ကိုဗစ္-၁၉-ေက်ာင္းေတြကိုလာမယ့္ေဆာင္းရာသီျပန္ဖြင့္သင့္တယ္လို႔ ထရမ့္ေျပာ

လာမယ့္ေဆာင္းဦးမွာ ေက်ာင္းေတြျပန္ဖြင့္သင့္တယ္လို႔ သမၼတထရမ့္က ဆိုပါတယ္။
(Zawgyi)⤵⤵⤵
ကိုဗစ္ကာကြယ္ေဆး ရွိရွိမရွိရွိ အေမရိကန္ကို ပုံမွန္ျပန္လည္ပတ္မယ္လို႔ သမၼတ ထရမ့္ကေျပာပါတယ္။

ထရမ့္က ကိုဗစ္ကာကြယ္ေဆးကို ဒီႏွစ္အတြင္း ရလာႏိုင္မယ္လို႔ ေျပာၾကားတာေတြရွိေနၿပီး ဒီအေပၚမွာ က်န္းမာေရးပညာရွင္ေတြကေတာ့ သံသယဝင္ေနပါတယ္။

ဒါေပမဲ့ ထရမ့္ကေတာ့ ကာကြယ္ေဆးမရွိလည္း အေမရိကန္ေတြအေနနဲ႔ ပုံမွန္ဘဝကို ျပန္ေရာက္ဖို႔ စတင္ရမယ္လို႔ ဆိုပါတယ္။

"ဒါက ကာကြယ္ေဆးေပၚမွာပဲ အကုန္လုံး မူတည္ေနတယ္ဆိုတာမ်ိဳး လူေတြ စဥ္းစားမေနေစခ်င္ဘူး။ ကာကြယ္ေဆးရွိရွိမရွိရွိ ကြၽန္ေတာ္တို႔ကေတာ့ ျပန္လာၿပီ။ ၿပီးေတာ့ လုပ္စရာရွိတာေတြလည္း စလုပ္ေနၿပီ"လို႔ ထရမ့္က မေန႔က ျပဳလုပ္တဲ့ ေန႔စဥ္သတင္းစာရွင္းလင္းပြဲမွာေျပာခဲ့ပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ကာကြယ္ေဆးထုတ္ဖို႔ အစီအစဥ္တစ္ရပ္ကို ထရမ့္က အဲဒီသတင္းစာရွင္းလင္းပြဲမွာ ေၾကညာခဲ့တာပါ။

Operation Wrap Speed လို႔ အမည္ေပးထားတဲ့ အဲဒီစီမံကိန္းက ကာကြယ္ေဆးရွာေဖြၿပီး အျမန္ဆုံးထုတ္ဖို႔ျဖစ္တယ္လို႔ ဆိုပါတယ္။

မ်ားေသာအားျဖင့္ ဗိုင္းရပ္စ္ ဒါမွမဟုတ္ တုပ္ေကြးေရာဂါေတြ ျဖစ္လာတဲ့အခါ ကာကြယ္ေဆးမရွိေပမယ့္ ဒါကို ေက်ာ္လႊားျဖတ္သန္းေနရတာပဲလို႔ သူကဆက္ေျပာပါတယ္။ တခ်ိဳ႕ဆို ကာကြယ္ေဆး ဘယ္ေတာ့မွ မရွိတဲ့အေျခအေနအမ်ိဳးေတာင္ ရွိတယ္လို႔လည္း ဆိုပါတယ္။
ကာကြယ္ေဆးေပၚမွာပဲ အားလုံးမူတည္ေနတယ္ဆိုတာမ်ိဳး မစဥ္းစားေစခ်င္ဘူးလို႔ ထရမ့္က ေျပာပါတယ္။
"ေက်ာင္းေတြကို ေဆာင္းဦးရာသီမွာ ျပန္ဖြင့္သင့္တယ္လို႔ ထင္တယ္"လို႔ သမၼတထရမ့္က ဆက္ေျပာပါတယ္။

အိမ္ျဖဴေတာ္က ကိုဗစ္ထိန္းခ်ဳပ္ေရးအဖြဲ႕ဝင္ ထိပ္တန္းေဆးပညာရွင္ေဒါက္တာ အန္တိုနီေဖာ္စီကေတာ့ ေက်ာင္းေတြ လာမယ့္ေဆာင္းဦးရာသီမွာ ျပန္ဖြင့္ဖို႔က အလွမ္းေဝးလြန္းေနေသးတယ္လို႔ ဒီသီတင္းပတ္အေစာပိုင္းတုန္းက ဆီးနိတ္မွာ ေျပာၾကားထားပါတယ္။

