မောင်တောမြို့နယ်မှာ ငွေကျပ် ၁၄.၂ ဘီလီယံ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ


 (Unicode)⤵⤵⤵
ပြီးခဲ့တဲ့ မေလ ၃၀ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်ခန့်က ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ မြို့မကညင်တန်း(အလယ်)ကျေးရွာနေ ဂျူဟာရ်ဟူဆိန်း(၆၅)နှစ်၊ သမီးဖြစ်သူ မရေခါယာဒ်ဖာတေမာ(၂၅)နှစ်တို့ (၂)ဦးနဲ့အတူ နေအိမ် မီးဖိုချောင်ရှိ မြေအောက်ခန်းအတွင်းမှ တန်ဖိုးငွေကျပ် ၁၄၁,၈၁၄ သိန်း တန်ဖိုးရှိ WY စာတန်းပါ စိတ်ကြွ ရူးသွပ်ဆေးပြား ၇,၀၉၀,၇၀၀ ပြား သိမ်းဆည်းရမိခဲ့ကြောင်း ပြည်ထဲရေး၀န်ကြီးဌာနရဲ့
သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

 ဖြစ်စဉ်မှာ ၂၀၁၉ ခုနှစ်၊ မတ်လ ၂ ရက်နေ့ ညနေ ၅ နာရီအချိန်က မောင်တောမြို့နယ်၊ ဝေသာလီ ကျေးရွာရှိ အငူမော်လမ်းမဘေး၊  ကားဝပ်ရှော့အနီးမှာ မြင့်စိုး(၃၁)နှစ်နဲ့အတူ xxxx HINO အမျိုး အစား မော်တော်ယာဉ်ပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၈,၇၇၅,၀၀၀ ပြား ဖမ်းဆီးရမိတာကြောင့် ပြင်ဖြူ နယ်မြေရဲစခန်း၊ မယ(ပ) ၉/၂၀၁၉၊ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတဲ့ ဆေးဝါးများ ဆိုင်ရာ ဥပဒေပုဒ်မ ၁၉(က)/၂၁ အရ အရေးယူထားရှိပြီး ဖြစ်ပါတယ်။

ကွင်းဆက်တရားခံပြေး နော်ဘီမုလ်ဂျူဟာရ် (ခ) ဇော်ဝင်းကို စုံစမ်းဖော်ထုတ် အတည်ပြုချက်အရ မောင်တောမြို့နယ်၊ မြို့မကညင်တန်း(အလယ်) ကျေးရွာရှိ နော်ဘီမုလ်ဂျူဟာရ် (ခ)ဇော်ဝင်းရဲ့ နေအိမ်ကို စစ်ဆေးရှာဖွေခဲ့ကြောင်း သိရပါတယ်။

အဆိုပါ နေအိမ်မှာ တရားပြေးရဲ့ ဖခင်ဖြစ်သူ ဂျူဟာရ်ဟူဆိန်းနဲ့ တရားခံပြေးရဲ့ ဇနီးဖြစ်သူ မရေခါယာဒ်ဖာတေမာတို့ ၂ ဦး ကို တွေ့ရှိပြီး နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၇,၀၉၀,၇၀၀ ပြား (တန်ဖိုး ငွေကျပ် ၁၄.၂ ဘီလီယံ)နဲ့အတူ ဖမ်းဆီးရမိခဲ့တာကြောင့် မောင်တောမြို့မရဲစခန်းမှ၊ မယ(ပ)၂၂/၂၀၂၀၊ မူး/စိတ်ပုဒ်မ ၁၉(က) /၂၁ နဲ့ အမှုဖွင့် စစ်ဆေးနေကြောင်း သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သစ်ထူးလွင်
--------------------------------------
(Zawgyi)⤵⤵⤵
ေမာင္ေတာၿမိဳ႕နယ္မွာ ေငြက်ပ္ ၁၄.၂ ဘီလီယံ တန္ဖိုးရွိ စိတ္ႂကြ႐ူးသြပ္ေဆးျပားမ်ား ဖမ္းဆီးရမိ

