ကပ္ေရာဂါေၾကာင့္ စားေသာက္ဆိုင္အမ်ားအျပား အရႈံးေပၚ

(Zawgyi)⤵⤵⤵
ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈ ဟန႔္တားႏိုင္ေအာင္ စားေသာက္ဆိုင္အတြင္း ဝင္ေရာက္စားေသာက္ခြင့္မျပဳဘဲ အစားအစာ အိမ္ကို ထုပ္ပိုးဝယ္ယူတဲ့စနစ္ က်င့္သုံးေနတာ အခုဆိုရင္ တစ္လေက်ာ္သြားပါၿပီ။

ဒီအေျပာင္းအလဲေၾကာင့္ စားေသာက္ဆိုင္ေတြရဲ႕ ေရာင္းအားဟာ ၈၀ ရာခိုင္ႏႈန္းေလာက္ထိ က်ဆင္းသြားၿပီး တခ်ိဳ႕ဆိုင္ေတြဆိုရင္ အရႈံးေပၚေနေၾကာင္း စားေသာက္ဆိုင္ပိုင္ရွင္ေတြက ေျပာပါတယ္။

အစားအေသာက္ေရာင္းတဲ့ဆိုင္ေတြကို ဆိုင္ထိုင္စနစ္နဲ႔ ေရာင္းခ်ခြင့္ ပိတ္ထားခ်ိန္မွာ စားသုံးသူေတြကို ထုတ္ပိုး သယ္ယူစနစ္၊ အိမ္အေရာက္ပို႔စနစ္ေတြနဲ႔ ေရာင္းခ်ေပးေနၾကေပမယ့္ ေရာင္းအားက နည္းပါးလြန္းေနတယ္လို႔ စားေသာက္ဆိုင္ပိုင္ရွင္ေတြက ေျပာပါတယ္။

ေရာင္းအားက်လာလို႔ ဝန္ထမ္းအင္အား ေလွ်ာ့ခ်လိုက္ေပမယ့္ ၿပီးခဲ့တဲ့ ဧၿပီလမွာ အရႈံးေပၚခဲ့တာေၾကာင့္ စားေသာက္ဆိုင္ ျပန္ဖြင့္ခြင့္ရမယ့္ အေျခအေနကို ေမွ်ာ္လင့္ေနတယ္လို႔ မိတၳီလာၿမိဳ႕က အဏၰဝါထီလာ စားေသာက္ဆိုင္ပိုင္ရွင္ ေဒၚယင္းမာသြယ္က ေျပာပါတယ္။

“ဝန္ထမ္းႏွစ္ေယာက္စာနဲ႔ ဆိုင္ခန္းငွားခပဲ ရတယ္၊ အျမတ္မက်န္ဘူး။ ဆိုင္နာမည္ ထိန္းဖို႔၊ ျပန္ဖြင္ခဲ့ရင္ စားသုံးသူနဲ႔ အဆက္မျပတ္ဖို႔ကို ေမွးၿပီးလုပ္ေနရတဲ့သေဘာပဲ။ အနစ္နာခံၿပီးကိုလုပ္ေနရတာ။ ဖြင့္ေပးမွ အဆင္ေျပမွာ”

ေဒၚယင္းမာသြယ္ဟာဆိုရင္ မေကြးၿမိဳ႕မွာ ဆိုင္အသစ္ဖြင့္ဖို႔ တစ္လပိုင္းမွာ စာခ်ဳပ္ခ်ဳပ္ၿပီး ေနရာငွားရမ္း ထားေပမယ့္ ကပ္ေရာဂါေၾကာင့္ ဖြင့္ခြင့္မရဘဲ ေနရာသစ္ငွားရမ္းခ တစ္လ က်ပ္ေလးသိန္း အသားတင္ ရႈံးေနရတယ္လို႔လည္း ဆိုပါတယ္။

ဆယ္တန္းစာေမးပြဲ ကာလအတြင္း ဆိုင္ေတြ ယာယီပိတ္ထားခဲ့ၾကရၿပီးေနာက္ ျပန္လည္ဖြင့္လွစ္ ေရာင္းခ်မယ့္ အခ်ိန္မွာ ကို႐ိုနာဗိုင္းရပ္စ္က တစ္ဆက္တည္း ေရာက္ရွိလာတာေၾကာင့္ ေရာင္းခ်ခ်ိန္ ေကာင္းစြာ မရရွိဘဲ အဆိုးဆုံးအေျခေနကို ျဖတ္ေက်ာ္ေနၾကရတယ္လို႔ စားေသာက္ဆိုင္ပိုင္ရွင္ေတြက ေျပာပါတယ္။

