တ႐ုတ္ဘက္ကို ေျပာင္းတင္ပို႔လို႔ မရတဲ့အတြက္ ေန႔စဥ္ ေျပာင္းတန္ခ်ိန္ ဆယ္နဲ႔ခ်ီ စြန႔္ပစ္ေနၾကရ


(Zawgyi)⤵⤵⤵
 တ႐ုတ္ - ျမန္မာနယ္စပ္ မူဆယ္၊ မန္ဟီး႐ီုးၿမိဳ႕နယ္ခြဲနဲ႔ နမ့္ခမ္းၿမိဳ႕နယ္ေတြက ေျပာင္းစိုက္ေတာင္သူေတြဟာ တ႐ုတ္ဘက္ကို ေျပာင္းတင္ပို႔လို႔ မရတဲ့အတြက္ ေန႔စဥ္ ေျပာင္းတန္ခ်ိန္ ဆယ္နဲ႔ခ်ီၿပီး ေ႐ႊလီျမစ္ထဲကို စြန႔္ပစ္ေနၾကရပါတယ္။

ေတာင္သူေတြဟာ တ႐ုတ္ကလာတဲ့ ေျပာင္းမ်ိဳးေစ့ေတြကို ပြဲစားေတြကေနတဆင့္ အေႂကြးစနစ္နဲ႔ယူၿပီ စိုက္ပ်ိဳးၾကတာျဖစ္ၿပီး ဒီႏွစ္မွာေတာ့ တ႐ုတ္ထဲကို ေျပာင္းေထြလာဂ်ီေတြ ဝင္ေရာက္မေရာင္းခ်ရတဲ့အတြက္ စိုက္ပ်ိဳးစရိတ္ေတြဆုံးရႈံးၿပီး အေႂကြဝန္ပိမယ့္ အေျခအေနနဲ႔ ရင္ဆိုင္ေနရတယ္လို႔ ေတာင္သူေတြက RFA ကို ေျပာပါတယ္။

RFAက ေမလ ၁၀ ရက္ေန႔ ဒီကေန႔မွာ ျမန္မာဘက္က မန္ဟီး႐ိုးနဲ႔ တ႐ုတ္နယ္စပ္က ေက်း႐ြာေတြကိုေရာက္ရွိခ်ိန္မွာ ျမန္မာဘက္ေျပာင္းတင္တဲ့ ေထြလာဂ်ီေတြ တ႐ုတ္ထဲကို ေျပာင္းတင္ပို႔ႏိုင္ဖို႔ ေစာင့္ဆိုင္းေနၾက တာကို ေတြ႕ရပါတယ္။

တခ်ိဳ႕ကလည္း ရက္နဲ႔ခ်ီၿပီး ေစာင့္ဆိုင္းခဲ့ၾကရေပမယ့္ ဝင္လို႔မရတဲ့အတြက္ ေျပာင္းဖူးေတြ ပ်က္စီးတာေၾကာင့္ ေ႐ႊလီျမစ္ထဲကို သြန္ခ်ခဲ့ၾကပါတယ္။

လက္ရွိ တ႐ုတ္ကိုတင္ပို႔တဲ့ ေျပာင္းမ်ိဳးေတြဟာ ေရခဲ႐ိုက္ၿပီး ေဈးကြက္ထဲ ျပန္လည္တင္ပို႔ရတဲ့ေျပာင္းမ်ိဳးျဖစ္ၿပီး အေျခာက္ခံလို႔မရသလို ရက္ရွည္ထားလို႔မရတဲ့အတြက္ ေတာင္သူေတြဟာ တ႐ုတ္ထဲ ဝင္ေရာက္ေရာင္းခ်လို႔မရတဲ့ ေျပာင္းေတြကို ေ႐ႊလီျမစ္ထဲ စြန႔္ပစ္ေနၾကရတာလို႔ ေျပာပါတယ္။

ေျပာင္းတင္ပို႔ေနတဲ့ နယ္စပ္ကေတာင္သူေတြဟာ ေရွးယခင္ကတည္းက တ႐ုတ္နယ္နိမိတ္ထဲက ရွမ္းတိုင္းရင္းသားေတြနဲ႔ ႏွစ္႐ြာတစ္ျပည္လို ေနထိုင္လာၾကျဖစ္ၿပီး ေဒသထြက္ ကုန္ေတြကို တပိုင္တႏိုင္ ေက်း႐ြာခ်င္းဆက္လမ္းေတြကေန ေရာင္းခ်ေနၾကတာပါ။