ၿပီးခဲ့တဲ့ ေမလ ၃၀ ရက္ေန႔ မြန္းလြဲ ၁ နာရီအခ်ိန္ခန႔္က ရခိုင္ျပည္နယ္၊ ေမာင္ေတာၿမိဳ႕နယ္၊ ၿမိဳ႕မကညင္တန္း(အလယ္)ေက်း႐ြာေန ဂ်ဴဟာရ္ဟူဆိန္း(၆၅)ႏွစ္၊ သမီးျဖစ္သူ မေရခါယာဒ္ဖာေတမာ(၂၅)ႏွစ္တို႔ (၂)ဦးနဲ႔အတူ ေနအိမ္ မီးဖိုေခ်ာင္ရွိ ေျမေအာက္ခန္းအတြင္းမွ တန္ဖိုးေငြက်ပ္ ၁၄၁,၈၁၄ သိန္း တန္ဖိုးရွိ WY စာတန္းပါ စိတ္ႂကြ ႐ူးသြပ္ေဆးျပား ၇,၀၉၀,၇၀၀ ျပား သိမ္းဆည္းရမိခဲ့ေၾကာင္း ျပည္ထဲေရး၀န္ႀကီးဌာနရဲ႕
သတင္းထုတ္ျပန္ခ်က္အရ သိရပါတယ္။

 ျဖစ္စဥ္မွာ ၂၀၁၉ ခုႏွစ္၊ မတ္လ ၂ ရက္ေန႔ ညေန ၅ နာရီအခ်ိန္က ေမာင္ေတာၿမိဳ႕နယ္၊ ေဝသာလီ ေက်း႐ြာရွိ အငူေမာ္လမ္းမေဘး၊  ကားဝပ္ေရွာ့အနီးမွာ ျမင့္စိုး(၃၁)ႏွစ္နဲ႔အတူ xxxx HINO အမ်ိဳး အစား ေမာ္ေတာ္ယာဥ္ေပၚမွ စိတ္ႂကြ႐ူးသြပ္ေဆးျပား ၈,၇၇၅,၀၀၀ ျပား ဖမ္းဆီးရမိတာေၾကာင့္ ျပင္ျဖဴ နယ္ေျမရဲစခန္း၊ မယ(ပ) ၉/၂၀၁၉၊ မူးယစ္ေဆးဝါးနဲ႔ စိတ္ကိုေျပာင္းလဲေစတဲ့ ေဆးဝါးမ်ား ဆိုင္ရာ ဥပေဒပုဒ္မ ၁၉(က)/၂၁ အရ အေရးယူထားရွိၿပီး ျဖစ္ပါတယ္။

ကြင္းဆက္တရားခံေျပး ေနာ္ဘီမုလ္ဂ်ဴဟာရ္ (ခ) ေဇာ္ဝင္းကို စုံစမ္းေဖာ္ထုတ္ အတည္ျပဳခ်က္အရ ေမာင္ေတာၿမိဳ႕နယ္၊ ၿမိဳ႕မကညင္တန္း(အလယ္) ေက်း႐ြာရွိ ေနာ္ဘီမုလ္ဂ်ဴဟာရ္ (ခ)ေဇာ္ဝင္းရဲ႕ ေနအိမ္ကို စစ္ေဆးရွာေဖြခဲ့ေၾကာင္း သိရပါတယ္။

အဆိုပါ ေနအိမ္မွာ တရားေျပးရဲ႕ ဖခင္ျဖစ္သူ ဂ်ဴဟာရ္ဟူဆိန္းနဲ႔ တရားခံေျပးရဲ႕ ဇနီးျဖစ္သူ မေရခါယာဒ္ဖာေတမာတို႔ ၂ ဦး ကို ေတြ႕ရွိၿပီး ေနအိမ္အတြင္းမွ စိတ္ႂကြ႐ူးသြပ္ေဆးျပား ၇,၀၉၀,၇၀၀ ျပား (တန္ဖိုး ေငြက်ပ္ ၁၄.၂ ဘီလီယံ)နဲ႔အတူ ဖမ္းဆီးရမိခဲ့တာေၾကာင့္ ေမာင္ေတာၿမိဳ႕မရဲစခန္းမွ၊ မယ(ပ)၂၂/၂၀၂၀၊ မူး/စိတ္ပုဒ္မ ၁၉(က) /၂၁ နဲ႔ အမႈဖြင့္ စစ္ေဆးေနေၾကာင္း သတင္းထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

သစ္ထူးလြင္
မောင်တောမြို့နယ်မှာ ငွေကျပ် ၁၄.၂ ဘီလီယံ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ မောင်တောမြို့နယ်မှာ ငွေကျပ် ၁၄.၂ ဘီလီယံ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 21:21 Rating: 5
Powered by Blogger.