ပိတ္မိအလုပ္သမားေတြအတြက္ အိႏၵိယ ပထဆုံး အထူးရထားစဆြဲ

လူခ်င္းခြာေနႏိုင္ဖို႔အျပင္ အစားအေသာက္ပါ စီစဥ္ေပးခဲ့တယ္လို႔ အာဏာပိုင္ေတြကဆို
(Zawgyi)⤵⤵⤵
ႏိုင္ငံလုံးကြၽတ္ေလာ့ေဒါင္းေၾကာင့္ပိတ္မိခဲ့တဲ့ ေ႐ႊ႕ေျပာင္းလုပ္သားေတြဟာ အိႏၵိယေတာင္ပိုင္း တယ္လင္ဂါနာျပည္နယ္ကေန ပထမဆုံးရထားႀကီးနဲ႔ ထြက္ခြာလာၾကပါၿပီ။

ရထားတြဲ ၂၄ တြဲပါတဲ့ ရထားႀကီးဟာ ခရီးသည္ ၁၂၀၀ ကိုတင္ေဆာင္ၿပီး အေရွ႕ပိုင္း ဂ်ာခန္႔ျပည္နယ္အထိ ဘယ္ဘူတာမွ မနားဘဲ တိုက္႐ိုက္ခုတ္ေမာင္းေနပါတယ္။

ေလာ့ေဒါင္းေၾကာင့္ ပိတ္မိေနတဲ့ သန္းနဲ႔ခ်ီတဲ့လူေတြဟာ ကိုယ့္ရပ္႐ြာကို ျပန္ႏိုင္တယ္လို႔ ဒီသီတင္းပတ္ ေစာေစာပိုင္းတုန္းက ခြင့္ေပးလိုက္တာပါ။

အိႏၵိယဟာ ကို႐ိုနာဗိုင္းရပ္စ္ ျပန္႔ပြားမႈကို ထိန္းခ်ဳပ္ဖို႔ မတ္လ ၂၄ ရက္ေန႔ကတည္းက ေလာ့ေဒါင္းခ်ခဲ့ပါတယ္။

လူေတြခရီးသြားခ်င္ရင္ ျပည္နယ္အစိုးရရဲ႕ ခြင့္ျပဳခ်က္ယူရပါတယ္။ခြင့္ျပဳခ်က္မပါဘဲ ျပည္နယ္ခ်င္းကူးတဲ့ နယ္စပ္ကို ျဖတ္ေက်ာ္ခြင့္မရွိပါဘူး။

အခုထြက္ခြာသြားတဲ့ ရထားဟာ တယ္လင္ဂါနာ ျပည္နယ္အစိုးရရဲ႕ ပန္ၾကားခ်က္ေၾကာင့္ အလုပ္သမားေတြအတြက္ သီးသန္႔ အထူးစီစဥ္ေပးလိုက္တဲ့ ရထားလို႔ အိႏၵိယေတာင္ပိုင္း ဗဟိုမီးရထား႐ုံးရဲ႕ လူထုဆက္ဆံေရး အရာရွိ မစၥတာ ရာကက္ရွ္က ဘီဘီစီကို ေျပာပါတယ္။

ရထားဟာ ဟိုက္ျဒာဘတ္ၿမိဳ႕ကေန ေသာၾကာမနက္ပိုင္းမွာ ထြက္ခြာသြားၿပီး ဂ်ာခန္႔ျပည္နယ္ကို စေနမွာေရာက္မွာ ျဖစ္ပါတယ္။

ခရီးသည္ေတြအတြက္ လူမႈအလွမ္းခြာေနထိုင္ဖို႔ လုံေလာက္တဲ့ အက်ယ္အဝန္းစီစဥ္ေပးလိုက္သလို လမ္းမွာစားဖို႔ အစားအေသာက္လည္း ေထာက္ပံ့ေပးလိုက္တယ္လို႔ မစၥတာရာကက္ရွ္က ဆိုပါတယ္။
႐ုတ္တရက္ေလာ့ေဒါင္းလုပ္လိုက္တဲ့အခါ နယ္ကအလုပ္သမားေတြ မျပန္ႏိုင္ၾကဘဲ ပိတ္မိေနခဲ့
ရထားတတြဲမွာ ပုံမွန္ ၇၂ ေယာက္အတြက္ ထိုင္ခုံရွိေပမယ့္ တတြဲကို ၅၄ ေယာက္ႏႈန္းပဲ တင္ေပးလိုက္တယ္လို႔ဆိုပါတယ္။