မူဆယ္မွာ ကို႐ိုနာဗိုင္းရပ္စ္ ပိုးေတြ႕လူနာ ေတြ႕ရွိၿပီး ဧၿပီ ၂၅ ရက္ကတည္းက ေနတ႐ုတ္ဘက္က နယ္စပ္စည္းမ်ဥ္းမွာ ေနထိုင္တဲ့သူေတြကိုပါ ဝင္ထြက္ခြင့္ လုံးဝမလုပ္ဖို႔ ကန႔္သတ္လိုက္ၿပီး ေျပာင္းတင္ပို႔မႈကိုပါ တားျမစ္ခဲ့လို႔ ေတာင္သူေတြဟာ တ႐ုတ္ထဲကို ေျပာင္းတင္ပို႔ခြင့္ မရေတာ့ဘဲ ဆုံးရႈံးမႈေတြနဲ႔ရင္ဆိုင္ေနၾကရလို႔ ေဒသခံေတာင္သူေတြက ေျပာပါတယ္။

မူဆယ္ၿမိဳ႕နယ္ နမ့္ခမ္းၿမိဳ႕နယ္နဲ႔မန္ဟီ႐ိုးၿမိဳ႕နယ္အတြင္းမွာ ေျပာင္စိုက္ဧက ခန႔္မွန္းေျခ ေသာင္းနဲ႔ခ်ီရွိၿပီး တစ္ဧကကို စိုက္ပ်ိဳးစရိတ္ ဆယ္သိန္းနဲ႔ ဆယ့္ႏွစ္သိန္းၾကား ကုန္က်တယ္လို႔ ဆိုပါတယ္။ သူတို႔အေနနဲ႔ တ႐ုတ္ကို ေျပာင္းဆက္လက္တင္ပို႔ခြင့္မရရင္ ဆုံးရႈံးမႈတန္ဖိုး က်ပ္သိန္းေပါင္း ေသာင္းနဲ႔ခ်ီရွိႏိုင္ လို႔အစိုးအေနနဲ႔အျမန္ဆုံး ညႇိႏႈိင္း ေပးေစခ်င္တယ္လို႔ ေတာင္သူေတြက ေျပာပါတယ္။

RFA Burmese
----------------------------

(Unicode)⤵⤵⤵
တရုတ်ဘက်ကို ပြောင်းတင်ပို့လို့ မရတဲ့အတွက် နေ့စဉ် ပြောင်းတန်ချိန် ဆယ်နဲ့ချီ စွန့်ပစ်နေကြရ

 တရုတ် - မြန်မာနယ်စပ် မူဆယ်၊ မန်ဟီးရီုးမြို့နယ်ခွဲနဲ့ နမ့်ခမ်းမြို့နယ်တွေက ပြောင်းစိုက်တောင်သူတွေဟာ တရုတ်ဘက်ကို ပြောင်းတင်ပို့လို့ မရတဲ့အတွက် နေ့စဉ် ပြောင်းတန်ချိန် ဆယ်နဲ့ချီပြီး ရွှေလီမြစ်ထဲကို စွန့်ပစ်နေကြရပါတယ်။

တောင်သူတွေဟာ တရုတ်ကလာတဲ့ ပြောင်းမျိုးစေ့တွေကို ပွဲစားတွေကနေတဆင့် အကြွေးစနစ်နဲ့ယူပြီ စိုက်ပျိုးကြတာဖြစ်ပြီး ဒီနှစ်မှာတော့ တရုတ်ထဲကို ပြောင်းထွေလာဂျီတွေ ဝင်ရောက်မရောင်းချရတဲ့အတွက် စိုက်ပျိုးစရိတ်တွေဆုံးရှုံးပြီး အကြွေဝန်ပိမယ့် အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ တောင်သူတွေက RFA ကို ပြောပါတယ်။

RFAက မေလ ၁၀ ရက်နေ့ ဒီကနေ့မှာ မြန်မာဘက်က မန်ဟီးရိုးနဲ့ တရုတ်နယ်စပ်က ကျေးရွာတွေကိုရောက်ရှိချိန်မှာ မြန်မာဘက်ပြောင်းတင်တဲ့ ထွေလာဂျီတွေ တရုတ်ထဲကို ပြောင်းတင်ပို့နိုင်ဖို့ စောင့်ဆိုင်းနေကြ တာကို တွေ့ရပါတယ်။