ဒီလိုခက္ခဲတဲ့ အေျခအေနကို ႀကဳံေတြ႕ေနၾကရတဲ့ စားေသာက္ဆိုင္ပိုင္ရွင္ေတြက အမ်ားအျပားပါပဲ။

တခ်ိဳ႕ကေတာ့ ဆိုင္ကို လုံးဝပိတ္ထားၾကသလို တခ်ိဳ႕ကေတာ့ ဆိုင္ကို လက္လြဲျပန္ေရာင္းဖို႔အထိ လုပ္ေနၾက ရတယ္လို႔ ရန္ကုန္တိုင္း ေျမာက္ဥကၠလာၿမိဳ႕နယ္က ျမစည္းစိမ္ စားေသာက္ဆိုင္ပိုင္ရွင္ ေဒၚဇာျခည္ဝင္းက ေျပာပါတယ္။

“ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ပိတ္ျဖစ္တာ၊ ဆိုင္ငွားခေတြကလည္း တစ္လကို ဆယ္သိန္းေလာက္ရွိတယ္။ ဆိုင္ရွင္ကလည္း အဲဒီအတြက္ တစ္ဝက္ေလာက္ကို မေလွ်ာ့ေတာ့ ဆက္မလုပ္သလို၊ လုပ္တဲ့ အကိုႀကီးကလည္း ဆီးခ်ိဳ၊ ေသြးခ်ိဳလည္း ရွိေတာ့ ေရာဂါလည္း ေၾကာက္ေတာ့၊ ဆိုင္ငွားခေတြကလည္း အဆင္မေျပေတာ့ ပိတ္တာလည္း ပါတယ္။ ကြၽန္မတို႔လည္း ေဒသႏၲရအမိန႔္ ေစာင့္ေနတာ၊ ေနာက္ထပ္ ထပ္ၿပီး မထုတ္ပါေစနဲ႔၊ ၁၅ ရက္ေန႔ၿပီးရင္ ၿပီးပါေစ ဆုေတာင္းေနရတာ"

စားေသာက္ဆိုင္ပိုင္ရွင္ေတြဟာ လာမယ့္ ေမလ ၁၅ ရက္ေနာက္ပိုင္းမွာ ျပန္လည္ဖြင့္လွစ္ခြင့္ရဖို႔ ေမွ်ာ္မွန္းထား ၾကပါတယ္။

ဒါေပမဲ့ အခုအခ်ိန္အထိေတာ့ ဆိုင္ေတြကို အသိေပးအေၾကာင္းၾကားမႈ တစ္စုံတစ္ရာ မရွိေသးဘူးလို႔ မႏၲေလးၿမိဳ႕က Besto Bbq & Restaurant ဆိုင္ပိုင္ရွင္ ဦးဟန္သူေအာင္က ေျပာပါတယ္။

“ေတာ္ေတာ္ေလး ခက္ခဲေနၾကတယ္၊ ျဖစ္လာမွေတာ့၊ ကပ္ေရာဂါျဖစ္ေနတယ္၊ ထိန္းသိမ္းလို႔မရဘူး ဆိုေတာ့၊ လုပ္ငန္းလုပ္တဲ့သူေတြကို အစိုးရအေနနဲ႔ မီတာခေတြကို အလုပ္လုပ္ေနတဲ့သူေတြကို သက္သာခြင့္ေတြ၊ ကင္းလြတ္တဲ့အထိ မဟုတ္ေတာင္ အိမ္ရွင္ေတြကို စီးပြားေရးအတြက္ ငွားထားတာေတြကို ေလွ်ာ့ေပးရင္၊ ေခ်းေငြယူၿပီး လုပ္ေနရတဲ့သူေတြ ဒီအခ်ိန္မွာ အရမ္းကိုနစ္နာတယ္“

မႏၲေလးတိုင္းမွာဆိုရင္ အသြားအလာကန႔္သတ္တာ၊ ဖြင့္လွစ္ ေရာင္းခ်ခြင့္ ကန႔္သတ္တာေတြကို ဧၿပီလ ၇ ရက္ေန႔ ကေန ၁၄ ရက္ေန႔အထိသာ စတင္ ကန႔္သတ္ခဲ့တာျဖစ္ၿပီး အဲဒီရက္ကေန တျဖည္းျဖည္း တိုးျမႇင့္လာခဲ့ရာမွာ အခုအခါမွာေတာ့ ေမလ ၁၅ ရက္ေန႔အထိ ကန႔္သတ္ထားတာျဖစ္ပါတယ္။