အိပ္စင္ေတြဆိုရင္ အလယ္စင္ကို အသုံးမျပဳဘဲ သုံးေယာက္ေနရာကို ႏွစ္ေယာက္ပဲ သတ္မွတ္ထားတယ္လို႔ မစၥတာရာကက္ရွ္က ဆိုပါတယ္။

ဘူတာထဲက ရထားမထြက္ခြာမီမွာ ခရီးသည္အားလုံးကို ကိုယ္အပူခ်ိန္တိုင္းတာခဲ့သလို တျခားေရာဂါလကၡဏာေတြ ရွိမရွိလည္း စစ္ေဆးခဲ့ပါတယ္။

သူတို႔အားလုံးဟာ ဟိုက္ျဒာဘတ္ၿမိဳ႕ အိႏၵိယနည္းပညာတကၠသိုလ္မွာ ေဆာက္လုပ္ေရးလုပ္ငန္းလုပ္ကိုင္တဲ့ အလုပ္သမားေတြျဖစ္ၾကပါတယ္။

အလုပ္သမားေတြဟာ လုပ္ငန္းရွင္ ကန္ထ႐ိုက္တာဆီက လခမရလို႔ ေစာေစာပိုင္းတုန္းက ဆႏၵျပခဲ့ၾကပါတယ္။

လုပ္ငန္းရွင္ကို လခထုတ္ေပးဖို႔အျပင္ အျပန္ခရီး အတြက္စီစဥ္ေပးဖို႔ ေတာင္းဆိုခံခဲ့ရတယ္လို႔ အဆင့္ျမင့္အရာရွိတေယာက္ျဖစ္တဲ့ ဟႏုမန္သာေရာင္းကဆိုပါတယ္။

ဒီခရီးစဥ္အတြက္ ျပင္ဆင္ခ်ိန္နည္းနည္းပဲရခဲ့တယ္လို႔ ရဲအရာရွိအကစ္ခ်န္ဒရာရွီကာရက္ဒီက ဘီဘီစီတဲလုဂုဌာနကိုေျပာပါတယ္။

အလုပ္သမားတန္းလ်ားမွာ သူတို႔ကိုစစ္ေဆးၿပီး ဘူတာ႐ုံကို ဘတ္စ္ကားနဲ႔ပို႔ခဲ့တာပါလို႔ သူကဆိုပါတယ္။

အိႏၵိယႏိုင္ငံမွာ ျပည္တြင္းေ႐ႊ႕ေျပာင္းအလုပ္သမားေတြဟာ ၿမိဳ႕ျပစီးပြားေရးရဲ႕ ပင္မေက်ာ႐ိုးႀကီး ျဖစ္ပါတယ္။

ေဆာက္လုပ္ေရးလုပ္ငန္း၊ စားေသာက္ဆိုင္၊ ပစၥည္းအစားအေသာက္ပို႔ေဆာင္ေရး၊ ေမာ္ေတာ္ကားထုတ္လုပ္ေရး၊ ပိုက္ျပင္ပိုက္ဆက္လုပ္ငန္း၊ သတင္းစာပို႔လုပ္ငန္းနဲ႔ လုပ္ငန္းေတာ္ေတာ္မ်ားမ်ားမွာ နယ္ကလူေတြ ဝင္ေရာက္လုပ္ကိုင္ေနၾကတာျဖစ္ပါတယ္။
ဘူတာမပို႔ခင္ အဖ်ားတိုင္းတာေတြ၊ ေရာဂါလကၡဏာရွိမရွိ စစ္ေဆးတာေတြလုပ္ခဲ့
ျပည္တြင္းေ႐ႊ႕ေျပာင္းအလုပ္သမား သန္း ၁၀၀ ေလာက္ထဲက အမ်ားစုဟာ ညစ္ပတ္ႏုံခ်ာတဲ့ေနရာေတြမွာ ေနထိုင္ၾကရတာ ျဖစ္ပါတယ္။

လုပ္ငန္းေတြ ေန႔ခ်င္းညခ်င္း ပိတ္သြားၾကေတာ့ အလုပ္သမားအမ်ားအျပားဟာ ထမင္းငတ္မွာကို ပူပန္ခဲ့ၾကပါတယ္။

ကားလိုင္းနဲ႔ မီးရထားေတြ ႐ုတ္တရက္ ပိတ္သြားတဲ့အတြက္ အလုပ္သမား အမ်ားအျပားဟာ သူတို႔႐ြာေတြ ျပန္ဖို႔ မိုင္ေပါင္းမ်ားစြာ လမ္းေလွ်ာက္ခဲ့ၾကရပါတယ္။

