တရုတ္ကတားတဲ့ၾကားက ထုိင္၀မ္ကုိ ျပင္သစ္ စစ္လက္နက္ေရာင္းခ်မည္


Zawgyi/Unicode

ထိုင္ဝမ္ကို စစ္လက္နက္မေရာင္းခ်ဖို႔ တ႐ုတ္ရဲ့ သတိေပးခ်က္ကို ျပင္သစ္ႏိုင္ငံက ဗုဒၶဟူးေန႔က လက္မခံဘဲ ပယ္ခ်လိုက္ပါတယ္။ အရင္ခ်ဳပ္ဆို ထားခဲ့တဲ့ စာခ်ဳပ္ေတြအရ ထိုင္ဝမ္ကို လက္နက္ေတြ ေရာင္းခ်တာျဖစ္ၿပီး တ႐ုတ္အေနနဲ႔ COVID-19 ကပ္ေရာဂါ တိုက္ဖ်က္ေရး ကိစၥကိုသာ အာ႐ုံစိုက္သင့္တယ္လို႔လည္း ျပင္သစ္က ေျပာလိုက္ပါတယ္။

လြန္ခဲ့တဲ့ ႏွစ္ ၃၀ က ထိုင္ဝမ္ကျပင္သစ္ႏိုင္ငံဆီကေန ဝယ္ယူထားတဲ့ စစ္ေရယာဥ္အုပ္စုကို အဆင့္ျမႇင့္တင္ဖို႔ အတြက္ လိုအပ္တဲ့ လက္နက္ပစၥည္းေတြကို ထိုင္ဝမ္က ဝယ္ယူဖို႔ စီစဥ္ေနတာပါ။

ထိုင္ဝမ္ကို လက္နက္ပစၥည္းေရာင္းခ်မႈေတြနဲ႔ ပတ္သက္ရင္ တ႐ုတ္နိုင္ငံက လက္မခံသလို မဆိုင္းမတြ တုန္႔ျပန္ေလ့ရွိပါတယ္။ ထိုင္ဝမ္ ဟာ တ႐ုတ္ႏိုင္္ငံရဲ့ အစိတ္အပိုင္းျဖစ္လို႔ တ႐ုတ္ႏိုင္ငံနဲ႔ သံတမန္ ဆက္ဆံေရးရွိတဲ့ႏိုင္ငံအားလုံး ဒီအခ်က္ကို လက္ခံရမယ္လို႔ လည္း တ႐ုတ္ဘက္က ေျပာပါတယ္။

ျပင္သစ္က ေတာ့ ၁၉၉၄ ခုႏွစ္တုန္းက တ႐ုတ္ႏိုင္ငံနဲ႔ သေဘာတူထားတဲ့အတိုင္း တ႐ုတ္ တနိုင္ငံတည္းမူဝါဒကို လက္ခံထားေပမဲ့ တ႐ုတ္နဲ႔ ထိုင္ဝမ္တို႔အၾကား ႏွစ္ဘက္ေဆြးေႏြးပြဲေတြ ဆက္လုပ္ဖို႔ကို တိုက္တြန္းလိုက္ပါတယ္။

ျပင္သစ္အေနနဲ႔ ထိုင္ဝမ္နဲ႔ ခ်ဳပ္ဆိုထားတဲ့ စာခ်ဳပ္ပါကတိကဝတ္ေတြကိုလည္း လိုက္နာသြားမွာ ျဖစ္ေၾကာင္းနဲ႔ အခုလို ကမၻာ့ကပ္ေရာဂါ က်ေရာက္ေနတဲ့ အခ်ိန္မွာ ေရာဂါ တိုက္ဖ်က္ေရးကို အေလးထား ေဆာင္ရြက္ဖို႔လိုေၾကာင္း ျပင္သစ္ႏိုင္ငံျခားေရး ဝန္ႀကီးဌာနရဲ့ ေၾကညာ ခ်က္မွာ ပါရွိပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
-------------------------------
[Unicode]

