စားေသာက္ဆိုင္ေတြကိုကူညီဖို႔ အစိုးရကို လုပ္ငန္းရွင္ေတြ ေတာင္းဆို

(Zawgyi)⤵⤵⤵
ကပ္ေဘးအႏၲရာယ္ေၾကာင့္ ပိတ္ထားရတဲ့ စားေသာက္ဆိုင္ေတြျပန္ဖြင့္ႏိုင္ဖို႔  ကူညီႏိုင္မယ့္ နည္းလမ္းေတြကို အျမန္ဆုံးရွာေဖြ စီစဥ္ေပးမယ္လို႔ ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္က ေျပာလိုက္ပါတယ္။

ဒီကေန႔ျပဳလုပ္တဲ့ စားေသာက္ဆိုင္လုပ္ငန္းရွင္တခ်ိဳ႕နဲ႔ အြန္လိုင္း စကားဝိုင္းမွာ ေျပာသြားတာ ျဖစ္ပါတယ္။

အေျခခံလူတန္းစားေတြ ဝယ္ယူစားသုံးရာ လမ္းေဘးေဈးဆိုင္ေတြက  ပိုၿပီး အကူညီလိုတဲ့အတြက္ အဲဒီဆိုင္ေတြ အျမန္ဆုံး ဖြင့္လွစ္ႏိုင္ဖို႔လိုတယ္လို႔လည္း ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္က ေျပာပါတယ္။

“လုပ္ငန္းရွင္ေတြက စမ္းၾကည့္ၿပီးေတာ့ ဘာေတြကျဖစ္ႏိုင္လဲ၊ အခက္အခဲရွိရင္ ကြၽန္မတို႔နဲ႔တိုင္ပင္လို႔ ရပါတယ္၊ အစိုးရနဲ႔တိုင္ပင္။ ခက္ေပမဲ့လည္း ဒီတစ္နည္းသိပ္ခက္ရင္ ေနာက္တစ္နည္းေတာ့ ရွာရမယ္။ အကာကြယ္မရွိဘဲ ဘယ္လိုမွ လုပ္လို႔မရဘူး၊ စားေသာက္ဆိုင္ေတြဖြင့္လိုက္လို႔ ကိုဗစ္ကူးစက္မႈ ျပန႔္လာရင္ အားလုံးျပန္ပိတ္ရမယ္၊ ဘာမွအက်ိဳးမရွိဘူး။ စားေသာက္ဆိုင္အႀကီးေတြက အရင္ ကတည္းက က်န္းမာေရးကို ဦးစားေပးဖြင့္တဲ့ဆိုင္ေတြျဖစ္လို႔ က်န္းမာေရးဝန္ႀကီးဌာနက ထုတ္ျပန္ထားတဲ့အခ်က္ေတြကိုလိုက္နာဖို႔ မခက္ခဲေပမယ့္ လမ္းေဘးေတြ ေဈးေတြထဲမွာ ဖြင့္တဲ့ ဆိုင္ေတြအေနနဲ႔ ထုတ္ျပန္ခ်က္ေတြ လိုက္နာဖို႔ ခက္ခဲတယ္။"

ရန္ကုန္ၿမိဳ႕က ေ႐ႊစၾကၤာ လက္ဖက္ရည္ဆိုင္ပိုင္ရွင္ ဦးလူေမာ္ဝင္းက စားေသာက္ဆိုင္ေတြ၊ လက္ဖက္ရည္ဆိုင္ေတြ ေတြ႕ႀကဳံေနရတဲ့ အခက္အခဲေတြထဲမွာ အစိုးရက  ကူညီေဆာင္႐ြက္ေပးလို႔ရႏိုင္တာေတြ ရွိတယ္လို႔  ေျပာျပပါတယ္။

“အဓိကျပသနာက ေျမငွားခ၊ တစ္ႏွစ္စာကေန ေလးငါးႏွစ္စာထိ ႀကိဳေပးရေတာ့ အခုခ်ိန္မွာက ေတာ္ေတာ္ ဝန္ထုတ္ဝန္ပိုးျဖစ္ေနတယ္။ အစိုးရအေနနဲ႔ ဘာေျဖရွင္းေပးလို႔ရမလဲဆိုရင္ အျမတ္ခြန္ ေျဖေလွ်ာ့ေပးလို႔ ရတယ္။ မီတာခရတယ္။ မီတာခက လုပ္ငန္းသုံးနဲ႔ ေဆာင္ရတယ္။ မီတာမက်ရင္ မီးေလွ်ာ့သုံးဆိုေပယ့္ တစ္ကယ္လိုအပ္တဲ့ေနရာမွာ မီးက မသုံးလို႔မရဘူး၊ ေနာက္တစ္ခ်က္ အခြန္ေပါ့"