လမ္းမွာတြင္ လူတခ်ိဳ႕ေသဆုံးတာေတာင္ရွိခဲ့ပါတယ္။

တခ်ိဳ႕ျပည္နယ္အစိုးရေတြက လိုင္းကားေတြစီစဥ္ေပးပါတယ္။ ဒါေပမယ့္ ကားအလုံအေလာက္ မရၾကပါဘူး။

ေသာင္းနဲ႔ခ်ီတဲ့ တျခားအလုပ္သမားေတြဟာ သီးျခားခြဲထားတဲ့ ကြာရန္တင္းစခန္းေတြနဲ႔ နားေနခန္းတခ်ိဳ႕မွာ ေနၾကရပါတယ္။

BBC Burmese
-------------------------------------------
(Unicode)⤵⤵⤵
ပိတ်မိအလုပ်သမားတွေအတွက် အိန္ဒိယ ပထဆုံး အထူးရထားစဆွဲ

နိုင်ငံလုံးကျွတ်လော့ဒေါင်းကြောင့်ပိတ်မိခဲ့တဲ့ ရွှေ့ပြောင်းလုပ်သားတွေဟာ အိန္ဒိယတောင်ပိုင်း တယ်လင်ဂါနာပြည်နယ်ကနေ ပထမဆုံးရထားကြီးနဲ့ ထွက်ခွာလာကြပါပြီ။

ရထားတွဲ ၂၄ တွဲပါတဲ့ ရထားကြီးဟာ ခရီးသည် ၁၂၀၀ ကိုတင်ဆောင်ပြီး အရှေ့ပိုင်း ဂျာခန့်ပြည်နယ်အထိ ဘယ်ဘူတာမှ မနားဘဲ တိုက်ရိုက်ခုတ်မောင်းနေပါတယ်။

လော့ဒေါင်းကြောင့် ပိတ်မိနေတဲ့ သန်းနဲ့ချီတဲ့လူတွေဟာ ကိုယ့်ရပ်ရွာကို ပြန်နိုင်တယ်လို့ ဒီသီတင်းပတ် စောစောပိုင်းတုန်းက ခွင့်ပေးလိုက်တာပါ။

အိန္ဒိယဟာ ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှုကို ထိန်းချုပ်ဖို့ မတ်လ ၂၄ ရက်နေ့ကတည်းက လော့ဒေါင်းချခဲ့ပါတယ်။

လူတွေခရီးသွားချင်ရင် ပြည်နယ်အစိုးရရဲ့ ခွင့်ပြုချက်ယူရပါတယ်။ခွင့်ပြုချက်မပါဘဲ ပြည်နယ်ချင်းကူးတဲ့ နယ်စပ်ကို ဖြတ်ကျော်ခွင့်မရှိပါဘူး။

အခုထွက်ခွာသွားတဲ့ ရထားဟာ တယ်လင်ဂါနာ ပြည်နယ်အစိုးရရဲ့ ပန်ကြားချက်ကြောင့် အလုပ်သမားတွေအတွက် သီးသန့် အထူးစီစဉ်ပေးလိုက်တဲ့ ရထားလို့ အိန္ဒိယတောင်ပိုင်း ဗဟိုမီးရထားရုံးရဲ့ လူထုဆက်ဆံရေး အရာရှိ မစ္စတာ ရာကက်ရှ်က ဘီဘီစီကို ပြောပါတယ်။

ရထားဟာ ဟိုက်ဒြာဘတ်မြို့ကနေ သောကြာမနက်ပိုင်းမှာ ထွက်ခွာသွားပြီး ဂျာခန့်ပြည်နယ်ကို စနေမှာရောက်မှာ ဖြစ်ပါတယ်။

ခရီးသည်တွေအတွက် လူမှုအလှမ်းခွာနေထိုင်ဖို့ လုံလောက်တဲ့ အကျယ်အဝန်းစီစဉ်ပေးလိုက်သလို လမ်းမှာစားဖို့ အစားအသောက်လည်း ထောက်ပံ့ပေးလိုက်တယ်လို့ မစ္စတာရာကက်ရှ်က ဆိုပါတယ်။

ရထားတတွဲမှာ ပုံမှန် ၇၂ ယောက်အတွက် ထိုင်ခုံရှိပေမယ့် တတွဲကို ၅၄ ယောက်နှုန်းပဲ တင်ပေးလိုက်တယ်လို့ဆိုပါတယ်။

အိပ်စင်တွေဆိုရင် အလယ်စင်ကို အသုံးမပြုဘဲ သုံးယောက်နေရာကို နှစ်ယောက်ပဲ သတ်မှတ်ထားတယ်လို့ မစ္စတာရာကက်ရှ်က ဆိုပါတယ်။

