ရန္ကုန္ဘတ္စ္ကားေတြမွာ ပိုးမကူးေအာင္ ဘာေတြစီစဥ္ထားသလဲ

(Zawgyi)⤵⤵⤵
ရန္ကုန္ၿမိဳ႕ဟာ ကို႐ိုနာဗိုင္းရပ္စ္ အတည္ျပဳလူနာ အမ်ားဆုံးရွိတဲ့ၿမိဳ႕ပါ။ ၿမိဳ႕ေနသူအမ်ားစု မွီခို အားထားရတဲ့ YBS ယာဥ္လိုင္းေတြက တဆင့္ ေရာဂါပိုးကူးစက္ႏိုင္ဖို႔ ရာခိုင္ႏႈန္းမ်ားတာ ေၾကာင့္ ဘတ္စ္ကားေတြမွာ ဗိုင္းရပ္စ္ ကာကြယ္ေရးအတြက္ ဘယ္လို လုပ္ေဆာင္ေနၾကပါသလဲ။

ကို႐ိုနာဗိုင္းရပ္စ္ ကာကြယ္ဖို႔အတြက္ ကားေပၚမွာ ခရီးသည္ အေရအတြက္ ကန႔္သတ္ထားၿပီး တျခား ကာကြယ္ေရး အစီအစဥ္လည္း ျပင္ဆင္ထားတယ္လို႔ Power Eleven ကုမၸဏီရဲ႕ အုပ္ခ်ဳပ္မႈ ဒါ႐ိုက္တာ ကိုတ႐ုတ္ေလးက ေျပာပါတယ္။

"ယာဥ္စီးတဲ့သူေတြက mask ေတြကိုတပ္ရပါမယ္။ အကယ္၍ mask ေတြ တပ္မလာဘူးဆိုရင္ ကားေတြေပၚမွာ ေရာင္းခ်ေပးေနတာေတြ ရွိပါတယ္။ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္  မဝယ္ႏိုင္ရင္ ကားေတြကလည္း အခမဲ့ ခရီးသည္ကို လႉဒါန္းေပးတာေတြ ရွိပါတယ္။ ခရီးသည္ေတြ ကားေပၚတက္တဲ့ အခ်ိန္မွာတစ္ႀကိမ္၊ ကားေပၚက ျပန္ဆင္းတဲ့အခ်ိန္ တႀကိမ္ ေဆးရပါတယ္။ ဒါေၾကာင့္ ယာဥ္ေတြရဲ႕ အတက္မွာ လက္ေဆးရည္တစ္ဗူး၊ အဆင္းမွာ လက္ေဆးရည္ တစ္ဗူး စီစဥ္ေပးထားပါတယ္။ လက္ရွိ အခ်ိန္မွာ ထိုင္ခုံတစ္ခုံကိုခရီးသည္ တစ္ဦးပဲ တင္ပါတယ္။ ထိုင္ခုံေတြကို အကြာအေဝး ကန႔္သတ္ထားတယ္။ ဒါေၾကာင့္ ဘတ္စ္ကားတစ္စီးက လက္ရွိမွာ ခရီးသည္ဦးေရ ၂၅ ဦးခန႔္ေလာက္ပဲ တင္ေဆာင္ေျပးဆြဲေပးေနတယ္"

Power Eleven ကုမၸဏီဟာ YBS ၂၁၊  ၃၉ နဲ႔ ၄၁ ယာဥ္လိုင္းေတြကို ေျပးဆြဲေပးေနတာပါ။ လက္ရွိကာလမွာ ေမာ္ေတာ္ယာဥ္ အေရအတြက္ကို ကန႔္သတ္မထားဘဲ ခရီးသြားအေျခအေနအေပၚ မူတည္ၿပီး  အနည္းဆုံး ၁၅ မိနစ္တစ္စီးႏႈန္းနဲ႔ ေျပးဆြဲေပးေနတယ္လို႔ ကိုတ႐ုတ္ေလးက ေျပာပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ ကာကြယ္ကုသ ထိန္းခ်ဳပ္ေရး အမ်ိဳးသားအဆင့္ ဗဟိုေကာ္မတီရဲ႕ ၫႊန္ၾကားခ်က္အရ အခုကာလအတြင္း ေျပးဆြဲေနတဲ့ ယာဥ္ေတြဟာ သတ္မွတ္အကြာအေဝး ကန႔္သတ္ထားတဲ့ ထိုင္ခုံေတြမွာ ခရီးသည္ေတြကို တင္ေဆာင္ဖို႔၊ ခရီးသြားေတြ ႏွာေခါင္းစည္းေတြတပ္ဆင္ဖို႔နဲ႔  ကားအတက္ အဆင္း ေနရာေတြမွာ လက္သန႔္ေဆးရည္ ထားရွိေပးဖို႔  စသျဖင့္ ၫႊန္ၾကားခ်က္ေတြ ထုတ္ျပန္ထားပါတယ္။

