အမုန္းစကားတားဆီးေရး လႈပ္ရွားမႈေတြလုပ္ဖို႔ သမၼတ႐ုံးၫႊန္ၾကား

(Zawgyi)⤵⤵⤵
အစိုးရဝန္ထမ္းေတြ၊ အရာရွိေတြ၊ စစ္မႈထမ္းေတြ၊ လုံၿခဳံေရးတပ္ဖြဲ႕ဝင္ေတြ၊ ေဒသခံျပည္သူေတြအေနနဲ႔ အမုန္း စကားနဲ႔ အၾကမ္းဖက္မႈျဖစ္ေစတဲ့ လႈံ႕ေဆာ္မႈေတြကို မလုပ္ဖို႔နဲ႔ ဆန႔္က်င္ေရးလႈပ္ရွားမႈေတြမွာ အားလုံးပါဝင္ ႏိုင္ေအာင္ အစိုးရအဖြဲ႕အသီးသီးက စီမံေဆာင္႐ြက္ဖို႔ သမၼတ႐ုံးက ၫႊန္ၾကားထားတာပါ။

ဧၿပီလ တတိယအပတ္က စတင္ၫြန္ၾကားခဲ့တာျဖစ္ၿပီး ဒီၫႊန္ၾကားခ်က္ကို ဝန္ထမ္းအားလုံးကို အသိေပးၿပီး ျဖစ္တယ္လို႔  လူမႈဝန္ထမ္း၊ ကယ္ဆယ္ေရးနဲ႔ ျပန္လည္ေနရာခ်ထားေရးဝန္ႀကီး ေဒါက္တာဝ င္းျမတ္ေအး က ေျပာပါတယ္။

“သမၼတ႐ုံးကလည္း ၫြန္ၾကားခ်က္ထုတ္တယ္။ တစ္ေယာက္နဲ႔ တစ္ေယာက္ အျပန္အလွန္နားလည္မႈနဲ႔ ေလးစား မႈရွိတဲ့ လူ႔အဖြဲ႕အစည္းျဖစ္ဖို႔ ႀကိဳးစားေနတာပါ။ အမုန္းစကားေတြနဲ႔ ဆက္စပ္ၿပီးေတာ့ အၾကမ္းဖက္မႈေတြ မျဖစ္ဖို႔ လိုတယ္။ ေနျပည္ေတာ္ေကာင္စီ အပါအဝင္ ျပည္နယ္နဲ႔ တိုင္း ၁၅ ခုမွာရွိတဲ့ ကြၽန္ေတာ္တို႔ရဲ႕ ဝန္ထမ္းေတြကို ပိုၿပီးေတာ့ Highlight ဒါေတြအေရးႀကီးတယ္။”

သမၼတ႐ုံးရဲ႕ ၫြန္ၾကားခ်က္ထဲမွာ အစိုးရအဖြဲ႕အသီးသီးက လိုက္နာေဆာင္႐ြက္ထားတဲ့ အေျခအေနနဲ႔ တိုးတက္ မႈေတြကို အစီရင္ခံစာ တင္ျပရမယ္ဆိုတဲ့အခ်က္ ပါဝင္ပါတယ္။

အမုန္းစကားေတြ မေျပာၾကဖို႔ လူမႈကြန္ယက္ စာမ်က္ႏွာေတြကတဆင့္ အသိေပးတာနဲ႔ အင္တာနက္သုံးၿပီး အစည္းအေဝးေတြလုပ္ဖို႔ စီစဥ္ထားသလို လုပ္ေဆာင္မႈတိုင္းကို သမၼတ႐ုံးထံ ျပန္လည္တင္ျပမွာျဖစ္တယ္လို႔ ဝန္ႀကီး ေဒါက္တာဝင္းျမတ္ေအး က RFA ကိုေျပာပါတယ္။

ခ်င္းျပည္နယ္အစိုးရအဖြဲ႕ရဲ႕ ေျပာေရးဆိုခြင့္ရွိသူ စည္ပင္ဝန္ႀကီး ဦးစိုးထက္ကလည္း သမၼတ႐ုံးရဲ႕ ၫႊန္ၾကားခ်က္ ရရွိၿပီးျဖစ္သလို ေဆာင္႐ြက္ၿပီးကိစၥရပ္ေတြကို ျပန္လည္တင္ျပမယ္လို႔ ေျပာပါတယ္။

