ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင်နဲ့ ၈၅နှစ်အထက်ဘိုးဘွားတွေကို ကျပ်သုံးသောင်းနှုန်းစီ ထောက်ပံ့မယ်

တစ်ဦးကိုကျပ်သုံးသောင်းနှုန်းနဲ့ ထောက်ပံ့ပေးသွားဖို့ စီစဉ်နေ
(Unicode)⤵⤵⤵
ကိုယ်ဝန်ဆောင်မိခင်တွေ၊ နို့တိုက်မိခင်တွေနဲ့ အသက် ၈၅ နှစ်အထက် အဘိုးအဘွားတွေကို တစ်ဦးကိုကျပ်သုံးသောင်းနှုန်းနဲ့ ထောက်ပံ့ပေးသွားဖို့ လူမှုဝန်ထမ်းဦးစီးဌာနက စီစဉ်နေပါတယ်။

ဒီအစီအစဉ်ကို ကိုဗစ်ကာလအတွက်ရည်ရွယ်ကာ အသက်မွေးဝမ်းကျောင်းမှုနဲ့ စားနပ်ရိက္ခာဖူလုံရေး ရန်ပုံငွေ(LIFT) အဖွဲ့နဲ့ မိတ်ဘက်အလှူရှင်နိုင်ငံတွေဖြစ်တဲ့ ဥရောပသမဂ္ဂ၊အမေရိကန်၊ ဆွစ်ဇာလန်၊ သြစတြေးလျ စတဲ့နိုင်ငံတွေရဲ့လှူဒါန်းမှုနဲ့ အမေရိကန်ဒေါ်လာ ၉ သန်းဖိုးထောက်ပံ့သွားမှာဖြစ်တယ်လို့ သိရပါတယ်။

' ' ၆လပိုင်းကစပြီး ထောက်ပံ့သွားမယ်။ အကျိုးခံစားခွင့်ရှိသူတစ်ယောက်ကို သုံးသောင်း တစ်ကြိမ်ထဲထောက်ပံ့မှာ။ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးတွေကတဆင့် ထောက်ပံ့သွားမှာပါ။ ကိုယ်ဝန်ဆောင်မိခင်တွေ၊ သူတို့ကမွေးလာတဲ့အသက်၂နှစ်အောက်ကလေးငယ်တွေပါမယ်။ တစ်နိုင်ငံလုံးက အသက်၈၅နှစ်အထက် အကျိုးခံစားခွင့်ထောက်ပံ့ပေးနေတဲ့သူတွေရှိတယ်။ နဂိုခံစားခွင့်ရှိသူအားလုံးက ဒီထပ်ဆောင်းအစီအစဉ်ထဲမှာပါမှာပါ။''လို့ လူမှုဝန်ထမ်းဦးစီးဌာနက ညွှန်ကြားရေးမှူး ဦးကျော်လင်းထက်က ဘီဘီစီကိုပြောပါတယ်။

ဒီထောက်ပံ့မှုမှာ အသက် ၈၅နှစ်အထက် သက်ကြီးဘိုးဘွားတွေအနေနဲ့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ထောက်ပံ့ပေးသွားမှာဖြစ်ပေမယ့် ကိုယ်ဝန်ဆောင်မိခင်နဲ့ နို့တိုက်မိခင်တွေအတွက် ကိုတော့ လက်ရှိလူမှုဝန်ထမ်းကထောက်ပံ့နေတဲ့ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ နာဂဒေသတွေပဲ ပါဝင်မှာဖြစ်တယ်လို့သိရပါတယ်။

အဆိုပါ ပြည်နယ် ၄ခုနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့ဟာ မြန်မာနိုင်ငံမှာ ကလေးသူငယ်ပုညှက်မှုနှုန်း များပြားတဲ့ဒေသတွေအဖြစ်ရွေးချယ်ထောက်ပံ့မှုပေးနေတဲ့ဒေသတွေလည်းဖြစ်ပါ တယ်။