ဒါေပမဲ့ ယာဥ္လိုင္းအမ်ားစုကေတာ့ ၫႊန္ၾကားခ်က္ေတြကို မလိုက္နာႏိုင္ၾကဘူးလို႔ ကိုတ႐ုတ္ေလးက ေျပာပါတယ္။

"ယာဥ္လိုင္းအမ်ားစုက သတ္မွတ္ခ်က္နဲ႔ မညီၫြတ္တာကို ေတြ႕ရတယ္။ ဒီကာလေတြမွာ ခရီးသည္ ဦးေရကလည္း နည္းတယ္။ သတ္မွတ္ခ်က္နဲ႔ အညီ ဆြဲရမယ္ဆိုရင္ ကားတစ္စီးရဲ႕ ေန႔စဥ္ ဆြဲရမယ့္ဝင္ေငြက ဆီဖိုးေတာင္ မရဘူး။ ဒီအခ်ိန္မွာ အစိုးရအေနနဲ႔ စက္သုံးဆီကို ေထာက္ပံ့ေပးသင့္တယ္လို႔ တင္ျပလိုတယ္။ အေရးႀကီးတာက သတ္မွတ္ခ်က္နဲ႔ မညီၫြတ္ရင္ အဲဒီကတစ္ဆင့္ ေရာဂါကူးစက္ႏိုင္လို႔ အင္မတန္ စိုးရိမ္ရတဲ့ အေျခအေန တစ္ရပ္မွာရွိတယ္"

ခရီးသည္ နည္းပါးလို႔ ဝင္ေငြ ေလ်ာ့က်သြားတာေၾကာင့္ ေလာင္စာဆီဖိုး ေထာက္ပံ့သင့္တယ္လို႔ ရန္ကုန္ၿမိဳ႕ျပ အမ်ားျပည္သူ သယ္ယူပို႔ေဆာင္ေရး အမ်ားႏွင့္ သက္ဆိုင္တဲ့ ကုမၸဏီ လီမိတက္ YUPT ကုမၸဏီရဲ႕ အေထြေထြမန္ေနဂ်ာ ဦးေမာင္ေမာင္လြင္က ေျပာပါတယ္။

"ဝန္ထမ္းစရိတ္နဲ႔ CNG ဖိုးေပးလိုက္တာနဲ႔ ကြၽန္ေတာ္တို႔ စိုက္ေနရပါတယ္။ ဒါေၾကာင့္ ႏိုင္ငံေတာ္ ကေနၿပီးေတာ့ CNG ဖိုးကို တန္ဖိုးတစ္ခုေပါ့ေနာ္၊ တတ္ႏိုင္သေလာက္ ေလ်ာ့ေပးဖို႔၊ မဟုတ္ရင္လည္း CNG ဖိုး လုံး၀ မေပးရတဲ့ အဆင့္ ဒါမဟုတ္လည္း သက္သာခြင့္ေပးရင္ ေရရွည္ ရပ္တည္ႏိုင္မွာေပါ့။ ေတာင့္ခံႏိုင္ဖို႔ ဆိုတာ ေတာ္ေတာ္မလြယ္ပါဘူး"