“ၫႊန္ၾကားပါတယ္။ ကြၽန္ေတာ္တို႔ကလည္း အစည္းေဝးလုပ္ၿပီးေတာ့ ဝန္ထမ္းေတြ အမုန္းစကားထဲမွာ မပါဝင္ဖို႔ မပတ္သက္ဖို႔ရယ္၊ ကိုယ္နဲ႔နီးစပ္တဲ့ ေဆြးမ်ိဳးသားခ်င္းေတြကိုလည္း ပညာေပးေဆြးေႏြးဖို႔ ၫြန္ၾကား ထားပါတယ္။ ေအာက္ကဝန္ထမ္းေတြကို ရွင္းလင္းၿပီးတဲ့အေၾကာင္း ဒီလိုမ်ိဳးကိုပဲ အစီရင္ခံရမယ့္ သေဘာပဲျဖစ္မွာပါ။”

အစိုးရရဲ႕ ေဆာင္႐ြက္ခ်က္ကို ႀကိဳဆိုေပမယ့္ ႏိုင္ငံတကာဖိအားေတြေလ်ာ့ေအာင္ ေဆာင္႐ြက္တာတင္မကဘဲ လက္ေတြ႕ထိထိေရာက္ေရာက္ အေကာင္အထည္ေဖာ္ႏိုင္ဖို႔ ေမွ်ာ္လင့္တယ္လို႔ အမုန္းစကားဆန႔္က်င္ေရး အဖြဲ႕ေတြက ေျပာၾကပါတယ္။

အမုန္းစကားနဲ႔ ပတ္သက္လို႔ အစိုးရက ဒီရက္ပိုင္းအတြင္း ေျပာလာတာဟာ ICJ ထံ တင္သြင္းမယ့္ အစီရင္ခံစာနဲ႔ ပတ္သက္တယ္လို႔ လူမႈသဟဇာတေဖာ္ေဆာင္ေရးအဖြဲ႕အမႈေဆာင္ ဒါ႐ိုက္တာ ကိုသက္ေဆြဝင္း က သုံးသပ္ပါတယ္။

“ဒီရက္ပိုင္းအတြင္းမွာ အစိုးရဆီကေန အမုန္းစကားကိစၥေတြ ထြက္လာတာ ကြၽန္ေတာ္တို႔ သတိထားမိပါတယ္။ ႏိုင္ငံတကာဖိအားေတြရွိလာခ်ိန္ ICJ ကိုျပန္ၿပီး အစီရင္ခံရမယ့္ ကိစၥေတြလည္းရွိတယ္။ ICJ ကို အခ်ိန္မွီ ျပန္ျပ ဖို႔အတြက္ ထုတ္တယ္လို႔ ျဖစ္ႏိုင္ေခ်ကို ႏိုင္ငံေရးအရ သုံးသပ္ၾကည့္တာပါ။ ၫြန္ၾကားခ်က္ေတြ ထြက္လာတာ ဟာ တကယ္တမ္း ေကာင္းပါတယ္။ လက္ေတြ႕ထိထိေရာက္ေရာက္ ေျမျပင္မွာ အလုပ္လုပ္ႏိုင္ဖို႔ လိုပါတယ္။ အဲလို မဟုတ္ဘဲ ႏိုင္ငံတကာရဲ႕ ဖိအားေတြကို ေက်ာ္လႊားဖို႔အတြက္ေလာက္ ရည္႐ြယ္ၿပီး ျပတာမ်ိဳးဆိုရင္ေတာ့ အလုပ္မျဖစ္ပါဘူး။”

အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေအာင္သိန္း ကေတာ့ ဒီယူဆခ်က္ကို လက္မခံပါဘူး။

