ဟိုက်ဒြောက်ဆီ ကလိုရိုကွင်းကြောင့် သေဆုံးမှုပိုများနိုင်

ဟိုက်ဒြောက်ဆီကလိုရိုကွင်း အာနိသင်နဲ့ ပတ်သက်ပြီး အမြင်အမျိုးမျိုးကွဲပြားခဲ့
(Unicode)⤵⤵⤵
သမ္မတထရမ့်က ကိုဗစ်-၁၉ ကာကွယ်ဖို့ အတွက် သူသောက်နေတယ်လို့ ပြောခဲ့တဲ့ ဟိုက်ဒြောက်ဆီကလိုရိုကွင်းဟာ ရောဂါရှိတဲ့လူနာတွေ အတွက် သေနိုင်တဲ့ အန္တရာယ်ကို ပိုတောင်တိုးစေတယ်လို့ လန်းဆက်ဆေးပညာဂျာနယ်က တွေ့ရှိခဲ့ပါတယ်။

ကိုဗစ်လူနာတွေကို ငှက်ဖျားဆေးဖြစ်တဲ့ ဟိုက်ဒြောက်ဆီကလိုရိုကွင်းနဲ့ကုလို့ ဘာအကျိုးမှ မရှိနိုင်ဘူးလို့ အဲဒီသုတေသနကဆိုပါတယ်။

ကျန်းမာရေးအရာရှိတွေကနှလုံးထိခိုက်နိုင်တယ်လို့ သတိပေးတဲ့ကြားက သမ္မတထရမ့်ဟာ ဟိုက်ဒြောက်ဆီကလိုရိုကွင်း သောက်ခဲ့တယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

သမ္မတထရမ့်ဟာ ဒီဆေးကို ကျန်းမာရေး ပညာရှင်တွေရဲ့ သတိပေးချက်ကို ဆန့်ကျင်ပြီး အကြိမ်ကြိမ် ထောက်ခံပြောဆိုခဲ့ပါတယ်။

ဟိုက်ဒြောက်ဆီကလိုရိုကွင်းဟာ ငှက်ဖျားရောဂါ၊ အရေပြားလေးဖက်နာ၊ အဆစ်အမြစ်လေးဖက်နာရောဂါတွေအတွက် အသုံးပြုရင် ဘေးကင်းပေမယ့် ကိုရိုနာဗိုင်းရပ်စ်အတွက်ကိုတော့ ဘယ်ဆေးသုတေသနကမှ ထောက်ခံချက်ပေးထားတာ မရှိဘူးလို့ လန်းဆက်ဆေးပညာဂျာနယ်မှာ ဖော်ပြပါတယ်။

လန်းဆက်ဂျာနယ်ကလုပ်တဲ့ ဆေးသုတေသနမှာတော့ ကိုရိုနာလူနာ ၉၆၀၀၀ ကိုလေ့လာခဲ့ပါတယ်။ အဲဒီလူနာတွေထဲက ၁၅၀၀၀ ကို ဟိုက်ဒြောက်ဆီကလိုရိုကွင်း၊ သို့မဟုတ် ကလိုရိုကွင်းကို သူတမျိုးတည်း ဒါမှမဟုတ် ပဋိဇီဝဆေးတမျိုးမျိုးနဲ့အတူ တိုက်ပြီး စမ်းသပ်ကုသခဲ့ပါတယ်။
ဟိုက်ဒြောက်ဆီကလိုရိုကွင်းကို သူကိုယ်တိုင် သုံးစွဲနေတယ်လို့ သမ္မတထရမ့်ပြောဆို
အဲဒီဆေးတွေတိုက်ခဲ့တဲ့ လူနာတွေဟာ အသက်ဆုံးရှုံးခြေများပါတယ်။ တခြားလူနာတွေနဲ့ နှိုင်းယှဉ်ရင် နှလုံးခုန်နှုန်းမမှန်တာကိုလည်းတွေ့ရတယ်လို့သုတေသနပြုလေ့လာချက်က ဆိုပါတယ်။

သေဆုံးမှုနှုန်းကို ကြည့်ရင် ဟိုက်ဒြောက်ဆီကလိုရိုကွင်း သောက်သူက ၁၈ ရာနှုန်း၊ ကလိုရိုကွင်းသောက်သူက ၁၆.၄ ရာနှုန်းရှိပြီး၊ အဲဒီဆေးတွေ မသောက်သူအုပ်စုမှာတော့ ၉ ရာနှုန်းသာရှိပါတယ်။ ဟိုက်ဒြောက်ဆီကလိုရိုကွင်း သို့မဟုတ် ကလိုရိုကွင်းကို ပဋိဇီဝဆေးနဲ့ တွဲဖက်တိုက်ကျွေးတဲ့ အုပ်စုမှာ သေဆုံးမှုဟာ သုတေသနတွေ လုပ်မကြည့်ရသေးဘဲ မသုံးသင့်ဘူးလို့ သုတေသီတွေက ဆိုကြပါတယ်။