ဗိုင္းရပ္စ္ပိုး ကူးစက္ခံရျခင္းကေန ကာကြယ္ဖို႔ ေန႔စဥ္ လူမႈဘဝမွာ ခပ္ခြာခြာေနၾကဖို႔ အေရးႀကီးပါတယ္။ ဒါေပမဲ့ ဒီလို အမ်ားသုံးယာဥ္ေတြေပၚမွာ ခပ္ခြာခြာေနၾကဖို႔က မလြယ္ကူႏိုင္ပါဘူး။ အထူးသျဖင့္ ႐ုံးတက္ ႐ုံးဆင္း အခ်ိန္ေတြမွာ ပိုအေရးႀကီးပါတယ္။ ဒါေၾကာင့္ ႏွာေခါင္းစည္းကို မျဖစ္ မေနတပ္ဖို႔ လိုအပ္တယ္လို႔ ေဒါက္တာေက်ာ္စြာဦးက ေထာက္ျပပါတယ္။

"Mask ကိုေတာ့ မျဖစ္မေနတပ္ဖို႔ရယ္။ လက္ေဆးဖို႔ရယ္ လိုအပ္တယ္။ အဲကြန္း အလုံခန္းထဲမွာဆိုေတာ့ တစ္ေယာက္ေယာက္ကသာ (ပိုး) ရွိခဲ့တယ္၊ အဲဒီတစ္ေယာက္က ႏွာေခ် ေခ်ာင္းဆိုးလိုက္တယ္။ MASK မတပ္ထားဘူးဆိုရင္ ကူးစက္ႏိုင္တယ္။ MASK မတပ္ထားလို႔ အဲဒီ အမႈန္အမႊားေတြက လက္ကိုင္ကြင္းေတြကို ထိတဲ့အခါမွာ ေနာက္တစ္ေယာက္က ကိုင္မိၿပီး ကူးစက္ႏိုင္တာေတြရွိတယ္"

ပိုးေတြ႕ရွိမႈ တစ္ေန႔ထက္တစ္ေန႔ တိုးလာတာနဲ႔အမွ် YBS လို အမ်ားသုံး ယာဥ္ကို မွီခိုအားထားေနရတဲ့ သူေတြၾကားမွာလည္း စိုးရိမ္မႈေတြ ရွိေနတာပါ။ အဲဒီအထဲမွာ ႐ုံးတက္႐ုံးဆင္း လုပ္ေနရတဲ့ ေဒၚဝင္းဝင္းခိုင္လည္း ပါဝင္ပါတယ္။

"အမတို႔ ႐ုံးတက္႐ုံးဆင္းက YBS နဲ႔ပဲ အၿမဲသြားေနရေတာ့ စိုးရိမ္စိတ္ အျပည့္ရွိတယ္။ ကိုယ့္ကိုယ္ကို ကာကြယ္တာဆိုလို႔ ကိုယ့္ဘာသာ Handgelေလး တစ္ဗူးဝယ္ထားတယ္။ mask တပ္ထားတယ္။ အခုက ကိုယ္ျဖစ္ရင္  ကိုယ္ခံရတာမဟုတ္ဘူး။ ကိုယ္ျဖစ္ရင္ ကိုယ့္မိသားစုေရာ ကိုယ့္ပတ္ဝန္းက်င္ေရာ ခံရတာဆိုေတာ့ စိုးရိမ္စိတ္ကေတာ့ ရာႏႈန္းျပည့္ပဲ။ YBS မွာ အတက္အဆင္းမွာ ဆပ္ျပာထားေပးထား တာလည္း အမ မေတြ႕ဘူး။ အဲဒီကားေပၚမွာ အဲဒီလူနာပါလာရင္ ကူးစက္ဖို႔ကေတာ့ ရာႏႈန္းျပည့္ ေသခ်ာတယ္။ ႐ုံးတက္႐ုံးဆင္းခ်ိန္မွာ လိုင္းကားရဲ႕သဘာဝက ထိုင္ခုံအစိ လူအစိပဲ။ သုံးေပကေတာ့ မကြာေလာက္ဘူးလို႔ ထင္တယ္"

ရန္ကုန္ၿမိဳ႕တြင္း ေျပးဆြဲေနတဲ့ YBS ယာဥ္အစီးေရ ငါးေထာင္ေလာက္ ရွိတဲ့အထဲ လတ္တေလာကာလမွာ ခရီးသြားအေရအတြက္ နည္းပါးတာေၾကာင့္ တစ္ရက္ကို အစီးေရ ၁၅၀၀ ေလာက္ပဲ ေျပးဆြဲေနရပါတယ္။ က်န္တဲ့ ယာဥ္အစီးေရ ၃၅၀၀ေလာက္ကေတာ့ ေျပးဆြဲမႈ ရပ္နားထားရပါတယ္။