မႏၲေလးၿမိဳ႕က ေ႐ႊအင္း၀ လဘၻက္ရည္ဆိုင္ပိုင္ရွင္ ကိုေနေဇာ္လတ္က

“၁၅ ရက္ေနာက္ပိုင္းမွာ သတ္မွတ္ထားတဲ့ စည္းကမ္းေတြနဲ႔ ဆိုင္ေတြျပန္ဖြင့္ၿပီး စားသုံးသူေရာ ေရာင္းသူေရာ ႏွာေခါင္းစည္းေတြတပ္၊ လူထိုင္ရင္လည္း သုံးေပအကြာ၊ ေျခာက္ေပအကြာနဲ႔ သတ္မွတ္ခ်က္ေတြနဲ႔ထိုင္ၿပီး ေရာင္းမယ္ဆို အဆင္ေျပမယ္ထင္တာပဲ၊ နည္းနည္းေတာ့ ေျဖေလွ်ာ့သင့္ၿပီလို႔ ထင္တယ္"

စားေသာက္ဆိုင္ပိုင္ရွင္ေတြအေနနဲ႔ အစိုးရ ၫႊန္ၾကားခ်က္ စည္းကမ္းေတြကို လိုက္နာၿပီး ဆိုင္ျပန္လည္ ဖြင့္လွစ္ ေရာင္းခ်ခြင့္ရဖို႔ ေမွ်ာ္လင့္ေနၾကတယ္လို႔ ေျပာၾကပါတယ္။

မႏၲေလးမွာေတာ့ ဆိုင္ေတြ ျပန္လည္ဖြင့္လွစ္ခြင့္ရမလား၊ ဘယ္လိုပုံစံနဲ႔ ဆက္လက္လုပ္ကိုင္ၾကမလဲ ဆိုတာေတြကို ပိုမို သိရွိႏိုင္ေအာင္ ဒီရက္ပိုင္းမွာေတာ့ အေျဖတစ္ခု ထုတ္ျပန္သြားမွာျဖစ္တယ္လို႔ မႏၲေလးတိုင္းအစိုးရအဖြဲ႕ကေန သိရပါတယ္။

ေခမဏီဝင္း / RFA Burmese
---------------------------------------------

(Unicode)⤵⤵⤵
ကပ်ရောဂါကြောင့် စားသောက်ဆိုင်အများအပြား အရှုံးပေါ်

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ဟန့်တားနိုင်အောင် စားသောက်ဆိုင်အတွင်း ဝင်ရောက်စားသောက်ခွင့်မပြုဘဲ အစားအစာ အိမ်ကို ထုပ်ပိုးဝယ်ယူတဲ့စနစ် ကျင့်သုံးနေတာ အခုဆိုရင် တစ်လကျော်သွားပါပြီ။

ဒီအပြောင်းအလဲကြောင့် စားသောက်ဆိုင်တွေရဲ့ ရောင်းအားဟာ ၈၀ ရာခိုင်နှုန်းလောက်ထိ ကျဆင်းသွားပြီး တချို့ဆိုင်တွေဆိုရင် အရှုံးပေါ်နေကြောင်း စားသောက်ဆိုင်ပိုင်ရှင်တွေက ပြောပါတယ်။

အစားအသောက်ရောင်းတဲ့ဆိုင်တွေကို ဆိုင်ထိုင်စနစ်နဲ့ ရောင်းချခွင့် ပိတ်ထားချိန်မှာ စားသုံးသူတွေကို ထုတ်ပိုး သယ်ယူစနစ်၊ အိမ်အရောက်ပို့စနစ်တွေနဲ့ ရောင်းချပေးနေကြပေမယ့် ရောင်းအားက နည်းပါးလွန်းနေတယ်လို့ စားသောက်ဆိုင်ပိုင်ရှင်တွေက ပြောပါတယ်။