ဘူတာထဲက ရထားမထွက်ခွာမီမှာ ခရီးသည်အားလုံးကို ကိုယ်အပူချိန်တိုင်းတာခဲ့သလို တခြားရောဂါလက္ခဏာတွေ ရှိမရှိလည်း စစ်ဆေးခဲ့ပါတယ်။

သူတို့အားလုံးဟာ ဟိုက်ဒြာဘတ်မြို့ အိန္ဒိယနည်းပညာတက္ကသိုလ်မှာ ဆောက်လုပ်ရေးလုပ်ငန်းလုပ်ကိုင်တဲ့ အလုပ်သမားတွေဖြစ်ကြပါတယ်။

အလုပ်သမားတွေဟာ လုပ်ငန်းရှင် ကန်ထရိုက်တာဆီက လခမရလို့ စောစောပိုင်းတုန်းက ဆန္ဒပြခဲ့ကြပါတယ်။

လုပ်ငန်းရှင်ကို လခထုတ်ပေးဖို့အပြင် အပြန်ခရီး အတွက်စီစဉ်ပေးဖို့ တောင်းဆိုခံခဲ့ရတယ်လို့ အဆင့်မြင့်အရာရှိတယောက်ဖြစ်တဲ့ ဟနုမန်သာရောင်းကဆိုပါတယ်။

ဒီခရီးစဉ်အတွက် ပြင်ဆင်ချိန်နည်းနည်းပဲရခဲ့တယ်လို့ ရဲအရာရှိအကစ်ချန်ဒရာရှီကာရက်ဒီက ဘီဘီစီတဲလုဂုဌာနကိုပြောပါတယ်။

အလုပ်သမားတန်းလျားမှာ သူတို့ကိုစစ်ဆေးပြီး ဘူတာရုံကို ဘတ်စ်ကားနဲ့ပို့ခဲ့တာပါလို့ သူကဆိုပါတယ်။

အိန္ဒိယနိုင်ငံမှာ ပြည်တွင်းရွှေ့ပြောင်းအလုပ်သမားတွေဟာ မြို့ပြစီးပွားရေးရဲ့ ပင်မကျောရိုးကြီး ဖြစ်ပါတယ်။

ဆောက်လုပ်ရေးလုပ်ငန်း၊ စားသောက်ဆိုင်၊ ပစ္စည်းအစားအသောက်ပို့ဆောင်ရေး၊ မော်တော်ကားထုတ်လုပ်ရေး၊ ပိုက်ပြင်ပိုက်ဆက်လုပ်ငန်း၊ သတင်းစာပို့လုပ်ငန်းနဲ့ လုပ်ငန်းတော်တော်များများမှာ နယ်ကလူတွေ ဝင်ရောက်လုပ်ကိုင်နေကြတာဖြစ်ပါတယ်။

ပြည်တွင်းရွှေ့ပြောင်းအလုပ်သမား သန်း ၁၀၀ လောက်ထဲက အများစုဟာ ညစ်ပတ်နုံချာတဲ့နေရာတွေမှာ နေထိုင်ကြရတာ ဖြစ်ပါတယ်။

လုပ်ငန်းတွေ နေ့ချင်းညချင်း ပိတ်သွားကြတော့ အလုပ်သမားအများအပြားဟာ ထမင်းငတ်မှာကို ပူပန်ခဲ့ကြပါတယ်။

ကားလိုင်းနဲ့ မီးရထားတွေ ရုတ်တရက် ပိတ်သွားတဲ့အတွက် အလုပ်သမား အများအပြားဟာ သူတို့ရွာတွေ ပြန်ဖို့ မိုင်ပေါင်းများစွာ လမ်းလျှောက်ခဲ့ကြရပါတယ်။

လမ်းမှာတွင် လူတချို့သေဆုံးတာတောင်ရှိခဲ့ပါတယ်။

တချို့ပြည်နယ်အစိုးရတွေက လိုင်းကားတွေစီစဉ်ပေးပါတယ်။ ဒါပေမယ့် ကားအလုံအလောက် မရကြပါဘူး။

သောင်းနဲ့ချီတဲ့ တခြားအလုပ်သမားတွေဟာ သီးခြားခွဲထားတဲ့ ကွာရန်တင်းစခန်းတွေနဲ့ နားနေခန်းတချို့မှာ နေကြရပါတယ်။

BBC Burmese
https://www.bbc.com/burmese/world-52505722
ပိတ္မိအလုပ္သမားေတြအတြက္ အိႏၵိယ ပထဆုံး အထူးရထားစဆြဲ ပိတ္မိအလုပ္သမားေတြအတြက္ အိႏၵိယ ပထဆုံး အထူးရထားစဆြဲ Reviewed by THITHTOOLWIN on 23:25 Rating: 5
Powered by Blogger.