လႈိင္သာယာမွာ တ႐ုတ္ႏိုင္ငံသား စက္႐ုံပိုင္ရွင္ အသတ္ခံရ၊ သံသယတရားခံေတြကို ေခၚစစ္

လႈိင္သာယာၿမိဳ႕နယ္ထဲမွာရွိတဲ့ စက္မႈဇုန္ေတြက အလုပ္သမားေတြရဲ႕ ႐ုံးတက္႐ုံးဆင္းခ်ိန္ျမင္ကြင္း
(Zawgyi)⤵⤵⤵
ရန္ကုန္တိုင္း လႈိင္သာယာၿမိဳ႕နယ္ ေ႐ႊလင္ပန္း စက္မႈဇုန္ထဲက ဦးဖိုးလႈိင္လမ္းနဲ႔ ဦးထြန္းညိဳလမ္းၾကားေထာင့္မွာ တ႐ုတ္ႏိုင္ငံသား စက္႐ုံပိုင္ရွင္တစ္ဦး ကားေပၚမွာ ဓားဒဏ္ရာေတြနဲ႔ ေသဆုံးေနတာကို ေမလ ၁၁ ရက္ေန႔ ညေန ၄ နာရီခြဲေလာက္မွာ ၿမိဳ႕နယ္ ရဲတပ္ဖြဲ႕က စစ္ေဆးေတြ႕ခဲ့ပါတယ္။

"ဓားဒဏ္ရာ ၃ ခ်က္က ရင္ၫြန႔္မွာ ၁ ခ်က္၊ ဝဲနဲ႔ ယာ ေဘးနံၾကားကို ၁ ခ်က္စီပါ၊ အခင္းျဖစ္ၿပီး ၁၀ မိနစ္ၾကာေလာက္ေတာ့ ကြၽန္ေတာ္တို႔ ေရာက္တယ္၊ ေရာက္တဲ့အခ်ိန္မွာ အသက္က မရွိေတာ့ဘူး၊ ဓားဒဏ္ရာနဲ႔ ကားေပၚမွာ ေမွာက္ေနတယ္၊ သူတစ္ေယာက္တည္း ေတြ႕တယ္" လႈိင္သာယာၿမိဳ႕နယ္ ေသာင္ႀကီးနယ္ေျမ ရဲစခန္းမႉး ရဲအုပ္ သန္းစိုးက ေျပာပါတယ္။

ေသဆုံးမႈအတြက္ေတာ့ လႈိင္သာယာၿမိဳ႕နယ္ ေသာင္ႀကီးနယ္ေျမရဲစခန္းမွာ လူသတ္မႈနဲ႔ အမႈဖြင့္ထားၿပီး သံသယတရားခံေတြကိုလည္း ေခၚစစ္ေနပါတယ္။

"စက္႐ုံအနီးတဝိုက္က လုယက္တတ္တဲ့သူေတြကို ေခၚစစ္ေနပါတယ္၊ သတင္းရွိတဲ့သူ ၈ ေယာက္ကို စစ္ေဆးထားပါတယ္" လို႔ ေသာင္ႀကီးနယ္ေျမ ရဲစခန္းမႉး ရဲအုပ္ သန္းစိုးက ေျပာပါတယ္။

ေသဆုံးသူဟာ အသက္ ၆၃ ႏွစ္အ႐ြယ္ Mr Yang Beng Olao ဆိုသူ ျဖစ္ၿပီး သူဟာ ေ႐ႊလင္ပန္း စက္မႈဇုန္အကြက္ ၂၂ မွာရွိတဲ့ Myanmar Golden Forever သံမဏိစက္႐ုံ ပိုင္ရွင္ ျဖစ္ပါတယ္။

အဲ့ဒီတ႐ုတ္ႏိုင္ငံသား မေသဆုံးခင္ သူေမာင္းလာတဲ့ တိုယိုတာ ပလက္တီနမ္ကားေနာက္ကို ဆိုင္ကယ္နဲ႔ လူ ၃ ေယာက္ေလာက္က လိုက္လာၿပီး ကားေပၚက ဆြဲခ်ထိုးႀကိတ္ေနတဲ့ ဗြီဒီယိုဟာ လူမႈကြန္ယက္ေဖ့စ္ဘြတ္ေပၚမွာ ပ်ံ႕ႏွံ႔ခဲ့ပါတယ္။

