အင္းစိန္စစ္တမ္းအၿပီး ၃ ဦးကို ေဆး႐ုံ နဲ႔ ၁၆ ဦး ကို ကြာရန္တင္းစင္တာပို႔

အနီေအာက္ ေရာင္ျခည္သုံး ကိုယ္အပူခ်ိန္တိုင္းစက္တပ္ထားေသာ ကား
(Zawgyi)⤵⤵⤵
ကိုဗစ္ကာလ ပထမဆုံး က်န္းမာေရးစစ္တမ္း အျဖစ္ အင္းစိန္ၿမိဳ႕နယ္မွာ ေမလ ၆ ရက္ေန႔က လူ ငါးေသာင္းနီးပါးကို ေန႔ခ်င္းၿပီး စစ္တမ္း ေကာက္ယူခဲ့ၿပီး လူ ၃ ဦးကို အင္းစိန္ေဆး႐ုံသို႔ လႊဲေျပာင္း ပို႔ေဆာင္ကုသမႈေပးခဲ့တယ္လို႔ အင္းစိန္ၿမိဳ႕နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဝၿဖိဳးဟန္က ဘီဘီစီကို ေျပာပါတယ္။

ဒါ့အျပင္ ႀကိဳ႕ကုန္းအေရွ႕ရပ္ကြက္က ၅ဦး၊ ႀကိဳ႕ကုန္းအေနာက္ရပ္ကြက္ ၆ ဦး၊ ႐ြာမအေရွ႕ရပ္ကြက္ ၁ဦး၊ ေတာင္သူကုန္းရပ္ကြက္ ၄ ဦး စုစုေပါင္း ၁၆ ဦး ကို လႈိင္ ကြာရန္တင္းစင္တာ ကို ပိုခဲ့တယ္လို႔လည္းသူ ကေျပာပါတယ္။

ဒီစစ္တမ္းကို က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာန က အစီအစဥ္နဲ႔ ေကာက္ယူခဲ့တာျဖစ္တယ္လို႔လည္း သူက ရွင္းျပပါတယ္။

အင္းစိန္ၿမိဳ႕နယ္ဟာ ျမန္မာႏိုင္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္ေရာဂါပိုးေတြ႕ရွိမႈ အမ်ားဆုံးၿမိဳ႕နယ္ျဖစ္ၿပီးေတာ့ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက အင္းစိန္ၿမိဳ႕နယ္အတြင္း ေရာဂါပိုးေတြ႕ရွိသူမ်ားတဲ့ ႀကိဳ႕ကုန္းအေရွ႕ရပ္ကြက္၊ေတာင္သူကုန္းရပ္ကြက္၊ ႀကိဳ႕ကုန္းအေနာက္ရပ္ကြက္နဲ႔ ႐ြာမအေရွ႕ရပ္ကြက္ေတြကို က်န္းမာေရးစစ္တမ္း ေကာက္ယူမႈစီမံခ်က္ ေရးဆြဲအေကာင္အထည္ေဖာ္ခဲ့တာလည္း ျဖစ္ပါတယ္။
အင္းစိန္က ကိုဗစ္ အျဖစ္မ်ားတဲ့ ရပ္ကြတ္ ၄ ခုကိုစစ္တမ္းေကာက္
လတ္တေလာ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက ထုတ္ျပန္ခ်က္ေတြ အရ ကို႐ိုနာ ဗိုင္းရပ္စ္ ပိုးေတြ႕ရွိ သူ အေရအတြက္ ၁၆၁ ဦးမွာ အင္းစိန္ က ၂၉ ဦးနဲ႔ အမ်ားဆုံးေတြ႕ရွိထားတာျဖစ္ပါတယ္။