ရောင်းအားကျလာလို့ ဝန်ထမ်းအင်အား လျှော့ချလိုက်ပေမယ့် ပြီးခဲ့တဲ့ ဧပြီလမှာ အရှုံးပေါ်ခဲ့တာကြောင့် စားသောက်ဆိုင် ပြန်ဖွင့်ခွင့်ရမယ့် အခြေအနေကို မျှော်လင့်နေတယ်လို့ မိတ္ထီလာမြို့က အဏ္ဏဝါထီလာ စားသောက်ဆိုင်ပိုင်ရှင် ဒေါ်ယင်းမာသွယ်က ပြောပါတယ်။

“ဝန်ထမ်းနှစ်ယောက်စာနဲ့ ဆိုင်ခန်းငှားခပဲ ရတယ်၊ အမြတ်မကျန်ဘူး။ ဆိုင်နာမည် ထိန်းဖို့၊ ပြန်ဖွင်ခဲ့ရင် စားသုံးသူနဲ့ အဆက်မပြတ်ဖို့ကို မှေးပြီးလုပ်နေရတဲ့သဘောပဲ။ အနစ်နာခံပြီးကိုလုပ်နေရတာ။ ဖွင့်ပေးမှ အဆင်ပြေမှာ”

ဒေါ်ယင်းမာသွယ်ဟာဆိုရင် မကွေးမြို့မှာ ဆိုင်အသစ်ဖွင့်ဖို့ တစ်လပိုင်းမှာ စာချုပ်ချုပ်ပြီး နေရာငှားရမ်း ထားပေမယ့် ကပ်ရောဂါကြောင့် ဖွင့်ခွင့်မရဘဲ နေရာသစ်ငှားရမ်းခ တစ်လ ကျပ်လေးသိန်း အသားတင် ရှုံးနေရတယ်လို့လည်း ဆိုပါတယ်။

ဆယ်တန်းစာမေးပွဲ ကာလအတွင်း ဆိုင်တွေ ယာယီပိတ်ထားခဲ့ကြရပြီးနောက် ပြန်လည်ဖွင့်လှစ် ရောင်းချမယ့် အချိန်မှာ ကိုရိုနာဗိုင်းရပ်စ်က တစ်ဆက်တည်း ရောက်ရှိလာတာကြောင့် ရောင်းချချိန် ကောင်းစွာ မရရှိဘဲ အဆိုးဆုံးအခြေနေကို ဖြတ်ကျော်နေကြရတယ်လို့ စားသောက်ဆိုင်ပိုင်ရှင်တွေက ပြောပါတယ်။

ဒီလိုခက်ခဲတဲ့ အခြေအနေကို ကြုံတွေ့နေကြရတဲ့ စားသောက်ဆိုင်ပိုင်ရှင်တွေက အများအပြားပါပဲ။

တချို့ကတော့ ဆိုင်ကို လုံးဝပိတ်ထားကြသလို တချို့ကတော့ ဆိုင်ကို လက်လွဲပြန်ရောင်းဖို့အထိ လုပ်နေကြ ရတယ်လို့ ရန်ကုန်တိုင်း မြောက်ဥက္ကလာမြို့နယ်က မြစည်းစိမ် စားသောက်ဆိုင်ပိုင်ရှင် ဒေါ်ဇာခြည်ဝင်းက ပြောပါတယ်။

“ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပိတ်ဖြစ်တာ၊ ဆိုင်ငှားခတွေကလည်း တစ်လကို ဆယ်သိန်းလောက်ရှိတယ်။ ဆိုင်ရှင်ကလည်း အဲဒီအတွက် တစ်ဝက်လောက်ကို မလျှော့တော့ ဆက်မလုပ်သလို၊ လုပ်တဲ့ အကိုကြီးကလည်း ဆီးချို၊ သွေးချိုလည်း ရှိတော့ ရောဂါလည်း ကြောက်တော့၊ ဆိုင်ငှားခတွေကလည်း အဆင်မပြေတော့ ပိတ်တာလည်း ပါတယ်။ ကျွန်မတို့လည်း ဒေသန္တရအမိန့် စောင့်နေတာ၊ နောက်ထပ် ထပ်ပြီး မထုတ်ပါစေနဲ့၊ ၁၅ ရက်နေ့ပြီးရင် ပြီးပါစေ ဆုတောင်းနေရတာ"

စားသောက်ဆိုင်ပိုင်ရှင်တွေဟာ လာမယ့် မေလ ၁၅ ရက်နောက်ပိုင်းမှာ ပြန်လည်ဖွင့်လှစ်ခွင့်ရဖို့ မျှော်မှန်းထား ကြပါတယ်။