တချို့ကလည်း ရက်နဲ့ချီပြီး စောင့်ဆိုင်းခဲ့ကြရပေမယ့် ဝင်လို့မရတဲ့အတွက် ပြောင်းဖူးတွေ ပျက်စီးတာကြောင့် ရွှေလီမြစ်ထဲကို သွန်ချခဲ့ကြပါတယ်။

လက်ရှိ တရုတ်ကိုတင်ပို့တဲ့ ပြောင်းမျိုးတွေဟာ ရေခဲရိုက်ပြီး ဈေးကွက်ထဲ ပြန်လည်တင်ပို့ရတဲ့ပြောင်းမျိုးဖြစ်ပြီး အခြောက်ခံလို့မရသလို ရက်ရှည်ထားလို့မရတဲ့အတွက် တောင်သူတွေဟာ တရုတ်ထဲ ဝင်ရောက်ရောင်းချလို့မရတဲ့ ပြောင်းတွေကို ရွှေလီမြစ်ထဲ စွန့်ပစ်နေကြရတာလို့ ပြောပါတယ်။

ပြောင်းတင်ပို့နေတဲ့ နယ်စပ်ကတောင်သူတွေဟာ ရှေးယခင်ကတည်းက တရုတ်နယ်နိမိတ်ထဲက ရှမ်းတိုင်းရင်းသားတွေနဲ့ နှစ်ရွာတစ်ပြည်လို နေထိုင်လာကြဖြစ်ပြီး ဒေသထွက် ကုန်တွေကို တပိုင်တနိုင် ကျေးရွာချင်းဆက်လမ်းတွေကနေ ရောင်းချနေကြတာပါ။

မူဆယ်မှာ ကိုရိုနာဗိုင်းရပ်စ် ပိုးတွေ့လူနာ တွေ့ရှိပြီး ဧပြီ ၂၅ ရက်ကတည်းက နေတရုတ်ဘက်က နယ်စပ်စည်းမျဉ်းမှာ နေထိုင်တဲ့သူတွေကိုပါ ဝင်ထွက်ခွင့် လုံးဝမလုပ်ဖို့ ကန့်သတ်လိုက်ပြီး ပြောင်းတင်ပို့မှုကိုပါ တားမြစ်ခဲ့လို့ တောင်သူတွေဟာ တရုတ်ထဲကို ပြောင်းတင်ပို့ခွင့် မရတော့ဘဲ ဆုံးရှုံးမှုတွေနဲ့ရင်ဆိုင်နေကြရလို့ ဒေသခံတောင်သူတွေက ပြောပါတယ်။

မူဆယ်မြို့နယ် နမ့်ခမ်းမြို့နယ်နဲ့မန်ဟီရိုးမြို့နယ်အတွင်းမှာ ပြောင်စိုက်ဧက ခန့်မှန်းခြေ သောင်းနဲ့ချီရှိပြီး တစ်ဧကကို စိုက်ပျိုးစရိတ် ဆယ်သိန်းနဲ့ ဆယ့်နှစ်သိန်းကြား ကုန်ကျတယ်လို့ ဆိုပါတယ်။ သူတို့အနေနဲ့ တရုတ်ကို ပြောင်းဆက်လက်တင်ပို့ခွင့်မရရင် ဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်းပေါင်း သောင်းနဲ့ချီရှိနိုင် လို့အစိုးအနေနဲ့အမြန်ဆုံး ညှိနှိုင်း ပေးစေချင်တယ်လို့ တောင်သူတွေက ပြောပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
တ႐ုတ္ဘက္ကို ေျပာင္းတင္ပို႔လို႔ မရတဲ့အတြက္ ေန႔စဥ္ ေျပာင္းတန္ခ်ိန္ ဆယ္နဲ႔ခ်ီ စြန႔္ပစ္ေနၾကရ တ႐ုတ္ဘက္ကို ေျပာင္းတင္ပို႔လို႔ မရတဲ့အတြက္ ေန႔စဥ္ ေျပာင္းတန္ခ်ိန္ ဆယ္နဲ႔ခ်ီ စြန႔္ပစ္ေနၾကရ Reviewed by THITHTOOLWIN on 20:44 Rating: 5
Powered by Blogger.