






သစ်ထူးလွင်
---------------------

မကျဉ်းရွက် အချဉ်ရည်ဟင်း ကြောင့် လူသတ်မှုဖြစ်

 ပြီးခဲ့တဲ့ မေလ ၁၂ ရက်နေ့မနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၊ ကံဆည်ကျေး ရွာမှာ လူသတ်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါတယ်။

 သေဆုံးသူမှာ မခိုင်(၃၅) နှစ်၊(ဘ)ဦးထွေး ဖြစ်ကြောင်းသိရှိရပြီး မှောက်လျှက်အနေအထားနဲ့ လည်ဂုတ်မှာ ပြတ်ရှဒဏ်ရာ(၁)ချက်ရရှိ သေဆုံးနေတာ ဖြစ်ပါတယ်။

ဖြစ်စဉ်နဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့က စုံစမ်းမေးမြန်ခဲ့ရာမှာ ပြစ်မှုကျူးလွန်သူ သိန်းစိုး ဟာ အရက်သေစာသောက်စားတတ်သူဖြစ်ပြီး အရက်ဖြတ်ထားတာကြောင့် စိတ်ဂရောင်ခြောက်ခြားဖြစ်နေတယ်လို့ဆိုပါတယ်။

 ဇနီးဖြစ်သူ မခိုင် ထမင်းဟင်းချက်နေတုန်း မကျဉ်းရွက် အချဉ်ရည်ဟင်း အတွင်း မခိုင် မှ မကျဉ်းရွက်များ ထပ်ထည့်တဲ့ ကိစ္စနဲ့ လင်မယားချင်း စကားများရာမှ  ယောင်္ကျားဖြစ်သူသိန်းစိုးမှ မိန်းမဖြစ်သူ မခိုင်အား သစ်ခုတ်ဓါးနဲ့ ဦးခေါင်းနှောက်စေ့အား ခုတ်ရာ အချင်းဖြစ်ပွားတဲ့နေရာမှာ ပွဲးချင်းပြီး သေဆုံးသွားခဲ့ကြောင်း သိရပါတယ်။

အခုအခါ တရားခံ သိန်းစိုး ကို လူသတ်မှုနဲ့ဖမ်းဆီးခဲ့ပြီး မြစ်သားမြို့မရဲစခန်း (ပ)၁၂၁/၂၀ ရာဇသတ်ကြီးပုဒ်မ ၃၀၂ အရအမှုဖွင့် အရေးယူဆောင်ရွက်ထားရှိကြောင်း သိရှိရပါတယ်။

သစ်ထူးလွင်
သတင်း - ဓါတ်ပုံ Aung Zaw Min Tun (facebook)
မကျဉ်းရွက် အချဉ်ရည်ဟင်း ကြောင့် လူသတ်မှုဖြစ် မကျဉ်းရွက် အချဉ်ရည်ဟင်း ကြောင့် လူသတ်မှုဖြစ် Reviewed by THITHTOOLWIN on 23:31 Rating: 5
Powered by Blogger.