ရန္ကုန္မွာ ျပန္ဖြင့္တဲ့ စားေသာက္ဆိုင္တစ္ခ်ိဳ႕ကို ရပ္ကြက္ေန ျပည္သူေတြက တိုင္ၾကားခဲ့လို႔ ျပန္ပိတ္ရတဲ့ ဆိုင္ေတြလည္း ရွိတယ္လို႔ေျပာပါတယ္။ ဒါေၾကာင့္ အစိုးရအေနနဲ႔ တိက်တဲ့ ၫႊန္ၾကားခ်က္ေတြကို တစ္ႏိုင္ငံလုံး သိေအာင္  ထုတ္ျပန္ေပးဖို႔ ေတာင္းဆိုၾကပါတယ္။

မႏၲေလးမွာေတာ့ စားေသာက္ဆိုင္ေတြ ျပန္ဖြင့္လွစ္ဖို႔ ျပင္ဆင္ခ်ိန္ ၁၀ ရက္ ေပးထားတယ္လို႔ ေမလ ၂၀ ရက္ေန႔က မႏၲေလးၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီက အသိေပးထားပါတယ္။

ဒီကေန႔ ေဆြးေႏြးပြဲကို စိတ္ဝင္စားေနၾကသူ အမ်ားအျပားရွိေနၿပီး ဆိုင္ေတြ ျပန္ဖြင့္ေရးကို အစိုးရက ေသခ်ာ စဥ္းစားေပးေစခ်င္တယ္လို႔  စကားဝိုင္းမွာ ပါဝင္ေဆြးေႏြးခြင့္ရတဲ့ စားသုံးသူတစ္ဦးျဖစ္သူ ေဒၚယဥ္ယဥ္ၿငိမ္းက အႀကံျပဳထားပါတယ္။

“ေစာင့္ၾကည့္ နားေထာင္ၿပီး စိတ္ပူေနၾကတယ္။ ဘာလို႔လဲဆိုေတာ့ အဲဒီဆိုင္ေလးေတြနဲ႔ ကြၽန္မတို႔နဲ႔က အျပန္အလွန္ မွီခိုၿပီးေတာ့ မနက္စာလည္း မနက္စာ၊ ထမင္းခ်ိဳင့္ မပါတဲ့သူေတြဆို ေန႔လယ္စာ ဆိုလည္း နီးတဲ့ ထမင္းဆိုင္ေသးေသးေလးေတြကို အေျခခံလူတန္းစားေတြက ေျဖရွင္းၾကရတယ္။ အဲဒီဆိုင္ေလးေတြ ျပန္ဖြင့္ဖို႔ဆို အခက္ခဲေတြကို ေျဖရွင္းဖို႔ကို  စားသုံးသူဘက္ကလည္း စိတ္ပူသလို ႏိုင္ငံေတာ္ အေနနဲ႔လည္း ေသေသခ်ာခ်ာ စဥ္းစားေပးခ်င္ပါတယ္“

ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က လမ္းေဘး ေနရာက်ဥ္းက်ဥ္းမွာ ဖြင့္ရတဲ့ ဆိုင္ေတြမွာ ပါဆယ္စနစ္နဲ႔ ေရာင္းခ်တာကိုသာ အားေပးတယ္လို႔ ေျပာပါတယ္။

ျပန္လည္ဖြင့္လွစ္မယ့္ စားေသာက္ဆိုင္ေတြ၊ လက္ဖက္ရည္ဆိုင္ေတြ သတ္မွတ္စည္းကမ္း လိုက္နာဖို႔ သုံးႀကိမ္ ပ်က္ကြက္ရင္ ဆိုင္ကို ကာလ အကန႔္အသတ္တစ္ခုအထိ ပိတ္သိမ္းခံရမယ္လို႔ COVID-19 ကာကြယ္ ထိန္းခ်ဳပ္ ကုသေရး အမ်ိဳးသားအဆင့္ ဗဟိုေကာ္မတီက ေၾကညာထားၿပီးပါၿပီ။