ေသာင္ႀကီးနယ္ေျမ ရဲစခန္း ရဲအုပ္ သန္းစိုးကေတာ့ "အဲ့ဒီဗြီဒီယိုက ဘယ္က ဘယ္လိုပ်ံ႕လဲ ကြၽန္ေတာ္တို႔လည္း မသိပါဘူး၊ ဘာလို႔ဆိုေတာ့ ျဖစ္ျဖစ္ခ်င္း ကြၽန္ေတာ္တို႔ လိုက္တယ္၊ ဗြီဒီယိုလည္း ကြၽန္ေတာ္တို႔ မရပါဘူး" လို႔ ေျပာပါတယ္။

ရန္ကုန္တိုင္းေဒသႀကီးအတြင္း လူဦးေရအမ်ားဆုံးေနထိုင္ရာ လႈိင္သာၿမိဳ႕နယ္မွာ စက္မႈဇုန္အမ်ားဆုံးတည္ရွိၿပီး စက္႐ုံအမ်ားစုဟာ တ႐ုတ္ႏိုင္ငံသားေတြပိုင္တဲ့စက္႐ုံေတြ ျဖစ္ပါတယ္။

လက္ရွိမွာ ကိုဗစ္-၁၉ ကူးစက္မႈေတြေၾကာင့္ လႈိင္သာယာအပါအဝင္ တႏိုင္ငံလုံးက စက္႐ုံ အလုပ္႐ုံေတြကို က်န္းမာေရး လိုက္နာခ်က္ေတြနဲ႔အညီ ျပန္ဖြင့္ဖို႔ စိစစ္ေနပါတယ္။

အခု အသတ္ခံရတဲ့ တ႐ုတ္ႏိုင္ငံသားရဲ႕ သံမဏိ စက္႐ုံကေတာ့ ခြင့္ျပဳခ်က္နဲ႔ လည္ပတ္ေနဆဲ ျဖစ္ၿပီး စက္႐ုံပိုင္ရွင္ေသဆုံးမႈနဲ႔ ပတ္သက္လို႔ေတာ့ ဝန္ထမ္းေတြကို ေခၚစစ္တာ မရွိေသးဘူးလို႔ ေသာင္ႀကီးနယ္ေျမ ရဲစခန္းမႉး ရဲအုပ္ သန္းစိုးက ေျပာပါတယ္။

BBC Burmese
---------------------------------
(Unicode)⤵⤵⤵
လှိုင်သာယာမှာ တရုတ်နိုင်ငံသား စက်ရုံပိုင်ရှင် အသတ်ခံရ၊ သံသယတရားခံတွေကို ခေါ်စစ်

ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် ရွှေလင်ပန်း စက်မှုဇုန်ထဲက ဦးဖိုးလှိုင်လမ်းနဲ့ ဦးထွန်းညိုလမ်းကြားထောင့်မှာ တရုတ်နိုင်ငံသား စက်ရုံပိုင်ရှင်တစ်ဦး ကားပေါ်မှာ ဓားဒဏ်ရာတွေနဲ့ သေဆုံးနေတာကို မေလ ၁၁ ရက်နေ့ ညနေ ၄ နာရီခွဲလောက်မှာ မြို့နယ် ရဲတပ်ဖွဲ့က စစ်ဆေးတွေ့ခဲ့ပါတယ်။

"ဓားဒဏ်ရာ ၃ ချက်က ရင်ညွန့်မှာ ၁ ချက်၊ ဝဲနဲ့ ယာ ဘေးနံကြားကို ၁ ချက်စီပါ၊ အခင်းဖြစ်ပြီး ၁၀ မိနစ်ကြာလောက်တော့ ကျွန်တော်တို့ ရောက်တယ်၊ ရောက်တဲ့အချိန်မှာ အသက်က မရှိတော့ဘူး၊ ဓားဒဏ်ရာနဲ့ ကားပေါ်မှာ မှောက်နေတယ်၊ သူတစ်ယောက်တည်း တွေ့တယ်" လှိုင်သာယာမြို့နယ် သောင်ကြီးနယ်မြေ ရဲစခန်းမှူး ရဲအုပ် သန်းစိုးက ပြောပါတယ်။