ျဖဴျဖဴခိုင္ / RFA Burmese
-------------------------------------------

(Unicode)⤵⤵⤵
ရန်ကုန်ဘတ်စ်ကားတွေမှာ ပိုးမကူးအောင် ဘာတွေစီစဉ်ထားသလဲ

ရန်ကုန်မြို့ဟာ ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာ အများဆုံးရှိတဲ့မြို့ပါ။ မြို့နေသူအများစု မှီခို အားထားရတဲ့ YBS ယာဉ်လိုင်းတွေက တဆင့် ရောဂါပိုးကူးစက်နိုင်ဖို့ ရာခိုင်နှုန်းများတာ ကြောင့် ဘတ်စ်ကားတွေမှာ ဗိုင်းရပ်စ် ကာကွယ်ရေးအတွက် ဘယ်လို လုပ်ဆောင်နေကြပါသလဲ။

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဖို့အတွက် ကားပေါ်မှာ ခရီးသည် အရေအတွက် ကန့်သတ်ထားပြီး တခြား ကာကွယ်ရေး အစီအစဉ်လည်း ပြင်ဆင်ထားတယ်လို့ Power Eleven ကုမ္ပဏီရဲ့ အုပ်ချုပ်မှု ဒါရိုက်တာ ကိုတရုတ်လေးက ပြောပါတယ်။

"ယာဉ်စီးတဲ့သူတွေက mask တွေကိုတပ်ရပါမယ်။ အကယ်၍ mask တွေ တပ်မလာဘူးဆိုရင် ကားတွေပေါ်မှာ ရောင်းချပေးနေတာတွေ ရှိပါတယ်။ အကြောင်းအမျိုးမျိုးကြောင့်  မဝယ်နိုင်ရင် ကားတွေကလည်း အခမဲ့ ခရီးသည်ကို လှူဒါန်းပေးတာတွေ ရှိပါတယ်။ ခရီးသည်တွေ ကားပေါ်တက်တဲ့ အချိန်မှာတစ်ကြိမ်၊ ကားပေါ်က ပြန်ဆင်းတဲ့အချိန် တကြိမ် ဆေးရပါတယ်။ ဒါကြောင့် ယာဉ်တွေရဲ့ အတက်မှာ လက်ဆေးရည်တစ်ဗူး၊ အဆင်းမှာ လက်ဆေးရည် တစ်ဗူး စီစဉ်ပေးထားပါတယ်။ လက်ရှိ အချိန်မှာ ထိုင်ခုံတစ်ခုံကိုခရီးသည် တစ်ဦးပဲ တင်ပါတယ်။ ထိုင်ခုံတွေကို အကွာအဝေး ကန့်သတ်ထားတယ်။ ဒါကြောင့် ဘတ်စ်ကားတစ်စီးက လက်ရှိမှာ ခရီးသည်ဦးရေ ၂၅ ဦးခန့်လောက်ပဲ တင်ဆောင်ပြေးဆွဲပေးနေတယ်"

Power Eleven ကုမ္ပဏီဟာ YBS ၂၁၊  ၃၉ နဲ့ ၄၁ ယာဉ်လိုင်းတွေကို ပြေးဆွဲပေးနေတာပါ။ လက်ရှိကာလမှာ မော်တော်ယာဉ် အရေအတွက်ကို ကန့်သတ်မထားဘဲ ခရီးသွားအခြေအနေအပေါ် မူတည်ပြီး  အနည်းဆုံး ၁၅ မိနစ်တစ်စီးနှုန်းနဲ့ ပြေးဆွဲပေးနေတယ်လို့ ကိုတရုတ်လေးက ပြောပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ကုသ ထိန်းချုပ်ရေး အမျိုးသားအဆင့် ဗဟိုကော်မတီရဲ့ ညွှန်ကြားချက်အရ အခုကာလအတွင်း ပြေးဆွဲနေတဲ့ ယာဉ်တွေဟာ သတ်မှတ်အကွာအဝေး ကန့်သတ်ထားတဲ့ ထိုင်ခုံတွေမှာ ခရီးသည်တွေကို တင်ဆောင်ဖို့၊ ခရီးသွားတွေ နှာခေါင်းစည်းတွေတပ်ဆင်ဖို့နဲ့  ကားအတက် အဆင်း နေရာတွေမှာ လက်သန့်ဆေးရည် ထားရှိပေးဖို့  စသဖြင့် ညွှန်ကြားချက်တွေ ထုတ်ပြန်ထားပါတယ်။