“အစိုးရတစ္ရပ္အေနနဲ႔ကေတာ့ သူ႔အတြက္ လိုအပ္တယ္လို႔ ယူဆလို႔ ၫြန္ၾကားခ်က္ထုတ္တာလည္း ျဖစ္ႏိုင္ တာေပါ့။ ICJ အတြက္ကို Cover လုပ္ခ်င္လို႔ ေျပာတယ္ဆိုတာ အဲေလာက္အထိလည္း ကြၽန္ေတာ္တို႔က ဆြဲယူၿပီး မျမင္ဘူးဗ်ာ။ သေဘာေျပာျပတာ။ သမၼတ႐ုံးတို႔ အစိုးရအဖြဲ႕႐ုံးတို႔ ဆိုတာက သူတို႔က ကြၽန္ေတာ္တို႔ ထက္ ပိုၿပီး တခ်ိဳ႕ဟာေတြ ပိုသိတယ္ဗ်ာ။ သူတို႔သိေနတဲ့ အေၾကာင္းအရာေတြကို ကြၽန္ေတာ္တို႔ ျပည္သူေတြကို သိေအာင္ မေျပာႏိုင္တဲ့ အေနအထားမ်ိဳးေတြလည္း ရွိႏိုင္တယ္ဗ်ာ။ သူ႔ဝန္ထမ္းေတြနဲ႔ သူနဲ႔ပတ္သက္တဲ့ သူေတြကို ၫႊန္ၾကား ခ်က္ေတြေတာ့ ထုတ္မွာပဲေလ။”

မိထၱီလာၿမိဳ႕မွာေနထိုင္တဲ့ တရားလႊတ္ေတာ္ေရွ႕ေန ဦးေအာင္သိန္း( မိတၳီလာ)က အမုန္းစကားနဲ႔ ပတ္သက္လို႔ အဓိပၸါယ္ဖြင့္ဆိုေပးဖို႔နဲ႔ ဘယ္လိုအခ်က္ေတြ ပါသင့္တယ္ဆိုတာကို သမၼတ ဦးသိန္းစိန္၊ သမၼတ ဦးဝင္းျမင့္ လက္ထက္ေတြမွာ သမၼတ႐ုံးထံ အႀကံျပဳစာေပးပို႔ခဲ့ဖူးပါတယ္။

သူရဲ႕ အႀကံျပဳခ်က္မွာ လူမ်ိဳးစုတစုကို ခြဲျခားတာ၊ ကိုးကြယ္တဲ့ ဘာသာအလိုက္ ခြဲျခားတာ၊ ေသြးေႏွာ၊ ဘာသာျခား စတဲ့အသုံးအႏႈန္းေတြကို အမုန္းစကားအျဖစ္ သတ္မွတ္ဖို႔ ေျပာထားပါတယ္။

သမၼတ႐ုံးဘက္က သူ႔အႀကံျပဳခ်က္နဲ႔ ပတ္သက္လို႔ အေၾကာင္းျပန္တာမရွိသလို အမုန္းစကားေတြနဲ႔ ပတ္သက္လို႔ ထိေရာက္တဲ့ ေဆာင္႐ြက္မႈပိုင္းမွာ အားနည္းခဲ့တယ္လို႔ ဆိုပါတယ္။

လက္ရွိ သမၼတ႐ုံးရဲ႕ၫြန္ၾကားခ်က္ဟာ အမုန္းစကားေတြ ရပ္တန႔္သြားေရးအတြက္ ဘယ္ေလာက္သက္ေရာက္မႈ ရွိႏိုင္မလဲဆိုတာ သမၼတနဲ႔ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ရဲ႕ အာ႐ုံစိုက္မႈနဲ႔ ဖိအားေပးမႈေပၚမူတည္တယ္လို႔ တရားလႊတ္ေတာ္ေရွ႕ေန ဦးေအာင္သိန္း ( မိတၳီလာ) က ေျပာပါတယ္။

