"ကျွန်တော်မြင်သမျှ မီးတောက်တွေချည်းပဲ" ပါကစ္စတန်လေယာဉ်က အသင်ရှင်လွတ်မြောက်သူ

လူနေထူထပ်တဲ့ ရပ်ကွက်ထဲ လေယာဉ်ပျက်ကျခဲ့
(Unicode)⤵⤵⤵
ပါကစ္စတန်နိုင်ငံ ကရာချိမြို့က သောကြာနေ့ လေယာဉ်ပျက်ကျမှုမှာ ၉၇ ဦးသေဆုံးပြီး လူနှစ်ဦး အသက်ရှင်လွတ်မြောက်လာပါတယ်။

အရေအတွက် ဘယ်လောက်က လေယာဉ်ပေါ်ကနဲ့ ဘယ်လောက်က ပျက်ကျခဲ့တဲ့ အိမ်တွေက ဆိုတာကို ခွဲခြား မသိရသေးပါဘူး။ သေဆုံးသူ ၁၉ ယောက်ကတော့ ဘယ်သူဘယ်ဝါဆိုတာ သိရပါပြီ။

လေယာဉ်ပျက်ကျမှုကနေ အသက်ရှင် လွတ်မြောက်လာသူ တစ်ယောက်က ပျက်ကျအပြီး သူမြင်ရလိုက်သမျှက မီးတောက်တွေ ချည်းပဲလို့ ပြန်ပြောပြခဲ့ပါတယ်။

မိုဟာမက် ဇူဘီယာက ပါကစ္စတန် နိုင်ငံတကာ လေကြောင်း PIA ရဲ့ Airbus A320 လေယာဉ် လူနေရပ်ကွက်ထဲ ပျက်ကျရာက လွတ်မြောက်လာခဲ့သူပါ။

လေယာဉ်ပျက်ကျရတဲ့ အကြောင်းကိုတော့ မသိရသေးပါဘူး။

လေယာဉ်မပျက်ကျခင်မှာ လေယာဉ်မှူးက စက်ပိုင်းချို့ယွင်းမှု ရှိတယ်လို့ လေကြောင်း ထိန်းသိမ်းရေးကို လှမ်းသတင်းပို့ခဲ့ပါတယ်။

အခုလေယာဉ်ပျက်ကျမှုဟာ ပါကစ္စတန်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပိတ်ဆို့မှုတွေလုပ်ထားတာကို ပြန်ဖွင့်လိုက်အပြီး ရက်ပိုင်းအကြာမှာ ဖြစ်ခဲ့တာပါ။

သူဘယ်လို လွတ်မြောက်လာလဲ

သူ စီးလာတဲ့ လေယာဉ်ခရီးစဉ် PK8303 မှာ ခရီးသည် ၉၁ ယောက်နဲ့ လေယာဉ်ဝန်ထမ်း ၈ ယောက် ပါပါတယ်။

ခရီးသည်တွေထဲမှာ တနင်္ဂနွေနေ့မှာ ကျင်းပမယ့် အိဒ် ပွဲတော်အတွက် လာဟိုးမြို့ကနေ လိုက်လာကြတဲ့ မိသားစုတွေ အများကြီး ပါပါတယ်။

သူ့လေယာဉ်က ကရာချိမှာ လေယာဉ်တွေ အတက်အဆင်းများတဲ့ ဂျင်းနားလေဆိပ်ကို ဒေသအချိန် နေ့လယ် ၂ နာရီ ခွဲလောက်မှာ ဆင်းဖို့လုပ်ခဲ့ပါတယ်။

လေယာဉ်က ကွင်းကို ဆင်းဖို့ ပြင်ဆင်နေပြီ ဖြစ်ပြီး အဲဒီနောက် ၁၀-၁၅ မိနစ် လောက် အကြာမှာ ပျက်ကျခဲ့ပါတယ်။

သူကတော့ ဒဏ်ာရာ နည်းနည်းပါးပါးပဲ ရခဲ့ပါတယ်။

"လေယာဉ်ဒီလို ပျက်ကျမယ်လို့ ဘယ်သူမှ မထင်ဘူး။ လေယာဉ်က ချောချောမောမောပဲ မောင်းလာခဲ့တာ" လို့ သူက ပြောပါတယ်

