စစ္သေဘၤာေပၚ ႐ိုက္ႏွက္ခံရသူေတြ တရား႐ံုးထုတ္

စစ္သေဘၤာေပၚ ႏွိပ္စက္ခံရသူမ်ား စစ္ေတြတရား႐ံုးထုတ္ျမင္ကြင္း (ဓာတ္ပံု - Courtesy)
[Zawgyi/Unicode]

လူမႈကြန္ယက္ေတြေပၚမွာ ေတြ႔ခဲ့ၾကရတဲ့ တပ္မေတာ္သေဘၤာေပၚ ႏိွပ္စက္ခံရသူ ပုဏၰားကၽြန္းၿမိဳ႕နယ္ ေက်ာက္ဆိပ္ေဒသခံ ငါး ဦး ကို ဒီကေန႔မွာ စစ္ေတြခရိုင္တရားရံုးမွာ ရံုးထုတ္ခဲ့တာကို ဗီြအိုေအ ျမန္မာပိုင္းသတင္းေထာက္ ကိုသက္ႏိုင္က ေျပာျပပါမယ္။

တပ္မေတာ္ဘက္က ဖမ္းဆီးထားတဲ့ ပုဏၰားကၽြန္းၿမိဳ႕နယ္ ေက်ာက္ဆိပ္ေဒသခံ ငါး ဦး ကို ဒီကေန႔မွာ စစ္ေတြခရိုင္ တရားရံုးမွာ ရံုးထုတ္ခဲ့ၿပီး ဖမ္းဆီးခံထားရသူေတြမွာ ရိုက္ႏွိက္ထားရတဲ့ ဒဏ္ရာေတြ မေပ်ာက္ေသးဘူးလို႔ ဖမ္းဆီးခံထားရတဲ့ ဦးမင္းစိုးရဲ႕မိသားစုဝင္ ကိုစိုးဝင္းက ေျပာပါတယ္။

"ရံုးထုတ္တာ ဟုတ္တယ္။ က်ေနာ္တို႔အခု စစ္ေတြေရာက္ေနတယ္။ ရံုးထုတ္တာနဲ႔ ပတ္သတ္ၿပီးလည္း သူတို႔က တိတိက်က် ဘာမွက်ေနာ္တို႔ကို ေျပာတာမရွိဘူး။ သူတို႔မေျပာႏိုင္တာလား မေျပာခ်င္တာလားေတာ့ က်ေနာ္တို႔လည္း မသိဘူး။ က်န္းမာေရးအေျခအေနကေတာ့ သက္သာတဲ့သူက သက္သာတယ္။ သေဘၤာေပၚမွာ ရိုက္ႏွိက္ခံထားရတဲ့ ဒဏ္ရာေတြကေတာ့ အမာရြက္ေတြ က်န္ေနတယ္။"

ေက်ာက္ဆိပ္ေဒသခံ ငါး ဦးကို တပ္မေတာ္ေရယာဥ္ေပၚမွာ ရိုက္နက္ေနတဲ့ ဗီြဒီယိုဖိုင္ အင္တာနက္လူမႈကြန္ယက္ ေပၚမွာ ပ်ံ ႔ႏွ႔ံလာတဲ့ ေနာက္ပိုင္းမွာ တပ္ဘက္ကလည္း သူတို႔လုပ္တာ မွန္ကန္ေၾကာင္းေျပာဆိုထားၿပီး ရိုက္ႏွက္သူေတြကို အေရးယူႏိုင္ဖို႔ တပ္မေတာ္ဘက္က စံုစမ္းစစ္ေဆးေနတယ္လို႔လည္း ေျပာဆိုထားပါတယ္။