ဆိုင္တာဝန္ရွိသူေတြ လိုက္နာရမယ့္ စည္းကမ္းေတြထဲမွာ လက္သန႔္ေဆးနဲ႔ လက္ေဆးကန္ ထားရွိဖို႔၊ ဝန္ေဆာင္မႈ ေပးသူေတြ ႏွာေခါင္းစည္းနဲ႔  မ်က္ႏွာကာ တပ္ဆင္ဖို႔ စတဲ့ အခ်က္ေတြ ပါဝင္ပါတယ္။

မႏၲေလးၿမိဳ႕က ထီလာဦး အကင္ဆိုင္ပိုင္ရွင္ ကိုေအာင္ခိုင္စိုးက သူ႔ဆိုင္ဟာ တျခားဆိုင္ေတြလိုပဲ ကပ္ေဘး ကာလမွာ  ေရာင္းအား ထိုးက်လို႔ အခက္အခဲျဖစ္ေနၿပီး က်န္းမာေရးဆိုင္ရာ စည္းကမ္းခ်က္ေတြအတြက္ အကုန္အက်ခံႏိုင္မႈက အကန႔္အသတ္နဲ႔ပဲ ရွိေနတယ္လို႔ ေျပာပါတယ္။

“ဆိုင္အေသးေလးျဖစ္လို႔ လက္ေဆး ဆပ္ျပာပဲ ထားႏိုင္တယ္။ အမ်ားႀကီး မလုပ္ႏိုင္ဘူး၊ ႀကိဳးတား ေပးထားတယ္။ ဖုန္းဆက္မွာရင္ ပို႔ေပးတယ္။ ေရာင္းအားကလည္း သုံးပုံႏွစ္ပုံ က်တယ္။ ပုံမွန္အေျခအေန ေရာက္ဖို႔က အခ်ိန္ယူရမွာ၊ ပါဆယ္ပဲ ေရာင္းတာဆိုေတာ့ အမ်ားႀကီးလည္း မဝယ္ရဲဘူး၊  ည ၈ နာရီ ေလာက္ဆို လူက မရွိေတာ့ဘူး”

စားေသာက္ဆိုင္ပိုင္ရွင္ေတြဟာ ဆိုင္ထိုင္စနစ္နဲ႔ ေရာင္းခ်ခြင့္မရတာ အခ်ိန္ ႏွစ္လေက်ာ္ ၾကာျမင့္လာၿပီျဖစ္လို႔ ဆိုင္ထိုင္စနစ္နဲ႔ ျပန္လည္ ေရာင္းခ်ခြင့္ရဖို႔အတြက္ကို ေမွ်ာ္လင့္ေနၾကပါတယ္။

ေခမဏီဝင္း / RFA Burmese
-----------------------------------

(Unicode)⤵⤵⤵
စားသောက်ဆိုင်တွေကိုကူညီဖို့ အစိုးရကို လုပ်ငန်းရှင်တွေ တောင်းဆို

ကပ်ဘေးအန္တရာယ်ကြောင့် ပိတ်ထားရတဲ့ စားသောက်ဆိုင်တွေပြန်ဖွင့်နိုင်ဖို့  ကူညီနိုင်မယ့် နည်းလမ်းတွေကို အမြန်ဆုံးရှာဖွေ စီစဉ်ပေးမယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောလိုက်ပါတယ်။

ဒီကနေ့ပြုလုပ်တဲ့ စားသောက်ဆိုင်လုပ်ငန်းရှင်တချို့နဲ့ အွန်လိုင်း စကားဝိုင်းမှာ ပြောသွားတာ ဖြစ်ပါတယ်။

အခြေခံလူတန်းစားတွေ ဝယ်ယူစားသုံးရာ လမ်းဘေးဈေးဆိုင်တွေက  ပိုပြီး အကူညီလိုတဲ့အတွက် အဲဒီဆိုင်တွေ အမြန်ဆုံး ဖွင့်လှစ်နိုင်ဖို့လိုတယ်လို့လည်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောပါတယ်။