ဒါပေမဲ့ အခုအချိန်အထိတော့ ဆိုင်တွေကို အသိပေးအကြောင်းကြားမှု တစ်စုံတစ်ရာ မရှိသေးဘူးလို့ မန္တလေးမြို့က Besto Bbq & Restaurant ဆိုင်ပိုင်ရှင် ဦးဟန်သူအောင်က ပြောပါတယ်။

“တော်တော်လေး ခက်ခဲနေကြတယ်၊ ဖြစ်လာမှတော့၊ ကပ်ရောဂါဖြစ်နေတယ်၊ ထိန်းသိမ်းလို့မရဘူး ဆိုတော့၊ လုပ်ငန်းလုပ်တဲ့သူတွေကို အစိုးရအနေနဲ့ မီတာခတွေကို အလုပ်လုပ်နေတဲ့သူတွေကို သက်သာခွင့်တွေ၊ ကင်းလွတ်တဲ့အထိ မဟုတ်တောင် အိမ်ရှင်တွေကို စီးပွားရေးအတွက် ငှားထားတာတွေကို လျှော့ပေးရင်၊ ချေးငွေယူပြီး လုပ်နေရတဲ့သူတွေ ဒီအချိန်မှာ အရမ်းကိုနစ်နာတယ်“

မန္တလေးတိုင်းမှာဆိုရင် အသွားအလာကန့်သတ်တာ၊ ဖွင့်လှစ် ရောင်းချခွင့် ကန့်သတ်တာတွေကို ဧပြီလ ၇ ရက်နေ့ ကနေ ၁၄ ရက်နေ့အထိသာ စတင် ကန့်သတ်ခဲ့တာဖြစ်ပြီး အဲဒီရက်ကနေ တဖြည်းဖြည်း တိုးမြှင့်လာခဲ့ရာမှာ အခုအခါမှာတော့ မေလ ၁၅ ရက်နေ့အထိ ကန့်သတ်ထားတာဖြစ်ပါတယ်။

မန္တလေးမြို့က ရွှေအင်း၀ လဘ္ဘက်ရည်ဆိုင်ပိုင်ရှင် ကိုနေဇော်လတ်က

“၁၅ ရက်နောက်ပိုင်းမှာ သတ်မှတ်ထားတဲ့ စည်းကမ်းတွေနဲ့ ဆိုင်တွေပြန်ဖွင့်ပြီး စားသုံးသူရော ရောင်းသူရော နှာခေါင်းစည်းတွေတပ်၊ လူထိုင်ရင်လည်း သုံးပေအကွာ၊ ခြောက်ပေအကွာနဲ့ သတ်မှတ်ချက်တွေနဲ့ထိုင်ပြီး ရောင်းမယ်ဆို အဆင်ပြေမယ်ထင်တာပဲ၊ နည်းနည်းတော့ ဖြေလျှော့သင့်ပြီလို့ ထင်တယ်"

စားသောက်ဆိုင်ပိုင်ရှင်တွေအနေနဲ့ အစိုးရ ညွှန်ကြားချက် စည်းကမ်းတွေကို လိုက်နာပြီး ဆိုင်ပြန်လည် ဖွင့်လှစ် ရောင်းချခွင့်ရဖို့ မျှော်လင့်နေကြတယ်လို့ ပြောကြပါတယ်။

မန္တလေးမှာတော့ ဆိုင်တွေ ပြန်လည်ဖွင့်လှစ်ခွင့်ရမလား၊ ဘယ်လိုပုံစံနဲ့ ဆက်လက်လုပ်ကိုင်ကြမလဲ ဆိုတာတွေကို ပိုမို သိရှိနိုင်အောင် ဒီရက်ပိုင်းမှာတော့ အဖြေတစ်ခု ထုတ်ပြန်သွားမှာဖြစ်တယ်လို့ မန္တလေးတိုင်းအစိုးရအဖွဲ့ကနေ သိရပါတယ်။

ခေမဏီဝင်း / RFA Burmese
https://www.rfa.org/burmese/news/many-restaurants-fail-05132020224056.html
ကပ္ေရာဂါေၾကာင့္ စားေသာက္ဆိုင္အမ်ားအျပား အရႈံးေပၚ ကပ္ေရာဂါေၾကာင့္ စားေသာက္ဆိုင္အမ်ားအျပား အရႈံးေပၚ Reviewed by THITHTOOLWIN on 18:58 Rating: 5
Powered by Blogger.