ထိုင်ဝမ်ကို စစ်လက်နက်မရောင်းချဖို့ တရုတ်ရဲ့ သတိပေးချက်ကို ပြင်သစ်နိုင်ငံက ဗုဒ္ဓဟူးနေ့က လက်မခံဘဲ ပယ်ချလိုက်ပါတယ်။ အရင်ချုပ်ဆို ထားခဲ့တဲ့ စာချုပ်တွေအရ ထိုင်ဝမ်ကို လက်နက်တွေ ရောင်းချတာဖြစ်ပြီး တရုတ်အနေနဲ့ COVID-19 ကပ်ရောဂါ တိုက်ဖျက်ရေး ကိစ္စကိုသာ အာရုံစိုက်သင့်တယ်လို့လည်း ပြင်သစ်က ပြောလိုက်ပါတယ်။

လွန်ခဲ့တဲ့ နှစ် ၃၀ က ထိုင်ဝမ်ကပြင်သစ်နိုင်ငံဆီကနေ ဝယ်ယူထားတဲ့ စစ်ရေယာဉ်အုပ်စုကို အဆင့်မြှင့်တင်ဖို့ အတွက် လိုအပ်တဲ့ လက်နက်ပစ္စည်းတွေကို ထိုင်ဝမ်က ဝယ်ယူဖို့ စီစဉ်နေတာပါ။

ထိုင်ဝမ်ကို လက်နက်ပစ္စည်းရောင်းချမှုတွေနဲ့ ပတ်သက်ရင် တရုတ်နိုင်ငံက လက်မခံသလို မဆိုင်းမတွ တုန့်ပြန်လေ့ရှိပါတယ်။ ထိုင်ဝမ် ဟာ တရုတ်နိုင်ငံရဲ့ အစိတ်အပိုင်းဖြစ်လို့ တရုတ်နိုင်ငံနဲ့ သံတမန် ဆက်ဆံရေးရှိတဲ့နိုင်ငံအားလုံး ဒီအချက်ကို လက်ခံရမယ်လို့ လည်း တရုတ်ဘက်က ပြောပါတယ်။

ပြင်သစ်က တော့ ၁၉၉၄ ခုနှစ်တုန်းက တရုတ်နိုင်ငံနဲ့ သဘောတူထားတဲ့အတိုင်း တရုတ် တနိုင်ငံတည်းမူဝါဒကို လက်ခံထားပေမဲ့ တရုတ်နဲ့ ထိုင်ဝမ်တို့အကြား နှစ်ဘက်ဆွေးနွေးပွဲတွေ ဆက်လုပ်ဖို့ကို တိုက်တွန်းလိုက်ပါတယ်။

ပြင်သစ်အနေနဲ့ ထိုင်ဝမ်နဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ပါကတိကဝတ်တွေကိုလည်း လိုက်နာသွားမှာ ဖြစ်ကြောင်းနဲ့ အခုလို ကမ္ဘာ့ကပ်ရောဂါ ကျရောက်နေတဲ့ အချိန်မှာ ရောဂါ တိုက်ဖျက်ရေးကို အလေးထား ဆောင်ရွက်ဖို့လိုကြောင်း ပြင်သစ်နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ကြေညာ ချက်မှာ ပါရှိပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/france-will-sell-weapon-to-thaiwan-even-china-interrupt/5418723.html
တရုတ္ကတားတဲ့ၾကားက ထုိင္၀မ္ကုိ ျပင္သစ္ စစ္လက္နက္ေရာင္းခ်မည္ တရုတ္ကတားတဲ့ၾကားက ထုိင္၀မ္ကုိ ျပင္သစ္ စစ္လက္နက္ေရာင္းခ်မည္ Reviewed by THITHTOOLWIN on 07:32 Rating: 5
Powered by Blogger.