"လူနာ အမွတ္ ၁၆၁ ကေတာ့ အင္းစိန္လိပ္စာ ေပးထားေပမယ့္လည္း သူကို အင္းစိန္က လို႔ အတည္မျပဳႏိုင္ေသးဘူး ၊သူပါရင္ ေတာ့ အင္းစိန္ ကပိုးေတြ႕ သူအေရ အတြက္ က ၃၀ ျဖစ္ပါတယ္ "လို႔လည္း ဦးေဝၿဖိဳးဟန္ကေျပာပါတယ္။

လူနာ အမွတ္ ၁၆၁ ဘယ္ကလဲ

စစ္တမ္းအၿပီးေဆး႐ုံပို႔တဲ့ ၃ ဦးကေတာ့ စစ္တမ္းေကာက္ယူစဥ္မွာ ထူးျခားတဲ့ လကၡဏာ ေတြေတြ႕ရလို႔ျဖစ္တယ္လို႔လည္း သူကရွင္းျပပါတယ္။

အင္းစိန္ေဆး႐ုံပို႔တဲ့ ၃ ဦးကေတာ့ ေဆး႐ုံ က တို႔ဖတ္နမူနာ ယူၿပီးဓာတ္ခြဲ ပါလိမ့္မယ္၊ ကြာရန္တင္းဝင္သူေတြ ကို ေတာ့ တို႔ဖတ္နမူနာ ယူၿပီး ဓာတ္ခြဲ အေျဖထြက္ရင္ သူတို႔ကို ျပန္ခိုင္းမွာပါလို႔လည္း ဦးေဝၿဖိဳးဟန္က ရွင္းျပပါတယ္။
အေရွ႕ႀကိဳကုန္းက ၁၃ ဦးေတြ႕
အင္းစိန္စစ္တမ္း ေကာက္ယူရာမွာ ေခ်ာင္းဆိုးတာ ၊ ဖ်ားနာတာ ၊ ေမာပန္းတာ ၊ အသက္ရႉရခက္တာ၊ လည္ေခ်ာင္းနာတာ ၊ အနံ႔အရသာေပ်ာက္တာ ၊ ေခါင္းကိုက္တာ ၊ ႂကြက္သားအလြန္နာက်င္တာ၊ ခ်မ္းတုန္တာ စတဲ့ ကို႐ိုနာဗိုင္းရပ္စ္လကၡဏာေတြကို အိမ္ေပါက္ေစ့ လိုက္လံစစ္ေဆးခဲ့တာ ျဖစ္ပါတယ္။

ရန္ကုန္တိုင္းေဒသႀကီးအစိုးရရဲ႕ အစီအစဥ္နဲ႔ အနီေအာက္ ေရာင္ျခည္သုံး ကိုယ္အပူခ်ိန္တိုင္းစက္တပ္ထားတဲ့အပူခ်ိန္တိုင္း ေမာ္ေတာ္ယာဥ္ ၂စီးကို ႀကိဳ႕ကုန္းအေရွ႕နဲ႔ ႀကိဳ႕ကုန္းအေနာက္ ရပ္ကြက္ ရွိေနရာ ႏွစ္ခုကိုေစလႊတ္ၿပီး အနီးစပ္ဆုံးရပ္ကြက္ေနသူေတြကို အပူခ်ိန္တိုင္းတာ စစ္ေဆးတာေတြ လုပ္ခဲ့တယ္လို႔လည္း သိရပါတယ္။

"ရပ္ကြတ္ လူႀကီးေတြပါတယ္ ၊က်န္းမာေရးက လူေတြက PPEေတြနဲ႔ ၆ ေယာက္ ေလာက္ပါတယ္၊ လူတိုင္းကို အိမ္ထဲလာၿပီး အဖ်ားတိုင္းတယ္၊ ကို႐ိုနာဗိုင္းရပ္စ္ လကၡဏာေတြကိုေမးတယ္ လူတိုင္းကို စစ္တယ္ "လို႔ ႐ြာမအေရွ႕ရပ္ကြက္မွာေနတဲ့ ကိုျပည္သိဏ္း ကေျပာပါတယ္။

