ႏွာေခါင္းစည္း အခမဲ့ျဖန႔္ဖို႔ အလႉရွင္ လိုအပ္

(Zawgyi)⤵⤵⤵
ရန္ကုန္တိုင္းေဒသႀကီး သဃၤန္းကြၽန္းၿမိဳ႕နယ္က ရပ္ကြက္တခ်ိဳ႕မွာ ပိတ္စ နဲ႔ ခ်ဳပ္ထားတဲ့ ႏွာေခါင္းစည္းေတြကို ေမ ၁၃ ရက္မွာ ၿမိဳ႕နယ္ကို႐ိုနာဗိုင္းရပ္စ္ ထိန္းခ်ဳပ္ေရးနဲ႔ အေရးေပၚတုံ႔ျပန္ေရးေကာ္မတီက လိုက္ေဝခဲ့ပါတယ္။

တစ္အိမ္ ႏွစ္ေယာက္ႏႈန္းအျပင္ ႏွာေခါင္းစည္း မတပ္ထားတဲ့ ေဈးသည္ေတြကိုလည္း ေဝေပးပါတယ္။

အမ်ားစုက လူႀကီးဝတ္ႏွာေခါင္းစည္းေတြ ျဖစ္တာေၾကာင့္ ကေလးေတြအတြက္ အဆင္မေျပပါဘူး။ ဒါေၾကာင့္ ကေလးေတြအတြက္ပါ ျဖန႔္ေဝႏိုင္ေအာင္ ႀကိဳးစားမယ္လို႔  ေကာ္မတီဝင္ ေဒါက္တာေက်ာ္စြာစိုးက ေျပာပါတယ္။

သဃၤန္းကြၽန္းၿမိဳ႕နယ္ င/က ရပ္ကြက္ ၊ ပန္း႐ိုက္လမ္းထဲမွာ ႏွာေခါင္းစည္း တစ္ေထာင္ေလာက္ ေဝခဲ့ၿပီး ေနာက္ရက္ေတြမွာ ႏြမ္းပါးသူေတြအေနမ်ားတဲ့ ဃ ၊ က ၊ ေအာင္ဆုပန္၊ ၂၉ ၊ စံျပ၊ ႀကီးပြားေရး၊ ရန္ကုန္သစ္ စတဲ့ရပ္ကြက္ေတြမွာလည္း ေဝေပးၾကမွာပါ။

အခုလႉတဲ့ ပိတ္စႏွာေခါင္းစည္းေတြဟာ ျပန္ေလွ်ာ္သုံးလို႔ရတဲ့အတြက္ ရတဲ့သူေတြကလည္း သုံးရတာ အဆင္ေျပတယ္လို႔ ေျပာပါတယ္။ ဒီအခ်ိန္မွာ ဝင္ေငြပိုနည္းတဲ့အတြက္ တစ္ခါသုံး ႏွာေခါင္းစည္းေတြကို မၾကာခဏ မဝယ္ႏိုင္ၾကပါဘူး။ ဒါေၾကာင့္ အခုလို လႉေပးတာ  ေက်းဇူးတင္တယ္လို႔ သဃၤန္းကြၽန္းၿမိဳ႕နယ္ေန ဦးခင္ေမာင္ဦးက ေျပာပါတယ္။

ရန္ကုန္မွာ ေမ ၁၃ ရက္ကစၿပီး အျပင္ထြက္သြားလာတဲ့အခါ ႏွာေခါင္းစည္းမတပ္ရင္၊ အေၾကာင္းကိစၥ မရွိဘဲ ငါးေယာက္နဲ႔ အထက္ လူစုလူေဝး လုပ္ရင္ ကူးစက္ေရာဂါ ဥပေဒအရ အေရးယူမယ္လို႔ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉးေတြက ေၾကညာထားပါတယ္။