ကိုဗစ္ကာကြယ္ေဆး ထုတ္ဖို႔ဆိုတာ အနည္းဆုံး တစ္ႏွစ္ေလာက္ၾကမယ္လို႔ ေဒါက္တာေဖာ္စီနဲ႔ ေဆးပညာရွင္ေတြက ခန႔္မွန္းထားၾကပါတယ္။

အေမရိကန္မွာ ကို႐ိုနာဗိုင္းရပ္စ္ျဖစ္ပြားသူ တစ္သန္းေလးေသာင္းေက်ာ္နဲ႔ ေသဆုံးသူ ရွစ္ေသာင္းရွစ္ေထာင္ေက်ာ္ရွိပါတယ္။ ေရာဂါကင္းစင္ၿပီးျပန္ေကာင္း လာသူက သုံးသိန္းေက်ာ္ရွိေနပါတယ္။

အေမရိကန္ဟာ ကမာၻေပၚမွာ ကို႐ိုနာဗိုင္းရပ္စ္ျဖစ္ပြားမႈအမ်ားဆုံးနဲ႔ ေသဆုံးသူအမ်ားဆုံးထိပ္တန္းႏိုင္ငံလည္းျဖစ္ပါတယ္။

ကာကြယ္ေဆး မေပၚေသးေပမယ့္လည္း ေက်ာင္းေတြျပန္ဖြင့္မွရမယ္လို႔ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္ကလည္း ၿပီးခဲ့တဲ့ ရက္ပိုင္းက ေျပာၾကားထားပါတယ္။

အဲဒီလိုေျပာၾကားၿပီးေနာက္ရက္မွာ ျမန္မာႏိုင္ငံက အေျခခံပညာစာသင္ေက်ာင္းေတြကို ဇူလိုင္လမွာဖြင့္ဖို႔ ျပင္ဆင္ေနတဲ့သတင္းေတြထြက္ေပၚလာၿပီး စာသင္ေက်ာင္းေတြမွာ ကိုဗစ္ကာကြယ္ေရးအစီအမံေတြ မျပည့္စုံမွာကို စိုးရိမ္ပူပန္တဲ့ ေက်ာင္းသားမိဘတခ်ိဳ႕ရဲ႕ ေဝဖန္မႈေတြလည္း ရွိထားပါတယ္။

ျမန္မာမွာေတာ့ ကိုဗစ္အတည္ျပဳလူနာက ေမ ၁၆ ထိ ၁၈၂ ဦးနဲ႔ ျပန္လည္က်န္းမာလာသူက ၈၉ ဦးနဲ႔ ေသဆုံးသူ ၆ ဦးရွိေနပါတယ္။

BBC Burmese
-------------------------------------
(Unicode)⤵⤵⤵
ကိုဗစ်-၁၉-ကျောင်းတွေကိုလာမယ့်ဆောင်းရာသီပြန်ဖွင့်သင့်တယ်လို့ ထရမ့်ပြော

ကိုဗစ်ကာကွယ်ဆေး ရှိရှိမရှိရှိ အမေရိကန်ကို ပုံမှန်ပြန်လည်ပတ်မယ်လို့ သမ္မတ ထရမ့်ကပြောပါတယ်။

ထရမ့်က ကိုဗစ်ကာကွယ်ဆေးကို ဒီနှစ်အတွင်း ရလာနိုင်မယ်လို့ ပြောကြားတာတွေရှိနေပြီး ဒီအပေါ်မှာ ကျန်းမာရေးပညာရှင်တွေကတော့ သံသယဝင်နေပါတယ်။

ဒါပေမဲ့ ထရမ့်ကတော့ ကာကွယ်ဆေးမရှိလည်း အမေရိကန်တွေအနေနဲ့ ပုံမှန်ဘဝကို ပြန်ရောက်ဖို့ စတင်ရမယ်လို့ ဆိုပါတယ်။

"ဒါက ကာကွယ်ဆေးပေါ်မှာပဲ အကုန်လုံး မူတည်နေတယ်ဆိုတာမျိုး လူတွေ စဉ်းစားမနေစေချင်ဘူး။ ကာကွယ်ဆေးရှိရှိမရှိရှိ ကျွန်တော်တို့ကတော့ ပြန်လာပြီ။ ပြီးတော့ လုပ်စရာရှိတာတွေလည်း စလုပ်နေပြီ"လို့ ထရမ့်က မနေ့က ပြုလုပ်တဲ့ နေ့စဉ်သတင်းစာရှင်းလင်းပွဲမှာပြောခဲ့ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးထုတ်ဖို့ အစီအစဉ်တစ်ရပ်ကို ထရမ့်က အဲဒီသတင်းစာရှင်းလင်းပွဲမှာ ကြေညာခဲ့တာပါ။

