ကို႐ိုနာဗိုင္းရပ္စ္-ကာကြယ္ေဆး ႏွစ္ကုန္ပိုင္းေလာက္ ရႏိုင္တယ္လို႔ ထရမ့္ယုံၾကည္

ဗိုင္းရပ္စ္ ျပန႔္ပြားတာကို ထိန္းခ်ဳပ္ဖို႔ ပ်က္ကြက္တယ္ဆိုၿပီး တ႐ုတ္ႏိုင္ငံကို ထပ္မံအျပစ္တင္ခဲ့ပါတယ္။
(Zawgyi)⤵⤵⤵
အေမရိကန္ျပည္ေထာင္စုမွာ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ေသဆုံးသူ တစ္သိန္းထိ ရွိလာႏိုင္တယ္လို႔ သမၼတ ေဒၚနယ္ထရမ့္က သတိေပးလိုက္ပါတယ္။

သမၼတ ေဒၚနယ္ထရမ့္က ႏွစ္နာရီၾကာျပဳလုပ္တဲ့ ေမးျမန္းခန္းမွာ ေျပာၾကားခဲ့တာျဖစ္ၿပီး သူ႔အစိုးရရဲ႕ ဗိုင္းရပ္စ္ကိုင္တြယ္ပုံေပၚ စီမံခန႔္ခြဲမႈ ေႏွးေကြးလြန္း တယ္ဆိုတဲ့အခ်က္ေတြ ကိုလည္း ျငင္းဆန္ခဲ့ပါတယ္။

ေလာေလာဆယ္ အေမရိကန္မွာ ကိုဗစ္-၁၉ နဲ႔ ေသဆုံးသူက ၆၇,၀၀၀ ရွိသြားပါၿပီ။ ဒါဟာ ကမာၻေပၚမွာ ဗိုင္းရပ္စ္ေၾကာင့္ ေသဆုံးႏႈန္းအမ်ားဆုံး ႏိုင္ငံလည္း ျဖစ္ပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ ကာကြယ္ေဆးနဲ႔ပတ္သက္လို႔ ကြၽမ္းက်င္သူေတြကေတာ့ ၁၂လ ကေန ၁၈ လအထိ ၾကာႏိုင္မယ္လို႔ ခန႔္မွန္းထားေပမယ့္ ထရမ့္ကေတာ့ ဒီႏွစ္ကုန္ပိုင္းမွာ အေမရိကန္အေနနဲ႔ ကာကြယ္ေဆး ပိုင္ဆိုင္ႏိုင္ေလာက္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

"ဒီႏွစ္ကုန္ပိုင္းေလာက္မွာ ကြၽန္ေတာ္တို႔ ကာကြယ္ေဆးရႏိုင္မယ္လို႔ ထင္ပါတယ္။ ဆရာဝန္ေတြကေတာ့ေျပာလိမ့္မယ္။ ဒီလိုမေျပာသင့္ဘူး ဆိုၿပီးေတာ့ေပါ့။ ဒါေပမဲ့ ကြၽန္ေတာ္ထင္တာေျပာရရင္ေတာ့ သိပ္မၾကာခင္မွာ ကာကြယ္ေဆးရလာေတာ့မွာပါ" လို႔ ထရမ့္က ေဖာက္စ္နယူး သတင္းဌာနကို ေျပာခဲ့ပါတယ္။
ႏွစ္နာရီၾကာတဲ့ ေမးျမန္းခန္းကို လင္ကြန္းေအာက္ေမ့ဖြယ္ျပတိုက္မွာ ျပဳလုပ္ခဲ့တာပါ။
ထရမ့္ရဲ႕ ဒီခန႔္မွန္းခ်က္နဲ႔ပတ္သက္လို႔ ပညာရွင္ေတြၾကားမွာ ကြဲလြဲမႈေတြရွိေနပါတယ္။

အေမရိကန္ရဲ႕ထိပ္တန္းကူးစက္ေရာဂါဆိုင္ရာကြၽမ္းက်င္သူ ေဒါက္တာေဖာ္စီကေတာ့ ကာကြယ္ေဆးတစ္ခု ထုတ္ဖို႔ အခ်ိန္ ၁၈ လေလာက္ယူရမယ္လို႔ ကနဦးတုန္းက ေျပာခဲ့ပါတယ္။