အခုခ်ိန္ကေတာ့ သဃၤန္းကြၽန္းၿမိဳ႕နယ္ထဲမွာ ပညာေပးကာလအေနနဲ႔ လုပ္ေဆာင္ေနၿပီး ဒီကာလ လြန္သြားရင္ေတာ့ ဥပေဒအရ အေရးယူေတာ့မယ္လို႔ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉး ဦးေအာင္ထိုက္က ေျပာပါတယ္။

ကပ္ေရာဂါပိုး ကာကြယ္ေရးကာလမွာ ႏွာေခါင္းစည္း မတပ္သူေတြကို ဥပေဒနဲ႔အညီ အေရးယူတာကို လက္ခံတယ္လို႔ တိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေနဘုန္းလတ္က ေျပာပါတယ္။

အေရးယူခံရမွာ ေၾကာက္တာေၾကာင့္ ေန႔စဥ္ ဝင္ေငြထဲကေန ႏွာေခါင္းစည္း ဝယ္ရတယ္လို႔ ေဒၚတင္နီလာဝင္း က ေျပာပါတယ္။

ခြဲစိတ္ခန္းသုံး ႏွာေခါင္းစည္းေတြက တစ္ခါသာ အသုံးျပဳရမွာျဖစ္တဲ့အတြက္ လိုအပ္သေလာက္ ဝယ္ယူဖို႔ ေငြေၾကး ခက္ခဲသူေတြ မ်ားပါတယ္။ ဒါေပမဲ့လည္း ေရာဂါ မကူးစက္ဖို႔၊ အမ်ားနဲ႔ သက္ဆိုင္တဲ့ ကိစၥျဖစ္တာေၾကာင့္ မျဖစ္မေန လိုက္နာရမွာျဖစ္တဲ့အတြက္ ႏွာေခါင္းစည္းခ်ဳပ္ၿပီး ေဈးသက္သက္သာသာနဲ႔ ေရာင္းေပးမယ့္သူေတြ ရွိေစခ်င္တယ္လို႔လည္း ေမွ်ာ္လင့္ေနၾကပါတယ္။

ဇာဏီထြဏ္း / RFA Burmese
--------------------------------

(Unicode)⤵⤵⤵
နှာခေါင်းစည်း အခမဲ့ဖြန့်ဖို့ အလှူရှင် လိုအပ်

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်က ရပ်ကွက်တချို့မှာ ပိတ်စ နဲ့ ချုပ်ထားတဲ့ နှာခေါင်းစည်းတွေကို မေ ၁၃ ရက်မှာ မြို့နယ်ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်ရေးနဲ့ အရေးပေါ်တုံ့ပြန်ရေးကော်မတီက လိုက်ဝေခဲ့ပါတယ်။

တစ်အိမ် နှစ်ယောက်နှုန်းအပြင် နှာခေါင်းစည်း မတပ်ထားတဲ့ ဈေးသည်တွေကိုလည်း ဝေပေးပါတယ်။

အများစုက လူကြီးဝတ်နှာခေါင်းစည်းတွေ ဖြစ်တာကြောင့် ကလေးတွေအတွက် အဆင်မပြေပါဘူး။ ဒါကြောင့် ကလေးတွေအတွက်ပါ ဖြန့်ဝေနိုင်အောင် ကြိုးစားမယ်လို့  ကော်မတီဝင် ဒေါက်တာကျော်စွာစိုးက ပြောပါတယ်။

သင်္ဃန်းကျွန်းမြို့နယ် င/က ရပ်ကွက် ၊ ပန်းရိုက်လမ်းထဲမှာ နှာခေါင်းစည်း တစ်ထောင်လောက် ဝေခဲ့ပြီး နောက်ရက်တွေမှာ နွမ်းပါးသူတွေအနေများတဲ့ ဃ ၊ က ၊ အောင်ဆုပန်၊ ၂၉ ၊ စံပြ၊ ကြီးပွားရေး၊ ရန်ကုန်သစ် စတဲ့ရပ်ကွက်တွေမှာလည်း ဝေပေးကြမှာပါ။