“လုပ်ငန်းရှင်တွေက စမ်းကြည့်ပြီးတော့ ဘာတွေကဖြစ်နိုင်လဲ၊ အခက်အခဲရှိရင် ကျွန်မတို့နဲ့တိုင်ပင်လို့ ရပါတယ်၊ အစိုးရနဲ့တိုင်ပင်။ ခက်ပေမဲ့လည်း ဒီတစ်နည်းသိပ်ခက်ရင် နောက်တစ်နည်းတော့ ရှာရမယ်။ အကာကွယ်မရှိဘဲ ဘယ်လိုမှ လုပ်လို့မရဘူး၊ စားသောက်ဆိုင်တွေဖွင့်လိုက်လို့ ကိုဗစ်ကူးစက်မှု ပြန့်လာရင် အားလုံးပြန်ပိတ်ရမယ်၊ ဘာမှအကျိုးမရှိဘူး။ စားသောက်ဆိုင်အကြီးတွေက အရင် ကတည်းက ကျန်းမာရေးကို ဦးစားပေးဖွင့်တဲ့ဆိုင်တွေဖြစ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့အချက်တွေကိုလိုက်နာဖို့ မခက်ခဲပေမယ့် လမ်းဘေးတွေ ဈေးတွေထဲမှာ ဖွင့်တဲ့ ဆိုင်တွေအနေနဲ့ ထုတ်ပြန်ချက်တွေ လိုက်နာဖို့ ခက်ခဲတယ်။"

ရန်ကုန်မြို့က ရွှေစင်္ကြာ လက်ဖက်ရည်ဆိုင်ပိုင်ရှင် ဦးလူမော်ဝင်းက စားသောက်ဆိုင်တွေ၊ လက်ဖက်ရည်ဆိုင်တွေ တွေ့ကြုံနေရတဲ့ အခက်အခဲတွေထဲမှာ အစိုးရက  ကူညီဆောင်ရွက်ပေးလို့ရနိုင်တာတွေ ရှိတယ်လို့  ပြောပြပါတယ်။

“အဓိကပြသနာက မြေငှားခ၊ တစ်နှစ်စာကနေ လေးငါးနှစ်စာထိ ကြိုပေးရတော့ အခုချိန်မှာက တော်တော် ဝန်ထုတ်ဝန်ပိုးဖြစ်နေတယ်။ အစိုးရအနေနဲ့ ဘာဖြေရှင်းပေးလို့ရမလဲဆိုရင် အမြတ်ခွန် ဖြေလျှော့ပေးလို့ ရတယ်။ မီတာခရတယ်။ မီတာခက လုပ်ငန်းသုံးနဲ့ ဆောင်ရတယ်။ မီတာမကျရင် မီးလျှော့သုံးဆိုပေယ့် တစ်ကယ်လိုအပ်တဲ့နေရာမှာ မီးက မသုံးလို့မရဘူး၊ နောက်တစ်ချက် အခွန်ပေါ့"

ရန်ကုန်မှာ ပြန်ဖွင့်တဲ့ စားသောက်ဆိုင်တစ်ချို့ကို ရပ်ကွက်နေ ပြည်သူတွေက တိုင်ကြားခဲ့လို့ ပြန်ပိတ်ရတဲ့ ဆိုင်တွေလည်း ရှိတယ်လို့ပြောပါတယ်။ ဒါကြောင့် အစိုးရအနေနဲ့ တိကျတဲ့ ညွှန်ကြားချက်တွေကို တစ်နိုင်ငံလုံး သိအောင်  ထုတ်ပြန်ပေးဖို့ တောင်းဆိုကြပါတယ်။

မန္တလေးမှာတော့ စားသောက်ဆိုင်တွေ ပြန်ဖွင့်လှစ်ဖို့ ပြင်ဆင်ချိန် ၁၀ ရက် ပေးထားတယ်လို့ မေလ ၂၀ ရက်နေ့က မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီက အသိပေးထားပါတယ်။

ဒီကနေ့ ဆွေးနွေးပွဲကို စိတ်ဝင်စားနေကြသူ အများအပြားရှိနေပြီး ဆိုင်တွေ ပြန်ဖွင့်ရေးကို အစိုးရက သေချာ စဉ်းစားပေးစေချင်တယ်လို့  စကားဝိုင်းမှာ ပါဝင်ဆွေးနွေးခွင့်ရတဲ့ စားသုံးသူတစ်ဦးဖြစ်သူ ဒေါ်ယဉ်ယဉ်ငြိမ်းက အကြံပြုထားပါတယ်။