အဂၤလန္က်န္းမာေရးနဲ႔ေဆးဘက္ဆိုင္ရာအရာရွိခ်ဳပ္ ပါေမာကၡ ခရစၥဝႈိက္တီကေတာ့ လာမယ့္ႏွစ္အတြင္း ထိေရာက္တဲ့ကာကြယ္ေဆး၊ ဒါမွမဟုတ္ ကုသေဆးရဖို႔ အလြန္အခြင့္အလမ္းနည္းပါးေၾကာင္း ၿပီးခဲ့တဲ့လက ေျပာၾကားထားပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ ျဖစ္ပြားမႈေတြ စတင္ခဲ့တဲ့အခ်ိန္မွာ ထရမ့္အစိုးရဟာ လုံေလာက္တဲ့ေဆာင္႐ြက္မႈေတြကို ျမန္ျမန္ဆန္ဆန္မလုပ္ခဲ့ဘူးဆိုတဲ့ အခ်က္ကိုလည္း ထရမ့္က ျငင္းဆန္ခဲ့ပါတယ္။

ဗိုင္းရပ္စ္အေရး မွန္ကန္တဲ့ေဆာင္႐ြက္ခ်က္ေတြ လုပ္ခဲ့တယ္လို႔ ထရမ့္က ဆိုပါတယ္။

အဲဒီလို သူ႔အစိုးရအေပၚ ျပစ္တင္မႈေတြကို ျငင္းပယ္ခဲ့သလို တ႐ုတ္ႏိုင္ငံက ဗိုင္းရပ္စ္ျပန႔္ပြားမႈ ရပ္တန႔္ေအာင္လုပ္ဖို႔ ပ်က္ကြက္ခဲ့တယ္လို႔ တ႐ုတ္ႏိုင္ငံကို ထရမ့္က ထပ္မံစြပ္စြဲေျပာၾကားခဲ့ပါတယ္။

"သူတို႔ဟာ ေၾကာက္ဖို႔ေကာင္းတဲ့အမွားကို လုပ္ခဲ့တာလို႔ ကြၽန္ေတာ္ထင္တယ္။ ဒါကို သူတို႔က ဝန္မခံခ်င္ဘူးေလ။ ကြၽန္ေတာ္တို႔က စုံစမ္းစစ္ေဆးခ်င္တယ္။ ဒါေပမဲ့ သူတို႔က ကြၽန္ေတာ္တို႔ကို ေပးမဝင္ဘူး"လို႔ ေျပာခဲ့ပါတယ္။

ဒါ့အျပင္ ထရမ့္ဟာ အေမရိကန္ေထာက္လွမ္းေရးေတြကိုလည္း ဗိုင္းရပ္စ္ျဖစ္ပြားမႈနဲ႔ပတ္သက္ၿပီး စိုးရိမ္စရာေကာင္းတဲ့အေျခအေနေတြကို ဇန္နဝါရီ ၂၃ ရက္ေန႔အထိတိုင္ေအာင္ ထုတ္ေဖာ္အသိေပးဖို႔ ပ်က္ကြက္ခဲ့တယ္လို႔ အျပစ္တင္ခဲ့ပါတယ္။

ဒါေပမဲ့ စီအင္န္အင္န္နဲ႔ ေအဘီစီသတင္းဌာနေတြကေတာ့ ဇန္နဝါရီ လဆန္းပိုင္းေလာက္တည္းက သမၼတရဲ႕ ေထာက္လွမ္းေရးအဖြဲ႕က ေျပာတဲ့ ကို႐ိုနာဗိုင္းရပ္စ္ သတင္းေတြကို ကိုးကားၿပီး သတင္းထုတ္လႊင့္မႈေတြ လုပ္ခဲ့တာ ရွိထားပါတယ္။
Remdesivir ေဆးဟာ အီဘိုလာေရာဂါကုသေဆးတစ္မ်ိဳးလည္း ျဖစ္ပါတယ္။
ၿပီးခဲ့တဲ့ ရက္ပိုင္းအတြင္း အေမရိကန္မွာ ကို႐ိုနာဗိုင္းရပ္စ္ အျပင္းအထန္ခံစားရသူေတြကို Remdesivir ဆိုတဲ့ ကိုဗစ္-၁၉ ကုသေဆးနဲ႔ ကုသခြင့္ျပဳခဲ့ပါတယ္။

ဒီေဆးကို ေရာဂါေဝဒနာျပင္းထန္သူေတြကိုပဲ ေပးဖို႔ အေမရိကန္အစားအေသာက္နဲ႔ေဆးဝါးကြပ္ကဲေရးဌာန FDA ကေနခြင့္ျပဳလိုက္တာျဖစ္ပါတယ္။