သမ္မတထရမ့်ကသူ့မှာ ဗိုင်းရပ်စ်ပိုး စမ်းသပ်မတွေ့ရှိခဲ့ပေမယ့် ဟိုက်ဒြောက်ဆီကလိုရိုကွင်းဟာ အကျိုးရှိစေလိမ့်မယ်လို့ ယုံကြည်လို့ သောက်ခဲ့တယ်လို့ ဆိုပါတယ်။

ဟိုက်ဒြောက်ဆီကလိုရိုကွင်းဟာ ကိုဗစ်ကို ကာကွယ်နိုင်ခြင်း ရှိမရှိ စမ်းသပ်မှုတခုကတော့ လုပ်နေဆဲ ဖြစ်ပါတယ်။ အဲဒီစမ်းသပ်မှုမှာတော့ ကိုဗစ်လူနာတွေနဲ့ ထိတွေ့ရတဲ့ ဥရောပ၊ အာဖရိက၊ အာရှ၊ တောင်အမေရိကတို့ရှိ ကျန်းမာရေးဝန်ထမ်း ၄၀၀၀၀ ကျော်ကို ဟိုက်ဒြောက်ဆီကလိုရိုကွင်း တိုက်ကျွေးကြည့်မှာ ဖြစ်ပါတယ်။

အခုလန်းဆက်ဆေးပညာဂျာနယ်ရဲ့ တွေ့ရှိချက်အပေါ်ဘယ်လို သဘောထားပါသလဲလို့ အိမ်ဖြူတော်ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေး အဖွဲ့ရဲ့ ပူးပေါင်းဆက်သွယ်ရေး အရာရှိ ဒေါက်တာဒက်ဘရာဘာ့ခ်စ်ကို မေးရာမှာတော့ အမေရိကန်စားသောက်ကုန်နဲ့ ဆေးဝါးထိန်းချုပ်ရေးအဖွဲ့က ဟိုက်ဒြောက်ဆီကလိုရိုကွင်း အသုံးပြုမှုကို ကာကွယ်မှုအတွက် ဖြစ်စေ ကုသမှုအတွက်ဖြစ်စေ အသုံးပြုတဲ့ အပေါ်စိုးရိမ်ပူပန်ကြောင်း ရှင်းရှင်းလင်းလင်း ပြောထားပြီးသားပါလို့ ဆိုပါတယ်။

BBC Burmese
--------------------------------------------------
(Zawgyi)⤵⤵⤵
ဟိုက္ေျဒာက္ဆီ ကလို႐ိုကြင္းေၾကာင့္ ေသဆုံးမႈပိုမ်ားႏိုင္

သမၼတထရမ့္က ကိုဗစ္-၁၉ ကာကြယ္ဖို႔ အတြက္ သူေသာက္ေနတယ္လို႔ ေျပာခဲ့တဲ့ ဟိုက္ေျဒာက္ဆီကလို႐ိုကြင္းဟာ ေရာဂါရွိတဲ့လူနာေတြ အတြက္ ေသႏိုင္တဲ့ အႏၲရာယ္ကို ပိုေတာင္တိုးေစတယ္လို႔ လန္းဆက္ေဆးပညာဂ်ာနယ္က ေတြ႕ရွိခဲ့ပါတယ္။

ကိုဗစ္လူနာေတြကို ငွက္ဖ်ားေဆးျဖစ္တဲ့ ဟိုက္ေျဒာက္ဆီကလို႐ိုကြင္းနဲ႔ကုလို႔ ဘာအက်ိဳးမွ မရွိႏိုင္ဘူးလို႔ အဲဒီသုေတသနကဆိုပါတယ္။

က်န္းမာေရးအရာရွိေတြကႏွလုံးထိခိုက္ႏိုင္တယ္လို႔ သတိေပးတဲ့ၾကားက သမၼတထရမ့္ဟာ ဟိုက္ေျဒာက္ဆီကလို႐ိုကြင္း ေသာက္ခဲ့တယ္လို႔ ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။

သမၼတထရမ့္ဟာ ဒီေဆးကို က်န္းမာေရး ပညာရွင္ေတြရဲ႕ သတိေပးခ်က္ကို ဆန္႔က်င္ၿပီး အႀကိမ္ႀကိမ္ ေထာက္ခံေျပာဆိုခဲ့ပါတယ္။

ဟိုက္ေျဒာက္ဆီကလို႐ိုကြင္းဟာ ငွက္ဖ်ားေရာဂါ၊ အေရျပားေလးဖက္နာ၊ အဆစ္အျမစ္ေလးဖက္နာေရာဂါေတြအတြက္ အသုံးျပဳရင္ ေဘးကင္းေပမယ့္ ကို႐ိုနာဗိုင္းရပ္စ္အတြက္ကိုေတာ့ ဘယ္ေဆးသုေတသနကမွ ေထာက္ခံခ်က္ေပးထားတာ မရွိဘူးလို႔ လန္းဆက္ေဆးပညာဂ်ာနယ္မွာ ေဖာ္ျပပါတယ္။