အခုလှူတဲ့ ပိတ်စနှာခေါင်းစည်းတွေဟာ ပြန်လျှော်သုံးလို့ရတဲ့အတွက် ရတဲ့သူတွေကလည်း သုံးရတာ အဆင်ပြေတယ်လို့ ပြောပါတယ်။ ဒီအချိန်မှာ ဝင်ငွေပိုနည်းတဲ့အတွက် တစ်ခါသုံး နှာခေါင်းစည်းတွေကို မကြာခဏ မဝယ်နိုင်ကြပါဘူး။ ဒါကြောင့် အခုလို လှူပေးတာ  ကျေးဇူးတင်တယ်လို့ သင်္ဃန်းကျွန်းမြို့နယ်နေ ဦးခင်မောင်ဦးက ပြောပါတယ်။

ရန်ကုန်မှာ မေ ၁၃ ရက်ကစပြီး အပြင်ထွက်သွားလာတဲ့အခါ နှာခေါင်းစည်းမတပ်ရင်၊ အကြောင်းကိစ္စ မရှိဘဲ ငါးယောက်နဲ့ အထက် လူစုလူဝေး လုပ်ရင် ကူးစက်ရောဂါ ဥပဒေအရ အရေးယူမယ်လို့ မြို့နယ်အုပ်ချုပ်ရေးမှူးတွေက ကြေညာထားပါတယ်။

အခုချိန်ကတော့ သင်္ဃန်းကျွန်းမြို့နယ်ထဲမှာ ပညာပေးကာလအနေနဲ့ လုပ်ဆောင်နေပြီး ဒီကာလ လွန်သွားရင်တော့ ဥပဒေအရ အရေးယူတော့မယ်လို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ထိုက်က ပြောပါတယ်။

ကပ်ရောဂါပိုး ကာကွယ်ရေးကာလမှာ နှာခေါင်းစည်း မတပ်သူတွေကို ဥပဒေနဲ့အညီ အရေးယူတာကို လက်ခံတယ်လို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ်က ပြောပါတယ်။

အရေးယူခံရမှာ ကြောက်တာကြောင့် နေ့စဉ် ဝင်ငွေထဲကနေ နှာခေါင်းစည်း ဝယ်ရတယ်လို့ ဒေါ်တင်နီလာဝင်း က ပြောပါတယ်။

ခွဲစိတ်ခန်းသုံး နှာခေါင်းစည်းတွေက တစ်ခါသာ အသုံးပြုရမှာဖြစ်တဲ့အတွက် လိုအပ်သလောက် ဝယ်ယူဖို့ ငွေကြေး ခက်ခဲသူတွေ များပါတယ်။ ဒါပေမဲ့လည်း ရောဂါ မကူးစက်ဖို့၊ အများနဲ့ သက်ဆိုင်တဲ့ ကိစ္စဖြစ်တာကြောင့် မဖြစ်မနေ လိုက်နာရမှာဖြစ်တဲ့အတွက် နှာခေါင်းစည်းချုပ်ပြီး ဈေးသက်သက်သာသာနဲ့ ရောင်းပေးမယ့်သူတွေ ရှိစေချင်တယ်လို့လည်း မျှော်လင့်နေကြပါတယ်။

ဇာဏီထွဏ်း / RFA Burmese
https://www.rfa.org/burmese/news/free-mask-donation-needed-05142020034259.html
ႏွာေခါင္းစည္း အခမဲ့ျဖန႔္ဖို႔ အလႉရွင္ လိုအပ္ ႏွာေခါင္းစည္း အခမဲ့ျဖန႔္ဖို႔ အလႉရွင္ လိုအပ္ Reviewed by THITHTOOLWIN on 18:56 Rating: 5
Powered by Blogger.