ဒါပေမဲ့ ယာဉ်လိုင်းအများစုကတော့ ညွှန်ကြားချက်တွေကို မလိုက်နာနိုင်ကြဘူးလို့ ကိုတရုတ်လေးက ပြောပါတယ်။

"ယာဉ်လိုင်းအများစုက သတ်မှတ်ချက်နဲ့ မညီညွတ်တာကို တွေ့ရတယ်။ ဒီကာလတွေမှာ ခရီးသည် ဦးရေကလည်း နည်းတယ်။ သတ်မှတ်ချက်နဲ့ အညီ ဆွဲရမယ်ဆိုရင် ကားတစ်စီးရဲ့ နေ့စဉ် ဆွဲရမယ့်ဝင်ငွေက ဆီဖိုးတောင် မရဘူး။ ဒီအချိန်မှာ အစိုးရအနေနဲ့ စက်သုံးဆီကို ထောက်ပံ့ပေးသင့်တယ်လို့ တင်ပြလိုတယ်။ အရေးကြီးတာက သတ်မှတ်ချက်နဲ့ မညီညွတ်ရင် အဲဒီကတစ်ဆင့် ရောဂါကူးစက်နိုင်လို့ အင်မတန် စိုးရိမ်ရတဲ့ အခြေအနေ တစ်ရပ်မှာရှိတယ်"

ခရီးသည် နည်းပါးလို့ ဝင်ငွေ လျော့ကျသွားတာကြောင့် လောင်စာဆီဖိုး ထောက်ပံ့သင့်တယ်လို့ ရန်ကုန်မြို့ပြ အများပြည်သူ သယ်ယူပို့ဆောင်ရေး အများနှင့် သက်ဆိုင်တဲ့ ကုမ္ပဏီ လီမိတက် YUPT ကုမ္ပဏီရဲ့ အထွေထွေမန်နေဂျာ ဦးမောင်မောင်လွင်က ပြောပါတယ်။

"ဝန်ထမ်းစရိတ်နဲ့ CNG ဖိုးပေးလိုက်တာနဲ့ ကျွန်တော်တို့ စိုက်နေရပါတယ်။ ဒါကြောင့် နိုင်ငံတော် ကနေပြီးတော့ CNG ဖိုးကို တန်ဖိုးတစ်ခုပေါ့နော်၊ တတ်နိုင်သလောက် လျော့ပေးဖို့၊ မဟုတ်ရင်လည်း CNG ဖိုး လုံး၀ မပေးရတဲ့ အဆင့် ဒါမဟုတ်လည်း သက်သာခွင့်ပေးရင် ရေရှည် ရပ်တည်နိုင်မှာပေါ့။ တောင့်ခံနိုင်ဖို့ ဆိုတာ တော်တော်မလွယ်ပါဘူး"

ဗိုင်းရပ်စ်ပိုး ကူးစက်ခံရခြင်းကနေ ကာကွယ်ဖို့ နေ့စဉ် လူမှုဘဝမှာ ခပ်ခွာခွာနေကြဖို့ အရေးကြီးပါတယ်။ ဒါပေမဲ့ ဒီလို အများသုံးယာဉ်တွေပေါ်မှာ ခပ်ခွာခွာနေကြဖို့က မလွယ်ကူနိုင်ပါဘူး။ အထူးသဖြင့် ရုံးတက် ရုံးဆင်း အချိန်တွေမှာ ပိုအရေးကြီးပါတယ်။ ဒါကြောင့် နှာခေါင်းစည်းကို မဖြစ် မနေတပ်ဖို့ လိုအပ်တယ်လို့ ဒေါက်တာကျော်စွာဦးက ထောက်ပြပါတယ်။