အခုေဆး႐ုံကို ပို႔လိုက္တဲ့ လူ ၃ ဦးဟာ ကို႐ိုနာ ေရာဂါ အတည္ျပဳလူနာေတြနဲ႔ ဆက္စပ္မႈ မရွိဘဲ သီးျခားစီ ျဖစ္တယ္လို႔လည္း အင္းစိန္ၿမိဳ႕နယ္ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဝၿဖိဳးဟန္ကေျပာပါတယ္။

အင္းစိန္ က်န္းမာေရးစစ္တမ္း ေကာက္ယူရာမွာ ရပ္ကြတ္ ၄ ခုက စုစုေပါင္း အိမ္ေျခ တစ္ေသာင္းေက်ာ္ လူဦးေရ စုစုေပါင္း ၄၇၆၅၃ ဦးကို က်န္းမာေရးစစ္တမ္း ေကာက္ယူႏိုင္ခဲ့ၿပီး ရာခိုင္ႏႈန္းအားျဖင့္ ၉၂% ေကာက္ယူႏိုင္ခဲ့တယ္လို႔လည္း သိရပါတယ္။
 ေမလ ၄ ရက္ေန႔ က ၃ဦးထပ္ေတြ႕တဲ့ပုဂၢလိကေဆး႐ုံ
အင္းစိန္ က်န္းမာေရးစစ္တမ္းေကာက္ယူရာမွာ ျပည္သူ႔က်န္းမာေရးဦးစီးဌာနက ဝန္ထမ္းအင္အား ၂၅၀ ဦး၊ ခ႐ိုင္နဲ႔ တိုင္း ႀကီးၾကပ္ ၃၀ ဦး၊ ၿမိဳ႕နယ္ ကိုဗစ္ လုပ္ငန္းေကာ္မတီက ၁၀ ဦး၊ ေစတနာ့ဝန္ထမ္းေတြနဲ႔ ၿမိဳ႕နယ္ၾကက္ေျခနီ၊ မီးသတ္၊ ရပ္ကြက္အုပ္‌ခ်ဳပ္ေရးအဖြဲ႕ ၄၅၀ ေက်ာ္ အပါဝင္ စုစုေပါင္း လူအင္အား ၇၀၀ ေက်ာ္ ၊ အဖြဲ႕ေပါင္း ၁၆၀ ေက်ာ္ ဖြဲ႕ကာ ေမလ ၆ရက္ မနက္ ၇နာရီ က စတင္ေဆာင္႐ြက္ခဲ့တာျဖစ္တယ္လို႔သိရပါတယ္။

အင္းစိန္ၿမိဳ႕နယ္ အေနာက္ႀကိဳ႕ကုန္း ခဝဲၿခံ(၂)လမ္းက အရင္ ရက္ပိုင္းက ပိုးေတြ႕ရွိခဲ့သူ Case (၁၅၁)ရဲ႕ အဆက္အျဖစ္ ကြယ္ကေဘာ ပုဂၢလိကေဆး႐ုံမွာ သူနာျပဳ တာဝန္ထမ္းေဆာင္ခဲ့သူ ၃ ဦး ေမလ ၄ရက္ေန႔က ပိုးထပ္မံေတြ႕ရွိခဲ့ လို႔ ညတြင္ခ်င္း အဲဒီ ေဆး႐ုံ ကို အသြားအလာ ပိတ္ပင္ Lock Down ခ် အစီအမံမ်ားျပဳလုပ္ခဲ့ပါတယ္။

ေမလ ၆ ရက္ေန႔ က်န္းမာေရးနဲ႔ အားကစား ဝန္ႀကီးဌာနက ထုတ္ျပန္ခ်က္အရ ည ၈ နာရီအထိ ဓာတ္ခြဲအတည္ျပဳ လူနာသစ္ မေတြ႕ရွိ ဘဲ ျမန္မာႏိုင္ငံမွာ ေရာဂါဓာတ္ခြဲ ကိုဗစ္ ၁၉ ေရာဂါ အတည္ျပဳလူနာ ၁၆၁ ဦးရွိၿပီ လို႔ထုတ္ျပန္ထားပါတယ္။