လေယာဉ်ပျက်ကျပြီးတော့ သူ သတိမေ့သွားပါတယ်။
အရေးပေါ်ကယ်ဆယ်ရေးနဲ့ စစ်တပ် ကယ်ဆယ်ရေးလုပ်
သူပြန်သတိရတော့ "ကျွန်တော့် ဘေးမှာ အော်သံတွေ ဝိုင်းနေတာ ကြားတယ်။ ကလေးသံတွေ၊ လူကြီးသံတွေ။ ကျွန်တော် မြင်သမျှကတော့ မီးတွေချည်းပဲ။ လူတွေတော့ တစ်ယောက်မှ မမြင်ရဘူး။ သူတို့ အော်သံတွေကိုပဲ ကြားရတာ" လို့ သူက ပြောပါတယ်။

"ကျွန်တော့် ခါးပတ်ကို ဖြုတ်လိုက်တယ်။ ပြီးတော့ အလင်းရောင်လေး နည်းနည်း မြင်ရလာတယ်။ အဲဒီနေရာကို ထွက်လာလိုက်တယ်။ ပြီးတော့ အဲဒီကနေ ကျွန်တော် ၁၀ ပေ လောက် ခုန်ချလိုက်ပြီး လွတ်လာတာ" လို့ သူက ဆက်ပြောပါတယ်။

လေယာဉ်ဘယ်လို ပျက်ကျခဲ့လဲ

ဆင်းခါနီး လေယာဉ်က Model Colony လူနေ ရပ်ကွက်ထဲ ပျက်ကျခဲ့တာပါ။ တီဗီမြင်ကွင်းတွေထဲမှာတော့ လူနေထူထပ်တဲ့ ရပ်ကွက်ထဲ ပျက်ကျခဲ့တဲ့ လေယာဉ်အပိုင်းအစတွေကြားထဲ ကယ်ဆယ်ရေးတွေ လုပ်နေတာ တွေ့ရပါတယ်။ ကားတွေလည်း မီးလောင်နေတာ တွေ့ရပါတယ်။

မျက်မြင်တစ်ဦးဖြစ်တဲ့ မိုဟာမက် ဦဇီယာကတော့ ဧရာမ အသံကျယ်ကြီးကို သူကြားလိုက်ရလို့ အိမ်အပြင်ကို ထွက်ကြည့်ခဲ့တယ်လို့ ပြောပါတယ်။

"အိမ်လေးလုံးလောက် လုံးဝ ပြိုကျသွားတာတွေ့တယ်။ အဲဒီမှာ မီးတောက်ကြီးတွေနဲ့ မီးခိုးလုံးကြီးတွေ ဖြစ်ကုန်ပြီ " လို့ သူက ပြောပါတယ်။

"သူတို့တွေကို သိပါတယ်။ ဘယ်လောက်တောင် ချောက်ချားသွားတယ်ဆိုတာ ပြောမပြတတ်အောင်ပဲ"လို့ သူက ပြောပါတယ်။

ပါကစ္စတန် ဝန်ကြီးချုပ်က ဒီလေယာဉ်ပျက်ကျမှုအတွက် အင်မတန် စိတ်မကောင်း ဖြစ်မိကြောင်းနဲ့ ပျက်ကျရတဲ့ အကြောင်း စုံစမ်းရေး ချက်ချင်းလုပ်ဖို့ ပြောထားပါတယ်။

ဒီလေယာဉ်က PIA လေကြောင်းကို ၂၀၀၄ ခုနှစ်မှာ ရောက်လာပြီး ပျံသန်းရေး ကြံ့ခိုင်မှု နှစ်စဉ်အစစ်ဆေးခံယူမှုကို ပြီးခဲ့တဲ့နှစ် နိုဝင်ဘာမှာ အောင်မြင်ထားပါတယ်။

ပါကစ္စတန် လေယာဉ်မှူးများ အသင်း Palpa ကတော့ အစိုးရ စုံစမ်းစစ်ဆေးရေးကို အယုံအကြည်မရှိဘဲ နိုင်ငံတကာ စုံစမ်းစစ်ဆေးရေးတွေ စုံစမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်ဖို့ တောင်းဆိုထားပါတယ်။