“စောင့်ကြည့် နားထောင်ပြီး စိတ်ပူနေကြတယ်။ ဘာလို့လဲဆိုတော့ အဲဒီဆိုင်လေးတွေနဲ့ ကျွန်မတို့နဲ့က အပြန်အလှန် မှီခိုပြီးတော့ မနက်စာလည်း မနက်စာ၊ ထမင်းချိုင့် မပါတဲ့သူတွေဆို နေ့လယ်စာ ဆိုလည်း နီးတဲ့ ထမင်းဆိုင်သေးသေးလေးတွေကို အခြေခံလူတန်းစားတွေက ဖြေရှင်းကြရတယ်။ အဲဒီဆိုင်လေးတွေ ပြန်ဖွင့်ဖို့ဆို အခက်ခဲတွေကို ဖြေရှင်းဖို့ကို  စားသုံးသူဘက်ကလည်း စိတ်ပူသလို နိုင်ငံတော် အနေနဲ့လည်း သေသေချာချာ စဉ်းစားပေးချင်ပါတယ်“

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က လမ်းဘေး နေရာကျဉ်းကျဉ်းမှာ ဖွင့်ရတဲ့ ဆိုင်တွေမှာ ပါဆယ်စနစ်နဲ့ ရောင်းချတာကိုသာ အားပေးတယ်လို့ ပြောပါတယ်။

ပြန်လည်ဖွင့်လှစ်မယ့် စားသောက်ဆိုင်တွေ၊ လက်ဖက်ရည်ဆိုင်တွေ သတ်မှတ်စည်းကမ်း လိုက်နာဖို့ သုံးကြိမ် ပျက်ကွက်ရင် ဆိုင်ကို ကာလ အကန့်အသတ်တစ်ခုအထိ ပိတ်သိမ်းခံရမယ်လို့ COVID-19 ကာကွယ် ထိန်းချုပ် ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီက ကြေညာထားပြီးပါပြီ။

ဆိုင်တာဝန်ရှိသူတွေ လိုက်နာရမယ့် စည်းကမ်းတွေထဲမှာ လက်သန့်ဆေးနဲ့ လက်ဆေးကန် ထားရှိဖို့၊ ဝန်ဆောင်မှု ပေးသူတွေ နှာခေါင်းစည်းနဲ့  မျက်နှာကာ တပ်ဆင်ဖို့ စတဲ့ အချက်တွေ ပါဝင်ပါတယ်။

မန္တလေးမြို့က ထီလာဦး အကင်ဆိုင်ပိုင်ရှင် ကိုအောင်ခိုင်စိုးက သူ့ဆိုင်ဟာ တခြားဆိုင်တွေလိုပဲ ကပ်ဘေး ကာလမှာ  ရောင်းအား ထိုးကျလို့ အခက်အခဲဖြစ်နေပြီး ကျန်းမာရေးဆိုင်ရာ စည်းကမ်းချက်တွေအတွက် အကုန်အကျခံနိုင်မှုက အကန့်အသတ်နဲ့ပဲ ရှိနေတယ်လို့ ပြောပါတယ်။

“ဆိုင်အသေးလေးဖြစ်လို့ လက်ဆေး ဆပ်ပြာပဲ ထားနိုင်တယ်။ အများကြီး မလုပ်နိုင်ဘူး၊ ကြိုးတား ပေးထားတယ်။ ဖုန်းဆက်မှာရင် ပို့ပေးတယ်။ ရောင်းအားကလည်း သုံးပုံနှစ်ပုံ ကျတယ်။ ပုံမှန်အခြေအနေ ရောက်ဖို့က အချိန်ယူရမှာ၊ ပါဆယ်ပဲ ရောင်းတာဆိုတော့ အများကြီးလည်း မဝယ်ရဲဘူး၊  ည ၈ နာရီ လောက်ဆို လူက မရှိတော့ဘူး”

စားသောက်ဆိုင်ပိုင်ရှင်တွေဟာ ဆိုင်ထိုင်စနစ်နဲ့ ရောင်းချခွင့်မရတာ အချိန် နှစ်လကျော် ကြာမြင့်လာပြီဖြစ်လို့ ဆိုင်ထိုင်စနစ်နဲ့ ပြန်လည် ရောင်းချခွင့်ရဖို့အတွက်ကို မျှော်လင့်နေကြပါတယ်။

ခေမဏီဝင်း / RFA Burmese
https://www.rfa.org/burmese/news/restaurant-businesses-request-to-help-05222020062155.html
စားေသာက္ဆိုင္ေတြကိုကူညီဖို႔ အစိုးရကို လုပ္ငန္းရွင္ေတြ ေတာင္းဆို စားေသာက္ဆိုင္ေတြကိုကူညီဖို႔ အစိုးရကို လုပ္ငန္းရွင္ေတြ ေတာင္းဆို Reviewed by THITHTOOLWIN on 20:42 Rating: 5
Powered by Blogger.