“သမၼတနဲ႔ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ေတြရဲ႕ ဖိအားနဲ႔ အာ႐ုံစိုက္မႈ ဘယ္ေလာက္ရွိမလဲ။ သေဘာေလာက္ပဲ ျပဌာန္းေပးတယ္။ ဒါကို သိပ္အာ႐ုံစိုက္မႈမရွိဘူးဆိုရင္ေတာ့ ႐ုပ္ျပအဆင့္နဲ႔ပဲ ရပ္တန႔္သြားမယ္ေလ။ သူတို႔ ကိုယ္တိုင္ ႏႈတ္နဲ႔လည္း တီဗီကေန ေၾကညာရမယ္။ တိုက္တြန္းစကားေတြ ေျပာေပးရမယ္။ သမၼတကိုယ္တိုင္ ေျပာဖို႔လိုသလို ႏိုင္ငံေတာ္အတိုင္ပင္ခံ ကိုယ္တိုင္လည္းေျပာဖို႔ လိုအပ္ေနၿပီ။ ဦးေဇာ္ေဌးရဲ႕ ေၾကညာခ်က္ ေလာက္နဲ႔ ဘာမွ မထူးျခားဘူး။”

အမုန္းစကားေတြကို လူမႈကြန္ယက္မွာ အမ်ားဆုံးေတြ႕ရၿပီး ပါတီတစ္ခုနဲ႔ တစ္ခုၾကား အာဏာရရွိေရး၊ ေ႐ြးေကာက္ပြဲလိုကိစၥရပ္ေတြ၊ ႏိုင္ငံေရး၊ လူမ်ိဳးေရး၊ ဘာသာေရးလိုကိစၥေတြမွာ အမ်ားဆုံး ေျပာဆိုေနၾကပါတယ္။

လက္ရွိမွာေတာ့ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူေတြ၊ ေစာင့္ၾကည့္ခံရသူေတြ၊ ေစတနာ့ဝန္ထမ္းေတြကို ခြဲျခား ဆက္ဆံတဲ့ ေျပာဆိုလုပ္ေဆာင္ခ်က္ေတြရွိေနၿပီး ဒါေတြဟာလည္း အမုန္းစကားေတြျဖစ္တာမို႔ ဒါေတြကိုလည္း ပေပ်ာက္ေအာင္ အစိုးရဘက္က ေဆာင္႐ြက္ဖို႔လိုတယ္လို႔ အမုန္းစကားဆန႔္က်င္ေရးအဖြဲ႕ေတြက ေထာက္ျပ ၾကပါတယ္။

၂၀၁၇ ခုႏွစ္က ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ၫႊန္ၾကားမႈနဲ႔ အမုန္းစကား တားဆီး ကာကြယ္ေရး ဥပေဒၾကမ္းကို သာသနာေရးနဲ႔ ယဥ္ေက်းမႈဝန္ႀကီးဌာနက ေရးဆြဲေနၿပီး လႊတ္ေတာ္တင္ႏိုင္ေရး ႀကိဳးပမ္းေနတယ္လို႔ ဝန္ႀကီးသူရဦးေအာင္ကိုက ေျပာၾကားခဲ့ဖူးပါတယ္။

ဒီေန႔အထိ လႊတ္ေတာ္ထဲမွာ ေဆြးေႏြးတဲ့အဆင့္အထိ ေရာက္လာတာမရွိဘူးလို႔ ေျမာက္ဦးၿမိဳ႕နယ္ ျပည္သူ႔ လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးဦးလွေစာ ကေျပာပါတယ္။

“Hate speech နဲ႔ ပတ္သက္လို႔ officially ကေတာ့ လႊတ္ေတာ္က်င္းပေနတဲ့ကာလထဲမွာ လႊတ္ေတာ္ဥကၠ႒ ဆီကို တင္ၿပီးေတာ့ ဥကၠ႒ကေန အမတ္ေတြကို ခ်ျပၿပီး ထည့္သြင္းေဆြးေႏြးတာ ကြၽန္ေတာ္ မႀကဳံဖူးဘူးခင္ဗ်။”

အမုန္းစကားတားဆီးကာကြယ္ေရးဥပေဒမွာ အမုန္းစကားေတြတင္မကဘဲ အမုန္းေၾကာင့္ျဖစ္တဲ့ အမႈအခင္း ေတြကိုပါ ကိုင္တြယ္ႏိုင္ေရး ထည့္သြင္းဖို႔ လိုတယ္လို႔ အရပ္ဖက္အဖြဲ႕ေတြက အႀကံျပဳၾကပါတယ္။