BBC Burmese
--------------------------------------
(Unicode)⤵⤵⤵
အင်းစိန်စစ်တမ်းအပြီး ၃ ဦးကို ဆေးရုံ နဲ့ ၁၆ ဦး ကို ကွာရန်တင်းစင်တာပို့

ကိုဗစ်ကာလ ပထမဆုံး ကျန်းမာရေးစစ်တမ်း အဖြစ် အင်းစိန်မြို့နယ်မှာ မေလ ၆ ရက်နေ့က လူ ငါးသောင်းနီးပါးကို နေ့ချင်းပြီး စစ်တမ်း ကောက်ယူခဲ့ပြီး လူ ၃ ဦးကို အင်းစိန်ဆေးရုံသို့ လွှဲပြောင်း ပို့ဆောင်ကုသမှုပေးခဲ့တယ်လို့ အင်းစိန်မြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က ဘီဘီစီကို ပြောပါတယ်။

ဒါ့အပြင် ကြို့ကုန်းအရှေ့ရပ်ကွက်က ၅ဦး၊ ကြို့ကုန်းအနောက်ရပ်ကွက် ၆ ဦး၊ ရွာမအရှေ့ရပ်ကွက် ၁ဦး၊ တောင်သူကုန်းရပ်ကွက် ၄ ဦး စုစုပေါင်း ၁၆ ဦး ကို လှိုင် ကွာရန်တင်းစင်တာ ကို ပိုခဲ့တယ်လို့လည်းသူ ကပြောပါတယ်။

ဒီစစ်တမ်းကို ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန က အစီအစဉ်နဲ့ ကောက်ယူခဲ့တာဖြစ်တယ်လို့လည်း သူက ရှင်းပြပါတယ်။

အင်းစိန်မြို့နယ်ဟာ မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးတွေ့ရှိမှု အများဆုံးမြို့နယ်ဖြစ်ပြီးတော့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက အင်းစိန်မြို့နယ်အတွင်း ရောဂါပိုးတွေ့ရှိသူများတဲ့ ကြို့ကုန်းအရှေ့ရပ်ကွက်၊တောင်သူကုန်းရပ်ကွက်၊ ကြို့ကုန်းအနောက်ရပ်ကွက်နဲ့ ရွာမအရှေ့ရပ်ကွက်တွေကို ကျန်းမာရေးစစ်တမ်း ကောက်ယူမှုစီမံချက် ရေးဆွဲအကောင်အထည်ဖော်ခဲ့တာလည်း ဖြစ်ပါတယ်။

လတ်တလော ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ချက်တွေ အရ ကိုရိုနာ ဗိုင်းရပ်စ် ပိုးတွေ့ရှိ သူ အရေအတွက် ၁၆၁ ဦးမှာ အင်းစိန် က ၂၉ ဦးနဲ့ အများဆုံးတွေ့ရှိထားတာဖြစ်ပါတယ်။

"လူနာ အမှတ် ၁၆၁ ကတော့ အင်းစိန်လိပ်စာ ပေးထားပေမယ့်လည်း သူကို အင်းစိန်က လို့ အတည်မပြုနိုင်သေးဘူး ၊သူပါရင် တော့ အင်းစိန် ကပိုးတွေ့ သူအရေ အတွက် က ၃၀ ဖြစ်ပါတယ် "လို့လည်း ဦးဝေဖြိုးဟန်ကပြောပါတယ်။

လူနာ အမှတ် ၁၆၁ ဘယ်ကလဲ

စစ်တမ်းအပြီးဆေးရုံပို့တဲ့ ၃ ဦးကတော့ စစ်တမ်းကောက်ယူစဉ်မှာ ထူးခြားတဲ့ လက္ခဏာ တွေတွေ့ရလို့ဖြစ်တယ်လို့လည်း သူကရှင်းပြပါတယ်။