Operation Wrap Speed လို့ အမည်ပေးထားတဲ့ အဲဒီစီမံကိန်းက ကာကွယ်ဆေးရှာဖွေပြီး အမြန်ဆုံးထုတ်ဖို့ဖြစ်တယ်လို့ ဆိုပါတယ်။

များသောအားဖြင့် ဗိုင်းရပ်စ် ဒါမှမဟုတ် တုပ်ကွေးရောဂါတွေ ဖြစ်လာတဲ့အခါ ကာကွယ်ဆေးမရှိပေမယ့် ဒါကို ကျော်လွှားဖြတ်သန်းနေရတာပဲလို့ သူကဆက်ပြောပါတယ်။ တချို့ဆို ကာကွယ်ဆေး ဘယ်တော့မှ မရှိတဲ့အခြေအနေအမျိုးတောင် ရှိတယ်လို့လည်း ဆိုပါတယ်။

"ကျောင်းတွေကို ဆောင်းဦးရာသီမှာ ပြန်ဖွင့်သင့်တယ်လို့ ထင်တယ်"လို့ သမ္မတထရမ့်က ဆက်ပြောပါတယ်။

အိမ်ဖြူတော်က ကိုဗစ်ထိန်းချုပ်ရေးအဖွဲ့ဝင် ထိပ်တန်းဆေးပညာရှင်ဒေါက်တာ အန်တိုနီဖော်စီကတော့ ကျောင်းတွေ လာမယ့်ဆောင်းဦးရာသီမှာ ပြန်ဖွင့်ဖို့က အလှမ်းဝေးလွန်းနေသေးတယ်လို့ ဒီသီတင်းပတ်အစောပိုင်းတုန်းက ဆီးနိတ်မှာ ပြောကြားထားပါတယ်။

ကိုဗစ်ကာကွယ်ဆေး ထုတ်ဖို့ဆိုတာ အနည်းဆုံး တစ်နှစ်လောက်ကြမယ်လို့ ဒေါက်တာဖော်စီနဲ့ ဆေးပညာရှင်တွေက ခန့်မှန်းထားကြပါတယ်။

အမေရိကန်မှာ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားသူ တစ်သန်းလေးသောင်းကျော်နဲ့ သေဆုံးသူ ရှစ်သောင်းရှစ်ထောင်ကျော်ရှိပါတယ်။ ရောဂါကင်းစင်ပြီးပြန်ကောင်း လာသူက သုံးသိန်းကျော်ရှိနေပါတယ်။

အမေရိကန်ဟာ ကမ္ဘာပေါ်မှာ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုအများဆုံးနဲ့ သေဆုံးသူအများဆုံးထိပ်တန်းနိုင်ငံလည်းဖြစ်ပါတယ်။

ကာကွယ်ဆေး မပေါ်သေးပေမယ့်လည်း ကျောင်းတွေပြန်ဖွင့်မှရမယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြီးခဲ့တဲ့ ရက်ပိုင်းက ပြောကြားထားပါတယ်။

အဲဒီလိုပြောကြားပြီးနောက်ရက်မှာ မြန်မာနိုင်ငံက အခြေခံပညာစာသင်ကျောင်းတွေကို ဇူလိုင်လမှာဖွင့်ဖို့ ပြင်ဆင်နေတဲ့သတင်းတွေထွက်ပေါ်လာပြီး စာသင်ကျောင်းတွေမှာ ကိုဗစ်ကာကွယ်ရေးအစီအမံတွေ မပြည့်စုံမှာကို စိုးရိမ်ပူပန်တဲ့ ကျောင်းသားမိဘတချို့ရဲ့ ဝေဖန်မှုတွေလည်း ရှိထားပါတယ်။

မြန်မာမှာတော့ ကိုဗစ်အတည်ပြုလူနာက မေ ၁၆ ထိ ၁၈၂ ဦးနဲ့ ပြန်လည်ကျန်းမာလာသူက ၈၉ ဦးနဲ့ သေဆုံးသူ ၆ ဦးရှိနေပါတယ်။

BBC Burmese
https://www.bbc.com/burmese/burma-52689039
ကိုဗစ္-၁၉-ေက်ာင္းေတြကိုလာမယ့္ေဆာင္းရာသီျပန္ဖြင့္သင့္တယ္လို႔ ထရမ့္ေျပာ ကိုဗစ္-၁၉-ေက်ာင္းေတြကိုလာမယ့္ေဆာင္းရာသီျပန္ဖြင့္သင့္တယ္လို႔ ထရမ့္ေျပာ Reviewed by THITHTOOLWIN on 19:24 Rating: 5
Powered by Blogger.