လက္ရွိ သမၼတ႐ုံးက အမုန္းစကားနဲ႔ အၾကမ္းဖက္မႈျဖစ္ေစတဲ့ လႈံ႕ေဆာ္မႈေတြကို ဆန႔္က်င္ဖို႔ ၫြန္ၾကားခ်က္ဟာ ICJ ထံတင္သြင္းမယ့္ အစီရင္ခံစာနဲ႔ ဆက္စပ္ႏိုင္တယ္လို႔ အမုန္းစကားဆန႔္က်င္ေရးလႈပ္ရွားေဆာင္႐ြက္ သူေတြက ယူဆေနၿပီး သမၼတ႐ုံးေျပာေရးဆိုခြင့္ရွိသူ ဦးေဇာ္ေဌး ကေတာ့ ICJ ထံ တင္သြင္းမယ့္ အစီရင္ခံစာနဲ႔ ပတ္သက္လို႔ ေဆာင္႐ြက္ခ်က္ေတြကို ထုတ္ေဖာ္ေျပာတာမရွိပါဘူး။

ေဝမာထြန္း / RFA Burmese
-----------------------------------------

(Unicode)⤵⤵⤵
အမုန်းစကားတားဆီးရေး လှုပ်ရှားမှုတွေလုပ်ဖို့ သမ္မတရုံးညွှန်ကြား

အစိုးရဝန်ထမ်းတွေ၊ အရာရှိတွေ၊ စစ်မှုထမ်းတွေ၊ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ၊ ဒေသခံပြည်သူတွေအနေနဲ့ အမုန်း စကားနဲ့ အကြမ်းဖက်မှုဖြစ်စေတဲ့ လှုံ့ဆော်မှုတွေကို မလုပ်ဖို့နဲ့ ဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာ အားလုံးပါဝင် နိုင်အောင် အစိုးရအဖွဲ့အသီးသီးက စီမံဆောင်ရွက်ဖို့ သမ္မတရုံးက ညွှန်ကြားထားတာပါ။

ဧပြီလ တတိယအပတ်က စတင်ညွန်ကြားခဲ့တာဖြစ်ပြီး ဒီညွှန်ကြားချက်ကို ဝန်ထမ်းအားလုံးကို အသိပေးပြီး ဖြစ်တယ်လို့  လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝ င်းမြတ်အေး က ပြောပါတယ်။

“သမ္မတရုံးကလည်း ညွန်ကြားချက်ထုတ်တယ်။ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန်နားလည်မှုနဲ့ လေးစား မှုရှိတဲ့ လူ့အဖွဲ့အစည်းဖြစ်ဖို့ ကြိုးစားနေတာပါ။ အမုန်းစကားတွေနဲ့ ဆက်စပ်ပြီးတော့ အကြမ်းဖက်မှုတွေ မဖြစ်ဖို့ လိုတယ်။ နေပြည်တော်ကောင်စီ အပါအဝင် ပြည်နယ်နဲ့ တိုင်း ၁၅ ခုမှာရှိတဲ့ ကျွန်တော်တို့ရဲ့ ဝန်ထမ်းတွေကို ပိုပြီးတော့ Highlight ဒါတွေအရေးကြီးတယ်။”

သမ္မတရုံးရဲ့ ညွန်ကြားချက်ထဲမှာ အစိုးရအဖွဲ့အသီးသီးက လိုက်နာဆောင်ရွက်ထားတဲ့ အခြေအနေနဲ့ တိုးတက် မှုတွေကို အစီရင်ခံစာ တင်ပြရမယ်ဆိုတဲ့အချက် ပါဝင်ပါတယ်။

အမုန်းစကားတွေ မပြောကြဖို့ လူမှုကွန်ယက် စာမျက်နှာတွေကတဆင့် အသိပေးတာနဲ့ အင်တာနက်သုံးပြီး အစည်းအဝေးတွေလုပ်ဖို့ စီစဉ်ထားသလို လုပ်ဆောင်မှုတိုင်းကို သမ္မတရုံးထံ ပြန်လည်တင်ပြမှာဖြစ်တယ်လို့ ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး က RFA ကိုပြောပါတယ်။