အင်းစိန်ဆေးရုံပို့တဲ့ ၃ ဦးကတော့ ဆေးရုံ က တို့ဖတ်နမူနာ ယူပြီးဓာတ်ခွဲ ပါလိမ့်မယ်၊ ကွာရန်တင်းဝင်သူတွေ ကို တော့ တို့ဖတ်နမူနာ ယူပြီး ဓာတ်ခွဲ အဖြေထွက်ရင် သူတို့ကို ပြန်ခိုင်းမှာပါလို့လည်း ဦးဝေဖြိုးဟန်က ရှင်းပြပါတယ်။

အင်းစိန်စစ်တမ်း ကောက်ယူရာမှာ ချောင်းဆိုးတာ ၊ ဖျားနာတာ ၊ မောပန်းတာ ၊ အသက်ရှူရခက်တာ၊ လည်ချောင်းနာတာ ၊ အနံ့အရသာပျောက်တာ ၊ ခေါင်းကိုက်တာ ၊ ကြွက်သားအလွန်နာကျင်တာ၊ ချမ်းတုန်တာ စတဲ့ ကိုရိုနာဗိုင်းရပ်စ်လက္ခဏာတွေကို အိမ်ပေါက်စေ့ လိုက်လံစစ်ဆေးခဲ့တာ ဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရရဲ့ အစီအစဉ်နဲ့ အနီအောက် ရောင်ခြည်သုံး ကိုယ်အပူချိန်တိုင်းစက်တပ်ထားတဲ့အပူချိန်တိုင်း မော်တော်ယာဉ် ၂စီးကို ကြို့ကုန်းအရှေ့နဲ့ ကြို့ကုန်းအနောက် ရပ်ကွက် ရှိနေရာ နှစ်ခုကိုစေလွှတ်ပြီး အနီးစပ်ဆုံးရပ်ကွက်နေသူတွေကို အပူချိန်တိုင်းတာ စစ်ဆေးတာတွေ လုပ်ခဲ့တယ်လို့လည်း သိရပါတယ်။

"ရပ်ကွတ် လူကြီးတွေပါတယ် ၊ကျန်းမာရေးက လူတွေက PPEတွေနဲ့ ၆ ယောက် လောက်ပါတယ်၊ လူတိုင်းကို အိမ်ထဲလာပြီး အဖျားတိုင်းတယ်၊ ကိုရိုနာဗိုင်းရပ်စ် လက္ခဏာတွေကိုမေးတယ် လူတိုင်းကို စစ်တယ် "လို့ ရွာမအရှေ့ရပ်ကွက်မှာနေတဲ့ ကိုပြည်သိဏ်း ကပြောပါတယ်။

အခုဆေးရုံကို ပို့လိုက်တဲ့ လူ ၃ ဦးဟာ ကိုရိုနာ ရောဂါ အတည်ပြုလူနာတွေနဲ့ ဆက်စပ်မှု မရှိဘဲ သီးခြားစီ ဖြစ်တယ်လို့လည်း အင်းစိန်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်ကပြောပါတယ်။

အင်းစိန် ကျန်းမာရေးစစ်တမ်း ကောက်ယူရာမှာ ရပ်ကွတ် ၄ ခုက စုစုပေါင်း အိမ်ခြေ တစ်သောင်းကျော် လူဦးရေ စုစုပေါင်း ၄၇၆၅၃ ဦးကို ကျန်းမာရေးစစ်တမ်း ကောက်ယူနိုင်ခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် ၉၂% ကောက်ယူနိုင်ခဲ့တယ်လို့လည်း သိရပါတယ်။

