ကိုရိုနာဗိုင်းရပ်စ်လူနာတွေ ၁၁ ရက်ကျော်ရင် တခြားသူကို မကူးစက်နိုင်ကြောင်း သုတေသနစာတမ်းထွက်‌ပေါ်


(Unicode)⤵⤵⤵
ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရတဲ့ လူနာအများစုဟာ ရောဂါဖြစ်ပွားပြီး (၁၁) ရက်အကြာမှာ တခြားသူတွေကို ကူးစက်နိုင်ခြေ မရှိတော့ဘူးလို့ မေလ ၂၃ ရက်နေ့က ထုတ်ပြန်တဲ့ စင်္ကာပူ သုတေသန စာတမ်းတစောင်က ဖော်ပြလိုက်ပါတယ်။

စင်္ကာပူ အမျိုးသား ကူးစက်ရောဂါဆိုင်ရာဌာနနဲ့ စင်္ကာပူ ဆေးတက္ကသိုလ် ကူးစက်ရောဂါဆိုင်ရာ ဆရာဝန်များအဖွဲ့က ထုတ်ပြန်တဲ့ အဲဒီစာတမ်းဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့ လူနာ ၇၃ ဦးကို အခြေခံပြီး လေ့လာပြုစုထားတာပါ။

ရောဂါဖြစ်ပွားပြီး (၁၁) ရက်အကြာမှာ ဗိုင်းရပ်စ်ပိုး ကင်းစင်ကြောင်း ဆေးစစ်ချက်အဖြေ မပြသသေးပေမယ့် တခြားသူတွေကို ကူးစက်နိုင်ခြေ မရှိတော့တာကို လူနာအများစုမှာ လေ့လာ တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဗိုင်းရပ်စ်ပိုးအပိုင်းအစ (ဒါမှမဟုတ်) မရှင်သန်နိုင်တော့တဲ့ ဗိုင်းရပ်စ်ပိုးတွေ ကျန်နေရင်လည်း ပိုးရှိကြောင်း ဆေးစစ်ချက်အဖြေ ထွက်နိုင်ပေမယ့် အဲဒီနှစ်မျိုးလုံးဟာ တခြားသူတွေကို မကူးစက်နိုင်ဘူးလို့ စင်္ကာပူအခြေစိုက် Straitstimes  သတင်းစာမှာ ဖော်ပြထားပါတယ်။

ခြွင်းချက်အနေနဲ့ ကင်ဆာရောဂါကြောင့် ဓာတ်ကင်ပြီး ကုသနေရသူတွေ၊ ကိုယ်တွင်းအင်္ဂါ အစားထိုးကုသမှုကြောင့် ဆေးသောက်နေရသူတွေ... စတဲ့ ကိုယ်ခံအားနည်း လူနာတွေမှာတော့ ရောဂါပိုးကူးစက်ပြီး ရက်အတော်ကြာအထိ ဗိုင်းရပ်စ်ပိုး ဆက်လက် ရှင်သန်နေနိုင်တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

RFA Burmese
------------------------------
(Zawgyi)⤵⤵⤵
ကို႐ိုနာဗိုင္းရပ္စ္လူနာေတြ ၁၁ ရက္ေက်ာ္ရင္ တျခားသူကို  မကူးစက္ႏိုင္ေၾကာင္း သုေတသနစာတမ္းထြက္‌ေပၚ 

ကို႐ိုနာဗိုင္းရပ္စ္ပိုး ကူးစက္ခံထားရတဲ့ လူနာအမ်ားစုဟာ ေရာဂါျဖစ္ပြားၿပီး (၁၁) ရက္အၾကာမွာ တျခားသူေတြကို ကူးစက္ႏိုင္ေျခ မရွိေတာ့ဘူးလို႔ ေမလ ၂၃ ရက္ေန႔က ထုတ္ျပန္တဲ့ စကၤာပူ သုေတသန စာတမ္းတေစာင္က ေဖာ္ျပလိုက္ပါတယ္။

စကၤာပူ အမ်ိဳးသား ကူးစက္ေရာဂါဆိုင္ရာဌာနနဲ႔ စကၤာပူ ေဆးတကၠသိုလ္ ကူးစက္ေရာဂါဆိုင္ရာ ဆရာဝန္မ်ားအဖြဲ႕က ထုတ္ျပန္တဲ့ အဲဒီစာတမ္းဟာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံထားရတဲ့ လူနာ ၇၃ ဦးကို အေျခခံၿပီး ေလ့လာျပဳစုထားတာပါ။

ေရာဂါျဖစ္ပြားၿပီး (၁၁) ရက္အၾကာမွာ ဗိုင္းရပ္စ္ပိုး ကင္းစင္ေၾကာင္း ေဆးစစ္ခ်က္အေျဖ မျပသေသးေပမယ့္ တျခားသူေတြကို ကူးစက္ႏိုင္ေျခ မရွိေတာ့တာကို လူနာအမ်ားစုမွာ ေလ့လာ ေတြ႕ရွိခဲ့တယ္လို႔ ဆိုပါတယ္။

ဗိုင္းရပ္စ္ပိုးအပိုင္းအစ (ဒါမွမဟုတ္) မရွင္သန္ႏိုင္ေတာ့တဲ့ ဗိုင္းရပ္စ္ပိုးေတြ က်န္ေနရင္လည္း ပိုးရွိေၾကာင္း ေဆးစစ္ခ်က္အေျဖ ထြက္ႏိုင္ေပမယ့္ အဲဒီႏွစ္မ်ိဳးလုံးဟာ တျခားသူေတြကို မကူးစက္ႏိုင္ဘူးလို႔ စကၤာပူအေျခစိုက္ Straitstimes  သတင္းစာမွာ ေဖာ္ျပထားပါတယ္။

ႁခြင္းခ်က္အေနနဲ႔ ကင္ဆာေရာဂါေၾကာင့္ ဓာတ္ကင္ၿပီး ကုသေနရသူေတြ၊ ကိုယ္တြင္းအဂၤါ အစားထိုးကုသမႈေၾကာင့္ ေဆးေသာက္ေနရသူေတြ... စတဲ့ ကိုယ္ခံအားနည္း လူနာေတြမွာေတာ့ ေရာဂါပိုးကူးစက္ၿပီး ရက္အေတာ္ၾကာအထိ ဗိုင္းရပ္စ္ပိုး ဆက္လက္ ရွင္သန္ေနႏိုင္တယ္လို႔ သတင္းမွာ ေဖာ္ျပထားပါတယ္။

RFA Burmese
ကိုရိုနာဗိုင်းရပ်စ်လူနာတွေ ၁၁ ရက်ကျော်ရင် တခြားသူကို မကူးစက်နိုင်ကြောင်း သုတေသနစာတမ်းထွက်‌ပေါ် ကိုရိုနာဗိုင်းရပ်စ်လူနာတွေ ၁၁ ရက်ကျော်ရင် တခြားသူကို  မကူးစက်နိုင်ကြောင်း သုတေသနစာတမ်းထွက်‌ပေါ် Reviewed by THITHTOOLWIN on 20:45 Rating: 5
Powered by Blogger.