ဒီေဆးဟာ ရာဂါေဝဒနာခံစားရတဲ့ ရက္ကို ေလွ်ာ့ခ်ေပးႏိုင္ၿပီး ျမန္ျမန္ျပန္နာလည္ထူႏိုင္တယ္လို႔လည္း ဆိုပါတယ္။

BBC Burmese
-----------------------------------------
(Unicode)⤵⤵⤵
ကိုရိုနာဗိုင်းရပ်စ်-ကာကွယ်ဆေး နှစ်ကုန်ပိုင်းလောက် ရနိုင်တယ်လို့ ထရမ့်ယုံကြည်

အမေရိကန်ပြည်ထောင်စုမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ တစ်သိန်းထိ ရှိလာနိုင်တယ်လို့ သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပါတယ်။

သမ္မတ ဒေါ်နယ်ထရမ့်က နှစ်နာရီကြာပြုလုပ်တဲ့ မေးမြန်းခန်းမှာ ပြောကြားခဲ့တာဖြစ်ပြီး သူ့အစိုးရရဲ့ ဗိုင်းရပ်စ်ကိုင်တွယ်ပုံပေါ် စီမံခန့်ခွဲမှု နှေးကွေးလွန်း တယ်ဆိုတဲ့အချက်တွေ ကိုလည်း ငြင်းဆန်ခဲ့ပါတယ်။

လောလောဆယ် အမေရိကန်မှာ ကိုဗစ်-၁၉ နဲ့ သေဆုံးသူက ၆၇,၀၀၀ ရှိသွားပါပြီ။ ဒါဟာ ကမ္ဘာပေါ်မှာ ဗိုင်းရပ်စ်ကြောင့် သေဆုံးနှုန်းအများဆုံး နိုင်ငံလည်း ဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးနဲ့ပတ်သက်လို့ ကျွမ်းကျင်သူတွေကတော့ ၁၂လ ကနေ ၁၈ လအထိ ကြာနိုင်မယ်လို့ ခန့်မှန်းထားပေမယ့် ထရမ့်ကတော့ ဒီနှစ်ကုန်ပိုင်းမှာ အမေရိကန်အနေနဲ့ ကာကွယ်ဆေး ပိုင်ဆိုင်နိုင်လောက်တယ်လို့ ပြောကြားခဲ့ပါတယ်။

"ဒီနှစ်ကုန်ပိုင်းလောက်မှာ ကျွန်တော်တို့ ကာကွယ်ဆေးရနိုင်မယ်လို့ ထင်ပါတယ်။ ဆရာဝန်တွေကတော့ပြောလိမ့်မယ်။ ဒီလိုမပြောသင့်ဘူး ဆိုပြီးတော့ပေါ့။ ဒါပေမဲ့ ကျွန်တော်ထင်တာပြောရရင်တော့ သိပ်မကြာခင်မှာ ကာကွယ်ဆေးရလာတော့မှာပါ" လို့ ထရမ့်က ဖောက်စ်နယူး သတင်းဌာနကို ပြောခဲ့ပါတယ်။

ထရမ့်ရဲ့ ဒီခန့်မှန်းချက်နဲ့ပတ်သက်လို့ ပညာရှင်တွေကြားမှာ ကွဲလွဲမှုတွေရှိနေပါတယ်။

အမေရိကန်ရဲ့ထိပ်တန်းကူးစက်ရောဂါဆိုင်ရာကျွမ်းကျင်သူ ဒေါက်တာဖော်စီကတော့ ကာကွယ်ဆေးတစ်ခု ထုတ်ဖို့ အချိန် ၁၈ လလောက်ယူရမယ်လို့ ကနဦးတုန်းက ပြောခဲ့ပါတယ်။

အင်္ဂလန်ကျန်းမာရေးနဲ့ဆေးဘက်ဆိုင်ရာအရာရှိချုပ် ပါမောက္ခ ခရစ္စဝှိုက်တီကတော့ လာမယ့်နှစ်အတွင်း ထိရောက်တဲ့ကာကွယ်ဆေး၊ ဒါမှမဟုတ် ကုသဆေးရဖို့ အလွန်အခွင့်အလမ်းနည်းပါးကြောင်း ပြီးခဲ့တဲ့လက ပြောကြားထားပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှုတွေ စတင်ခဲ့တဲ့အချိန်မှာ ထရမ့်အစိုးရဟာ လုံလောက်တဲ့ဆောင်ရွက်မှုတွေကို မြန်မြန်ဆန်ဆန်မလုပ်ခဲ့ဘူးဆိုတဲ့ အချက်ကိုလည်း ထရမ့်က ငြင်းဆန်ခဲ့ပါတယ်။