အမေရိကန်ဒေါ်လာ ၉ သန်းဖိုး ထောက်ပံ့သွားမယ့်အစီအစဉ်အတွက် မြန်မာနိုင်ငံက ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင် ၂သိန်းလေးသောင်းကျော်နဲ့ သက်ကြီးဘိုးဘွားခံစားခွင့်ရှိသူဦးရေက ၂ သိန်း ကျော်ရှိပြီး စာရင်းအတိအကျကိုတော့ ထပ်မံပြုစုနေတယ်လို့ ဦးကျော်လင်းထက်ကပြောပြပါတယ်။

၂၀၁၇-၁၈ ဘဏ္ဍာနှစ်ကစလို့ ကိုယ်ဝန်ဆောင် မိခင်လောင်းတွေကို လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနရဲ့ လူမှုကာကွယ်စောင့်ရှောက်ရေး အစီအစဉ်ကနေ တစ်လကိုကျပ်တစ်သောင်းခွဲနှုန်းနဲ့ ထောက်ပံ့ပေးနေတာဖြစ်ပါတယ်။

ဒီထောက်ပံ့မှုဟာ မွေးဖွားလာတဲ့ကလေးငယ်တွေ ဖွံ့ဖြိုး တိုးတက်မှု၊ ကြီးထွားမှုကို ရည်ရွယ်ပြီး အာဟာရဖြည့်စွက်တဲ့အစားအသောက်တွေ ဝယ်ယူစားသောက်နိုင်အောင် ရည်ရွယ်တာ ဖြစ်တယ်လို့ သိရပါတယ်။

BBC Burmese
---------------------------------------------
(Zawgyi)⤵⤵⤵
ကိုယ္ဝန္ေဆာင္၊ ႏို႔တိုက္မိခင္နဲ႔ ၈၅ႏွစ္အထက္ဘိုးဘြားေတြကို က်ပ္သုံးေသာင္းႏႈန္းစီ ေထာက္ပံ့မယ္

ကိုယ္ဝန္ေဆာင္မိခင္ေတြ၊ ႏို႔တိုက္မိခင္ေတြနဲ႔ အသက္ ၈၅ ႏွစ္အထက္ အဘိုးအဘြားေတြကို တစ္ဦးကိုက်ပ္သုံးေသာင္းႏႈန္းနဲ႔ ေထာက္ပံ့ေပးသြားဖို႔ လူမႈဝန္ထမ္းဦးစီးဌာနက စီစဥ္ေနပါတယ္။

ဒီအစီအစဥ္ကို ကိုဗစ္ကာလအတြက္ရည္႐ြယ္ကာ အသက္ေမြးဝမ္းေက်ာင္းမႈနဲ႔ စားနပ္ရိကၡာဖူလုံေရး ရန္ပုံေငြ(LIFT) အဖြဲ႕နဲ႔ မိတ္ဘက္အလႉရွင္ႏိုင္ငံေတြျဖစ္တဲ့ ဥေရာပသမဂၢ၊အေမရိကန္၊ ဆြစ္ဇာလန္၊ ၾသစေၾတးလ် စတဲ့ႏိုင္ငံေတြရဲ႕လႉဒါန္းမႈနဲ႔ အေမရိကန္ေဒၚလာ ၉ သန္းဖိုးေထာက္ပံ့သြားမွာျဖစ္တယ္လို႔ သိရပါတယ္။

' ' ၆လပိုင္းကစၿပီး ေထာက္ပံ့သြားမယ္။ အက်ိဳးခံစားခြင့္ရွိသူတစ္ေယာက္ကို သုံးေသာင္း တစ္ႀကိမ္ထဲေထာက္ပံ့မွာ။ ရပ္ကြက္ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးေတြကတဆင့္ ေထာက္ပံ့သြားမွာပါ။ ကိုယ္ဝန္ေဆာင္မိခင္ေတြ၊ သူတို႔ကေမြးလာတဲ့အသက္၂ႏွစ္ေအာက္ကေလးငယ္ေတြပါမယ္။ တစ္ႏိုင္ငံလုံးက အသက္၈၅ႏွစ္အထက္ အက်ိဳးခံစားခြင့္ေထာက္ပံ့ေပးေနတဲ့သူေတြရွိတယ္။ နဂိုခံစားခြင့္ရွိသူအားလုံးက ဒီထပ္ေဆာင္းအစီအစဥ္ထဲမွာပါမွာပါ။''လို႔ လူမႈဝန္ထမ္းဦးစီးဌာနက ၫႊန္ၾကားေရးမႉး ဦးေက်ာ္လင္းထက္က ဘီဘီစီကိုေျပာပါတယ္။