ဖမ္းဆီးခံထားရတဲ့ ေက်ာက္ဆိပ္ေဒသခံ ငါး ဦးဟာ AA နဲ႔ ဆက္စပ္ေနတဲ့ အမာခံေတြ ျဖစ္ၿပီး သူတို႔ကို စစ္ေတြမွာ တရားစြဲဆိုႏိုင္ဖို႔ လုပ္ေနတယ္လို႔လည္း ဒီကေန႔ က်င္းပျပဳလုပ္တဲ့ တပ္မေတာ္သတင္းစာရွင္းလင္းပြဲမွာ ဗိုလ္မွဴးခ်ဳပ္ ေဇာ္မင္းထြန္းက ေျပာဆိုသြားပါတယ္။

"ဒါသည္ AA နဲ႔ဆက္စပ္ေနတဲ့ အမာခံ ငါးေယာက္ကို စစ္ေတြမွာ တရားစြဲဆိုႏိုင္ဖို႔ ၿပီးရင္ ထပ္မံစစ္ေဆးႏိုင္ဖို႔ ဒါသည္ စစ္ေရယာဥ္ေပၚမွာ ျဖစ္တဲ့ အေၾကာင္းအရာျဖစ္တာေၾကာင့္ ျဖစ္စဥ္ျဖစ္ရပ္အမွန္အတိုင္း က်ေနာ္တို႔ သတင္းထုတ္ျပန္ခဲ့တယ္။"

ဖမ္းဆီးခံထားရတဲ့ မိသားစုဝင္ေတြကေတာ့ ဖမ္းဆီးခံထားရသူေတြမွာ အျပစ္မရွိတာေၾကာင့္ သူတို႔ရဲ႕ အမႈကို တရားမွ်တစြာ ေဆာင္ရြက္ေပးဖို႔လိုတယ္လို႔ ဖမ္းဆီးခံထားရတဲ့ ဦးမင္းစိုးရဲ႕မိသားစုဝင္ ကိုစိုးဝင္းက ေျပာပါတယ္။

"အမႈကိုလည္း တရားမွ်မွ်တတနဲ႔ ေသခ်ာေဆာင္ရြက္ေပးေစခ်င္ပါတယ္။"

လက္ရွိအခ်ိန္မွာ ေက်ာက္ဆိပ္ေက်းရြာက ဖမ္းဆီးခံထားရသူ ငါး ဦးကို ဘယ္လိုဥပေဒပုဒ္မနဲ႔ တရားစဲြထားတယ္ဆိုတာ အေသးစိတ္မသိရေသးေပမဲ့ သူတို႔ကို လာမယ့္ ေမလ ၂၆ ရက္ေန႔မွာ ထပ္မံ ရံုးထုတ္စစ္ေဆးမယ္လို႔ ကိုစိုးဝင္းက ေျပာပါတယ္။

ရခိုင္ေျမာက္ပိုင္းမွာ ၂၀၁၉ ေဖေဖာ္ဝါရီ ကေန ၂၀၂၀ ခုႏွစ္ မတ္လ ၂၀ ရက္ေန႔အထိ ၿမိဳ႕နယ္ ၁၃ ခုမွာ အၾကမ္းဖက္ တိုက္ဖ်က္ေရးဥပေဒနဲ႔ အေရးယူခံထားရတဲ့ အမႈေပါင္း ၁၀၉ မႈ ရွိတယ္လို႔ ရခိုင္ျပည္နယ္ ဥပေဒခ်ဳပ္က ေျပာဆိုထားပါတယ္။

တပ္မေတာ္သတင္းစာ ရွင္းလင္းပဲြမွာေတာ့ AA အဖဲြ႕ကို အၾကမ္းဖက္အဖဲြ႔အျဖစ္ သတ္မွတ္ေျကညာျပီးတဲ့ ေနာက္ပို္င္းမွာ AA ဟာ အၾကမ္းဖက္လုပ္ရပ္ေတြ ပိုၿပီးက်ဴးလြန္လာတာမို႔ ေဒသတြင္း တိုက္ပဲြေတြ ပိုျဖစ္လာတာလို႔ ေျဖရွင္းထားပါတယ္။