ဗိုင်းရပ်စ်အရေး မှန်ကန်တဲ့ဆောင်ရွက်ချက်တွေ လုပ်ခဲ့တယ်လို့ ထရမ့်က ဆိုပါတယ်။

အဲဒီလို သူ့အစိုးရအပေါ် ပြစ်တင်မှုတွေကို ငြင်းပယ်ခဲ့သလို တရုတ်နိုင်ငံက ဗိုင်းရပ်စ်ပြန့်ပွားမှု ရပ်တန့်အောင်လုပ်ဖို့ ပျက်ကွက်ခဲ့တယ်လို့ တရုတ်နိုင်ငံကို ထရမ့်က ထပ်မံစွပ်စွဲပြောကြားခဲ့ပါတယ်။

"သူတို့ဟာ ကြောက်ဖို့ကောင်းတဲ့အမှားကို လုပ်ခဲ့တာလို့ ကျွန်တော်ထင်တယ်။ ဒါကို သူတို့က ဝန်မခံချင်ဘူးလေ။ ကျွန်တော်တို့က စုံစမ်းစစ်ဆေးချင်တယ်။ ဒါပေမဲ့ သူတို့က ကျွန်တော်တို့ကို ပေးမဝင်ဘူး"လို့ ပြောခဲ့ပါတယ်။

ဒါ့အပြင် ထရမ့်ဟာ အမေရိကန်ထောက်လှမ်းရေးတွေကိုလည်း ဗိုင်းရပ်စ်ဖြစ်ပွားမှုနဲ့ပတ်သက်ပြီး စိုးရိမ်စရာကောင်းတဲ့အခြေအနေတွေကို ဇန်နဝါရီ ၂၃ ရက်နေ့အထိတိုင်အောင် ထုတ်ဖော်အသိပေးဖို့ ပျက်ကွက်ခဲ့တယ်လို့ အပြစ်တင်ခဲ့ပါတယ်။

ဒါပေမဲ့ စီအင်န်အင်န်နဲ့ အေဘီစီသတင်းဌာနတွေကတော့ ဇန်နဝါရီ လဆန်းပိုင်းလောက်တည်းက သမ္မတရဲ့ ထောက်လှမ်းရေးအဖွဲ့က ပြောတဲ့ ကိုရိုနာဗိုင်းရပ်စ် သတင်းတွေကို ကိုးကားပြီး သတင်းထုတ်လွှင့်မှုတွေ လုပ်ခဲ့တာ ရှိထားပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း အမေရိကန်မှာ ကိုရိုနာဗိုင်းရပ်စ် အပြင်းအထန်ခံစားရသူတွေကို Remdesivir ဆိုတဲ့ ကိုဗစ်-၁၉ ကုသဆေးနဲ့ ကုသခွင့်ပြုခဲ့ပါတယ်။

ဒီဆေးကို ရောဂါဝေဒနာပြင်းထန်သူတွေကိုပဲ ပေးဖို့ အမေရိကန်အစားအသောက်နဲ့ဆေးဝါးကွပ်ကဲရေးဌာန FDA ကနေခွင့်ပြုလိုက်တာဖြစ်ပါတယ်။

ဒီဆေးဟာ ရာဂါဝေဒနာခံစားရတဲ့ ရက်ကို လျှော့ချပေးနိုင်ပြီး မြန်မြန်ပြန်နာလည်ထူနိုင်တယ်လို့လည်း ဆိုပါတယ်။

BBC Burmese
https://www.bbc.com/burmese/burma-52519733
ကို႐ိုနာဗိုင္းရပ္စ္-ကာကြယ္ေဆး ႏွစ္ကုန္ပိုင္းေလာက္ ရႏိုင္တယ္လို႔ ထရမ့္ယုံၾကည္ ကို႐ိုနာဗိုင္းရပ္စ္-ကာကြယ္ေဆး ႏွစ္ကုန္ပိုင္းေလာက္ ရႏိုင္တယ္လို႔ ထရမ့္ယုံၾကည္ Reviewed by THITHTOOLWIN on 20:22 Rating: 5
Powered by Blogger.