ဒီေထာက္ပံ့မႈမွာ အသက္ ၈၅ႏွစ္အထက္ သက္ႀကီးဘိုးဘြားေတြအေနနဲ႔ တစ္ႏိုင္ငံလုံးအတိုင္းအတာနဲ႔ ေထာက္ပံ့ေပးသြားမွာျဖစ္ေပမယ့္ ကိုယ္ဝန္ေဆာင္မိခင္နဲ႔ ႏို႔တိုက္မိခင္ေတြအတြက္ ကိုေတာ့ လက္ရွိလူမႈဝန္ထမ္းကေထာက္ပံ့ေနတဲ့ ကရင္ျပည္နယ္၊ ကယားျပည္နယ္၊ ခ်င္းျပည္နယ္၊ ရခိုင္ျပည္နယ္နဲ႔ နာဂေဒသေတြပဲ ပါဝင္မွာျဖစ္တယ္လို႔သိရပါတယ္။

အဆိုပါ ျပည္နယ္ ၄ခုနဲ႔ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသတို႔ဟာ ျမန္မာႏိုင္ငံမွာ ကေလးသူငယ္ပုညႇက္မႈႏႈန္း မ်ားျပားတဲ့ေဒသေတြအျဖစ္ေ႐ြးခ်ယ္ေထာက္ပံ့မႈေပးေနတဲ့ေဒသေတြလည္းျဖစ္ပါ တယ္။

အေမရိကန္ေဒၚလာ ၉ သန္းဖိုး ေထာက္ပံ့သြားမယ့္အစီအစဥ္အတြက္ ျမန္မာႏိုင္ငံက ကိုယ္ဝန္ေဆာင္နဲ႔ ႏို႔တိုက္မိခင္ ၂သိန္းေလးေသာင္းေက်ာ္နဲ႔ သက္ႀကီးဘိုးဘြားခံစားခြင့္ရွိသူဦးေရက ၂ သိန္း ေက်ာ္ရွိၿပီး စာရင္းအတိအက်ကိုေတာ့ ထပ္မံျပဳစုေနတယ္လို႔ ဦးေက်ာ္လင္းထက္ကေျပာျပပါတယ္။

၂၀၁၇-၁၈ ဘ႑ာႏွစ္ကစလို႔ ကိုယ္ဝန္ေဆာင္ မိခင္ေလာင္းေတြကို လူမႈဝန္ထမ္း ကယ္ဆယ္ေရးနဲ႔ ျပန္လည္ေနရာခ်ထားေရးဝန္ႀကီးဌာနရဲ႕ လူမႈကာကြယ္ေစာင့္ေရွာက္ေရး အစီအစဥ္ကေန တစ္လကိုက်ပ္တစ္ေသာင္းခြဲႏႈန္းနဲ႔ ေထာက္ပံ့ေပးေနတာျဖစ္ပါတယ္။

ဒီေထာက္ပံ့မႈဟာ ေမြးဖြားလာတဲ့ကေလးငယ္ေတြ ဖြံ႕ၿဖိဳး တိုးတက္မႈ၊ ႀကီးထြားမႈကို ရည္႐ြယ္ၿပီး အာဟာရျဖည့္စြက္တဲ့အစားအေသာက္ေတြ ဝယ္ယူစားေသာက္ႏိုင္ေအာင္ ရည္႐ြယ္တာ ျဖစ္တယ္လို႔ သိရပါတယ္။

BBC Burmese
https://www.bbc.com/burmese/burma-52805497
ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင်နဲ့ ၈၅နှစ်အထက်ဘိုးဘွားတွေကို ကျပ်သုံးသောင်းနှုန်းစီ ထောက်ပံ့မယ် ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင်နဲ့ ၈၅နှစ်အထက်ဘိုးဘွားတွေကို ကျပ်သုံးသောင်းနှုန်းစီ ထောက်ပံ့မယ် Reviewed by THITHTOOLWIN on 18:50 Rating: 5
Powered by Blogger.