အင်းစိန် ကျန်းမာရေးစစ်တမ်းကောက်ယူရာမှာ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဝန်ထမ်းအင်အား ၂၅၀ ဦး၊ ခရိုင်နဲ့ တိုင်း ကြီးကြပ် ၃၀ ဦး၊ မြို့နယ် ကိုဗစ် လုပ်ငန်းကော်မတီက ၁၀ ဦး၊ စေတနာ့ဝန်ထမ်းတွေနဲ့ မြို့နယ်ကြက်ခြေနီ၊ မီးသတ်၊ ရပ်ကွက်အုပ်‌ချုပ်ရေးအဖွဲ့ ၄၅၀ ကျော် အပါဝင် စုစုပေါင်း လူအင်အား ၇၀၀ ကျော် ၊ အဖွဲ့ပေါင်း ၁၆၀ ကျော် ဖွဲ့ကာ မေလ ၆ရက် မနက် ၇နာရီ က စတင်ဆောင်ရွက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။

အင်းစိန်မြို့နယ် အနောက်ကြို့ကုန်း ခဝဲခြံ(၂)လမ်းက အရင် ရက်ပိုင်းက ပိုးတွေ့ရှိခဲ့သူ Case (၁၅၁)ရဲ့ အဆက်အဖြစ် ကွယ်ကဘော ပုဂ္ဂလိကဆေးရုံမှာ သူနာပြု တာဝန်ထမ်းဆောင်ခဲ့သူ ၃ ဦး မေလ ၄ရက်နေ့က ပိုးထပ်မံတွေ့ရှိခဲ့ လို့ ညတွင်ချင်း အဲဒီ ဆေးရုံ ကို အသွားအလာ ပိတ်ပင် Lock Down ချ အစီအမံများပြုလုပ်ခဲ့ပါတယ်။

မေလ ၆ ရက်နေ့ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ချက်အရ ည ၈ နာရီအထိ ဓာတ်ခွဲအတည်ပြု လူနာသစ် မတွေ့ရှိ ဘဲ မြန်မာနိုင်ငံမှာ ရောဂါဓာတ်ခွဲ ကိုဗစ် ၁၉ ရောဂါ အတည်ပြုလူနာ ၁၆၁ ဦးရှိပြီ လို့ထုတ်ပြန်ထားပါတယ်။

BBC Burmese
https://www.bbc.com/burmese/burma-52564331

မွတ္ခ်က္ေရးသားလုိတဲ့ စာဖတ္ပရိတ္မ်ား ေတာင္းဆုိခ်က္အရ ဖြင့္ေပးလုိက္ပါျပီ။ မွတ္ခ်က္မ်ား ေရးသားႏုိင္ပါျပီ။

အခ်ိန္နဲ ့တေျပးညီ သတင္းမ်ား ဖတ္ရႈႏိုင္ဖုိ ့ facebook "like" ကုိ ႏွိပ္ပါ။ thithtoolwin9@gmail.com ကုိ လည္း သတင္းမ်ား ဆက္သြယ္ေပးပုိ ့ႏိုင္ပါသည္။
ေနာက္ဆုံးရ သတင္းမ်ားကုိ ေအာက္ပါ Tweets မွာ ေဖာ္ျပထားပါတယ္။ Tweets ရဲ ့ေဘးေဘာင္တန္းကုိ ဆဲြခ်ျပီ မိမိတုိ ့စိတ္၀င္စားတဲ့ သတင္းေခါင္းစဥ္ ေအာက္က Link ကုိ ႏွိပ္ျပီ အျပည့္အစုံဖတ္ရႈႏိုင္ပါတယ္။
 

Advertisement

 

အသစ္ တင္သမွ် သတင္းမ်ား အလို အေလွ်ာက္ပုိ ့ ေပးပါမည္

က်န္းမာေရးႏွင့္ ေဖ်ာ္ေျဖေရး

တစ္ပတ္အတြင္း စိတ္ဝင္စားဖြယ္ရာ သတင္းမ်ား