ္လေလာက္တုန္းထဲက တ႐ုတ္ႏိုင္ငံ ယူနန္ျပည္နယ္ ကူမင္းၿမိဳ႕ကို အလုပ္သြားလုပ္ရင္း အဖမ္းခံခဲ့ၾကရတာျဖစ္ၿပီး သူတို႔ကို ကူမင္းအက်ဥ္းေထာင္ကေန ျပန္လႊတ္ေပးလိုက္တာလို႔ လြတ္ေျမာက္လာသူေတြက RFA ကို ေျပာပါတယ္။

ဒုတိယလႊဲေျပာင္းေပးေပးခဲ့သူ ၁၇ ဦးရွိၿပီး သူေတြကေတာ့ ဟူနန္ေထာင္ထဲမွာ ေနထိုင္ခဲ့ၾကတာလို႔ဆိုပါတယ္။

ျပန္လြတ္လာသူေတြကို လိုအပ္တဲ့ က်န္းမာေရးစစ္ေဆးမႈေတြလုပ္ၿပီး မူဆယ္အထက ၃ နဲ႔ မူဆယ္ တ႐ုတ္ဘုံေက်ာင္းမွာထားရွိမွာျဖစ္ပါတယ္။

ေနရပ္ျပန္ႏိုင္ေရးအတြက္ေတာ့ ျပည္နယ္အစိုးရရဲ႕ အစီအစဥ္အတိုင္း လားရႈိးကို ပို႔ေဆာင္ေပးမွာျဖစ္တယ္လို႔ မူဆယ္ၿမိဳ႕နယ္ ေဆး႐ုံအုပ္ႀကီးကေျပာပါတယ္။

ေမလ ၇ ရက္ မနက္ျဖန္မွာေတာ့ တ႐ုတ္အက်ဥ္းေထာင္ေတြကေန ျမန္မာႏိုင္ငံသား ရာနဲ႔ခ်ီထပ္မံလႊဲေျပာင္းမွာျဖစ္ၿပီးအဲ့ဒီထဲမွာ ကို႐ိုနာဗိုင္းရပ္စ္ေရာဂါ စတင္ျဖစ္ပြားတဲ့ ဝူဟန္ၿမိဳ႕အက်ဥ္းေထာင္ေတြမွာ အက်ဥ္းေထာင္မွာ အက်ဥ္းက်ေနသူေတြပါပါဝင္မယ္လို႔ ဌာနဆိုင္ရာတာဝန္ရွိသူတစ္ဦးက RFA ကိုေျပာပါတယ္။

RFA Burmese
------------------------------------
(Unicode)⤵⤵⤵
ကူမင်းအကျဉ်းထောင်မှာ အကျဉ်းချခံထားရသူ မြန်မာအလုပ်သမား ၅ဝ ကျော် တရုတ်လွှဲပေး

တရုတ်နိုင်ငံ အကျဉ်းထောင်တွေမှာ ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသာ ငါးဆယ်ကျော်ကို တရုတ်အာဏာပိုင်တွေက မေလ ၆ ရက်နေ့ ဒီကနေ့ နေ့လယ်ပိုင်းနဲ့ ညနေပိုင်းမှာ မူဆယ်နန်းတော်နယ်စပ်ဂိတ်က မြန်မာ လဝက တာဝန်ရှိသူထံကို လွှဲပြောင်းပေးခဲ့ပါတယ်။ ပြန်လွတ်လာသူတွေဟာ တရုတ်နိုင်ငံထဲမှာ အလုပ်လုပ်ဖို့သွားရင်း ဖမ်းဆီးခံခဲ့ရသူတွေပါသလို စက်ရုံအလုပ်ရုံတွေမှာ အလုပ်လုပ်ကိုင်နေရင်း ဖမ်းဆီးခံရသူတွေလည်းပါဝင်ပါတယ်။

ဒီကနေ့မှာဆိုရင် တရုတ်ဘက်က မြန်မာနိုင်ငံသားတွေကို နှစ်ပိုင်းခွဲပြီး လွှဲပြောင်းပေးခဲ့တာပါ။ ပထမပိုင်းမှာ ၃၇ ဦး လွှဲပြောင်းပေးခဲ့ပြီး သူတို့ဟာ လွန်ခဲ့တဲ့ဆယ်လလောက်တုန်းထဲက တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့ကို အလုပ်သွားလုပ်ရင်း အဖမ်းခံခဲ့ကြရတာဖြစ်ပြီး သူတို့ကို ကူမင်းအကျဉ်းထောင်ကနေ ပြန်လွှတ်ပေးလိုက်တာလို့ လွတ်မြောက်လာသူတွေက RFA ကို ပြောပါတယ်။

ဒုတိယလွှဲပြောင်းပေးပေးခဲ့သူ ၁၇ ဦးရှိပြီး သူတွေကတော့ ဟူနန်ထောင်ထဲမှာ နေထိုင်ခဲ့ကြတာလို့ဆိုပါတယ်။

ပြန်လွတ်လာသူတွေကို လိုအပ်တဲ့ ကျန်းမာရေးစစ်ဆေးမှုတွေလုပ်ပြီး မူဆယ်အထက ၃ နဲ့ မူဆယ် တရုတ်ဘုံကျောင်းမှာထားရှိမှာဖြစ်ပါတယ်။

နေရပ်ပြန်နိုင်ရေးအတွက်တော့ ပြည်နယ်အစိုးရရဲ့ အစီအစဉ်အတိုင်း လားရှိုးကို ပို့ဆောင်ပေးမှာဖြစ်တယ်လို့ မူဆယ်မြို့နယ် ဆေးရုံအုပ်ကြီးကပြောပါတယ်။

မေလ ၇ ရက် မနက်ဖြန်မှာတော့ တရုတ်အကျဉ်းထောင်တွေကနေ မြန်မာနိုင်ငံသား ရာနဲ့ချီထပ်မံလွှဲပြောင်းမှာဖြစ်ပြီးအဲ့ဒီထဲမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ စတင်ဖြစ်ပွားတဲ့ ဝူဟန်မြို့အကျဉ်းထောင်တွေမှာ အကျဉ်းထောင်မှာ အကျဉ်းကျနေသူတွေပါပါဝင်မယ်လို့ ဌာနဆိုင်ရာတာဝန်ရှိသူတစ်ဦးက RFA ကိုပြောပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
ကူမင္းအက်ဥ္းေထာင္မွာ အက်ဥ္းခ်ခံထားရသူ ျမန္မာအလုပ္သမား ၅ဝ ေက်ာ္ တ႐ုတ္လႊဲေပး ကူမင္းအက်ဥ္းေထာင္မွာ အက်ဥ္းခ်ခံထားရသူ ျမန္မာအလုပ္သမား ၅ဝ ေက်ာ္ တ႐ုတ္လႊဲေပး Reviewed by THITHTOOLWIN on 00:40 Rating: 5
Powered by Blogger.