ေခ်ာင္းဦးၿမိဳ႕တြင္ မီးေလာင္မႈျဖစ္ပြားသျဖင့္ ေနအိမ္ႏွစ္လုံး ဆုံးရႈံး


(Zawgyi)⤵⤵⤵
ေခ်ာင္းဦး        ေမ   ၁၉

စစ္ကိုင္းတိုင္းေဒသႀကီး ေခ်ာင္းဦးၿမိဳ႕ ေခ်ာင္းဦးေျမာက္ရပ္ကြက္ ႐ြာမရပ္ အေနာက္ဘက္တြင္  ေမ ၁၉ ရက္  နံနက္  ၁၀ နာရီ ၁၅ မိနစ္က မီးေလာင္မႈျဖစ္ပြားခဲ့သျဖင့္ ေနအိမ္ႏွစ္လုံး ဆုံးရႈံးခဲ့ေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ ဦးရဲလင္း  က်ပန္းအလုပ္သမား၏ ေနအိမ္ မီးႂကြင္း မီးက်န္မွ တဆင့္ စတင္ေလာင္ကြၽမ္းခဲ့ရာ ဦးရဲလင္း ၏(၁၅ ) ေပပတ္လည္ ထန္း႐ြက္မိုး၊ ထရံကာ ေနအိမ္ ႏွင့္ ေဒၚေသာင္းေဌး ၏ (၁၆)ေပပတ္လည္ သြပ္မိုး၊ ထရံကာ ေနအိမ္ကို ကူးစက္ေလာင္ ကြၽမ္းခဲ့သျဖင့္ ၿမိဳ႕နယ္မီးသတ္ကားျဖင့္ ဝိုင္းဝန္း ၿငိမ္းသတ္ရာ (၁၀ : ၃၀) အခ်ိန္တြင္ မီးၿငိမ္းသတ္ႏိုင္ခဲ့ေၾကာင္း သိရသည္။

မီးေလာင္ကြၽမ္းမႈေၾကာင့္  လူႏွင့္ တိရိစာၦန္ ေသဆုံးမႈ မရွိေၾကာင္း သိရသည္။ မီးေပါ့ဆသုံးစြဲသူ ဦးရဲလင္းအား ေခ်ာင္းဦးၿမိဳ႕မ ရဲစခန္းတြင္ အမႈဖြင့္ အေရးယူထားေၾကာင္း သိရသည္။

ယမင္း (ေ႐ႊဦးေျမ) - Myanmaalinn
------------------------------------------
(Unicode)⤵⤵⤵
ချောင်းဦးမြို့တွင် မီးလောင်မှုဖြစ်ပွားသဖြင့် နေအိမ်နှစ်လုံး ဆုံးရှုံး

ချောင်းဦး        မေ   ၁၉

စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့ ချောင်းဦးမြောက်ရပ်ကွက် ရွာမရပ် အနောက်ဘက်တွင်  မေ ၁၉ ရက်  နံနက်  ၁၀ နာရီ ၁၅ မိနစ်က မီးလောင်မှုဖြစ်ပွားခဲ့သဖြင့် နေအိမ်နှစ်လုံး ဆုံးရှုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဦးရဲလင်း  ကျပန်းအလုပ်သမား၏ နေအိမ် မီးကြွင်း မီးကျန်မှ တဆင့် စတင်လောင်ကျွမ်းခဲ့ရာ ဦးရဲလင်း ၏(၁၅ ) ပေပတ်လည် ထန်းရွက်မိုး၊ ထရံကာ နေအိမ် နှင့် ဒေါ်သောင်းဌေး ၏ (၁၆)ပေပတ်လည် သွပ်မိုး၊ ထရံကာ နေအိမ်ကို ကူးစက်လောင် ကျွမ်းခဲ့သဖြင့် မြို့နယ်မီးသတ်ကားဖြင့် ဝိုင်းဝန်း ငြိမ်းသတ်ရာ (၁၀ : ၃၀) အချိန်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

မီးလောင်ကျွမ်းမှုကြောင့်  လူနှင့် တိရိစ္ဆာန် သေဆုံးမှု မရှိကြောင်း သိရသည်။ မီးပေါ့ဆသုံးစွဲသူ ဦးရဲလင်းအား ချောင်းဦးမြို့မ ရဲစခန်းတွင် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

ယမင်း (ရွှေဦးမြေ) - Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ေခ်ာင္းဦးၿမိဳ႕တြင္ မီးေလာင္မႈျဖစ္ပြားသျဖင့္ ေနအိမ္ႏွစ္လုံး ဆုံးရႈံး ေခ်ာင္းဦးၿမိဳ႕တြင္ မီးေလာင္မႈျဖစ္ပြားသျဖင့္ ေနအိမ္ႏွစ္လုံး ဆုံးရႈံး Reviewed by THITHTOOLWIN on 21:42 Rating: 5
Powered by Blogger.