ချင်းပြည်နယ်အစိုးရအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီး ဦးစိုးထက်ကလည်း သမ္မတရုံးရဲ့ ညွှန်ကြားချက် ရရှိပြီးဖြစ်သလို ဆောင်ရွက်ပြီးကိစ္စရပ်တွေကို ပြန်လည်တင်ပြမယ်လို့ ပြောပါတယ်။

“ညွှန်ကြားပါတယ်။ ကျွန်တော်တို့ကလည်း အစည်းဝေးလုပ်ပြီးတော့ ဝန်ထမ်းတွေ အမုန်းစကားထဲမှာ မပါဝင်ဖို့ မပတ်သက်ဖို့ရယ်၊ ကိုယ်နဲ့နီးစပ်တဲ့ ဆွေးမျိုးသားချင်းတွေကိုလည်း ပညာပေးဆွေးနွေးဖို့ ညွန်ကြား ထားပါတယ်။ အောက်ကဝန်ထမ်းတွေကို ရှင်းလင်းပြီးတဲ့အကြောင်း ဒီလိုမျိုးကိုပဲ အစီရင်ခံရမယ့် သဘောပဲဖြစ်မှာပါ။”

အစိုးရရဲ့ ဆောင်ရွက်ချက်ကို ကြိုဆိုပေမယ့် နိုင်ငံတကာဖိအားတွေလျော့အောင် ဆောင်ရွက်တာတင်မကဘဲ လက်တွေ့ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်ဖို့ မျှော်လင့်တယ်လို့ အမုန်းစကားဆန့်ကျင်ရေး အဖွဲ့တွေက ပြောကြပါတယ်။

အမုန်းစကားနဲ့ ပတ်သက်လို့ အစိုးရက ဒီရက်ပိုင်းအတွင်း ပြောလာတာဟာ ICJ ထံ တင်သွင်းမယ့် အစီရင်ခံစာနဲ့ ပတ်သက်တယ်လို့ လူမှုသဟဇာတဖော်ဆောင်ရေးအဖွဲ့အမှုဆောင် ဒါရိုက်တာ ကိုသက်ဆွေဝင်း က သုံးသပ်ပါတယ်။

“ဒီရက်ပိုင်းအတွင်းမှာ အစိုးရဆီကနေ အမုန်းစကားကိစ္စတွေ ထွက်လာတာ ကျွန်တော်တို့ သတိထားမိပါတယ်။ နိုင်ငံတကာဖိအားတွေရှိလာချိန် ICJ ကိုပြန်ပြီး အစီရင်ခံရမယ့် ကိစ္စတွေလည်းရှိတယ်။ ICJ ကို အချိန်မှီ ပြန်ပြ ဖို့အတွက် ထုတ်တယ်လို့ ဖြစ်နိုင်ချေကို နိုင်ငံရေးအရ သုံးသပ်ကြည့်တာပါ။ ညွန်ကြားချက်တွေ ထွက်လာတာ ဟာ တကယ်တမ်း ကောင်းပါတယ်။ လက်တွေ့ထိထိရောက်ရောက် မြေပြင်မှာ အလုပ်လုပ်နိုင်ဖို့ လိုပါတယ်။ အဲလို မဟုတ်ဘဲ နိုင်ငံတကာရဲ့ ဖိအားတွေကို ကျော်လွှားဖို့အတွက်လောက် ရည်ရွယ်ပြီး ပြတာမျိုးဆိုရင်တော့ အလုပ်မဖြစ်ပါဘူး။”

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်း ကတော့ ဒီယူဆချက်ကို လက်မခံပါဘူး။