ပါကစ္စတန် လေကြောင်းမတော်တဆမှု မှတ်တမ်း

ပါကစ္စတန် လေကြောင်းသမိုင်းမှာ လူအများဆုံးသေဆုံးခဲ့တဲ့ လေယာဉ်မတော်တဆမှုက ၂၀၁၀ တုန်းက ဖြစ်ခဲ့တာပါ။ ပုဂ္ဂလိက လေကြောင်းလိုင်း Airblue က လေယာဉ်တစ်စင်း ပျက်ကျခဲ့ပြီး လေယာဉ်ပေါ်ပါ လူ ၁၅၂ ဦး သေဆုံးခဲ့ပါတယ်။

၂၀၁၂ မှာတော့ ဘိုဂျာလေကြောင်းက ဘိုးအင်း 737-200 လေယာဉ်တစ်စင်း ပျက်ကျခဲ့ပြီး လေယာဉ်ဝန်ထမ်း ခြောက်ဦးနဲ့ ခရီးသည် ၁၂၁ ဦး သေဆုံးခဲ့ပါတယ်။

၂၀၁၆ မှာ အခုပျက်ကျတဲ့ PAI လေကြောင်းက လေယာဉ်တစ်စင်း ပျံသန်းနေစဉ် မီးလောင်ပြီး လူ ၄၇ ဦး သေဆုံးခဲ့ပါတယ်။

BBC Burmese
-------------------------------------------
(Zawgyi)⤵⤵⤵
"ကြၽန္ေတာ္ျမင္သမွ် မီးေတာက္ေတြခ်ည္းပဲ" ပါကစၥတန္ေလယာဥ္က အသင္ရွင္လြတ္ေျမာက္သူ

ပါကစၥတန္ႏိုင္ငံ ကရာခ်ိၿမိဳ႕က ေသာၾကာေန႔ ေလယာဥ္ပ်က္က်မႈမွာ ၉၇ ဦးေသဆုံးၿပီး လူႏွစ္ဦး အသက္ရွင္လြတ္ေျမာက္လာပါတယ္။

အေရအတြက္ ဘယ္ေလာက္က ေလယာဥ္ေပၚကနဲ႔ ဘယ္ေလာက္က ပ်က္က်ခဲ့တဲ့ အိမ္ေတြက ဆိုတာကို ခြဲျခား မသိရေသးပါဘူး။ ေသဆုံးသူ ၁၉ ေယာက္ကေတာ့ ဘယ္သူဘယ္ဝါဆိုတာ သိရပါၿပီ။

ေလယာဥ္ပ်က္က်မႈကေန အသက္ရွင္ လြတ္ေျမာက္လာသူ တစ္ေယာက္က ပ်က္က်အၿပီး သူျမင္ရလိုက္သမွ်က မီးေတာက္ေတြ ခ်ည္းပဲလို႔ ျပန္ေျပာျပခဲ့ပါတယ္။

မိုဟာမက္ ဇူဘီယာက ပါကစၥတန္ ႏိုင္ငံတကာ ေလေၾကာင္း PIA ရဲ႕ Airbus A320 ေလယာဥ္ လူေနရပ္ကြက္ထဲ ပ်က္က်ရာက လြတ္ေျမာက္လာခဲ့သူပါ။

ေလယာဥ္ပ်က္က်ရတဲ့ အေၾကာင္းကိုေတာ့ မသိရေသးပါဘူး။

ေလယာဥ္မပ်က္က်ခင္မွာ ေလယာဥ္မႉးက စက္ပိုင္းခ်ိဳ႕ယြင္းမႈ ရွိတယ္လို႔ ေလေၾကာင္း ထိန္းသိမ္းေရးကို လွမ္းသတင္းပို႔ခဲ့ပါတယ္။

အခုေလယာဥ္ပ်က္က်မႈဟာ ပါကစၥတန္မွာ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ပိတ္ဆို႔မႈေတြလုပ္ထားတာကို ျပန္ဖြင့္လိုက္အၿပီး ရက္ပိုင္းအၾကာမွာ ျဖစ္ခဲ့တာပါ။