လန္းဆက္ဂ်ာနယ္ကလုပ္တဲ့ ေဆးသုေတသနမွာေတာ့ ကို႐ိုနာလူနာ ၉၆၀၀၀ ကိုေလ့လာခဲ့ပါတယ္။ အဲဒီလူနာေတြထဲက ၁၅၀၀၀ ကို ဟိုက္ေျဒာက္ဆီကလို႐ိုကြင္း၊ သို႔မဟုတ္ ကလို႐ိုကြင္းကို သူတမ်ိဳးတည္း ဒါမွမဟုတ္ ပဋိဇီဝေဆးတမ်ိဳးမ်ိဳးနဲ႔အတူ တိုက္ၿပီး စမ္းသပ္ကုသခဲ့ပါတယ္။

အဲဒီေဆးေတြတိုက္ခဲ့တဲ့ လူနာေတြဟာ အသက္ဆုံးရႈံးေျခမ်ားပါတယ္။ တျခားလူနာေတြနဲ႔ ႏႈိင္းယွဥ္ရင္ ႏွလုံးခုန္ႏႈန္းမမွန္တာကိုလည္းေတြ႕ရတယ္လို႔သုေတသနျပဳေလ့လာခ်က္က ဆိုပါတယ္။

ေသဆုံးမႈႏႈန္းကို ၾကည့္ရင္ ဟိုက္ေျဒာက္ဆီကလို႐ိုကြင္း ေသာက္သူက ၁၈ ရာႏႈန္း၊ ကလို႐ိုကြင္းေသာက္သူက ၁၆.၄ ရာႏႈန္းရွိၿပီး၊ အဲဒီေဆးေတြ မေသာက္သူအုပ္စုမွာေတာ့ ၉ ရာႏႈန္းသာရွိပါတယ္။ ဟိုက္ေျဒာက္ဆီကလို႐ိုကြင္း သို႔မဟုတ္ ကလို႐ိုကြင္းကို ပဋိဇီဝေဆးနဲ႔ တြဲဖက္တိုက္ေကြၽးတဲ့ အုပ္စုမွာ ေသဆုံးမႈဟာ သုေတသနေတြ လုပ္မၾကည့္ရေသးဘဲ မသုံးသင့္ဘူးလို႔ သုေတသီေတြက ဆိုၾကပါတယ္။

သမၼတထရမ့္ကသူ႔မွာ ဗိုင္းရပ္စ္ပိုး စမ္းသပ္မေတြ႕ရွိခဲ့ေပမယ့္ ဟိုက္ေျဒာက္ဆီကလို႐ိုကြင္းဟာ အက်ိဳးရွိေစလိမ့္မယ္လို႔ ယုံၾကည္လို႔ ေသာက္ခဲ့တယ္လို႔ ဆိုပါတယ္။

ဟိုက္ေျဒာက္ဆီကလို႐ိုကြင္းဟာ ကိုဗစ္ကို ကာကြယ္ႏိုင္ျခင္း ရွိမရွိ စမ္းသပ္မႈတခုကေတာ့ လုပ္ေနဆဲ ျဖစ္ပါတယ္။ အဲဒီစမ္းသပ္မႈမွာေတာ့ ကိုဗစ္လူနာေတြနဲ႔ ထိေတြ႕ရတဲ့ ဥေရာပ၊ အာဖရိက၊ အာရွ၊ ေတာင္အေမရိကတို႔ရွိ က်န္းမာေရးဝန္ထမ္း ၄၀၀၀၀ ေက်ာ္ကို ဟိုက္ေျဒာက္ဆီကလို႐ိုကြင္း တိုက္ေကြၽးၾကည့္မွာ ျဖစ္ပါတယ္။

အခုလန္းဆက္ေဆးပညာဂ်ာနယ္ရဲ႕ ေတြ႕ရွိခ်က္အေပၚဘယ္လို သေဘာထားပါသလဲလို႔ အိမ္ျဖဴေတာ္ကို႐ိုနာဗိုင္းရပ္စ္တိုက္ဖ်က္ေရး အဖြဲ႕ရဲ႕ ပူးေပါင္းဆက္သြယ္ေရး အရာရွိ ေဒါက္တာဒက္ဘရာဘာ့ခ္စ္ကို ေမးရာမွာေတာ့ အေမရိကန္စားေသာက္ကုန္နဲ႔ ေဆးဝါးထိန္းခ်ဳပ္ေရးအဖြဲ႕က ဟိုက္ေျဒာက္ဆီကလို႐ိုကြင္း အသုံးျပဳမႈကို ကာကြယ္မႈအတြက္ ျဖစ္ေစ ကုသမႈအတြက္ျဖစ္ေစ အသုံးျပဳတဲ့ အေပၚစိုးရိမ္ပူပန္ေၾကာင္း ရွင္းရွင္းလင္းလင္း ေျပာထားၿပီးသားပါလို႔ ဆိုပါတယ္။

BBC Burmese
https://www.bbc.com/burmese/world-52785248
ဟိုက်ဒြောက်ဆီ ကလိုရိုကွင်းကြောင့် သေဆုံးမှုပိုများနိုင် ဟိုက်ဒြောက်ဆီ ကလိုရိုကွင်းကြောင့် သေဆုံးမှုပိုများနိုင် Reviewed by THITHTOOLWIN on 06:10 Rating: 5
Powered by Blogger.