ကို႐ိုနာဗိုင္းရပ္စ္ - မီးေလာင္မႈေတြ ျဖစ္ခဲ့လို႔ အသက္ရႉစက္တခ်ိဳ႕ သုံးတာ ႐ုရွားရပ္ထား

 ေမလ ၁၂ ရက္ မီးေလာင္မႈ
(Zawgyi)⤵⤵⤵
႐ုရွားႏိုင္ငံ စိန္႔ပီတာစဘာဂ္ၿမိဳ႕က ေဆး႐ုံတစ္႐ုံမွာ လူေသဆုံးတဲ့အထိ ျဖစ္ခဲ့တဲ့ မီးေလာင္မႈမွာ အသက္ရႉစက္ ခြၽတ္ယြင္းရာက စတယ္လို႔ ယူထားတဲ့အတြက္ အသက္ရႉစက္ အမ်ိဳးအစားတခ်ိဳ႕သုံးတာကို ရွရွားမွာ ရပ္ဆိုင္းထားပါတယ္။

ေမလ ၁၂ ရက္ မီးေလာင္မႈမွာ အနည္းဆုံး လူ ၄ ဦး ေသဆုံးတယ္လို႔ နားလည္ထားရပါတယ္။

ဧၿပီ ၁ ရက္ ေနာက္ပိုင္း ႐ုရွားထုတ္ အသက္ရႉစက္ တခ်ိဳ႕ကို မသုံးဘဲ ရပ္ထားတယ္လို႔ က်န္းမာေရး အာဏာပိုင္ေတြက ေမလ ၁၃ ရက္မွာ ေျပာပါတယ္။

အသက္ရႉစက္ေတြနဲ႔ ဆက္စပ္ရာက မီးစေလာင္တယ္လို႔ ယူဆရတဲ့ ေဆး႐ုံ မီးေလာင္မႈ ႏွစ္ခု ျဖစ္ခဲ့အၿပီး အာဏာပိုင္ေတြက အခုလို ထုတ္ေျပာတာ ျဖစ္ပါတယ္။
မီးေလာင္မႈေၾကာင့္ ပ်က္စီးသြားတဲ့ ျပတင္းေပါက္ေတြ
ေမာ္စကိုၿမိဳ႕က ေဆး႐ုံတစ္႐ုံမွာ ေမလ ၉ ရက္ က ျဖစ္ခဲ့တဲ့ မီးေလာင္မႈကလည္း အသက္ရႉစက္က စေလာင္တဲ့မီး ျဖစ္မလားလို႔ သံသယရွိတယ္လို႔ ႐ုရွား က်န္းမာေရး ေစာင့္ၾကည့္ေရး အဖြဲ႕ Roszdravnadzor က ထုတ္ျပန္ပါတယ္။

႐ုရွားထုတ္ Aventa-M အမ်ိဳးအစား အသက္ရႉစက္ေတြကို အေမရိကန္ကိုလည္း ပို႔ထားခဲ့ေပမဲ့ စုံစမ္းစစ္ေဆးမႈေတြ လုပ္ေနတုန္း ဒါေတြကို မသုံးဘဲထားမယ္လို႔ အေမရိကန္က ေျပာပါတယ္။

႐ုရွားဟာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈ ျမင့္တက္ေနၿပီး အေမရိကန္နဲ႔ စပိန္ၿပီးရင္ ကူးစက္သူ တတိယ အမ်ားဆုံးႏိုင္ငံ ျဖစ္ပါတယ္။

႐ုရွားမွာ ကို႐ိုနာ ဗိုင္းရပ္စ္ ကူးစက္သူ စုစုေပါင္း၂၄၂,၂၇၁ ဦး ရွိၿပီး ေသဆုံးသူ ၂,၂၁၂ ေယာက္ရွိၿပီ ျဖစ္ပါတယ္။

