အင္းစိန္က တစ္အိမ္တည္းေနသူ ၁၂ ဦးမွာ ပိုးထပ္ေတြ႕

အင္းစိန္ၿမိဳ႕နယ္မွာ ပိုးေတြ႕လူနာ ၁၂ဦးထပ္တိုး
(Zawgyi)⤵⤵⤵
အင္းစိန္ၿမိဳ႕နယ္ အေနာက္ႀကိဳ႕ကုန္းရပ္ကြက္ ခဝဲၿခံ ၂ လမ္းရွိ တစ္အိမ္တည္း ေနထိုင္သူ ၁၂ ဦးစလုံးမွာ ကို႐ိုနာေရာဂါပိုး ေတြ႕ရွိခဲ့တာျဖစ္တယ္လို႔ အင္းစိန္ၿမိဳ႕နယ္ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဝၿဖိဳးဟန္က ဘီဘီစီကို အတည္ျပဳပါတယ္။

ကိုဗစ္ - ၁၉ ေရာဂါ အတည္ျပဳလူနာ အမွတ္ ၁၅၂, ၁၅၃, ၁၅၄ တို႔ နဲ႔ ဆက္စပ္သူ ၁၄ ဦးကို ကြာရန္တင္းစင္တာကို ပို႔ေဆာင္စစ္ေဆးခဲ့ရာမွာ မတ္လ ၇ ရက္ေန႔ က အစိုးရထုတ္ျပန္တဲ့ လူနာအမွတ္ ၁၆၅ ကေန လူနာအမွတ္ ၁၇၆ အထိ စုစုေပါင္း ၁၂ ဦး ေရာဂါပိုးေတြ႕ရွိခဲ့တာ ျဖစ္တယ္လို႔လည္း သူက ေျပာပါတယ္။

သူတို႔ဟာ မိသားစုဝင္ေတြ ျဖစ္ၿပီး အဲဒီမိသားစုဝင္ေတြအားလုံးဟာ အေနာက္ႀကိဳ႕ကုန္း ခဝဲၿခံ ၂ လမ္း မွာ ေနထိုင္သူေတြ ျဖစ္တယ္လို႔ ဆိုပါတယ္။

သူတို႔ကို ေမလ ၄ရက္ေန႔ ကတည္းက Quarantine Center ကြာရန္တင္းစင္တာ ကို ပို႔ေဆာင္ထားၿပီးျဖစ္ေၾကာင္းနဲ႔ လမ္းကိုလည္း Lock Down ခ်ထားၿပီးျဖစ္တယ္လို႔လည္း သူက ဘီဘီစီကို ရွင္းျပပါတယ္။

ေမလ ၇ ရက္ေန႔ မနက္ ၇ နာ ရီကလည္း အင္းစိန္က လူနာအမွတ္ ၁၆၂ တစ္ဦးထပ္ေတြ႕ခဲပါေသးတယ္။ သူဟာလည္း အေနာက္ႀကိဳ႕ကုန္းရပ္ကြက္ ခဝဲၿခံ ၂ လမ္း ေနထိုင္သူျဖစ္ပါတယ္။

အစိုးရက တရားဝင္ထုတ္ျပန္တဲ့ စာရင္းေတြအရ ျမန္မာႏိုင္ငံမွာ ကိုဗစ္ ၁၉ အတည္ျပဳလူနာ ၁၇၆ ဦး အထိ ရွိလာၿပီျဖစ္ၿပီး အင္းစိန္ ၿမိဳ႕နယ္မွာ ေရာဂါပိုးေတြ႕သူ ၄၂ ဦးနဲ႔ အမ်ားဆုံးျဖစ္ပါတယ္။

BBC Burmese
------------------------------------
(Unicode)⤵⤵⤵
အင်းစိန်က တစ်အိမ်တည်းနေသူ ၁၂ ဦးမှာ ပိုးထပ်တွေ့

အင်းစိန်မြို့နယ် အနောက်ကြို့ကုန်းရပ်ကွက် ခဝဲခြံ ၂ လမ်းရှိ တစ်အိမ်တည်း နေထိုင်သူ ၁၂ ဦးစလုံးမှာ ကိုရိုနာရောဂါပိုး တွေ့ရှိခဲ့တာဖြစ်တယ်လို့ အင်းစိန်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က ဘီဘီစီကို အတည်ပြုပါတယ်။

ကိုဗစ် - ၁၉ ရောဂါ အတည်ပြုလူနာ အမှတ် ၁၅၂, ၁၅၃, ၁၅၄ တို့ နဲ့ ဆက်စပ်သူ ၁၄ ဦးကို ကွာရန်တင်းစင်တာကို ပို့ဆောင်စစ်ဆေးခဲ့ရာမှာ မတ်လ ၇ ရက်နေ့ က အစိုးရထုတ်ပြန်တဲ့ လူနာအမှတ် ၁၆၅ ကနေ လူနာအမှတ် ၁၇၆ အထိ စုစုပေါင်း ၁၂ ဦး ရောဂါပိုးတွေ့ရှိခဲ့တာ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

သူတို့ဟာ မိသားစုဝင်တွေ ဖြစ်ပြီး အဲဒီမိသားစုဝင်တွေအားလုံးဟာ အနောက်ကြို့ကုန်း ခဝဲခြံ ၂ လမ်း မှာ နေထိုင်သူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

သူတို့ကို မေလ ၄ရက်နေ့ ကတည်းက Quarantine Center ကွာရန်တင်းစင်တာ ကို ပို့ဆောင်ထားပြီးဖြစ်ကြောင်းနဲ့ လမ်းကိုလည်း Lock Down ချထားပြီးဖြစ်တယ်လို့လည်း သူက ဘီဘီစီကို ရှင်းပြပါတယ်။

မေလ ၇ ရက်နေ့ မနက် ၇ နာ ရီကလည်း အင်းစိန်က လူနာအမှတ် ၁၆၂ တစ်ဦးထပ်တွေ့ခဲပါသေးတယ်။ သူဟာလည်း အနောက်ကြို့ကုန်းရပ်ကွက် ခဝဲခြံ ၂ လမ်း နေထိုင်သူဖြစ်ပါတယ်။

အစိုးရက တရားဝင်ထုတ်ပြန်တဲ့ စာရင်းတွေအရ မြန်မာနိုင်ငံမှာ ကိုဗစ် ၁၉ အတည်ပြုလူနာ ၁၇၆ ဦး အထိ ရှိလာပြီဖြစ်ပြီး အင်းစိန် မြို့နယ်မှာ ရောဂါပိုးတွေ့သူ ၄၂ ဦးနဲ့ အများဆုံးဖြစ်ပါတယ်။

BBC Burmese
https://www.bbc.com/burmese/in-depth-52577384
အင္းစိန္က တစ္အိမ္တည္းေနသူ ၁၂ ဦးမွာ ပိုးထပ္ေတြ႕ အင္းစိန္က တစ္အိမ္တည္းေနသူ ၁၂ ဦးမွာ ပိုးထပ္ေတြ႕ Reviewed by THITHTOOLWIN on 22:10 Rating: 5
Powered by Blogger.