"Mask ကိုတော့ မဖြစ်မနေတပ်ဖို့ရယ်။ လက်ဆေးဖို့ရယ် လိုအပ်တယ်။ အဲကွန်း အလုံခန်းထဲမှာဆိုတော့ တစ်ယောက်ယောက်ကသာ (ပိုး) ရှိခဲ့တယ်၊ အဲဒီတစ်ယောက်က နှာချေ ချောင်းဆိုးလိုက်တယ်။ MASK မတပ်ထားဘူးဆိုရင် ကူးစက်နိုင်တယ်။ MASK မတပ်ထားလို့ အဲဒီ အမှုန်အမွှားတွေက လက်ကိုင်ကွင်းတွေကို ထိတဲ့အခါမှာ နောက်တစ်ယောက်က ကိုင်မိပြီး ကူးစက်နိုင်တာတွေရှိတယ်"

ပိုးတွေ့ရှိမှု တစ်နေ့ထက်တစ်နေ့ တိုးလာတာနဲ့အမျှ YBS လို အများသုံး ယာဉ်ကို မှီခိုအားထားနေရတဲ့ သူတွေကြားမှာလည်း စိုးရိမ်မှုတွေ ရှိနေတာပါ။ အဲဒီအထဲမှာ ရုံးတက်ရုံးဆင်း လုပ်နေရတဲ့ ဒေါ်ဝင်းဝင်းခိုင်လည်း ပါဝင်ပါတယ်။

"အမတို့ ရုံးတက်ရုံးဆင်းက YBS နဲ့ပဲ အမြဲသွားနေရတော့ စိုးရိမ်စိတ် အပြည့်ရှိတယ်။ ကိုယ့်ကိုယ်ကို ကာကွယ်တာဆိုလို့ ကိုယ့်ဘာသာ Handgelလေး တစ်ဗူးဝယ်ထားတယ်။ mask တပ်ထားတယ်။ အခုက ကိုယ်ဖြစ်ရင်  ကိုယ်ခံရတာမဟုတ်ဘူး။ ကိုယ်ဖြစ်ရင် ကိုယ့်မိသားစုရော ကိုယ့်ပတ်ဝန်းကျင်ရော ခံရတာဆိုတော့ စိုးရိမ်စိတ်ကတော့ ရာနှုန်းပြည့်ပဲ။ YBS မှာ အတက်အဆင်းမှာ ဆပ်ပြာထားပေးထား တာလည်း အမ မတွေ့ဘူး။ အဲဒီကားပေါ်မှာ အဲဒီလူနာပါလာရင် ကူးစက်ဖို့ကတော့ ရာနှုန်းပြည့် သေချာတယ်။ ရုံးတက်ရုံးဆင်းချိန်မှာ လိုင်းကားရဲ့သဘာဝက ထိုင်ခုံအစိ လူအစိပဲ။ သုံးပေကတော့ မကွာလောက်ဘူးလို့ ထင်တယ်"

ရန်ကုန်မြို့တွင်း ပြေးဆွဲနေတဲ့ YBS ယာဉ်အစီးရေ ငါးထောင်လောက် ရှိတဲ့အထဲ လတ်တလောကာလမှာ ခရီးသွားအရေအတွက် နည်းပါးတာကြောင့် တစ်ရက်ကို အစီးရေ ၁၅၀၀ လောက်ပဲ ပြေးဆွဲနေရပါတယ်။ ကျန်တဲ့ ယာဉ်အစီးရေ ၃၅၀၀လောက်ကတော့ ပြေးဆွဲမှု ရပ်နားထားရပါတယ်။

ဖြူဖြူခိုင် / RFA Burmese
https://www.rfa.org/burmese/program_2/ybs-coronavirus-precaution-05032020044828.html
ရန္ကုန္ဘတ္စ္ကားေတြမွာ ပိုးမကူးေအာင္ ဘာေတြစီစဥ္ထားသလဲ ရန္ကုန္ဘတ္စ္ကားေတြမွာ ပိုးမကူးေအာင္ ဘာေတြစီစဥ္ထားသလဲ Reviewed by THITHTOOLWIN on 20:58 Rating: 5
Powered by Blogger.