BBC Burmese
မီးေလာင္မႈက ေျခာက္ထပ္မွာ ျဖစ္ခဲ့ 
----------------------------------------
(Unicode)⤵⤵⤵
ကိုရိုနာဗိုင်းရပ်စ် - မီးလောင်မှုတွေ ဖြစ်ခဲ့လို့ အသက်ရှူစက်တချို့ သုံးတာ ရုရှားရပ်ထား

ရုရှားနိုင်ငံ စိန့်ပီတာစဘာဂ်မြို့က ဆေးရုံတစ်ရုံမှာ လူသေဆုံးတဲ့အထိ ဖြစ်ခဲ့တဲ့ မီးလောင်မှုမှာ အသက်ရှူစက် ချွတ်ယွင်းရာက စတယ်လို့ ယူထားတဲ့အတွက် အသက်ရှူစက် အမျိုးအစားတချို့သုံးတာကို ရှရှားမှာ ရပ်ဆိုင်းထားပါတယ်။

မေလ ၁၂ ရက် မီးလောင်မှုမှာ အနည်းဆုံး လူ ၄ ဦး သေဆုံးတယ်လို့ နားလည်ထားရပါတယ်။

ဧပြီ ၁ ရက် နောက်ပိုင်း ရုရှားထုတ် အသက်ရှူစက် တချို့ကို မသုံးဘဲ ရပ်ထားတယ်လို့ ကျန်းမာရေး အာဏာပိုင်တွေက မေလ ၁၃ ရက်မှာ ပြောပါတယ်။

အသက်ရှူစက်တွေနဲ့ ဆက်စပ်ရာက မီးစလောင်တယ်လို့ ယူဆရတဲ့ ဆေးရုံ မီးလောင်မှု နှစ်ခု ဖြစ်ခဲ့အပြီး အာဏာပိုင်တွေက အခုလို ထုတ်ပြောတာ ဖြစ်ပါတယ်။

မော်စကိုမြို့က ဆေးရုံတစ်ရုံမှာ မေလ ၉ ရက် က ဖြစ်ခဲ့တဲ့ မီးလောင်မှုကလည်း အသက်ရှူစက်က စလောင်တဲ့မီး ဖြစ်မလားလို့ သံသယရှိတယ်လို့ ရုရှား ကျန်းမာရေး စောင့်ကြည့်ရေး အဖွဲ့ Roszdravnadzor က ထုတ်ပြန်ပါတယ်။

ရုရှားထုတ် Aventa-M အမျိုးအစား အသက်ရှူစက်တွေကို အမေရိကန်ကိုလည်း ပို့ထားခဲ့ပေမဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်နေတုန်း ဒါတွေကို မသုံးဘဲထားမယ်လို့ အမေရိကန်က ပြောပါတယ်။

ရုရှားဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု မြင့်တက်နေပြီး အမေရိကန်နဲ့ စပိန်ပြီးရင် ကူးစက်သူ တတိယ အများဆုံးနိုင်ငံ ဖြစ်ပါတယ်။

ရုရှားမှာ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်သူ စုစုပေါင်း၂၄၂,၂၇၁ ဦး ရှိပြီး သေဆုံးသူ ၂,၂၁၂ ယောက်ရှိပြီ ဖြစ်ပါတယ်။

BBC Burmese
https://www.bbc.com/burmese/world-52646340
ကို႐ိုနာဗိုင္းရပ္စ္ - မီးေလာင္မႈေတြ ျဖစ္ခဲ့လို႔ အသက္ရႉစက္တခ်ိဳ႕ သုံးတာ ႐ုရွားရပ္ထား ကို႐ိုနာဗိုင္းရပ္စ္ - မီးေလာင္မႈေတြ ျဖစ္ခဲ့လို႔ အသက္ရႉစက္တခ်ိဳ႕ သုံးတာ ႐ုရွားရပ္ထား Reviewed by THITHTOOLWIN on 21:17 Rating: 5
Powered by Blogger.