သေဆုံးမှုအတွက်တော့ လှိုင်သာယာမြို့နယ် သောင်ကြီးနယ်မြေရဲစခန်းမှာ လူသတ်မှုနဲ့ အမှုဖွင့်ထားပြီး သံသယတရားခံတွေကိုလည်း ခေါ်စစ်နေပါတယ်။

"စက်ရုံအနီးတဝိုက်က လုယက်တတ်တဲ့သူတွေကို ခေါ်စစ်နေပါတယ်၊ သတင်းရှိတဲ့သူ ၈ ယောက်ကို စစ်ဆေးထားပါတယ်" လို့ သောင်ကြီးနယ်မြေ ရဲစခန်းမှူး ရဲအုပ် သန်းစိုးက ပြောပါတယ်။

သေဆုံးသူဟာ အသက် ၆၃ နှစ်အရွယ် Mr Yang Beng Olao ဆိုသူ ဖြစ်ပြီး သူဟာ ရွှေလင်ပန်း စက်မှုဇုန်အကွက် ၂၂ မှာရှိတဲ့ Myanmar Golden Forever သံမဏိစက်ရုံ ပိုင်ရှင် ဖြစ်ပါတယ်။

အဲ့ဒီတရုတ်နိုင်ငံသား မသေဆုံးခင် သူမောင်းလာတဲ့ တိုယိုတာ ပလက်တီနမ်ကားနောက်ကို ဆိုင်ကယ်နဲ့ လူ ၃ ယောက်လောက်က လိုက်လာပြီး ကားပေါ်က ဆွဲချထိုးကြိတ်နေတဲ့ ဗွီဒီယိုဟာ လူမှုကွန်ယက်ဖေ့စ်ဘွတ်ပေါ်မှာ ပျံ့နှံ့ခဲ့ပါတယ်။

သောင်ကြီးနယ်မြေ ရဲစခန်း ရဲအုပ် သန်းစိုးကတော့ "အဲ့ဒီဗွီဒီယိုက ဘယ်က ဘယ်လိုပျံ့လဲ ကျွန်တော်တို့လည်း မသိပါဘူး၊ ဘာလို့ဆိုတော့ ဖြစ်ဖြစ်ချင်း ကျွန်တော်တို့ လိုက်တယ်၊ ဗွီဒီယိုလည်း ကျွန်တော်တို့ မရပါဘူး" လို့ ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း လူဦးရေအများဆုံးနေထိုင်ရာ လှိုင်သာမြို့နယ်မှာ စက်မှုဇုန်အများဆုံးတည်ရှိပြီး စက်ရုံအများစုဟာ တရုတ်နိုင်ငံသားတွေပိုင်တဲ့စက်ရုံတွေ ဖြစ်ပါတယ်။

လက်ရှိမှာ ကိုဗစ်-၁၉ ကူးစက်မှုတွေကြောင့် လှိုင်သာယာအပါအဝင် တနိုင်ငံလုံးက စက်ရုံ အလုပ်ရုံတွေကို ကျန်းမာရေး လိုက်နာချက်တွေနဲ့အညီ ပြန်ဖွင့်ဖို့ စိစစ်နေပါတယ်။

အခု အသတ်ခံရတဲ့ တရုတ်နိုင်ငံသားရဲ့ သံမဏိ စက်ရုံကတော့ ခွင့်ပြုချက်နဲ့ လည်ပတ်နေဆဲ ဖြစ်ပြီး စက်ရုံပိုင်ရှင်သေဆုံးမှုနဲ့ ပတ်သက်လို့တော့ ဝန်ထမ်းတွေကို ခေါ်စစ်တာ မရှိသေးဘူးလို့ သောင်ကြီးနယ်မြေ ရဲစခန်းမှူး ရဲအုပ် သန်းစိုးက ပြောပါတယ်။

BBC Burmese
https://www.bbc.com/burmese/burma-52632152
လႈိင္သာယာမွာ တ႐ုတ္ႏိုင္ငံသား စက္႐ုံပိုင္ရွင္ အသတ္ခံရ၊ သံသယတရားခံေတြကို ေခၚစစ္ လႈိင္သာယာမွာ တ႐ုတ္ႏိုင္ငံသား စက္႐ုံပိုင္ရွင္ အသတ္ခံရ၊ သံသယတရားခံေတြကို ေခၚစစ္ Reviewed by THITHTOOLWIN on 19:37 Rating: 5
Powered by Blogger.