လက္ရွိအခ်ိန္ထိ ရခိုင္ေျမာက္ပိုင္းနဲ႔ ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္ေတြမွာတိုက္ပြဲေတြ ျပင္းထန္ေနၿပီး တိုက္ပြဲအတြင္းမွာ အရပ္သား ဖမ္းဆီးခံရတာေတြလည္း အမ်ားအျပားရွိေနပါတယ္။

သက္ႏိုင္ / ဗြီအိုေအ (ျမန္မာပုိင္း)
--------------------------------------
[Unicode Version]

စစ်သင်္ဘောပေါ် ရိုက်နှက်ခံရသူတွေ တရားရုံးထုတ်

လူမှုကွန်ယက်တွေပေါ်မှာ တွေ့ခဲ့ကြရတဲ့ တပ်မတော်သင်္ဘောပေါ် နှိပ်စက်ခံရသူ ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်ဒေသခံ ငါး ဦး ကို ဒီကနေ့မှာ စစ်တွေခရိုင်တရားရုံးမှာ ရုံးထုတ်ခဲ့တာကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုသက်နိုင်က ပြောပြပါမယ်။

တပ်မတော်ဘက်က ဖမ်းဆီးထားတဲ့ ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်ဒေသခံ ငါး ဦး ကို ဒီကနေ့မှာ စစ်တွေခရိုင် တရားရုံးမှာ ရုံးထုတ်ခဲ့ပြီး ဖမ်းဆီးခံထားရသူတွေမှာ ရိုက်နှိက်ထားရတဲ့ ဒဏ်ရာတွေ မပျောက်သေးဘူးလို့ ဖမ်းဆီးခံထားရတဲ့ ဦးမင်းစိုးရဲ့မိသားစုဝင် ကိုစိုးဝင်းက ပြောပါတယ်။

"ရုံးထုတ်တာ ဟုတ်တယ်။ ကျနော်တို့အခု စစ်တွေရောက်နေတယ်။ ရုံးထုတ်တာနဲ့ ပတ်သတ်ပြီးလည်း သူတို့က တိတိကျကျ ဘာမှကျနော်တို့ကို ပြောတာမရှိဘူး။ သူတို့မပြောနိုင်တာလား မပြောချင်တာလားတော့ ကျနော်တို့လည်း မသိဘူး။ ကျန်းမာရေးအခြေအနေကတော့ သက်သာတဲ့သူက သက်သာတယ်။ သင်္ဘောပေါ်မှာ ရိုက်နှိက်ခံထားရတဲ့ ဒဏ်ရာတွေကတော့ အမာရွက်တွေ ကျန်နေတယ်။"

ကျောက်ဆိပ်ဒေသခံ ငါး ဦးကို တပ်မတော်ရေယာဉ်ပေါ်မှာ ရိုက်နက်နေတဲ့ ဗွီဒီယိုဖိုင် အင်တာနက်လူမှုကွန်ယက် ပေါ်မှာ ပျံ့နှံ့လာတဲ့ နောက်ပိုင်းမှာ တပ်ဘက်ကလည်း သူတို့လုပ်တာ မှန်ကန်ကြောင်းပြောဆိုထားပြီး ရိုက်နှက်သူတွေကို အရေးယူနိုင်ဖို့ တပ်မတော်ဘက်က စုံစမ်းစစ်ဆေးနေတယ်လို့လည်း ပြောဆိုထားပါတယ်။

ဖမ်းဆီးခံထားရတဲ့ ကျောက်ဆိပ်ဒေသခံ ငါး ဦးဟာ AA နဲ့ ဆက်စပ်နေတဲ့ အမာခံတွေ ဖြစ်ပြီး သူတို့ကို စစ်တွေမှာ တရားစွဲဆိုနိုင်ဖို့ လုပ်နေတယ်လို့လည်း ဒီကနေ့ ကျင်းပပြုလုပ်တဲ့ တပ်မတော်သတင်းစာရှင်းလင်းပွဲမှာ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောဆိုသွားပါတယ်။

"ဒါသည် AA နဲ့ဆက်စပ်နေတဲ့ အမာခံ ငါးယောက်ကို စစ်တွေမှာ တရားစွဲဆိုနိုင်ဖို့ ပြီးရင် ထပ်မံစစ်ဆေးနိုင်ဖို့ ဒါသည် စစ်ရေယာဉ်ပေါ်မှာ ဖြစ်တဲ့ အကြောင်းအရာဖြစ်တာကြောင့် ဖြစ်စဉ်ဖြစ်ရပ်အမှန်အတိုင်း ကျနော်တို့ သတင်းထုတ်ပြန်ခဲ့တယ်။"

ဖမ်းဆီးခံထားရတဲ့ မိသားစုဝင်တွေကတော့ ဖမ်းဆီးခံထားရသူတွေမှာ အပြစ်မရှိတာကြောင့် သူတို့ရဲ့ အမှုကို တရားမျှတစွာ ဆောင်ရွက်ပေးဖို့လိုတယ်လို့ ဖမ်းဆီးခံထားရတဲ့ ဦးမင်းစိုးရဲ့မိသားစုဝင် ကိုစိုးဝင်းက ပြောပါတယ်။

"အမှုကိုလည်း တရားမျှမျှတတနဲ့ သေချာဆောင်ရွက်ပေးစေချင်ပါတယ်။"

လက်ရှိအချိန်မှာ ကျောက်ဆိပ်ကျေးရွာက ဖမ်းဆီးခံထားရသူ ငါး ဦးကို ဘယ်လိုဥပဒေပုဒ်မနဲ့ တရားစွဲထားတယ်ဆိုတာ အသေးစိတ်မသိရသေးပေမဲ့ သူတို့ကို လာမယ့် မေလ ၂၆ ရက်နေ့မှာ ထပ်မံ ရုံးထုတ်စစ်ဆေးမယ်လို့ ကိုစိုးဝင်းက ပြောပါတယ်။

ရခိုင်မြောက်ပိုင်းမှာ ၂၀၁၉ ဖေဖော်ဝါရီ ကနေ ၂၀၂၀ ခုနှစ် မတ်လ ၂၀ ရက်နေ့အထိ မြို့နယ် ၁၃ ခုမှာ အကြမ်းဖက် တိုက်ဖျက်ရေးဥပဒေနဲ့ အရေးယူခံထားရတဲ့ အမှုပေါင်း ၁၀၉ မှု ရှိတယ်လို့ ရခိုင်ပြည်နယ် ဥပဒေချုပ်က ပြောဆိုထားပါတယ်။

တပ်မတော်သတင်းစာ ရှင်းလင်းပွဲမှာတော့ AA အဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ကြေညာပြီးတဲ့ နောက်ပိုင်းမှာ AA ဟာ အကြမ်းဖက်လုပ်ရပ်တွေ ပိုပြီးကျူးလွန်လာတာမို့ ဒေသတွင်း တိုက်ပွဲတွေ ပိုဖြစ်လာတာလို့ ဖြေရှင်းထားပါတယ်။

လက်ရှိအချိန်ထိ ရခိုင်မြောက်ပိုင်းနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာတိုက်ပွဲတွေ ပြင်းထန်နေပြီး တိုက်ပွဲအတွင်းမှာ အရပ်သား ဖမ်းဆီးခံရတာတွေလည်း အများအပြားရှိနေပါတယ်။

သက်နိုင် / ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/trial-rakhine-locals/5431497.html
စစ္သေဘၤာေပၚ ႐ိုက္ႏွက္ခံရသူေတြ တရား႐ံုးထုတ္ စစ္သေဘၤာေပၚ ႐ိုက္ႏွက္ခံရသူေတြ တရား႐ံုးထုတ္ Reviewed by THITHTOOLWIN on 21:00 Rating: 5
Powered by Blogger.