သူဘယ္လို လြတ္ေျမာက္လာလဲ

သူ စီးလာတဲ့ ေလယာဥ္ခရီးစဥ္ PK8303 မွာ ခရီးသည္ ၉၁ ေယာက္နဲ႔ ေလယာဥ္ဝန္ထမ္း ၈ ေယာက္ ပါပါတယ္။

ခရီးသည္ေတြထဲမွာ တနဂၤေႏြေန႔မွာ က်င္းပမယ့္ အိဒ္ ပြဲေတာ္အတြက္ လာဟိုးၿမိဳ႕ကေန လိုက္လာၾကတဲ့ မိသားစုေတြ အမ်ားႀကီး ပါပါတယ္။

သူ႔ေလယာဥ္က ကရာခ်ိမွာ ေလယာဥ္ေတြ အတက္အဆင္းမ်ားတဲ့ ဂ်င္းနားေလဆိပ္ကို ေဒသအခ်ိန္ ေန႔လယ္ ၂ နာရီ ခြဲေလာက္မွာ ဆင္းဖို႔လုပ္ခဲ့ပါတယ္။

ေလယာဥ္က ကြင္းကို ဆင္းဖို႔ ျပင္ဆင္ေနၿပီ ျဖစ္ၿပီး အဲဒီေနာက္ ၁၀-၁၅ မိနစ္ ေလာက္ အၾကာမွာ ပ်က္က်ခဲ့ပါတယ္။

သူကေတာ့ ဒဏ္ာရာ နည္းနည္းပါးပါးပဲ ရခဲ့ပါတယ္။

"ေလယာဥ္ဒီလို ပ်က္က်မယ္လို႔ ဘယ္သူမွ မထင္ဘူး။ ေလယာဥ္က ေခ်ာေခ်ာေမာေမာပဲ ေမာင္းလာခဲ့တာ" လို႔ သူက ေျပာပါတယ္

ေလယာဥ္ပ်က္က်ၿပီးေတာ့ သူ သတိေမ့သြားပါတယ္။

သူျပန္သတိရေတာ့ "ကြၽန္ေတာ့္ ေဘးမွာ ေအာ္သံေတြ ဝိုင္းေနတာ ၾကားတယ္။ ကေလးသံေတြ၊ လူႀကီးသံေတြ။ ကြၽန္ေတာ္ ျမင္သမွ်ကေတာ့ မီးေတြခ်ည္းပဲ။ လူေတြေတာ့ တစ္ေယာက္မွ မျမင္ရဘူး။ သူတို႔ ေအာ္သံေတြကိုပဲ ၾကားရတာ" လို႔ သူက ေျပာပါတယ္။

"ကြၽန္ေတာ့္ ခါးပတ္ကို ျဖဳတ္လိုက္တယ္။ ၿပီးေတာ့ အလင္းေရာင္ေလး နည္းနည္း ျမင္ရလာတယ္။ အဲဒီေနရာကို ထြက္လာလိုက္တယ္။ ၿပီးေတာ့ အဲဒီကေန ကြၽန္ေတာ္ ၁၀ ေပ ေလာက္ ခုန္ခ်လိုက္ၿပီး လြတ္လာတာ" လို႔ သူက ဆက္ေျပာပါတယ္။

ေလယာဥ္ဘယ္လို ပ်က္က်ခဲ့လဲ

ဆင္းခါနီး ေလယာဥ္က Model Colony လူေန ရပ္ကြက္ထဲ ပ်က္က်ခဲ့တာပါ။ တီဗီျမင္ကြင္းေတြထဲမွာေတာ့ လူေနထူထပ္တဲ့ ရပ္ကြက္ထဲ ပ်က္က်ခဲ့တဲ့ ေလယာဥ္အပိုင္းအစေတြၾကားထဲ ကယ္ဆယ္ေရးေတြ လုပ္ေနတာ ေတြ႕ရပါတယ္။ ကားေတြလည္း မီးေလာင္ေနတာ ေတြ႕ရပါတယ္။

မ်က္ျမင္တစ္ဦးျဖစ္တဲ့ မိုဟာမက္ ဦဇီယာကေတာ့ ဧရာမ အသံက်ယ္ႀကီးကို သူၾကားလိုက္ရလို႔ အိမ္အျပင္ကို ထြက္ၾကည့္ခဲ့တယ္လို႔ ေျပာပါတယ္။