“အစိုးရတစ်ရပ်အနေနဲ့ကတော့ သူ့အတွက် လိုအပ်တယ်လို့ ယူဆလို့ ညွန်ကြားချက်ထုတ်တာလည်း ဖြစ်နိုင် တာပေါ့။ ICJ အတွက်ကို Cover လုပ်ချင်လို့ ပြောတယ်ဆိုတာ အဲလောက်အထိလည်း ကျွန်တော်တို့က ဆွဲယူပြီး မမြင်ဘူးဗျာ။ သဘောပြောပြတာ။ သမ္မတရုံးတို့ အစိုးရအဖွဲ့ရုံးတို့ ဆိုတာက သူတို့က ကျွန်တော်တို့ ထက် ပိုပြီး တချို့ဟာတွေ ပိုသိတယ်ဗျာ။ သူတို့သိနေတဲ့ အကြောင်းအရာတွေကို ကျွန်တော်တို့ ပြည်သူတွေကို သိအောင် မပြောနိုင်တဲ့ အနေအထားမျိုးတွေလည်း ရှိနိုင်တယ်ဗျာ။ သူ့ဝန်ထမ်းတွေနဲ့ သူနဲ့ပတ်သက်တဲ့ သူတွေကို ညွှန်ကြား ချက်တွေတော့ ထုတ်မှာပဲလေ။”

မိထ္တီလာမြို့မှာနေထိုင်တဲ့ တရားလွှတ်တော်ရှေ့နေ ဦးအောင်သိန်း( မိတ္ထီလာ)က အမုန်းစကားနဲ့ ပတ်သက်လို့ အဓိပ္ပါယ်ဖွင့်ဆိုပေးဖို့နဲ့ ဘယ်လိုအချက်တွေ ပါသင့်တယ်ဆိုတာကို သမ္မတ ဦးသိန်းစိန်၊ သမ္မတ ဦးဝင်းမြင့် လက်ထက်တွေမှာ သမ္မတရုံးထံ အကြံပြုစာပေးပို့ခဲ့ဖူးပါတယ်။

သူရဲ့ အကြံပြုချက်မှာ လူမျိုးစုတစုကို ခွဲခြားတာ၊ ကိုးကွယ်တဲ့ ဘာသာအလိုက် ခွဲခြားတာ၊ သွေးနှော၊ ဘာသာခြား စတဲ့အသုံးအနှုန်းတွေကို အမုန်းစကားအဖြစ် သတ်မှတ်ဖို့ ပြောထားပါတယ်။

သမ္မတရုံးဘက်က သူ့အကြံပြုချက်နဲ့ ပတ်သက်လို့ အကြောင်းပြန်တာမရှိသလို အမုန်းစကားတွေနဲ့ ပတ်သက်လို့ ထိရောက်တဲ့ ဆောင်ရွက်မှုပိုင်းမှာ အားနည်းခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိ သမ္မတရုံးရဲ့ညွန်ကြားချက်ဟာ အမုန်းစကားတွေ ရပ်တန့်သွားရေးအတွက် ဘယ်လောက်သက်ရောက်မှု ရှိနိုင်မလဲဆိုတာ သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ အာရုံစိုက်မှုနဲ့ ဖိအားပေးမှုပေါ်မူတည်တယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးအောင်သိန်း ( မိတ္ထီလာ) က ပြောပါတယ်။

“သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တွေရဲ့ ဖိအားနဲ့ အာရုံစိုက်မှု ဘယ်လောက်ရှိမလဲ။ သဘောလောက်ပဲ ပြဌာန်းပေးတယ်။ ဒါကို သိပ်အာရုံစိုက်မှုမရှိဘူးဆိုရင်တော့ ရုပ်ပြအဆင့်နဲ့ပဲ ရပ်တန့်သွားမယ်လေ။ သူတို့ ကိုယ်တိုင် နှုတ်နဲ့လည်း တီဗီကနေ ကြေညာရမယ်။ တိုက်တွန်းစကားတွေ ပြောပေးရမယ်။ သမ္မတကိုယ်တိုင် ပြောဖို့လိုသလို နိုင်ငံတော်အတိုင်ပင်ခံ ကိုယ်တိုင်လည်းပြောဖို့ လိုအပ်နေပြီ။ ဦးဇော်ဌေးရဲ့ ကြေညာချက် လောက်နဲ့ ဘာမှ မထူးခြားဘူး။”

အမုန်းစကားတွေကို လူမှုကွန်ယက်မှာ အများဆုံးတွေ့ရပြီး ပါတီတစ်ခုနဲ့ တစ်ခုကြား အာဏာရရှိရေး၊ ရွေးကောက်ပွဲလိုကိစ္စရပ်တွေ၊ နိုင်ငံရေး၊ လူမျိုးရေး၊ ဘာသာရေးလိုကိစ္စတွေမှာ အများဆုံး ပြောဆိုနေကြပါတယ်။