"အိမ္ေလးလုံးေလာက္ လုံးဝ ၿပိဳက်သြားတာေတြ႕တယ္။ အဲဒီမွာ မီးေတာက္ႀကီးေတြနဲ႔ မီးခိုးလုံးႀကီးေတြ ျဖစ္ကုန္ၿပီ " လို႔ သူက ေျပာပါတယ္။

"သူတို႔ေတြကို သိပါတယ္။ ဘယ္ေလာက္ေတာင္ ေခ်ာက္ခ်ားသြားတယ္ဆိုတာ ေျပာမျပတတ္ေအာင္ပဲ"လို႔ သူက ေျပာပါတယ္။

ပါကစၥတန္ ဝန္ႀကီးခ်ဳပ္က ဒီေလယာဥ္ပ်က္က်မႈအတြက္ အင္မတန္ စိတ္မေကာင္း ျဖစ္မိေၾကာင္းနဲ႔ ပ်က္က်ရတဲ့ အေၾကာင္း စုံစမ္းေရး ခ်က္ခ်င္းလုပ္ဖို႔ ေျပာထားပါတယ္။

ဒီေလယာဥ္က PIA ေလေၾကာင္းကို ၂၀၀၄ ခုႏွစ္မွာ ေရာက္လာၿပီး ပ်ံသန္းေရး ႀကံ့ခိုင္မႈ ႏွစ္စဥ္အစစ္ေဆးခံယူမႈကို ၿပီးခဲ့တဲ့ႏွစ္ ႏိုဝင္ဘာမွာ ေအာင္ျမင္ထားပါတယ္။

ပါကစၥတန္ ေလယာဥ္မႉးမ်ား အသင္း Palpa ကေတာ့ အစိုးရ စုံစမ္းစစ္ေဆးေရးကို အယုံအၾကည္မရွိဘဲ ႏိုင္ငံတကာ စုံစမ္းစစ္ေဆးေရးေတြ စုံစမ္းေရးလုပ္ငန္းစဥ္မွာ ပါဝင္ဖို႔ ေတာင္းဆိုထားပါတယ္။

ပါကစၥတန္ ေလေၾကာင္းမေတာ္တဆမႈ မွတ္တမ္း

ပါကစၥတန္ ေလေၾကာင္းသမိုင္းမွာ လူအမ်ားဆုံးေသဆုံးခဲ့တဲ့ ေလယာဥ္မေတာ္တဆမႈက ၂၀၁၀ တုန္းက ျဖစ္ခဲ့တာပါ။ ပုဂၢလိက ေလေၾကာင္းလိုင္း Airblue က ေလယာဥ္တစ္စင္း ပ်က္က်ခဲ့ၿပီး ေလယာဥ္ေပၚပါ လူ ၁၅၂ ဦး ေသဆုံးခဲ့ပါတယ္။

၂၀၁၂ မွာေတာ့ ဘိုဂ်ာေလေၾကာင္းက ဘိုးအင္း 737-200 ေလယာဥ္တစ္စင္း ပ်က္က်ခဲ့ၿပီး ေလယာဥ္ဝန္ထမ္း ေျခာက္ဦးနဲ႔ ခရီးသည္ ၁၂၁ ဦး ေသဆုံးခဲ့ပါတယ္။

၂၀၁၆ မွာ အခုပ်က္က်တဲ့ PAI ေလေၾကာင္းက ေလယာဥ္တစ္စင္း ပ်ံသန္းေနစဥ္ မီးေလာင္ၿပီး လူ ၄၇ ဦး ေသဆုံးခဲ့ပါတယ္။

BBC Burmese
https://www.bbc.com/burmese/world-52783974
"ကျွန်တော်မြင်သမျှ မီးတောက်တွေချည်းပဲ" ပါကစ္စတန်လေယာဉ်က အသင်ရှင်လွတ်မြောက်သူ "ကျွန်တော်မြင်သမျှ မီးတောက်တွေချည်းပဲ" ပါကစ္စတန်လေယာဉ်က အသင်ရှင်လွတ်မြောက်သူ Reviewed by THITHTOOLWIN on 21:08 Rating: 5
Powered by Blogger.