လက်ရှိမှာတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူတွေ၊ စောင့်ကြည့်ခံရသူတွေ၊ စေတနာ့ဝန်ထမ်းတွေကို ခွဲခြား ဆက်ဆံတဲ့ ပြောဆိုလုပ်ဆောင်ချက်တွေရှိနေပြီး ဒါတွေဟာလည်း အမုန်းစကားတွေဖြစ်တာမို့ ဒါတွေကိုလည်း ပပျောက်အောင် အစိုးရဘက်က ဆောင်ရွက်ဖို့လိုတယ်လို့ အမုန်းစကားဆန့်ကျင်ရေးအဖွဲ့တွေက ထောက်ပြ ကြပါတယ်။

၂၀၁၇ ခုနှစ်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ညွှန်ကြားမှုနဲ့ အမုန်းစကား တားဆီး ကာကွယ်ရေး ဥပဒေကြမ်းကို သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနက ရေးဆွဲနေပြီး လွှတ်တော်တင်နိုင်ရေး ကြိုးပမ်းနေတယ်လို့ ဝန်ကြီးသူရဦးအောင်ကိုက ပြောကြားခဲ့ဖူးပါတယ်။

ဒီနေ့အထိ လွှတ်တော်ထဲမှာ ဆွေးနွေးတဲ့အဆင့်အထိ ရောက်လာတာမရှိဘူးလို့ မြောက်ဦးမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဦးလှစော ကပြောပါတယ်။

“Hate speech နဲ့ ပတ်သက်လို့ officially ကတော့ လွှတ်တော်ကျင်းပနေတဲ့ကာလထဲမှာ လွှတ်တော်ဥက္ကဋ္ဌ ဆီကို တင်ပြီးတော့ ဥက္ကဋ္ဌကနေ အမတ်တွေကို ချပြပြီး ထည့်သွင်းဆွေးနွေးတာ ကျွန်တော် မကြုံဖူးဘူးခင်ဗျ။”

အမုန်းစကားတားဆီးကာကွယ်ရေးဥပဒေမှာ အမုန်းစကားတွေတင်မကဘဲ အမုန်းကြောင့်ဖြစ်တဲ့ အမှုအခင်း တွေကိုပါ ကိုင်တွယ်နိုင်ရေး ထည့်သွင်းဖို့ လိုတယ်လို့ အရပ်ဖက်အဖွဲ့တွေက အကြံပြုကြပါတယ်။

လက်ရှိ သမ္မတရုံးက အမုန်းစကားနဲ့ အကြမ်းဖက်မှုဖြစ်စေတဲ့ လှုံ့ဆော်မှုတွေကို ဆန့်ကျင်ဖို့ ညွန်ကြားချက်ဟာ ICJ ထံတင်သွင်းမယ့် အစီရင်ခံစာနဲ့ ဆက်စပ်နိုင်တယ်လို့ အမုန်းစကားဆန့်ကျင်ရေးလှုပ်ရှားဆောင်ရွက် သူတွေက ယူဆနေပြီး သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး ကတော့ ICJ ထံ တင်သွင်းမယ့် အစီရင်ခံစာနဲ့ ပတ်သက်လို့ ဆောင်ရွက်ချက်တွေကို ထုတ်ဖော်ပြောတာမရှိပါဘူး။

ဝေမာထွန်း / RFA Burmese
https://www.rfa.org/burmese/program_2/hate-speech-denounce-05042020023625.html
အမုန္းစကားတားဆီးေရး လႈပ္ရွားမႈေတြလုပ္ဖို႔ သမၼတ႐ုံးၫႊန္ၾကား အမုန္းစကားတားဆီးေရး လႈပ္ရွားမႈေတြလုပ္ဖို႔ သမၼတ႐ုံးၫႊန္ၾကား Reviewed by THITHTOOLWIN on 21:10 Rating: 5
Powered by Blogger.